GMC

ပြေးလေးဝေးလေ မဖြစ်ဖို့

လုပ်ငန်းတစ်ခု မားကတ်တင်းအောင်မြင်ဖို့SEC လိုတယ်။ 1. Strategy – Doing the right things မှန်တဲ့အလုပ်ကို မှန်တဲ့အချိန် လုပ်နိုင်ဖို့ 2. Execution – Doing the things right မှန်မှန်ကန်ကန်ဖြစ်အောင် လိုတာရအောင်လုပ်နိုင်ဖို့ 3. Consistency – Keep doing what works အလုပ်ဖြစ်တာကို ရေရှည်လုပ်နိုင်မှု ကိုယ့်အနေနဲ့ အကောင်အထည်ဖော်တာလဲကောင်းတယ်။ဇွဲလဲကောင်းတယ်။ နောက်ပြီး လမ်းမှားပြီးပြေးနေသလိုများဖြစ်နေသလို ခံစားရလား? ဘာကြောင့်လဲဆိုတော့ လမ်းမှားပြီးပြေးရင်ဘယ်လောက်မြန်မြန်ပြေးပြေးပန်းတိုင်ရောက်ဖို့ မလွယ်ဘူး။ #gmc#sapwar

ပြေးလေးဝေးလေ မဖြစ်ဖို့ Read More »

မားကတ်တင်းရဲ့ အဓိကရန်သူတစ်ဦး

မားကတ်တင်းရဲ့ အဓိကရန်သူတစ်ဦးက အချိန်ဆွဲတာပဲ။ တစ်ခုခုလုပ်ဖို့ နောက်မှလုပ်မယ်ဆိုတဲ့စိတ်ကတခြားသူတွေ ထက်နောက်ကျစေတယ်။ အောင်မြင်တဲ့စီးပွားရေးသမားနဲ့သိပ်မအောင်မြင်တဲ့စီးပွားရေးသမားတွေကြားကွာခြားချက်တစ်ခုက အကောင်အထည်ဖော်မှုမြန်နှုန်းပဲ။ ဒါကို Speed of implementation လို့ခေါ်တယ်။ကိုယ့်အတွက် အကျိုးရှိမယ်။လုပ်ဖို့လိုတယ်။ ဘေးထွက်ဆိုးကျိုးလဲမများကြီးမရှိရင်ဘာလို့ အချိန်ဆွဲနေမှာလဲ။ ဟုတ်တယ်ဟုတ်။ #gmc#sapwar

မားကတ်တင်းရဲ့ အဓိကရန်သူတစ်ဦး Read More »

လူတွေက Guerrilla Marketing
အရမ်းအစွမ်းထက်တယ်လို့ပြောကြတယ်။

ဒါကြောင့် လုပ်ငန်းငယ်တွေကစလို့ကမ္ဘာ့ထိပ်တန်းလုပ်ငန်းကြီးတွေမှာပါတွင်တွင်ကျယ်ကျယ်အသုံးပြုနေကြတယ်။ အစွမ်းထက်မှာပေါ့။ ဘာကြောင့်လဲဆိုတော့ ထွင်ထားတဲ့သူကလဲJay Conrad Levinson ဖြစ်ပြီးUniversity of California in Berkeley မှာပြန်လည်ပို့ချပေးခဲ့ရာက Guerrilla Marketing စာအုပ်ကို ဘာသာစကားပေါင်း ၆၂ မျိုးထိပြန်ခဲ့ပြီးကမ္ဘာ့တစ်ဝှမ်း MBA အတန်းတွေမှာမသင်မဖြစ်ဖြစ်ခဲ့တာပေါ့။ #gmc#sapwar

လူတွေက Guerrilla Marketing
အရမ်းအစွမ်းထက်တယ်လို့ပြောကြတယ်။
Read More »

မားကတ်တင်းဆိုတာ တာတိုပြေးပွဲမှ မဟုတ်တာ။

အောင်မြင်မှုဆိုတာ အိမ်ငှားသလိုပဲအိမ်ငှားခမပေးနိုင်ရင် ကန်ချခံရမယ်။ လုပ်ငန်းအတွက်အောင်မြင်မှုကလဲအလားတူပဲမားကတ်တင်းကို မဟာဗျူဟာကျကျထိရောက်အောင် မလုပ်နိုင်တဲ့တစ်နေ့ကန်ချခံရနိုင်တယ်။ နောက်ပြီးမားကတ်တင်းဆိုတာ မာရသွန်။တာတိုပြေးပွဲမဟုတ်ဘူးဆိုတာဒီဂိမ်းထဲမှာ ကြာလာလေလေနားလည်လာလေလေဖြစ်လိမ့်မယ်။ ဒါကြောင့် မဟာဗျူဟာလိုတယ်။တစ်ပွဲထိုးဗျူဟာနဲ့ မရဘူး။ စနစ်တကျအချိန်ပေးလေ့လာဖို့လိုတယ်။ သစ်တစ်ပင်သေးလေးကိုတစ်ချက်နဲ့ခုတ်လို့ရကောင်းရမယ်။သစ်ပင်ကြီးတွေအတွက် ရချင်မှရမယ်။ တာတိုက လုပ်ငန်းသေးတဲ့အခါရမယ်။ဘယ်လို boost၊ ဘယ်လိုခေါင်းကြီးပိုင်းရေး၊ဘယ်လိုလေးကြော်ငြာ၊အွန်လိုင်းပေါ်နာမည်ကြီးနေတဲ့အပေါ် အသုံးချ။ ဒါတွေအကုန်လုံးက အလုပ်ဖြစ်တယ်။ ရေရှည်အတွက်ကျတော့ မာရသွန်ဖြစ်တဲ့အတွက် စနစ်တကျလေ့လာဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ မားကတ်တင်းဆိုတာ တာတိုပြေးပွဲမှမဟုတ်တာ။ #gmc#sapwar

မားကတ်တင်းဆိုတာ တာတိုပြေးပွဲမှ မဟုတ်တာ။ Read More »

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း

ဒီနေ့ခေတ်မှာ media နဲ့ code ကိုနိုင်ရင်အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းလုပ်လို့ရပြီ။ media ဆိုတဲ့နေရာမှာကိုယ်ပေးချင်တဲ့ သတင်းအချက်အလက်ကိုများများကို မြန်မြန် ကုန်ကျစရိတ်မရှိပဲ သို့ အနည်းဆုံးနဲ့ရောက်အောင် လုပ်နိုင်တဲ့စွမ်းရည်။ Code ဆိုတဲ့နေရာမှာကုန်ပစ္စည်းနောက်တစ်ခုပွါးတိုင်းကုန်ကျစရိတ်မရှိတဲ့ software/app တွေ။ #gmc#sapwar

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း Read More »

“မားကတ်တင်း”

လူတစ်ယောက် ဘယ်လောက်အဆိုကောင်းကောင်းသူသီချင်းဆိုကောင်းတာလူတွေမသိ၊ အားမပေးရင်အောင်မြင်မှုလို့ခေါ်ဆိုလို့ရချင်မှရမယ်။ အလားတူပဲ စာရေးဆရာတစ်ယောက်ဘယ်လောက်စာရေးကောင်းကောင်းသူ့ဖန်တီးမှုတွေကို လူတွေသိအောင်လုပ်တာအားပေးအောင်မလုပ်နိုင်ရင်အောင်မြင်မှုလို့ခေါ်ဆိုဖို့ ခက်ကောင်းခက်မယ်။ လူတွေသိအောင်၊ အားပေးအောင်၊ဝယ်အောင်၊ ထပ်ဝယ်အောင်၊ ညွှန်းအောင်လုပ်ပေးတဲ့ အတတ်ပညာကို“မားကတ်တင်း” လို့ခေါ်တယ်။ ဒါကြောင့် Product x Marketing = Success လို့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့The Wharton School of the University of Pennsylvania ရဲ့မားကတ်တင်း သင်တန်းအဖွင့်မှာဆိုတယ်။ တခါတလေ ကိုယ်လိုအပ်တာထက်လူတွေသိဖို့လိုနေသေးတယ်၊အားပေးဖို့၊ ဝယ်ဖို့၊ ထပ်ဝယ်ဖို့၊ညွှန်းဖို့ လိုနေသေးတယ်ဆိုတာ “မားကတ်တင်း” လိုအပ်နေလို့လဲဖြစ်နိုင်တယ်။ Guerrilla Marketing Coach – Myanmar ကော်ရဲလား မားကတ်တင်းက သမရိုးကျ မားကတ်တင်းတွေနဲ့ အများကြီး ကွာကောင်းကွာလိမ့်မယ်။ #gmc#sapwar

“မားကတ်တင်း” Read More »

Guerrilla Marketing

Guerrilla Marketing ဆိုတာကတော့ မတူညီကွဲပြားတဲ့ marketing ဗျူဟာနဲ့ ကြော်ငြာအသုံးငွေနည်းနည်းနဲ့ စျေးကွက်ဖောက်တာကိုဆိုလိုတာဖြစ်ပါတယ်။ ဒီ မားကတ်တင်းအယူအဆကို အမေရိကန် စီးပွားရေးစာရေးဆရာ Jay Conrad Levinson က စတင်ထုတ်ဖော်ခဲ့ပြီး သမရိုးကျစီးပွားရေးကြော်ငြာ channel တွေဖြစ်တဲ့ radio, TV, journal, magazine အပြင် Internet နှင့် Online channel တွေကိုအသုံးချပြီး ပေးချင်တဲ့ original message ကိုလူတွေကြားမှာ ရေပန်းစားအောင်လုပ်ပြီး ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို စျေးကွက်ဖောက်တာဖြစ်ပါသည်။ (Low Cost & High Impact Marketing) သမရိုးကျ မားကတ်တင်းနှင်. GM ကွာခြားချက် အဓိက ၃ ချက် 1. ငွေကိုရင်းနှီးမြုပ်နှံမှုပြုခြင်းထက် knowledge,

Guerrilla Marketing Read More »

မားကတ်တင်းမလေ့လာပါနဲ့။

ကိုယ်ကလုပ်နေတဲ့အလုပ်၊ရနေတဲ့ရောင်းအား၊လက်ရှိပုံစံ status quo ကိုသဘောကျတယ်၊ ရောင့်ရဲတယ်ဆို မားကတ်တင်းကို မလေ့လာပါနဲ့။ ဘာကြောင့်လဲဆိုတော့ မားကတ်တင်းဆိုတာ အပြောင်းအလဲတွေကိုမြန်နှုန်းမြင့်စေတဲ့ အတတ်ပညာတစ်ခုဖြစ်တဲ့အတွက်ကြောင့်ပဲ။ မားကတ်တင်းအတတ်ပညာကိုဘယ်သူတွေအသုံးပြုကြသလဲသေချာစဥ်းစားကြည့်ရင်စီးပွားရေးလုပ်ငန်းတွေပဲအသုံးပြုတာ မဟုတ်ဘူးဆိုတာ တဖြည်းဖြည်းနားလည်လာလိမ့်မယ်။ နိုင်ငံရေးသမားတွေ မဲဆွယ်တဲ့နေရာအသုံးပြုတယ်။အုပ်ချုပ်သူတွေက လူတွေရဲ့အပြုအကျင့်ကိုပုံသွင်းချင်တဲ့အချိန်အသုံးပြုတယ်။လုပ်ငန်းတစ်ခုကို အထင်အမြင်ကောင်းစေချင်တဲ့အချိန်အသုံးပြုတယ်။ ကိုယ့်ကို လူသိစေချင်ရင်၊သတ်မှတ်ထားတဲ့သူတွေ သဘောကျစေချင်ရင်၊ယုံစေချင်ရင်အသုံးပြုတယ်။ကိုယ့်ကုန်ပစ္စည်းဝယ်စေချင်ရင်အသုံးပြုတယ်။ အလုပ်မှာ ရာထူးမြန်မြန်တိုးဖို့ကိုယ့်အပေါ်အထင်အမြင်ကောင်းအောင်လုပ်ဆောင်တာကလဲ မားကတ်တင်း။လုပ်ငန်းတွေ ရောင်းအောင်းအောင်လူတွေစိတ်ဝင်စားအောင်လုပ်တာလဲမားကတ်တင်း။ လူတွေအထင်လွဲနေတာကို အမြင်ပြန်ကောင်းအောင်လုပ်တာလဲမားကတ်တင်း။ ကိုယ့်ရဲ့ရပ်တည်ချက်ကိုလူတွေသိအောင်စိတ်ဝင်စားအောင်လုပ်တာလဲမားကတ်တင်း။ အပြောင်းအလဲကို ပုံဖော်လိုသူတိုင်းအတွက်မားကတ်တင်းအတတ်ပညာလိုတယ်။ ဒါကြောင့် Marketing for Change ဆိုပြီးဟောပြောပွဲတွေမှာ ပါဝင်ခဲ့ဖူးတယ်။ လူတွေကို ရေသုံးအိပ်သာတွေသုံးစေချင်တော့အမြင်ပြောင်းအောင် အသိပညာပေးလုပ်ရတယ်။လမ်းဘေးအမှိုက်မပြစ်အောင်အသိပေးတွေလုပ်ရတယ်။အလားတူပဲ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊အမှတ်တံဆိပ်၊ ကုမ္ပဏီက ဘာတွေလဲ၊ ဘာလုပ်လဲ လူတွေကိုအသိပေးလုပ်ရတယ်။နောက်အမြင်ပြောင်းရတယ်။ဒီကမှတစ်ဆင့် ဖြစ်စေချင်တဲ့ကောင်းမွန်တဲ့လုပ်ရပ်ဖြစ်အောင် ပုံဖော်ရတယ်။ ဒါက မားကတ်တင်းအတတ်ပညာရဲ့ရည်ရွယ်ချက်ပဲ။ဒါကြောင့် မားကတ်တင်းဆိုတာ အမြင်ပြောင်းပညာလို့ပြောရင်မမှားဘူး။ Guerrilla Marketing စရိတ်နည်းပါးထိရောက်မှုဆပွါး #gmc#sapwar

မားကတ်တင်းမလေ့လာပါနဲ့။ Read More »

Coach ဆိုတာ နည်းပြ။

နည်းလမ်းကိုပြပေးတာ နည်းပြ။ နည်းလမ်းမျိုးစုံရှိတယ်။ တရားထိုင်တာတရားထိုင်နည်းမျိုးစုံရှိတယ်။ကျန်းမာရေးအတွက်လေ့ကျင့်ခန်းနည်းမျိုးစုံရှိတယ်။စီးပွားရေးစီမံခန့်ခွဲမှုအတွက်စီမံခန့်ခွဲမှုနည်းလမ်းမျိုးစုံရှိတယ်။ တိုးတက်ရေးအတွက်တိုးတက်ရေးနည်းလမ်းမျိုးစုံရှိတယ်။မားကတ်တင်းလုပ်တဲ့အခါမားကတ်တင်းလုပ်နည်းမျိုးစုံရှိတယ်။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ကိုယ့်နဲ့ကိုက်ညီတဲ့ နည်းလမ်းကိုအသုံးပြုဖို့၁။ စာဖတ်ပြီး လုပ်လို့ရတယ်။၂။ ဗွီဒီယိုကြည့်ပြီး လေ့လာလိုက်လုပ်ကြည့်လို့ရတယ်။၃။ သင်တန်းတက်ပြီးလိုက်လုပ်ကြည့်လို့ရတယ်။ ဒီအပေါ် ၃ ခုကို DIY လို့ခေါ်တယ်။Do-it-yourself ကိုယ်တိုင်လုပ်နည်းပေါ့။သူက လုပ်လိုက်၊ ဆန်းစစ်လိုက်၊​ ပြန်ပြင်လိုက်ကိုယ်တိုင် ကြည့်ကျက်လုပ်တဲ့အတွက်အချိန်နည်းနည်းကြာတယ်။​ နောက်တစ်နည်းကနည်းပြနဲ့သွားတဲ့နည်း။ဘောလုံးကို ဘယ်လိုကန်ဆိုတာပြပေးလိုက်တယ်။ကန်တာကို ဘေးကကြည့်တယ်။လိုအပ်တာကို ပြန်လည်ပြောပြ feedback ပေးတယ်။ဒီကတစ်ဆင့်တိုးတက်အောင်လုပ်သွားကြတယ်။နည်းပြနဲ့ လုပ်ဆောင်သူ အတူတူသွားတဲ့အတွက်ဒါကို Do-it-with-you ကိုယ်နဲ့အတူလို့ခေါ်တယ်။​DIWY business model လို့လဲခေါ်တယ်။ နောက်တစ်နည်းက ဖြစ်ချင်တာပြော။အကျိုးအကြောင်းအတိအကျမေး။နောက်မျက်စိမှိတ်ထားလိုက်တော့ကျွန်တော်တို့ အကုန်လုပ်သွားမယ်။ဒီနည်းနဲ့ ဖောက်သည်ပြဿနာဖြေရှင်းပြီးရည်မှန်းချက်ပန်းတိုင်ရောက်အောင်သွားတာကိုAgency လို့ကြမ်းဖျင်းခေါ်လို့ရတယ်။တချို့က Consulting နဲ့ Agency တွဲလုပ်တယ်။တချို့ Consulting က အကြံပဲပေးတယ်။တချို့က အကောင်ထည်ဖော် Implementation ပါပါတယ်။Harvard Business Reviews ကလဲConsulting is more

Coach ဆိုတာ နည်းပြ။ Read More »

Result ရအောင်လုပ်ပေးတာကို
Coaching လို့ခေါ်ပါတယ်။

What’s on your mind? ဒါမှာ အရိုးရှင်းဆုံး coaching question ပါ။ အရင်က update your status ကနေCoaching question ကို Facebook ကပြောင်းလိုက်ပါတယ်။ ဒီနေ့လို ရှုပ်ထွေးစရာကောင်းတဲ့ခေတ်မှာရှင်းလင်းနေဖို့လိုပါတယ်။ ကိုယ်ဘာကိုလုပ်ရမယ် ရှင်းလင်းနေမှ Action လုပ်ဖြစ်ပါမယ်။ ဒါမှ ရလဒ်ကောင်းပါမယ်။ ရလဒ်ကောင်းဖို့ နည်းစနစ်လိုပါတယ်။ နည်းစနစ်ကို Framework လို့ခေါ်ပါတယ်။ ဥပမာ နိဗ္ဗန်ရောက်ကြောင်းအတွက်မိုးကုတ်ဆရာတော်ကြီးရဲ့ vipassanā contemplation ကFramework ဖြစ်ပါတယ်။ Coaching ဆိုတာ ဘာလဲ? Coaching ဆိုတာ နည်းပြပါ။ နည်းပြဖို့အတွက် နည်းစနစ်လိုပါတယ်။ ဒီ Framework ကိုအသုံးပြုပြီးClients ကို powerful question တွေမေးပြီးResult ရအောင်လုပ်ပေးတာကို Coaching လို့ခေါ်ပါတယ်။

Result ရအောင်လုပ်ပေးတာကို
Coaching လို့ခေါ်ပါတယ်။
Read More »