Choice

အခု ကံမကောင်းဘူးဆိုတာ
အနာဂတ်မှာ ကံပိုကောင်းဖို့ ဖြစ်လာတာ

ကိုယ့်ကိုကိုယ် ကံကောင်းတယ်လို့ထင်တဲ့ သူနဲ့ ကံမကောင်းဘူးထင်တဲ့သူနဲ့မှာကွာခြားချက် လေးချက်ရှိတယ်။ဒါကို Richard Wiseman က သုတေသနလုပ်ထားပြီးဥပဒေသ လေးခု ထုတ်လိုက်တယ်။ တချို့လူတွေက ကိုယ့်ကိုကိုယ်ကံကောင်းတယ်လို့ထင်တယ်။ထင်သလိုလဲ ဖြစ်လာတယ်။တချို့လူတွေက မဲနှိုက်မနေပါနဲ့ပေါက်မှာလဲမဟုတ်ပါဘူးကွာလို့ကိုယ့်ကိုကိုယ် ကံမကောင်းဘူးလို့ထင်တဲ့သူတွေလဲရှိတယ်။ ကံကောင်းတဲ့သူ၊ သာမာန်နဲ့ကံမကောင်းဘူးလို့ထင်တဲ့သူတွေကိုBig Five Personalities ဖြစ်တဲ့OCEAN လို့ အတိုကောက်မှတ်လို့ရတယ်။ Openness to new experienceအတွေ့အကြုံအသစ်တွေကို စူးစမ်းတာConscientiousness ကိုယ်ချမှတ်ထားတဲ့စည်းကမ်းနဲ့ပန်းတိုင်ကိုဖြစ်အောင်လုပ်တExtroversion – အပြင်စွဲ လူသစ်တွေနဲ့ဆက်သွယ်ပြောဆိုရတာ ကြိုက်တာAgreeableness လူတွေနဲ့လိုက်လျောညီထွေနေတတ်တဲ့ကိုယ်ရည်ကိုယ်သွေးNeuroticism ဒေါသထွက်လွယ်တာ၊စိတ်ခံစားမှုပြင်းထန်တာ (သူနဲ့ပြောင်းပြန်ဆိုရင်emotional stability လို့ခေါ်တဲ့ စိတ်ခံစားမှုကိုအတက်အကျနည်းတာပေါ့။) ဒီငါးခုပေါ်မူတည်ပြီး သုတေသနတွေလုပ်ထားတယ်။ ကံကောင်းတဲ့သူတွေက ကိုယ့်ကိုကိုယ်ကံကောင်းတယ်လို့ ယူဆကြတယ်။သာကောအနေနဲ့ ကိုယ့်ကိုကိုယ်ဘယ်တုန်းကမှ ကံကောင်းတယ်လို့မယူဆခဲ့ဘူး။ဒါပေမယ့် ဒီစာအုပ်ဖတ်ပြီး အတွေးကိုစပြောင်းဖို့ လုပ်ထားတယ်။ Principle 1:ကံကောင်းတဲ့သူတွေက အခွင့်အလမ်းအသစ်တွေကိုများနိုင်သမျှများအောင် လုပ်ထားကြတယ်။သူတို့က အခွင့်အလမ်းတွေကို အမြဲဖန်တီးတာ၊ […]

အခု ကံမကောင်းဘူးဆိုတာ
အနာဂတ်မှာ ကံပိုကောင်းဖို့ ဖြစ်လာတာ
Read More »

“ပါဝါ”

အသက်ကြီးလာတော့ တဖြည်းဖြည်းနားလည်တာက လောကကိုလွမ်းမိုးထားတာ “ပါဝါ” ပဲ။ လူတွေက ဒီ “ပါဝါ” ရဖို့ပညာသင်တယ်၊ ရာထူးအာဏာရယူတယ်၊ပိုက်ဆံရှာတယ်။ တချို့ကျတော့ မေတ္တာနဲ့ ပါဝါတည်ဆောက်တယ်။တချို့က ကျွမ်းကျင်မှုနဲ့ ပါဝါတည်ဆောက်တယ်။တချို့က ဘွဲ့တွေနဲ့ ပါဝါတည်ဆောက်တယ်။တချို့ကငွေနဲ့။တချို့က ရာထူးဂုဏ်ရှိန်နဲ့။တချို့က အလှအပနဲ့။တချို့က ခွန်အားဗလနဲ့။တချို့က ဥာဏ်ပညာနဲ့။ တချို့က အပေါင်းအသင်းနဲ့။တချို့က နာမည်ကြော်ကြားမှုနဲ့။ ပါဝါပိုရှိတဲ့သူက ရွေးချယ်မှုပိုရှိတယ်။ဆုံးဖြတ်ပိုင်ခွင့်ပိုရှိတယ်။ သက္က လောကမှာတော့ ဥာဏ်ပိုရှိတဲ့ လူတွေက တိရစ္ဆာန်တွေကို အုံလိုက်ကျင်းလိုက်သတ်ဖြတ်ပြီး မြိန်ရည်ရှက်ရည်စားသုံးကြတယ်။ပြီးတော့ ကိုယ်ချင်းစာတရားရှိသလိုလိုHypocrite တွေ လုပ်ကြတယ်။ လောကမှာ ယုံကြည်တာတွေထဲကတစ်ခုက လောကမှာ ကောင်းကောင်းရှင်သန်ရပ်တည်ဖို့၊ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ကိုယ့်မှာ “ပါဝါ” တစ်ခုတော့လိုတယ်။ Phyo Paing @ Derek

“ပါဝါ” Read More »

တဒင်္ဂသာယာမှုကြောင့်
အနာဂတ်တွေ စတေးရတဲ့
အချိန်တွေ ရှိတတ်ကြတယ်

လူဆိုတာ ကောင်းတာမှ မဟုတ်ဘူးမကောင်းတာလဲ လုပ်ချင်စိတ်အနည်းနဲ့အများရှိတတ်ကြာတာပဲ။ကိုယ့်အတွက် ရေရှည်မကောင်းမှန်းသိပေမယ့် တဒင်္ဂသာယာမှုကြောင့်အနာဂတ်တွေ စတေးရတဲ့အချိန်တွေ ရှိတတ်ကြတယ်။ ဒီ တဒင်္ဂသာယာမှုတွေကိုထိန်းချုပ်နိုင်တဲ့ စိတ်က ကိုယ့်ရဲ့ရေရှည်ဖြစ်ချင်တဲ့အရာတွေကို အကောင်အထည်ဖော်ဖို့အများကြီး အထောက်အကူပြုတယ်။ ဒီသဘောတရားကိုအကြံဥာဏ်ဖြင့်ကြီးထွားခြင်းThink and Grow Rich စာအုပ်မှာလည်းSexual energy transmutation ဆိုပြီး ရေးခဲ့တယ်။ လူတိုင်းမှာရှိတဲ့ Energy ကို ဘယ်နေရာမှာ အသုံးချမလဲဆိုတာသေမလောက် အရေးကြီးတယ်။အရေမရ အတင်းအဖျင်းပြောမလား၊အလဟဿ ဖြုန်းပစ်မလားအရေးကြီးတဲ့ အရာတစ်ခုကိုဖန်တီးဖို့၊ အကောင်အထည်ဖော်ဖို့အသုံးပြု မလားအရေးကြီးတယ်။ Phyo Paing @ Derek

တဒင်္ဂသာယာမှုကြောင့်
အနာဂတ်တွေ စတေးရတဲ့
အချိန်တွေ ရှိတတ်ကြတယ်
Read More »

စဥ်းစားကြည့်ကြည့် လူအများစု ဘာကြောင့် စိတ်ဆင်းရဲလဲ?

ရွေးချယ်စရာ မများလို့။ ဥပမာ ကိုယ်က အခုချိန်မှာ ကြိုက်တဲ့နိုင်ငံကို ပြောင်းပြီးနေလို့ ရတဲ့ ရွေးချယ်မှုရှိတယ်ဆိုပါတော့။ ဒါမှ မဟုတ် ကိုယ်လိုချင်တာကို လိုချင်တဲ့အချိန်မှာ ကောက်ဝယ်လို့ရတဲ့ရွေးချယ်မှုရှိတယ်ဆိုပါတော့။ ဒီတော့ ဒီလို ရွေးချယ်မှုတွေများဖို့ လူတွေ ပိုက်ဆံရှာကြတယ်။ ပိုက်ဆံက တော်တော်များများကို ဖြေရှင်းပေးနိုင်တာ မှန်တယ်။ နောက်တစ်ခုကတော့ ရွေးချယ်မှုတွေများအောင် ကူညီပေးနိုင်တဲ့အရာကပညာနဲ့ သတင်းအချက်အလက်ပဲ။ ကိုယ်က ငွေကြေးချမ်းသာနေပါစေအုံး။သတင်းအချက်အလက်မရှိရင်ရွေးချယ်စရာနည်းနေနိုင်တယ်။ တချို့ စွန့်ဦးတီထွင်တွေက နိုင်ငံတကာသွားလို့ရတဲ့ passport တစ်ခုရှိပြီးနေချင်တဲ့နေရာမှာ PR လိုမျိုးလုပ်လာကြတယ်။ ဘဝမှာ အသက်ကြီးလာလေငွေပိုရှာ၊ အတွေးအခေါ်ပိုရှိလာလေရွေးချယ်နိုင်မှု ပိုများလေဖြစ်လာရမယ်။ Phyo Paing @ Derek

စဥ်းစားကြည့်ကြည့် လူအများစု ဘာကြောင့် စိတ်ဆင်းရဲလဲ? Read More »

”အ” သုံးလုံး

မြန်မာပြည်မှာ လူလာဖြစ်တယ်။ စဉ်းစားကြည့်ရင် အားမရစရာအများကြီး။ စိတ်ညစ်စရာအများကြီး။ တချို့တွေ မဖွင့်ပြောတာပဲရှိမယ်။ Social media မှာ မဖော်ပြတာပဲရှိမယ်။သူ့ဟာနဲ့သူ အနည်းနဲ့အများ ရိုက်ခက်မှုရှိတဲ့ သူကြီးပဲ။ ဒါတွေကို handle လုပ်နိုင်ဖို့ နည်းပညာတွေ၊ နည်းနာတွေနဲ့ အတွေးအခေါ် ပညာတွေ သုသေတနလုပ် သေသေချာချာလေ့လာဖြစ်တယ်။ နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်တယ်။ငါ့ profession နဲ့ business အတွက်ပဲတည်ဆောက်နေလို့ မရဘူး။ ငါ့ကိုယ်ငါလဲ သေချာတည်ဆောက်ရမယ်။ ဒါနဲ့ ကိုယ့်ရဲ့ goal ကို တစ်ခုပဲထားလိုက်တယ်။ကိုယ့်ရဲ့ အကောင်းဆုံး version ဖြစ်ဖို့။ ကျန်တာတွေ အကုန် ခေါင်းထဲကခဏ ထုတ်ထားလိုက်တယ်။ ဘာကြောင့်လဲဆို တချို့အရာတွေကိုကိုယ်က တိုက်ရိုက်လွမ်းမိုးလို့ရတယ်။တချို့အရာတွေကို ကိုယ်တိုက်ရိုက်သွားလွမ်းမိုးလို့မရဘူး။ ဒီတော့ အချိန်၊ အာရုံနဲ့ အလုပ် ဒီ ”အ” သုံးလုံးကို

”အ” သုံးလုံး Read More »

လမ်းမှားနေရင် မှန်မှန်ပြင်ဖို့လိုတယ်။

ရွေးချယ်မှု သွားတဲ့လမ်းမှားပြီး သေလောက်အောင်ပြေးနေအုံးတော့သွားချင်တဲ့ ရည်မှန်းချက်ရောက်မှာ မဟုတ်ဘူး။ ဒီလိုမျိုး စကားမျိုးခဏခဏကြားဖူးလိမ့်မယ်။ လမ်းမမှားဖို့ မကြာခဏသွားနေတဲ့လမ်းကြောင်းမှန်ကန်ရဲ့လား မကြာခဏပြန် check လုပ်ရတယ်။ ဒါအလုပ်၊ ဘဝ၊ ကျန်းမာရေး၊ငွေရေးကြေးရေး အရာရာမှာပေါ့။ တခါတလေ ဘဝကို လမ်းကြောင်းမှားကြီးနဲ့ autopilot mode နဲ့ ဖြတ်သန်းပြီးလမ်းဆုံးမှ ငါမှားပြီဆိုတာနောက်တမရဖို့ ကိုယ်သွားနေတဲ့လမ်းမှန်မမှန် အမြဲ ပြန် check ရသလိုလမ်းမှားနေရင် မှန်မှန်ပြင်ဖို့လိုတယ်။ ပြင်ရဲတဲ့ သတ္တိလဲလိုတယ်။ဒါက လူတိုင်းအတွက် အရေးကြီးတယ်။ Phyo Paing @ Derek

လမ်းမှားနေရင် မှန်မှန်ပြင်ဖို့လိုတယ်။ Read More »

စမှတ် မတူလို့ စိတ်ဓာတ်မကျပါနဲ့။

လူတိုင်းမှာ ဘဝ စမှတ်ချင်းမတူကြဘူး။တချို့တွေက အားသာမှုတွေနဲ့မွေးကြတယ်။တချို့က ချမ်းသာတဲ့မိသားစုကပေါက်ဖွားတယ်။တချို့က ပညာတတ်မိသားစုက။တချို့က ငယ်ငယ်က ကျောင်းကောင်းကောင်းတတ်ရတယ်။တချို့ကလဲ ဘဝပေးကံ မကောင်းခဲ့ဘူး။ ဘဝပေးကံဆိုတာ ပေးထားချက်ပဲ။ ပေးထားချက် ပုစ္ဆာပေါ်မူတည်ပြီးသွားချင်တဲ့ပန်းတိုက်ရောက်အောင်သွားနိုင်တာက ပညာပဲ။ တချို့က လုပ်ငန်းစကတည်းက အိမ်က သိန်းသောင်းဂဏန်းထုတ်ပေးတာလဲရှိမယ်။တချို့က ချေးငှါးပြီးစရတာလဲရှိမယ်။အတွေ့အကြုံတွေမတူကြဘူး။ ဒါကလဲ ပြောသလောက်အရေးမကြီးဘူး။ လူအများစုက သူကတော့ ဝတ်ကောင်းစားလှနဲ့ ဓာတ်ပုံလှလှရိုက်ကားကောင်းကောင်းနဲ့ အိမ်ကောင်းကောင်းမှာနေတယ်။သူပျော်နေမှာပဲလို့ ဘေးလူအမြင်နဲ့မြင်တယ်။ ကိုယ့်ဘေးမှာ supermodel ငါးယောက်လောက်ဝိုင်းနေပြီးbeach မှာ လေပြည်လေးခံနေပေမယ့်ဗိုက်အောင့် ဝမ်းလျှောနေတဲ့အခါ သာယာမှုဆိုတဲ့ experience ခံစားဖို့မလွယ်ကူဘူး။ ဘဝဆိုတာ အဲ့လိုပဲ။ Supermodel ငါးယောက်နဲ့ သာယာနေတာပဲအပြင်လူတွေက မြင်ကောင်းမြင်မယ်။ဗိုက်အောင့်ဝမ်းလျှောနေတာ မြင်ချင်မှ မြင်လိမ့်မယ်။ ဒါကြောင့် စမှတ်တွေမတူတဲ့အတွက်နှိုင်းယှဉ်ပြီး ဘဝကို အပြစ်မပုံချလိုက်မိဖို့လိုတယ်။စမှတ်ကို ကိုယ်သတ်မှတ်လို့မရပေမယ့်ဆုံးမှတ်ကိုတော့ ကိုယ်ထိန်းချုပ်လို့ရနိုင်တယ်။ Phyo Paing @ Derek

စမှတ် မတူလို့ စိတ်ဓာတ်မကျပါနဲ့။ Read More »

ဒီနေ့လုပ်တဲ့ အလုပ်က မနက်ဖြန်အတွက် အချိန်အများကြီး ခြွေတာပေးရမယ်။ အချိန်မဖြုန်းပါနဲ့။

ဒီနေ့လုပ်တဲ့ အလုပ်က မနက်ဖြန်အတွက်အချိန်အများကြီး ခြွေတာပေးရမယ်။ဒါက ကျွန်တော့်ရဲ့ အချိန်စီမံခန့်ခွဲမှုအတွေးအခေါ် philosophy ပဲ။ ပြန်မရနိုင်တော့တာ အချိန်ပဲ။လူတွေမှာရှိတဲ့ အဖိုးအတန်ဆုံးအရင်းအမြစ်ကလဲ အချိန်ပဲ။နာရီလက်တံက အချိန်နဲ့အမျှလည်ပတ်နေတယ်။ ကျောင်းပြီး ဆေးမကုတော့နှမြောစရာကြီးလို့ လာပြောကြတယ်။ဟုတ်တယ်လို့ပဲ ပြန်ပြောလိုက်တယ်။အများကြီး မရှင်းပြချင်လို့။သာမာန်လူတွေက ဖြစ်နိုင်ခြေOption တစ်ခုပဲမြင်တာဖြစ်နိုင်တယ်။ရွေးချယ်လို့ရတဲ့ လမ်းကြောင်းအခု ၁၀၀ လောက် ချပြလို့ရတယ်။ ကိုယ့် strength ကMaximizer ဖြစ်တဲ့အတွက်ရှိပြီးသားအရာတွေရဲ့ ဖြစ်နိုင်တဲ့အလားအလာတွေကို ရှင်းရှင်းလင်းလင်းမြင်သလိုကောင်းပြီးသားအရာတွေကိုပိုကောင်းအောင် လုပ်ပေးချင်တယ်။ လူတွေရဲ့ဦးနှောက်ကို limitless ထဲကBradley Cooper လို LSD မလိုပဲဦးနှောက်စွမ်းပကားကို လှုပ်နှိုးနိုင်အောင်၊မသိစိတ်စွမ်းပကားကို အသုံးချနိုင်အောင်ကိုယ့်ရဲ့ best version ဖြစ်အောင်ပုံဖော်နိုင်အောင်ဒါတွေလုပ်ဖို့အတွက် လေ့လာခဲ့တဲ့English, Burmese, Chemistry, Physics အပြင်Zoology နဲ့ Botany က တော်တော်လေးအထောက်အကူပြုသလိုဒုတိယနှစ်မှာလေ့လာခဲ့တဲ့ Anatomy ကဘယ် muscle

ဒီနေ့လုပ်တဲ့ အလုပ်က မနက်ဖြန်အတွက် အချိန်အများကြီး ခြွေတာပေးရမယ်။ အချိန်မဖြုန်းပါနဲ့။ Read More »

Differentiate or Die

သာမန် လူတွေကို ရောင်းဖို့သာမန် ကုန်ပစ္စည်းတွေ မထုတ်ပါနဲ့။ဒါဒီနေ့ခေတ်ရဲ့ မားကတ်တင်းအတွေးအခေါ်ဖြစ်တယ်။ သာမန်လူတွေအတွက်သာမန်ကုန်ပစ္စည်းတွေထုတ်ခြင်းဟာရှုံးနိမ့်မှုရဲ့ ရှေ့ပြေးပဲလို့ဆိုကြတယ်။ သာမန် ဖုန်းဆိုင်၊ သာမန်လက်ဖက်ရည်ဆိုင်သာမန်စားသောက်ဆိုင်၊ သာမန်အထည်ဆိုင်သာမန် လက်ဝတ်ရတနာဆိုင်ဒီသာမန် ကုန်ပစ္စည်းရောင်းတဲ့သာမန်ဆိုင်တွေက ပုံစံတူတွေဖြစ်နေတယ်။ စီးပွါးရေးလုပ်ငန်းမှာ ထူးရင်ထူးမထူးရင်း အဆင်မပြေလို့မျက်စံပြူးမယ်။Differentiate or Die ပဲ။ ထူးဖို့ ကိုယ်လုပ်တဲ့အလုပ်ကိုရူးသွပ်ဖို့လိုတယ်။ဆရာကျအောင် လေ့လာနေဖို့လိုတယ်။တီထွင်ဆန်းသစ်ဖို့လိုတယ်။ Business Model နဲ့ထူးအောင်လုပ်မှာလား။ကုန်ပစ္စည်းနဲ့လား၊ဝန်ဆောင်မှုနဲ့လား၊စျေးနှုန်းနဲ့လား၊Marketing လုပ်တဲ့ပုံစံနဲ့လား။ Phyo Paing @ Derek

Differentiate or Die Read More »

သာမာန် ၈၀% သောအချိန်က ပြင်ဆင်မှုပဲ။

အခွင့်အရေးလာရင် ready ဖြစ်အောင်ဘာသာစကား၊ ကျွမ်းကျင်အသက်မွေးမှုပညာ၊လူကြောနပ်ဖို့၊ network တည်ဆောက်ရေးစီးပွါးရေးပညာတွေ ပြင်ဆင်ရတယ်။၂၀%က အခွင့်အရေးလာတဲ့အခါအမိအရဖမ်းဆုပ်ကြတယ်။မေးခွန်းက ခင်ဗျာက စိတ်ရှည်တဲ့သူလား။ဆယ်နှစ်၊ နှစ် နှစ်ဆယ်time frame စောင့်နိုင်သူလား။ခဏတာကိစ္စတွေနဲ့ ယောင်နေတတ်တဲ့သူလား။ Phyo Paing @ Derek

သာမာန် ၈၀% သောအချိန်က ပြင်ဆင်မှုပဲ။ Read More »