ရောက်မလာတဲ့ မနက်ဖြန်တွေကို
မျှော်နေရင်းဒီနေ့မှာ နေဖို့မေ့နေကြတယ်။ အတိတ်နဲ့ အနာဂတ်ဆိုတာလူတွေသတ်မှတ်ထားတဲ့အယူအဆတစ်ခုပဲ။ Phyo Paing @ Derek
ရောက်မလာတဲ့ မနက်ဖြန်တွေကို Read More »
မျှော်နေရင်းဒီနေ့မှာ နေဖို့မေ့နေကြတယ်။ အတိတ်နဲ့ အနာဂတ်ဆိုတာလူတွေသတ်မှတ်ထားတဲ့အယူအဆတစ်ခုပဲ။ Phyo Paing @ Derek
ရောက်မလာတဲ့ မနက်ဖြန်တွေကို Read More »
လူတွေကို false hope မပေးနဲ့။ ဟစ်တလာ လက်ထက်က ဂျူးတွေကို ဘယ်လိုငြင်းဆဲခဲ့လဲသိလား။Concentration camp ထဲမှာထည့်ပြီးလာမည့် X’mas ဆိုရင်တော့လွတ်ပေးတော့မယ်။ New Year ဆို လွတ်ပေးတော့မယ်။ မဟုတ်တဲ့ false hope တွေပေးတယ်။ လူတွေက မျှော်လင့်ချက်နဲ့ အသက်ရှင်ရင်းမျှော်လင့်ချက်တွေ မဖြစ်လာတဲ့အခါစိတ်ဓာတ်တွေကျကြတယ်။ ကိုယ်ခံစွမ်းအားတွေ ပိုကျလာတယ်။ စောစောသေကုန်တယ်။ ဒါကြောင့် အနာဂတ်မှာ မျှော်လင့်ချက်တွေထားတာထက် ကိုယ့်ရဲ့တွန်းအားပေးနေတဲ့ why ကိုပဲစဉ်းစားကြည့်လိုက်တယ်။ ငါဘာလို့ နေ့တိုင်း အလုပ်တွေလုပ်နေသလဲ။ လုပ်ရပ်ကို ကိုယ် control လုပ်လို့ရတယ်။ရလဒ်ကို control လုပ်မရဘူး။ကိုယ် ထိန်းချုပ်မရတာကို ဘာကြောင့်တောင့်တ တွေပူနေမလဲ။ မျှော်မှန်းပြီး ဖြစ်မလာတဲ့အခါနောက်ဆုံး နာကျင်သူက အားတီ၊ အားမေပဲ မဟုတ်လား။ Phyo Paing @ Derek
လူတွေကို false hope မပေးနဲ့ Read More »
လူတွေက လိုချင်တာရတာမဟုတ်ဘူး။ကိုယ်နဲ့ ထိုက်တန်တာပဲရတာ။ကိုယ်နဲ့မထိုက်တန်တဲ့အချိန်ရှိထားတာတွေတောင်အဝေးရောက်သွားမှာပဲ။ ကိုယ်လိုချင်တာတွေနဲ့ ထိုက်သန်သူဖြစ်ဖို့ကိုယ့်ဖက်က လုပ်သင့်တာတွေလုပ်နေလားပြန်မေးကြည့်ဖို့လိုတဲ့အချိန်တွေရှိတယ်။ အလုပ်အကိုင်၊ ကျန်းမာရေး၊ ငွေရေးကြေးရေး၊အချစ်ရေး၊ အပေါင်းအသင်း အကုန်လုံးပဲ။ကိုယ် IQ ပုရင် ပုတဲ့သူနဲ့ပဲတွေ့မှာပဲ။ ကိုယ်က အရာရာကိုဆွဲငင်နေတဲ့သံလိုက်တုံးကြီးပဲ။ဘာတွေကို ဘဝထဲရောက်လာစေချင်လဲ။အဲ့ဒါတွေ ဘဝထဲရောက်လာဖို့တစ်ရက်တာကို ဘယ်လိုပြုမူနေထိုင်လဲဒါကို ပြန်သုံးသပ်ရမယ်။ နေသလိုဖြစ်တဲ့ ဘဝမှာဖြစ်သလိုနေရင်ဖြစ်သလိုပဲ ဖြစ်နေမှာပဲ။ ဘဝကို အထာကျကျဖြတ်သန်းဖို့structure လိုတယ်။ လူ့အဖွဲ့အစည်းတစ်ခု မယိုင်လဲသွားအောင်monogamy တစ်လင်တစ်မယားစနစ်၊အလုပ်အကိုင်တွေအတွက်skill level classification နဲ့life cycle segmentation နဲ့political system တွေနဲ့social structure ကြီးတည်ဆောက်ထားတာ။ ဗရမ်းဗတာ structure အတွင်းမှာဗရမ်းဗတာ ရလဒ်ပဲရတာပဲ။ ဒီ structure ရှိမှာဘဝကို ဖြတ်သန်းမည့် strategy ကိုစဥွးစားရတာ။ လူအများစုက တစ်ရက်တာကိုဘယ်လို ဖြစ်သန်းမလဲ structureမတည်ဆောက်ထားကြဘူး။အမူအကျင့်ဆိုတာ structure ပဲ။Habit
ဘဝကို အထာကျကျဖြတ်သန်းဖို့
structure လိုတယ်။ Read More »
လူတွေက တစ်ယောက်တည်းနေတာနဲ့ အများကြားနေတာနဲ့တောင်ပုံစံမတူဘူး။ အိမ်မှာတစ်ယောက်တည်းနေရင်ပြုမူတဲ့ပုံစံတစ်မျိုး။အမျိုးတွေနဲ့ တွေ့ရင်တစ်မျိုး။သူငယ်ချင်းတွေနဲ့တွေ့ရင်တစ်မျိုး။ မင်္ဂလာဆောင်သွားရင်တစ်မျိုး။ Club သွားရင်တစ်မျိုး။ လူတွေဟာ တစ်ယောက်ထဲနေတဲ့အချိန်နဲ့Group အလိုက်နေတဲ့အချိန်ကွာတယ်။ ဒါကြောင့် Social psychology နဲ့ Social Neuroscience နဲ့မဘူဘူး။ Neurobiology မှာက ဦးနှောက်မှာရှိတဲ့motor neuron တွေ၊ mirror neuron နဲ့ frontal, parietal, occipital, temporal lobe ဘယ်လိုအလုပ်လုပ်သလဲ လေ့လာပြီးSocial Psychology က လူတွေက ဘယ်လို အခြေအနေမျိုးမှာ ဘယ်လိုပြုမူတယ်ဆိုတာ social lab ကြီးထဲမှာလေ့လာတာဖြစ်တယ်။ ကမ္ဘာကျော်စမ်းသပ်မှုကြီးဖြစ်တဲ့ Professor Zimbardo ဦဆောင်တဲ့ Stanford Prison Experiment မှာဆို လူတွေဟာ အာဏာကို လိုက်နာမှုobedience နဲ့ group
Social psychology နဲ့
Social Neuroscience နဲ့မတူဘူး Read More »
ဆင်းရဲမှုအရသာကို မသိပဲချမ်းသာမှုအရသာအပြည့်ကို ခံစားနိုင်ဖို့ မလွယ်ဘူး။ လှောင်အိမ်ထဲ မရောက်ဖူးရင်လွတ်လပ်မှုအရသာစစ်စစ်ကိုခံစားနိုင်ဖို့လဲ မလွယ်ဘူး။အထီးမကျန်ဖူးရင် မေတ္တာရဲ့နွေးထွေးမှုအရသာစစ်စစ်ကိုသိနိုင်ဖို့မလွယ်ဘူး။ဆေးရုံမှာ အောက်စီဂျင်အတွက်အသက်မငင်ဖူးရင်ရှူနေတဲ့လေရဲ့ တန်ဖိုးကို သေချာသိဖို့ မလွယ်ဘူး။ ကျွန်တော်တို့ ရှူနေတဲ့လေ အသက်ရှင်ဖြစ်တည်မှုတွေဟာ တန်ဖိုးရှိတယ်ဆိုတာ မေ့နေတတ်တယ်။ Phyo Paing @ Derek
အထီးမကျန်ဖူးရင်
မေတ္တာရဲ့နွေးထွေးမှုအရသာစစ်စစ်ကို
သိနိုင်ဖို့မလွယ်ဘူး Read More »
အသက်ကြီးလာတော့ တဖြည်းဖြည်းနားလည်တာက လောကကိုလွမ်းမိုးထားတာ “ပါဝါ” ပဲ။ လူတွေက ဒီ “ပါဝါ” ရဖို့ပညာသင်တယ်၊ ရာထူးအာဏာရယူတယ်၊ပိုက်ဆံရှာတယ်။ တချို့ကျတော့ မေတ္တာနဲ့ ပါဝါတည်ဆောက်တယ်။တချို့က ကျွမ်းကျင်မှုနဲ့ ပါဝါတည်ဆောက်တယ်။တချို့က ဘွဲ့တွေနဲ့ ပါဝါတည်ဆောက်တယ်။တချို့ကငွေနဲ့။တချို့က ရာထူးဂုဏ်ရှိန်နဲ့။တချို့က အလှအပနဲ့။တချို့က ခွန်အားဗလနဲ့။တချို့က ဥာဏ်ပညာနဲ့။ တချို့က အပေါင်းအသင်းနဲ့။တချို့က နာမည်ကြော်ကြားမှုနဲ့။ ပါဝါပိုရှိတဲ့သူက ရွေးချယ်မှုပိုရှိတယ်။ဆုံးဖြတ်ပိုင်ခွင့်ပိုရှိတယ်။ သက္က လောကမှာတော့ ဥာဏ်ပိုရှိတဲ့ လူတွေက တိရစ္ဆာန်တွေကို အုံလိုက်ကျင်းလိုက်သတ်ဖြတ်ပြီး မြိန်ရည်ရှက်ရည်စားသုံးကြတယ်။ပြီးတော့ ကိုယ်ချင်းစာတရားရှိသလိုလိုHypocrite တွေ လုပ်ကြတယ်။ လောကမှာ ယုံကြည်တာတွေထဲကတစ်ခုက လောကမှာ ကောင်းကောင်းရှင်သန်ရပ်တည်ဖို့၊ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ကိုယ့်မှာ “ပါဝါ” တစ်ခုတော့လိုတယ်။ Phyo Paing @ Derek
ဆယ်ကျော်သက်အရွယ်မှာကျတော့မြင်မြင်သမျှ အသစ်ပဲ။Fresh ဖြစ်နေတယ်။လောက ကြီးကစူးစမ်းချင်စရာကြီး။ နှစ်ဆယ်၊ နှစ်ဆယ့်ငါးကျော်လာတော့သတ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်းမှာအံဝင်ဂွင်ကျဖြစ်အောင် လုပ်လာရပြီ။ အဲ့ဒီသတ်မှတ်ချက် လှေကားထစ်ကိုတစ်ဆင့်ချင်းတတ်ဖို့ နည်းလမ်းရှာကြရပြီ။ သုံးဆယ်ကျော်လာတဲ့အခါကျဗိုက်ကလေးက ပူလာပြီ။စူပါ၊ မနေနေဂျာဖြစ်လာပြီ။လုပ်ငန်းလုပ်တော့မယ်ဆိုရင်လည်းနှစ်ဆယ်ကျော်လောက်က ရခဲ့တဲ့ ဒဏ်ရာတွေနဲ့ တစ်ခုခုဆို မျက်စိမှိတ် ယုံကြည် ချမယ်ဆိုတဲ့စိတ်ပျောက်လာပြီ။ အသက်လေးဆယ်ကျော်တဲ့အခါကိုယ့်နယ်ပယ်မှာ လူတော်တော်များများနဲ့လည်းသိလာပြီ။အိုးနဲ့ အိမ်နဲ့ သားရေး၊ မယားရေးနဲ့လူရိုသေရှင်ရိုသေ နေရာလေးလည်းရလာတတ်တဲ့အချိန်။ လောလောပြီးကနေရတာ လောကထဲ။ တချို့လူတွေက အဲ့ဒီသတ်မှတ်ချက်ဘောင်တွေထဲမှာ နေဖို့ငြင်းဆိုကြတယ်။အမြဲတမ်းစူးစမ်းပြီးကိုယ့်ဘဝရဲ့ အတန်းသင်ခန်းစာဘဝ curriculum ကိုကိုယ်တိုင်တည်ဆောက်ကြတယ်။ အဲ့ဒီ ဘောင်တွေက လူတွေကိုသိုးတစ်ကောင်လိုဖြစ်အောင်ထိန်းချုပ်ထားတာမျိုးဖြစ်စေတယ်။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲမှုကဘောင်ထဲမှာနေပြီး ဖြစ်လာဖို့မလွယ်ဘူး။ Phyo Paing @ Derek
တချို့လူတွေက သတ်မှတ်ချက်
ဘောင်တွေထဲမှာ နေဖို့ငြင်းဆိုကြတယ် Read More »
လူဆိုတာ ကောင်းတာမှ မဟုတ်ဘူးမကောင်းတာလဲ လုပ်ချင်စိတ်အနည်းနဲ့အများရှိတတ်ကြာတာပဲ။ကိုယ့်အတွက် ရေရှည်မကောင်းမှန်းသိပေမယ့် တဒင်္ဂသာယာမှုကြောင့်အနာဂတ်တွေ စတေးရတဲ့အချိန်တွေ ရှိတတ်ကြတယ်။ ဒီ တဒင်္ဂသာယာမှုတွေကိုထိန်းချုပ်နိုင်တဲ့ စိတ်က ကိုယ့်ရဲ့ရေရှည်ဖြစ်ချင်တဲ့အရာတွေကို အကောင်အထည်ဖော်ဖို့အများကြီး အထောက်အကူပြုတယ်။ ဒီသဘောတရားကိုအကြံဥာဏ်ဖြင့်ကြီးထွားခြင်းThink and Grow Rich စာအုပ်မှာလည်းSexual energy transmutation ဆိုပြီး ရေးခဲ့တယ်။ လူတိုင်းမှာရှိတဲ့ Energy ကို ဘယ်နေရာမှာ အသုံးချမလဲဆိုတာသေမလောက် အရေးကြီးတယ်။အရေမရ အတင်းအဖျင်းပြောမလား၊အလဟဿ ဖြုန်းပစ်မလားအရေးကြီးတဲ့ အရာတစ်ခုကိုဖန်တီးဖို့၊ အကောင်အထည်ဖော်ဖို့အသုံးပြု မလားအရေးကြီးတယ်။ Phyo Paing @ Derek
တဒင်္ဂသာယာမှုကြောင့်
အနာဂတ်တွေ စတေးရတဲ့
အချိန်တွေ ရှိတတ်ကြတယ် Read More »
လူတစ်ယောက်နဲ့ အလုပ်လုပ်မယ်မလုပ်မယ်ကို ဆုံးဖြတ်တဲ့အခါတိုင်းတာတဲ့ metric တစ်ခုရှိတယ်။အဲ့ဒါကတော့ ဒီလူ့မှာကျေးဇူးတင်တတ်တဲ့ စိတ်ဘယ်လောက်ရှိသလဲဆိုတာပဲဖြစ်တယ်။ တချို့တွေက လိုအပ်ချက်တွေပဲမြင်တတ်တယ်။တချို့က ကိုယ့်ဖက်က ယူဖို့ပဲစဉ်းစားတတ်တယ်။တချို့က မျှမျှတတ စဉ်းစားတတ်တယ်။တချို့က ကိုယ့်ကို အမြတ်ထုတ်ချင်တာ။တချို့က ကွက်ကျော်ရိုက်ချင်တဲ့စိတ်ရှိတယ်။တချို့က အောက်ကြေးနှိုက်တာ အကျင့်ပါနေတာ။ဒီလို အမျိုးမျိုးပဲ။ကောင်းတာ ဆိုးတာ အမျိုးမျိုးပဲ။ လူအမျိုးမျိုးနဲ့ အလုပ်လုပ်တဲ့အခါကျေးဇူးတင်တတ်တဲ့စိတ်Gratitude ရှိတဲ့ လူတွေနဲ့ အလုပ်လုပ်ခွင့်ရတာမင်္ဂလာတစ်ပါးပဲ။ Phyo Paing @ Derek
လူအမျိုးမျိုးနဲ့ အလုပ်လုပ်တဲ့အခါ Read More »
တချို့အိမ်တွေမှာ မိဘတွေတကျက်ကျက် ရန်ဖြစ်တဲ့မိသားစုက ပေါက်ဖွားလာတဲ့အခါကလေးတစ်ယောက်မှာ စိတ်ခံစားမှုရှိတယ်။သူ့အနေနဲ့ မပြောပေမယ့် စိတ်ထဲ ခံစားရတတ်တယ်။ဒီအထဲမှာ အဖွားနဲ့ အမေမတည့်တဲ့အခါပိုစိတ်ညစ်ရတာမျိုးတွေဖြစ်တတ်တယ်။ ဒါကို ရှောင်လွဲဖို့ လူတွေနဲ့ကိုယ်နဲ့ စိတ်ခံစားချက်ကို ဖယ်ထားတာမျိုး ဖြစ်လာပြီး လူအများစုခံစားရတာနဲ့ကိုယ်ခံစားရတာ radar လွတ်နေတတ်တယ်။ အဖေနဲ့ အမေရဲ့ ဆက်ဆံရေးပေါ်မူတည်ပြီးအချစ်ရဲ့ strategy ဖြစ်ပေါ်လာတတ်တယ်။ အဖေက အမြဲခရီးထွက်နေတတ်တဲ့မိသားစုနဲ့ ဘေးနားမှာ ကျောင်းကြိုပို့လုပ်တဲ့မိသားစုမှာ မတူညီတဲ့love strategy တွေရှိကြတယ်။ လူတစ်ယောက်ရဲ့ love strategy ကိုသိိဖို့“ငယ်ငယ်က အဖေနဲ့ အမေ ဘယ်သူ့အချစ်ကိုပိုခုံမင်ခဲ့လဲ” ဆိုတဲ့မေးခွန်းမေးလို့ရတယ်။ အဖေ၊ ဒါမှ မဟုတ် အမေ့အချစ်ကိုရဖို့ဘယ်လို ကြိုးစားအားထုတ်ရလဲပေးကြည့်ကြည့်။ တချို့က ကိုယ်ချစ်တဲ့မိဘရဲ့အချစ်ကိုရဖို့လိမ်လိမ်မာမာ နေရတယ်။တချို့က ဂျီကျမှ ဂရုစိုက်ခံရတယ်။ ငယ်ငယ်ရဲ့ ဘဝဖြတ်သန်းမှုက တစ်ဘဝလုံးကို လွမ်းမိုးမှုရှိတယ်လို့ထင််တယ်။ Phyo Paing
ငယ်ငယ်က ဖြတ်သန်းမှုက
လူတစ်ယောက်ဘဝကို
အကြီးအကျယ်လွမ်းမိုးမှုရှိတယ်။ Read More »