entrepreneur

ငွေရှာဖို့ အိုင်ဒီယာ သုံးခု

၁။ ရောင်းချဖို့ ကုန်ပစ္စည်းရှာ  ဒီ winning product ကို မှာ။  ဒါကို နိုင်ငံတကာမှာ trending ဖြစ်နေတာကိုကြည့်။ ၂။ ပစ္စည်းမှာထားတဲ့ အချိန်မှာ  content ဖန်တီး၊  pre-order ကြော်ငြာ run ထား။ ၃။ ပစ္စည်းရောက်တာနဲ့ ပို့။ ပြန်လည် ဆန်းစစ်။  အမှတ်တံဆိပ်တည်ဆောက်။

ငွေရှာဖို့ အိုင်ဒီယာ သုံးခု Read More »

ဘာလုပ်နေလဲမေးရင် KET လို့ပဲဖြေလိုက်တယ်။

လွယ်သလိုလိုနဲ့ အမျိုးတွေကို ရှင်းပြဖို့ခက်တာကိုယ်လုပ်နေတဲ့အလုပ်ပဲ။ ဘာလုပ်နေလဲမေးရင် KET လို့ပဲဖြေလိုက်တယ်။ အသိပညာတွေကို လိုချင်တဲ့သင်ယူမှုရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ဒီဇိုင်းဆွဲပေး၊သင်ကြားပေးတဲ့သူKnowledge engineer = Instructional designer/ teacher စွန့်ဦးတီထွင် Entrepreneur = Solving market problem in creative ways တိုင်ပင်ဆွေးနွေး အကြံပေးThinking Partner = Coaching/ Consulting Explaining my work to relatives often proves challenging. When they inquire about my occupation, I simply respond with “KET.” I’m involved in designing educational paths and

ဘာလုပ်နေလဲမေးရင် KET လို့ပဲဖြေလိုက်တယ်။ Read More »

အနာဂတ်မျိုးဆက်အတွက်ပဲ။

လူတွေက ဘာကြောင့်တရုတ်စွန့်ဦးတီထွင်တွေထက်အမေရိကန်စွန့်ဦးတီထွင်တွေကို ပိုလေးစားအားကျကြသလဲ? ဘာကြောင့်လဲဆို သူတို့ဖန်တီးလိုက်တဲ့ တီထွင်ဆန်းသစ်မှုတွေကလူသားမျိုးနွယ်တစ်ခုလုံးကို သက်ရောက်မှုရှိစေလို့ဖြစ်တယ်။ တရုတ်ရဲ့ Baidu AI ထွက်တယ်။ တရုတ်အတွက်ပဲ။ Antropic ရဲ့ Claud,OpenAI ရဲ့ Chatgpt, Google ရဲ့ Gemini Perplexity အကုန်လုံးက တစ်ကမ္ဘာလုံး သုံးလို့ရတယ်။ ဘာကြောင့်လဲဆို နိုင်ငံတစ်နိုင်ငံကိုတည်ဆောက်တဲ့အခါ အခြေခံတဲ့အိုင်ဒီရော်လော်ဂျီကြောင့်။ ဒီနေ့ခေတ်ဖြစ်နေတဲ့ အိုင်ဒီရော်လော်ဂျီကကိုယ့်ခေတ်မှာ ချခဲ့တာ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ အတိတ်ကမျိုးဆက် ပေးခဲ့တဲ့ အမွေးတစ်ခုဖြစ်နိုင်တယ်။ ဒီနေ့လုပ်တာက ကိုယ့်မျိုးဆက်အတွက်ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ အနာဂတ်မျိုးဆက်အတွက်ပဲ။ ဒီသာဓကကို အမေရိကန်၊မြောက်ကိုရီးယား၊ တရုတ်ပြည်မ၊ထိုင်ဝမ်၊ စလုံးကိုကြည့်ရင်သိနိုင်တယ်။ အရင်မျိုးဆက်တည်ဆောက်ထားတာကိုဒီနေ့မျိုးဆက်က ဆက်ခံရတာမျိုး။ Why do people value American innovations more than Chinese ones?

အနာဂတ်မျိုးဆက်အတွက်ပဲ။ Read More »

Lifestyle Entrepreneur

ကိုယ့်ဘဝက လုပ်ငန်းအတွက်မဟုတ်ပဲ၊လုပ်ငန်းက ကိုယ့်ဘဝအတွက်ယာဉ်တစ်စီးလိုဖြစ်အောင် ပုံဖော်ပြီးကိုယ်လိုချင်၊ ကိုယ်ဖြတ်သန်းချင်တဲ့ပုံစံအတိုင်း ဘဝကို ဖြတ်သန်းတာကိုဘဝနေထိုင်မှုအသား​ပေး စွန့်ဦးတီထွင်လို့ခေါ်တယ်။ သူတို့က သူတို့တည်ထောင်တဲ့ကုမ္ပဏီတွေထက် ပိုကြီးတယ်။အတွေးအခေါ် ကောင်းတယ်။ဥာဏလုပ်အား အားသန်တယ်။လွတ်လပ်မှုကို ခုံမင်တယ်။ တခြားသူတွေရဲ့ လက်ခုပ်သံတွေထက်ကိုယ့်နှလုံးသားအသံကို ကိုနား​ထောင်တယ်။နှလုံးသားခေါ်ဆောင်ရာကို ဖန်တီးတယ်။ကိုယ်ပျော်တဲ့ အလုပ်ကို လုပ်တယ်။ Phyo Paing @ Derek

Lifestyle Entrepreneur Read More »

စဉ်းစားတဲ့ ပုံစံမတူကြဘူး။

ကုန်သည်တွေက စျေးကွက်ရဲ့လောဘနဲ့ သောကကြားမှတစ်နေရာက ပစ္စည်း၊ တစ်နေရာရွေ့၊အချိန်တိုဝယ်ရောင်းလုပ်အကွက်ရွေ့ရင်း ပိုက်ဆံရှာတယ်။ စီးပွားရေးသမားတွေကစျေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကြိုးစားတယ်။ စွန့်ဦးတီထွင်တွေက စျေးကွက်ရဲ့ လိုအပ်ချက်ကိုတီထွင်ဆန်းသစ်မှုရှိရှိ ဖြည့်ဆည်းဖို့ကြိုးစားတယ်။ ရင်းနှီးမြုပ်နှံသူက တစ်ရာတန်ကိုငါးဆယ်နဲ့ရတဲ့အချိန်ဝယ်ပြီးလူတွေ လောဘတက်တဲ့အချိန်သူက ထုတ်ရောင်းပြီး၊လူတွေ ကြောက်တဲ့အချိန်ပြန်ဝယ်လေ့ရှိတယ်။စိတ်ရှည်တယ်။ ငြင်းရတယ်။ တော်ရုံရင်မခုန်ဘူး။ မြန်မာပြည်မှာ အမှတ်တံဆိပ်တစ်ခုကိုရေရှည်တည်ဆောက်ဖို့ဆိုတာ တော်တော်လေး မလွယ်ကူတဲ့ကိစ္စ။ မထင်ထားတဲ့ Black swan ပေါ်လာတဲ့အခါလေးလလောက် လှုပ်ခပ်လိုက်တာနဲ့နှစ်နှစ်စာမြတ်ထားတာ အသာလေး ပြုတ်သွားနိုင်တယ်။ ဒါကြောင့် မြန်မာလိုနိုင်ငံမှာစွန့်ဦးတီထွင်လုပ်brand and business အမှတ်တံဆိပ်နဲ့ စီးပွားရေးတည်ဆောက်တဲ့အခါကျစ်လစ်ပြီး လစဥ်ထွက်ငွေနည်းပြီး Operating expensesအမြတ်များတဲ့ လုပ်ငန်းမျိုးစဥ်းစားကြည့်တာ မမှားဘူး။ မဟုတ်ရင် လုပ်လေမြုပ်လေလုပ်ငန်းတွေ တွေ့ဖူးမလားမသိဘူး။ လေး၊ ငါး၊ ဆယ်နှစ်ရှိနေပြီဒုံရင်းက ဒုံရင်းပဲ။ ပိုက်ဆံပဲ ရှာနေလို့မရဘူး။ ထိန်းသိမ်းနိုင်ဖို့လဲလိုတယ်။ ပွားနိုင်ဖို့လဲလိုတယ်။ ဒီသုံးခုက တူမလိုနဲ့

စဉ်းစားတဲ့ ပုံစံမတူကြဘူး။ Read More »

တီထွင်ဆန်းသစ်သူတွေက
လူမှုအဖွဲ့အစည်းကို
ရှေ့ကိုပို့ဆောင်ပေးလိုက်တယ်။

ဟိုးရှေးရှေး နှစ်ပေါင်း ၁၉၀၀ ကျော်105 CE အရှေ့ဟန်မင်းဆက်တုန်းကCai Lun ဆိုတဲ့လူက စာရွက်ကိုစတင်တီထွင်ခဲ့ပြီး တစ်ကမ္ဘာလုံးရဲ့သင်ယူမှုပုံစံ၊ ယဥ်ကျေးမှုဖြစ်တည်မှုပုံစံအပြောင်းအလဲကြီးဖြစ်သွားတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၄ နှစ်ကျော်ကညဆို လျစ်စစ်မီးသီးမရှိဘူး။ဖယောင်းတိုင်တို့၊ မီးအိမ်တို့နဲ့သွားရတယ်။ 1879 မှာ အယ်ဒီဆင်ရဲ့ ဂျီအီးကုမ္ပဏီက လျစ်စစ်မီးသီးကိုစတင်မိတ်ဆက်ခဲ့ပြီး ကမ္ဘာကြီးပြောင်းလဲခဲ့တယ်။ 2004 မှာ လူမှုကွန်ယက်ကိုအုပ်စိုးမည့် ဖေ့ဘုတ်ကိုမိတ်ဆက်ပြီးလူပေါင်းဘီလီယံချီဆက်သွယ်ပြီးဆက်သွယ်မှုပုံစံတွေပြောင်းလဲခဲ့တယ်။ 2007 မှာ စမတ်ဖုန်းဆိုတာကိုရေရေရာရာ စတိဂျော့က မိတ်ဆက်ခဲ့ပြီး သူ့နောက်မှာအပြောင်းအလဲကြီးတွေဖြစ်လာခဲ့တယ်။ 2022 မှာ OpenAI ရဲ့ Chatgpt နဲ့အတူAI တစ်ခေတ်ထ လူသုံးများလာပြီးအခု ပထမဆုံး developer conference စလုပ်တော့မယ်။ တီထွင်ဆန်းသစ်သူတွေက လူမှုအဖွဲ့အစည်းကို ရှေ့ကိုပို့ဆောင်ပေးလိုက်တယ်။ Rule: လူမှုအကျိုးပြုဖို့ တီထွင်ဆန်းသစ်ပါ။ Phyo Paing @ Derek

တီထွင်ဆန်းသစ်သူတွေက
လူမှုအဖွဲ့အစည်းကို
ရှေ့ကိုပို့ဆောင်ပေးလိုက်တယ်။
Read More »

ကိုယ့်ကိုကိုယ် အမြဲမှန်တယ်ထင်တဲ့
သူတွေကြောင့် အဖွဲ့အစည်းက
ရှေ့မရောက်တတ်ကြဘူး။

လူတစ်မျိုးရှိတယ်။ ကိုယ့်ကိုကိုယ် အမြဲမှန်တယ်ထင်တာ။ စွန့်ဦးတီထွင်တွေ၊ စွမ်းဆောင်ရည်မြင့်တဲ့သူတွေ၊ စွမ်းဆောင်ရည်မြင့်တဲ့ ဦးဆောင်သူတွေကဘယ်တော့မှ သူတို့ကိုယ်သူတို့ အမြဲမှန်တယ်လို့ မထင်ဘူး။ ဒီတော့ ပြုပြင်ပြောင်းလဲရမှာဘယ်တော့မှ မကြောက်ဘူး။ ငါထင်တဲ့ ယူဆချက် assumption တွေမမှန်ကြောင်း ရလဒ်တွေကပြတဲ့အခါသွားနေတဲ့လမ်းကြောင်း၊ လုပ်ရပ်တွေကို ပြောင်းရဲတဲ့သတ္တိရှိတယ်။ အမြင်သာဆုံးက လီကွမ်းယူပဲ။ သူတို့ချမှတ်ထားတဲ့ စီမံကိန်းတွေအလုပ်မဖြစ်တာတွေဖြစ်လာတဲ့အခါခေါင်းခံပြီး ငြင်းမနေဘူး။ ဟုတ်တယ်အလုပ်မဖြစ်ဘူး။ ငါတို့ ဒီကနေ သင်ခန်းစာယူမယ်။ဘာသင်ခန်းစာတွေရသလဲ။နောက်တစ်ခါ ဘယ်လိုပိုကောင်းအောင်လုပ်မလဲ စဥ်းစားတယ်။ ဒါကြောင့် အောင်မြင်ရေး ဖော်မြူလာကအလုပ်ဖြစ်တာ၊ မဖြစ်တာသိ။ အလုပ်ဖြစ်တာလုပ်တဲ့။ ကိုယ့်ကိုကိုယ် အမြဲမှန်တယ်လို့ထင်တဲ့သူတွေကြောင့် အဖွဲ့အစည်းကရှေ့မရောက်တတ်ဘူး။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် အမြဲမှန်တယ်ထင်တဲ့
သူတွေကြောင့် အဖွဲ့အစည်းက
ရှေ့မရောက်တတ်ကြဘူး။
Read More »

တချို့လူတွေက ကိုယ့်ကိုကိုယ်
Lifestyle entrepreneur လိုစဉ်းစားတယ်။

ကိုယ်နေချင်တဲ့ ဘဝနေထိုင်မှုပုံစံကိုပုံဖော်ဖို့ ကိုယ်တိုင်လုပ်ငန်းလုပ်တယ်။ အမှန်တော့ မနက် ၉ ရုံးတက်ည ၅ ရုံးဆင်း အဲ့လိုမလုပ်ချင်ကြဘူး။Boss မျက်နှာကြည့်ပြီး စိတ်မညစ်ချင်ဘူး။ ဘောင်တွေကြားထဲမှာ မနေချင်ဘူး။ ကိုယ်ဝါသနာပါတဲ့လုပ်ငန်းကို လုပ်မယ်။နေ့စဉ်ဖြတ်သန်းချင်တဲ့ ပုံစံအတိုင်းနေချင်တဲ့နေရာမှာ နေလို့ရတဲ့ဘဝကို တည်ဆောက်ချင်ကြတယ်။ ဒီအတွက် ကိုယ်ပိုင်လုပ်ငန်းတွေစတင်ကြတယ်။ဒါကို lifestyle entrepreneur လို့ခေါ်တယ်။ ဒီလို lifestyle business တွေထဲမှာ ကိုယ်ကျွမ်းကျင်တဲ့ပညာရပ်ကိုပြန်လည်မျှဝေပေးတဲ့ expert business တွေပါတယ်။Training, Coaching, Consultation တွေပါတယ်။နောက်တစ်ခုက digital product ဖန်တီးတာတွေပါတယ်။ နောက်တစ်ခုက advisory role ယူပြီးday-to-day activities ထဲမှာ ဝင်မပါတဲ့အလုပ်မျိုးပါတယ်။ နောက်တစ်ခုက ကိုယ့်ပြဿနာကိုဖြေရှင်းရင်းဖြစ်ပေါ်လာတဲ့ app တွေ၊ website တွေပါတယ်။ဘယ်နေရာနေနေ အလုပ်လုပ်လို့ရတဲ့ location-independent business တွေပါတယ်။

တချို့လူတွေက ကိုယ့်ကိုကိုယ်
Lifestyle entrepreneur လိုစဉ်းစားတယ်။
Read More »

Entrepreneur တစ်ယောက်က

ခေါင်းထဲမှာ အလုပ်ဘယ်လိုဖြစ်အောင်လုပ်ရမလဲပဲစဉ်းစားတယ်။လှုပ်ရှားမှုမြန်တယ်။တွေဝေမနေဘူး။ကိုယ့်အချိန်ကို အလစ်ဖြုတ်တဲ့အလုပ်မဖြစ်တဲ့အရာတွေကို ရှောင်တယ်။ ခုစင်ပေါ်ရောက်နေတဲ့လူတွေကလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဘားမှ မဟုတ်ဘူးငါလဲ ကြိုးစားနေရင်ဒီနေရာရောက်မယ်ဆိုတာ သိတယ်။လှုပ်ရှားမှုမြန်တယ်။ဦးနှောက်သုံးတယ်။ကိုယ့်ဘဝကိုယ် တာဝန်ယူတယ်။ Phyo Paing @ Derek

Entrepreneur တစ်ယောက်က Read More »

အမြင်ကျယ်ဖို့ စာဖတ်ဖို့လိုတယ်။

အလုပ်လို့ဆိုလိုက်ရင်လူအများစုက laborကာယနဲ့လုပ်တဲ့အလုပ်ကိုပဲပြေးမြင်ကြတယ်။ ၂၁ ရာစုမှာ အလုပ်အများစုကဥာဏ အလုပ်ဖြစ်လာပြီ။ဒါကို knowledge worker လို့ခေါ်တယ်။ artist, blogger, coder,designer, entrepreneur ဒီနေ့ခေတ်က computer တစ်လုံးနဲ့အလုပ်ပြီးလာတဲ့ခေတ်ဖြစ်တယ်။ ဒါကြောင့် digital nomad တို့lifestyle entrepreneur တို့ပေါ်ပေါက်လာတာဖြစ်တယ်။ အမြင်ကျယ်ဖို့ စာဖတ်ဖို့လိုတယ်။ Phyo Paing @ Derek

အမြင်ကျယ်ဖို့ စာဖတ်ဖို့လိုတယ်။ Read More »