ဒီဘဝတစ်ခုကို ကောင်းကောင်းမွန်မွန်ပဲဖြတ်သန်းချင်တယ်။ ဒီလိုဖြတ်သန်းဖို့ ဥပဒေသ တချို့နဲ့နေကြည့်တယ်။ ၁။ စည်းကမ်းရှိပါ။ စည်းကမ်းသည်လူ၏တန်ဖိုးပဲ။အလုပ်စည်းကမ်း၊ ကျန်းမာကြံ့ခိုင်ရေး၊ ငွေရေးကြေးရေး၊ပေါင်းသင်းဆက်ဆံရေး၊ မိဘသားသမီး။ ၂။ ကိုယ်ပိုင်အတွေးအခေါ်ရှိပါ။ ကိုယ်ပိုင်စဥ်းစားတဲ့ပုံစံ၊ တန်ဖိုးထားမှု၊ ယုံကြည်ချက်ဒါတွေကိုရှင်းရှင်းလင်းလင်းသိမှကိုယ်ပိုင်အတွေးအခေါ်ရှိမယ်။ ၃။ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းကို နေ့စဥ်တည်ဆောက်ပါ။တစ်သက်မှာတစ်ခါ လူလာလုပ်တာ။ ရည်ရွယ်ချက်တစ်ခုတော့ ရှိဖို့လိုတယ်။ လောကမှာ ထိန်းချုပ်လို့မရတဲ့အရာတွေအများကြီးပဲ။ ကိုယ့်ကိုကိုယ်တော့ ထိန်းချုပ်လို့ရတယ်။ကိုယ့်ပြဿနာကိုယ်ဖြေရှင်းနိုင်အောင်ကြိုးစား။ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းတည်ဆောက်ပါ။ ၄။ အနာဂတ်ပြဿနာတွေကို ကြိုတင်အဖြေရှာပါ။ပြဿနာဖြစ်မှ မဖြေရှင်းနဲ့။ မဖြစ်သေးပဲ ဖြစ်နိုင်တဲ့ပြဿနာတွေကိုကြိုတင်စဥ်းစား၊ အဖြေရှာထားပါ။ ၅။ အပြစ်မတင်နဲ့ အဖြေရှာ။ အပြစ်တင်ဖို့ကလွယ်တယ်။ဥာဏ်သုံးစရာမလိုဘူး။အဖြေရှာဖို့က ပိုခက်တယ်။ ဦးနှောက်သုံးရတယ်။အားထုတ်ရတယ်။ ဒီတော့ အပြစ်မတင်နဲ့ အဖြေရှာ။ ၆။ ပြိုင်မငြင်းနဲ့ မေး။ လောကမှာ ကိုယ်မသိတာ၊ နားမလည်တာအများကြီး။ ကိုယ့်အထင်အမြင်ကိုယ် မှန်တယ်ထင်တာ လူတွေကို စိတ်ဒုက္ခအပေးဆုံးပဲ။ ပြိုင်ငြင်းမည့်အစား မေးပါ။ ၇။