ရေလှိုင်းကို ရပ်တန့်လို့ မရပါဘူး။ဒါပေမယ့် ရေလှိုင်းပေါ်မှာ ဘယ်လို ရပ်တည်မလဲဒါ ကိုယ့် ဆုံးဖြတ်ချက်ပါ။
ဒီနေ့လို့အရာရာ ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာဒါဟာ ခဏပါ။ ပျော်နေတာလည်း ခဏပါ။ခက်နေတာလည်း ခဏပါ။နာနေတာလည်း ခဏပါ။ ဒါပေမယ့် လူတွေ ဒါကို မယုံပါဘူး။ ပျော်နေချိန် — “ဒါ ပျောက်သွားမှာ” ကြောက်တယ်။ခက်နေချိန် — “ဒါ ဘယ်တော့မှ မပြီးဘူး” ထင်တယ်။ နှစ်ခုလုံး မှားပါတယ်။ ဗုဒ္ဓက အနိစ္စ ဆိုပြီးဟောကြားခဲ့ပါတယ်။ဘာမှ မတည်မြဲဘူး။ ဒါ ဝမ်းနည်းစရာ မဟုတ်ပါဘူး။ဒါ လွတ်မြောက်ခြင်းပါ။ နာကျင်မှု မတည်မြဲဘူးဆိုတော့ခံနိုင်ပါတယ်။အောင်မြင်မှု မတည်မြဲဘူးဆိုတော့မာန်မာနမထားဘဲ ဆက်ကြိုးစားပါတယ်။ Marcus Aurelius က စစ်ပွဲတွေ ကပ်ရောဂါတွေ ကြားထဲမှာညတိုင်း ဒီစာကို ရေးခဲ့ပါတယ်။ “ဒါဟာ ခဏပါ။ ဒါကိုလည်း ဖြတ်သန်းရမှာပါ” ရောမ ဘုရင်အတွက်ရော ခဏ။သာမန် လူအတွက်ရော ခဏ။ဒါ ဘယ်သူ့ကိုမှ မချန်ပါဘူး။ ဒီနေ့ […]
