Result

မဟာဗျူဟာတစ်ခုချဖို့ဆိုတာ

၁။ အချိန်အခါကို ကြည့်ရတယ်။ ၂။ ရှိထားတဲ့ အရင်းအမြစ်တွေကိုကြည့်ရသလို ၃။ ကစားပွဲရဲ့အခင်းအကျင်းအခြေအနေတွေကိုကြည့်ရတယ်။ ၄။ အခင်းအကျင်းထဲက ကစားသူ player တွေနဲ့ သူတို့လိုချင်တာတွေကိုကြည့်ရတယ်။ ၅။ ရွေ့လို့ရတဲ့ အကွက်တွေကို တွက်ချက်ရတယ်။ ၆။ ကိုယ့်ရဲ့အားသာချက်နဲ့ အောင်မြင်နေကျ ကစားကွက်တွေနဲ့ ပြန်ချိန်ကြည့်ရတယ်။ ၇။ ကိုယ်လိုချင်တဲ့ ရလဒ်ကို ပြန်ကြည့်ရတယ်။ ၈။ ဘယ်အချိန်မှာ ဘာလုပ်ရမလဲ စိတ်ရှည်ရှည်နဲ့ တွက်ချက်ချိန်ဆရတယ်။ ၉။ ပေးထားချက် ကစားပွဲအခင်းအကျင်းပြောင်းလိုက်တာနဲ့ တခြား player တွေ နှေးနေချိန် ဂိုးသွင်းပေတော့။ Survival of the fittest ပဲ။ တူညီတဲ့အပြေးလမ်းမှာ မင်းနဲ့ငါ ဘယ်သူပိုမြန်အောင်ပြေးနိုင်လဲဆိုတာမဟာဗျူဟာ မဟုတ်ဘူး။လည်ပတ်မှုထိရောက်မှုပြိုင်ဆိုင်ခြင်းOperation effectiveness လို့ခေါ်တယ်။ ၁၉၈၀ နှောင်းပိုင်းမှာ ဂျပန်တွေကအရေအသွေးကောင်းအောင်လုပ်ပြီးအီလက်ထရောနစ်နဲ့ ကားမှာနေရာရပြီးကမ္ဘာ့ဒုတိယအကြီးဆုံး

မဟာဗျူဟာတစ်ခုချဖို့ဆိုတာ Read More »

“ငါဘယ်သူ”ဆိုတဲ့ အတ္တကြီးကို
ပြောင်းလဲဖို့ လိုလာတယ်

ငါ ဘယ်သူလဲဆိုတဲ့အရာက သင့်ကို ကန့်သတ်ထားတာပဲ။ လူတွေက စူပါမင်းအင်္ကျီဝတ်လိုက်တဲ့အခါဒါမှမဟုတ် မျက်နှာဖုံးတပ်လိုက်တဲ့အခါဒါမှမဟုတ် online မှာ နာမည်အတုနဲ့ဖြစ်တဲ့အခါသာမာန်နဲ့မတူတော့တဲ့ ကိုယ်ရည်ကိုယ်သွေးအပြုအမူတွေ ထွက်လာတယ်။ လူတစ်ယောက်က online မှာပြုမူတဲ့ပုံနဲ့အပြင်နဲ့ ကွာနေတာကို စိတ်ပညာမှာonline disinhibition effect လို့ခေါ်တယ်။ အင်တာနက်မှာက ကိုယ်ပြောချင်တာကိုအတားအဆီးမရှိ ဖော်ပြလို့ရတဲ့အတွက်အပြင်မှာပြောတာနဲ့ ကွာနေတာမျိုးပေါ့။ ဒါကို အသုံးပြုပြီး The Alter Ego ဆိုတာဖန်တီးလို့ရတယ်။ ဥပမာ ကိုယ်က ဟာသတွေဖန်တီးချင်တယ်။ဒါပေမယ့် ကိုယ့်ရဲ့ခေါင်းထဲကအသံက သာကောရေ မင်းဒီလို လျှောက်မလုပ်နဲ့။ဒါက မင်းပုံစံမဟုတ်ဘူးကွ။ မင်းက စာသင်၊ အကြံပေး၊ စောက်ဆရာကြီးလုပ်နေတာဟ။ ဟင်… ဟုတ်သားပဲ။ အဲ့လို ဖြစ်သွားတတ်တယ်။ Gym တွေဘာတွေသွားတော့လဲ၊ သားကြီးရင် မင်းဘယ်လောက်လုပ်လုပ်ကျမှာလဲ မဟုတ်ဘူး။အလွန်ဆုံးခံ တစ်ပတ်ပေါ့။ ဟင်််……. Gym သွားပင်ပန်း၊

“ငါဘယ်သူ”ဆိုတဲ့ အတ္တကြီးကို
ပြောင်းလဲဖို့ လိုလာတယ်
Read More »

လူတွေကို false hope မပေးနဲ့

လူတွေကို false hope မပေးနဲ့။ ဟစ်တလာ လက်ထက်က ဂျူးတွေကို ဘယ်လိုငြင်းဆဲခဲ့လဲသိလား။Concentration camp ထဲမှာထည့်ပြီးလာမည့် X’mas ဆိုရင်တော့လွတ်ပေးတော့မယ်။ New Year ဆို လွတ်ပေးတော့မယ်။ မဟုတ်တဲ့ false hope တွေပေးတယ်။ လူတွေက မျှော်လင့်ချက်နဲ့ အသက်ရှင်ရင်းမျှော်လင့်ချက်တွေ မဖြစ်လာတဲ့အခါစိတ်ဓာတ်တွေကျကြတယ်။ ကိုယ်ခံစွမ်းအားတွေ ပိုကျလာတယ်။ စောစောသေကုန်တယ်။ ဒါကြောင့် အနာဂတ်မှာ မျှော်လင့်ချက်တွေထားတာထက် ကိုယ့်ရဲ့တွန်းအားပေးနေတဲ့ why ကိုပဲစဉ်းစားကြည့်လိုက်တယ်။ ငါဘာလို့ နေ့တိုင်း အလုပ်တွေလုပ်နေသလဲ။ လုပ်ရပ်ကို ကိုယ် control လုပ်လို့ရတယ်။ရလဒ်ကို control လုပ်မရဘူး။ကိုယ် ထိန်းချုပ်မရတာကို ဘာကြောင့်တောင့်တ တွေပူနေမလဲ။ မျှော်မှန်းပြီး ဖြစ်မလာတဲ့အခါနောက်ဆုံး နာကျင်သူက အားတီ၊ အားမေပဲ မဟုတ်လား။ Phyo Paing @ Derek

လူတွေကို false hope မပေးနဲ့ Read More »

ထီမထိုးထားရင်တော့ မပေါက်နိုင်ဘူး

ကိုယ်မရောက်ဖူးတဲ့နေရာရောက်ဖို့၊ကိုယ်မတွေ့ကြုံဖူးတဲ့ အတွေ့အကြုံရဖို့ကြိုးစားအားထုတ်မှုလိုတယ်။ စဥ်းစားကြည့်ကြည့် ဘာသာစကားသုံးလေးမျိုးလောက်ကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပြီးလူပေါင်းထောင်ချီရှေ့မှာ ကြွေအောင်ပြောနိုင်တာမျိုး။ ခန္ဓာကိုယ်က Sရမ်းမိုက်ပြီးအသက် ၇၀၊ ၈၀ လောက်ထိကျန်းမာကြံ့ခိုင်နေတာမျိုး။ ကိုယ့်အသက်မွေးဝမ်းကြောင်းပြုတဲ့အလုပ်နဲ့ပတ်သက်လို့ ဘာမေးလိုက်မေးလိုက် အကုန်သိနေတာမျိုး။ အပြောပဲ မဟုတ် တကယ်လက်တွေ့ဖြစ်အောင်လုပ်တာမျိုး။ ကိုယ်သွားချင်တဲ့နေရာကို သွားချင်တဲ့သူနဲ့ သွားချင်တဲ့အချိန် သွားနိုင်တာမျိုး။ ကိုယ်ခေါင်းထဲမှာပေါ်တဲ့ idea ကိုစာသုံးလေးကြောင်းရောက်ရေးလိုက်တာနဲ့ဝင်ငွေတွေ သောက်သောက်လဲရလာတာမျိုး။ ဒါမျိုးတွေဖြစ်လာဖို့က အလိုလို ဖြစ်မလားဘူး။ ကိုယ်တိုင် ကြိုးစားအားထုတ်ရတယ်။ အလိုလိုပေါက်တာ မြက်ပင်တွေပဲများတယ်လေ။ ပန်းကောင်းပန်ချင်ရင် သေချာစိုက်ရတယ်မဟုတ်လား။ Phyo Paing @ Derek

ထီမထိုးထားရင်တော့ မပေါက်နိုင်ဘူး Read More »

ဘဝကို တိုင်းတာတဲ့ metrics ကိုးခု

ဘဝကို တိုင်းတာက ၁။ ဘာတွေ ဖန်တီးဖူးလဲ? ၂။ ကိုယ့်ဖန်တီးမှုက လူဘယ်လောက်ကို အကျိုးပြုလဲ? ၃။ ကိုယ့်အစွမ်းအစ စစ်စစ် နဲ့ ကိုယ်ဘယ်လောက် ပိုက်ဆံရှာဖူးလဲ? ၄။ ကိုယ်သေသွားခဲ့ရင် ကိုယ့်ရဲ့ industry မှာ အပြောင်းအလဲဖြစ်မလား? ၅။ ကိုယ်မွေးခဲ့ ကြီးပြင်းခဲ့တဲ့နေရာမှာပညာရေး၊ အလုပ်အကိုင်၊ ငွေရေးကြေးရေးသာမာန်ထက် ကျော်သလား? ၆။ ကိုယ့်ဘဝမှာ ရောက်ချင်တဲ့နေရာတွေသွားဖူးပြီလား။ ၇။ လိုချင်တဲ့ experience တွေ ရပြီးပြီလား။ ၈။ ကိုယ်ဖြစ်ချင်တဲ့ စိတ်၊ ခန္ဓာဖြစ်ပြီလား။ ၉။ နိစ္စဓူဝ အသက်ရှင်ရတာ လတ်ဆတ်သလား။ ဒီ ကိုးခုက ဘဝကို တိုင်းတာတဲ့ metrics ပဲ။ Phyo Paing @ Derek

ဘဝကို တိုင်းတာတဲ့ metrics ကိုးခု Read More »

လူတွေက အလေ့အကျင့်ရဲ့ ရလဒ်ပဲ။

အကောင်းဆုံးဆိိုတာ တစ်ခါတလေလုပ်တဲ့အပြုအမူကြောင့်မဟုတ်ဘူး။ အလေ့အကျင့်ကြောင့်ပဲတဲ့။ ဒါက လွန်ခဲ့တဲ့နှစ် နှစ်ထောင်ကျော်ကSocretes ဆိုကလေးတီးပြောခဲ့တဲ့စကား။ လူတွေရဲ့ တစ်ရက်တာဖြတ်သန်းဖို့အတွက်Willpower ကို အားကိုးလို့မရဘူး။ Willpower ဆိုတာ power bank လိုပဲအသုံးများတဲ့အခါ ညနေရောက်လေအားကုန်လာလေပဲ။ ဒီအစား structured လုပ်ထားတဲ့ တစ်ရက်တာကို ဖြတ်သန်းတာပိုအဓိပ္ပာယ်ရှိတယ်။ဒါကို စနစ်တကျပြုစုပျိုးထောင်တာကိုအကျင့် habits လို့ခေါ်တယ်။ ဒီအလေ့အကျင့်ကို သေချာ design လုပ်နိုင်ရင်ကိုယ့်ခန္ဓာကိုယ်နဲ့ အတွေးအခေါ်ပုံစံဘဝရလာဒ် အကြီးအကျယ်ပြောင်းသွားနိုင်တယ်။ ဒါကြောင့် ခင်ဗျားမှာလိုအပ်တာ မော်တီဗေးရှင်းအတွက် နောက်သင်တန်းတစ်ခုထက်လိုအပ်တာ နေ့စဉ်ဖြတ်သန်းမှုပုံစံဖြစ်နိုင်တယ်။ လူတွေထင်တာ အကျင့်အတိုင်းနေရင်ပင်ပန်းတယ်လို့ ထင်တာ။ အမှန်တော့ အလေ့အကျင့်မဖြစ်သေးပဲနေ့စဉ် ဘဝကို ဖြတ်သန်းတာ ပိုပင်ပန်းတယ်။ ဘဝ နေထိုင်ဖြတ်သန်းမှုအတွက် စနစ်လိုတယ်။ ဒါကို အကျင့်လို့ ခေါ်တယ်။ သေချာ design လုပ်မှ အကျင့်ကောင်းတွေ ပိုခိုင်မြဲမယ်။

လူတွေက အလေ့အကျင့်ရဲ့ ရလဒ်ပဲ။ Read More »