အရေးကြီးတဲ့ C လေးလုံး
လူတွေ လုပ်မယ်လို့ဆုံးဖြတ်ပြီးမရတာC လေးလုံးမှာ တစ်လုံးလိုအပ်နေလို့လို့ထင်တယ်။ ပထမကတော့ Commitment ပါ။ လုပ်မယ်ဆို မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ဘုရင့်နောင် ဖောင်ဖျက်တဲ့စိတ်လိုတယ်။You have to burn the bridges ပါ။ ဒုတိယကတော့ Consistency ပါ။ ရေပေါ်ဆီမဖြစ်ဖို့လိုတယ်။ တစ်ခုခုလုပ်မယ်ဆို ပုံမှန်လုပ်သွားဖို့လိုတယ်။ကျောက်တုန်းကြီးတွေခွဲသလိုပဲ တစ်ခါတည်းနဲ့မရဘူး။ဖြေးဖြေးချင်း စိတ်ရှည်ရှည်နဲ့ခွဲရတယ်။ တတိယ C ကတော့ Continuous improvement ပါ။နေ့တိုင်းပြန်မေးကြည့်ပါ။ ကိုယ်ဒီနေ့လုပ်နေတာကို ဘယ်လိုပုံစံပိုလွယ်၊ ပိုကောင်း၊ ပိုမြန်၊ ပိုထိရောက်အောင်လုပ်မလဲဆိုတဲ့ မေးခွန်းမေးပြီးလုပ်နေကျပုံစံတွေကို upgrade လုပ်ဖို့လိုတယ်။ နောက်ဆုံး C ကတော့ Communication ပါ။ကိုယ့်ကိုကိုယ် ဘယ်လိုဆက်သွယ်ရမလဲသိရမယ်။ကိုယ့်စကားကိုယ် နားထောင်အောင် ဘယ်လိုပုံစံ ဆက်သွယ်ရမလဲသိရမယ်။ Phyo Paing @ Derek
အရေးကြီးတဲ့ C လေးလုံး Read More »