တဒင်္ဂသာယာမှုကြောင့်
အနာဂတ်တွေ စတေးရတဲ့
အချိန်တွေ ရှိတတ်ကြတယ်
လူဆိုတာ ကောင်းတာမှ မဟုတ်ဘူးမကောင်းတာလဲ လုပ်ချင်စိတ်အနည်းနဲ့အများရှိတတ်ကြာတာပဲ။ကိုယ့်အတွက် ရေရှည်မကောင်းမှန်းသိပေမယ့် တဒင်္ဂသာယာမှုကြောင့်အနာဂတ်တွေ စတေးရတဲ့အချိန်တွေ ရှိတတ်ကြတယ်။ ဒီ တဒင်္ဂသာယာမှုတွေကိုထိန်းချုပ်နိုင်တဲ့ စိတ်က ကိုယ့်ရဲ့ရေရှည်ဖြစ်ချင်တဲ့အရာတွေကို အကောင်အထည်ဖော်ဖို့အများကြီး အထောက်အကူပြုတယ်။ ဒီသဘောတရားကိုအကြံဥာဏ်ဖြင့်ကြီးထွားခြင်းThink and Grow Rich စာအုပ်မှာလည်းSexual energy transmutation ဆိုပြီး ရေးခဲ့တယ်။ လူတိုင်းမှာရှိတဲ့ Energy ကို ဘယ်နေရာမှာ အသုံးချမလဲဆိုတာသေမလောက် အရေးကြီးတယ်။အရေမရ အတင်းအဖျင်းပြောမလား၊အလဟဿ ဖြုန်းပစ်မလားအရေးကြီးတဲ့ အရာတစ်ခုကိုဖန်တီးဖို့၊ အကောင်အထည်ဖော်ဖို့အသုံးပြု မလားအရေးကြီးတယ်။ Phyo Paing @ Derek
တဒင်္ဂသာယာမှုကြောင့်
အနာဂတ်တွေ စတေးရတဲ့
အချိန်တွေ ရှိတတ်ကြတယ် Read More »
