ဒီလိုကြုံဖူးလား။
ဒီလိုကြုံဖူးလား။ငါအခုပဲ ဒါစဥ်းစားနေတာဒီစာက Facebook ကနေကိုယ့်ရှေ့ရောက်လာတာမျိုး။ မတွေ့တာ ကြာတဲ့ သူငယ်ချင်းတစ်ယောက်ကိုစဥ်းစားနေတုန်း၊သူ့ဆီက မက်ဆေ့ဝင်လာတာမျိုး။တခါတလေ အိပ်မက်မက်တဲ့အတိုင်းအပြင်မှာဖြစ်နေသလိုမျိုး။ ထူးခြားတဲ့တိုက်ဆိုင်မှုပေါ့။စိတ်ပညာရှင်ကြီး Carl Jung ကာယွန်းကဒါကို Synchronicity စန်ခရိုနီစတီလို့ခေါ်တယ်။ လူတွေရဲ့ စိတ်အတွင်းကမ္ဘာနဲ့ရုပ်ဝတ္ထုအပြင်ကမ္ဘာက ချိပ်ဆက်နေတယ်။လူတွေရဲ့သဘောတရားကပက်တန် pattern တွေကို အဓိပ္ပာယ်ဖွင့်တဲ့သတ္တဝါဖြစ်တဲ့အတွက်တခြားကိုယ့်ပက်တန်ထဲမဝင်တဲ့အရာတွေကိုကျော်သွားတတ်တယ်။ လူတွေအကုန်လုံးရဲ့အခြေခံအားလုံးကိုချိပ်ဆက်ပေးနေတဲ့Unus Mundus – The One ဆိုတာရှိတယ်လို့Carl Jung က ဆိုတယ်။ဥပမာ အပေါ်ယံမှာတွေ့နေရတဲ့သမုဒ္ဒရာရေလိုင်းတစ်ခုချင်းစီအောက်မှာသမုဒ္ဒရာရေကြီးရှိတယ်။အကုန်လုံးက တစ်ခုတည်းကလာတယ်။ချိပ်ဆက်နေတယ်။ တိုက်ဆိုင်မှု coincidence မှာကဘာတစ်ကိုယ်ရည်ခံစားချက်မှမရှိဘူး။ဖြစ်တော့မယ်ဆိုတာ အလိုလိုသိနေတာဒါက Intuition ဖြစ်ပြီးငါတွေးလိုက်မိသလိုအဓိပ္ပာယ်ရှိရှိဖြစ်လာတာမျိုးဒါကို Synchronicity လို့ခေါ်တယ်။ ကိုယ့်ဘဝမှာ အဓိပ္ပာယ်အရမ်းရှိတဲ့အချိန်တွေကြုံဖူးလိမ့်မယ်။ ဥပမာကျွန်တော့်ဘဝမှာဆိုလူတစ်ယောက်နဲ့တွေ့ပြီး၂၀၁၅ August တုန်းကတစ်ခါ၂၀၂၁ နှစ်ကုန်မှာတစ်ခါအချိန်တွေကိုခဏလောက်ရပ်တန့်ချင်စိတ်ဖြစ်တယ်။ဒီလိုဖြစ်တိုင်း ဘဝက ပြန်လည်စတင်restart လုပ်ပြီး ပိုကောင်းဖို့ဖြစ်လာမည့် အချိန်မျိုး။အဲ့လိုပဲ ကားမောင်းနေရင်းနဲ့မီးပွိုင့်စောင့်နေတုန်းမှာငါလမ်းသစ်ပြန်စရတော့မယ်ဆိုတဲ့ခံစားချက်နဲ့ထူးထူးခြားခြား ဒါလေးလုပ်ဖို့လိုတယ်ဆိုတဲ့အတွေးရောက်ရောက်လာတယ်။အဲ့ဒါတွေထလုပ်တိုင်းဘဝက နောက်တစ်ဆင့်ရောက်ရောက်သွားတယ်။ ဘဝရဲ့အဓိပ္ပာယ်ရှိတဲ့တိုက်ဆိုင်မှုတွေကိုသိဖို့ကိုယ့်ရဲ့အသိ […]