Strategy

ကိုယ့် strategy က ဘာလဲ?

ဘဝတိုက်ပွဲကို မဟာဗျူဟာမရှိပဲဖြတ်သန်းတာလောက်ရှုံးနိမ့်မှုတွေကြုံရမှာ မရှိဘူး။ကံဆိုတာ သူ့အလိုလိုဘယ်လောက်များကောင်းနိုင်မှာလဲ။ပြင်ဆင်မှုနဲ့ အခွင့်အရေးတွေ့တဲ့အခါအောင်မြင်မှုဆိုတာဖြစ်တယ်။ဘဝတိုက်ပွဲအတွက် အနိုင်နဲ့ပိုင်းဖို့ကိုယ့် strategy က ဘာလဲ? To navigate life’s battles without significant defeats, one must understand that luck can only be so favorable on its own. Success is about seizing opportunities and making preparations. What is your strategy to win in the battles of life? Phyo Paing @ Derek

ကိုယ့် strategy က ဘာလဲ? Read More »

မဟာဗျူဟာချမှတ်တဲ့အခါလဲ
စဥ်းစားပုံ အရေးကြီးတယ်။

ဆယ်တန်းတုန်းက စာမေးပွဲကတစ်လလောက်ပဲလိုတော့တယ်။စာတွေကလဲ မရသေးဘူး။ဂုဏ်ထူးကလဲ ထွက်ချင်တယ်။ ပထမဆုံးလုပ်ရတာကဘာတွေကို အဓိကထားလုပ်မလဲ။Circle အခန်း ၈ ထိလေ့လာတယ်။သူ့နောက် အခန်း ၁၂ differentiation ထိကတစ်မှတ်တန် Learner’s Choice ပဲကြည့်တယ်။​နောက် Bio ကို အခန်းငါးလားမသိဘူးယုန်အခန်းကပဲ စကြည့်တယ်။​သူ့အရှေ့ အပင်အကြောင်းတွေကနည်းနည်းလောက်ပဲကြည့်တယ်။ ဒီလိုပဲ အမှတ်ပေးစည်းမျဥ်းသိတဲ့အခါအရာရာလွယ်ကူသွားတယ်။ ဘဝမှာ ကိုယ်လိုချင်တဲ့ရလဒ်ရဖို့အရေးကြီးတာတွေကို သိဖို့လိုတယ်။အရေးမပါတဲ့ အရာတွေကိုအရာပေးနေလို့မရဘူး။ မဟာဗျူဟာချမှတ်တဲ့အခါလဲစဥ်းစားပုံ အရေးကြီးတယ်။ နှစ်ထောင်ပေါင်းများစွာကတည်းကအသုံးချတဲ့ Aristotle တို့စဥ်းစားတဲ့First Principle Thinking ကိုအဓိက စဥ်းစားကြည့်တယ်။ Content Marketing လုပ်ဖို့အတွက်idea တွေစဥ်းစားရမယ်။စာတွေရေး၊ video တွေဖန်တီး၊Content calendar လုပ်ဒါတွေ အကုန်လုံးလုပ်စရာမလိုပဲအဓိက အကျဆုံးတစ်ခုကဘာလဲ။ စီးပွားရေးလုပ်တဲ့အခါလဲကျန်တဲ့ အပိုင်းတွေ အကုန်ဖြုတ်လိုက်။အဓိကအကျဆုံးတစ်ခုဆို ဘာဖြစ်မလဲ။ The One Thing လို့ပြောလဲရတယ်။​ မဟာဗျူဟာချမှတ်တဲ့အခါFirst

မဟာဗျူဟာချမှတ်တဲ့အခါလဲ
စဥ်းစားပုံ အရေးကြီးတယ်။
Read More »

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း
တည်ဆောက်ပါဆိုတာ

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတည်ဆောက်ပါဆိုတာPassive Income Business ကိုပြောတာပါ။ ဒီလိုလုပ်ဖို့ ဒီနေ့ခေတ်မှာလစဥ် ထပ်ခါထပ်ခါ ဝင်ငွေရတဲ့recurring business တည်ဆောက်လို့ရပါတယ်။ ပုံမှန် Condo တစ်လုံးဝယ်ရင်တောင်studio ဆို သိန်း ၁၀၀၀ ကျော်တဲ့ခေတ်။ Condo တွေ ပြန်ငှားစားရင်တောင်သိန်း ၃၀၀၀ လောက်တန်တဲ့ Condo ကို၈ သိန်းကနေ ၁၅ သိန်းကြားအရင်းပြန်ကျေဖို့ ၁၅ နှစ်၊နှစ် ၂၀ ကျော်လောက်ကြာတယ်။အခန်းစျေးတက်တဲ့ Capital gain ကိုဖယ်ရင်ပေါ့။​ ဒါကတော့ လူပိန်းလို အကြမ်းဖျင်းတွက်ကြည့်တာ။ ဒီဂျစ်တယ်စီးပွားရေးခေတ်ဒီနေ့လို Creator Economy ခေတ်မှာအိပ်နေလဲ ငွေဝင်အောင်လုပ်လို့ရတဲ့Passive Income Business တွေလုပ်လို့ရတဲ့ အပိုင်းအများကြီးရှိလာပြီ။​ အိပ်နေလဲ ငွေဝင်ဖို့မအိပ်တဲ့အချိန်မှာ လုပ်ထားရတဲ့အိမ်စာတွေကတော့ ၁။ စျေးကွက်ပြဿနာရှာဖွေခြင်း၂။ ဒီဂျစ်တယ် ကုန်ပစ္စည်းဖန်တီးခြင်း၃။ မားကတ်တင်းလုပ်ဆောင်ခြင်း၄။

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း
တည်ဆောက်ပါဆိုတာ
Read More »

စာဖတ်တာက အရေးမကြီးဘူး

စာဖတ်တာက အရေးမကြီးဘူး။ဘယ်လိုဖတ်လဲဆိုတာ အရေးကြီးတယ်။ဖတ်ထားတဲ့စာတွေက ဟတ်ထိ၊မှတ်မိ၊ အသုံးချ၊ ရလဒ်ရတာကပိုအရေးကြီးတယ်။ တချို့က စာဖတ်ပြီး ဘာမှမမှတ်မိဘူး။လိုအပ်ရင် ခေါင်းထဲကထွက်လာလိမ့်မယ်ဆိုတဲ့အတွေးနဲ့ နေကြတယ်။စာဖတ်ရင်လဲ စနစ်ကောင်းကောင်းလိုတယ်။စာမှတ်ရင်လဲ လိုတယ်။ Phyo Paing @ Derek

စာဖတ်တာက အရေးမကြီးဘူး Read More »

မဟာဗျူဟာ

ကိုယ်လုပ်နေတဲ့လုပ်ငန်း၊ ဝင်ငွေကို “ဆယ်ဆ၊ အဆ တစ်ရာ” ကြီးဖို့ဆိုတာ လုပ်နေတာကိုပဲ ထပ်ခါထပ်ခါပိုကောင်းအောင် လုပ်နေရုံနဲ့မရဘူး။ တစ်လ ၁ သိန်းဝင်တဲ့သူက၁၀ သိန်းဝင်ဖို့၊ ၁၀ သိိန်းဝင်တဲ့သူက သိန်း ၁၀၀ ဝင်ဖို့သိန်း ၁၀၀ ဝင်တဲ့သူက သိန်း ၁၀၀၀ တင်ဖို့ ဒီလို ဖြစ်စဥ်တိုင်းမှာ လုပ်နေကျအရာတွေကိုပဲ ထိုင်လုပ်နေလို့မရဘူး။ ဘယ်အလုပ်ကို ဘယ်အချိန်မှာဘယ်လိုဆုံဖြတ်ပြီး ဘာလုပ်ရမယ်ဆိုတဲ့“အချိိန်ကိုက်” ဖြစ်ဖို့လိုတယ်။နောက် အကောင်အထည်ဖော်မှု “သေသပ်မှု”လိုတယ်။ ကြိုတင်ပြင်ဆင််မှုလိုတယ်။ ဒါကို “မဟာဗျူဟာ” လို့ခေါ်တယ်။ ဆိုက်ကားဆရာတွေကြားထဲမှာဆိုက်ကားနင်းတာ အမြန်ဆုံးဖြစ်ရင်အမြန်ဆုံး ဆိုက်ကားဆရာပဲဖြစ်မှာ။ ကိုယ်လုပ်နေတဲ့ “ကစားကွက်” ကိုလိုရင် လိုသလို ရွေ့တတ်ရမှာ။ ဒါက “မဟာဗျူဟာ” ပဲ။ Phyo Paing @ Derek

မဟာဗျူဟာ Read More »

သာမာန်ဆိုတာ ဒီနေ့ခေတ်ရဲ့
ကျရှုံးရေး ဖော်မြူလာပဲ

ကိုယ်လုပ်တဲ့အလုပ်ကိုဆရာကျအောင် လေ့လာ။ဆရာကျအောင်လုပ်။ဆရာကျကျ ပြန်မျှဝေပေး။ သာမာန်ဆိုတာ ဒီနေ့ခေတ်ရဲ့ကျရှုံးရေး ဖော်မြူလာပဲ။ ဒီနေ့ခေတ်မှာ လူတွေကသာမာန်တွေကို ဂရုသိပ်မစိုက်မိတော့ဘူး။ သာမာန် ရေခဲမုန့်ဆိုင်။သာမာန် ထမင်းဆိုင်။သာမာန် လက်ဖက်ရည်ဆိုင်။သာမာန် ဆံသဆိုင်။ စီပွားရေးမှာ သာမာန်ဆိုတာကျဆုံးရေး ဖော်မြူလာပဲ။ ထူးချွန်တဲ့ လုပ်ငန်းတွေကိုယ့်ရက်ကွက်ထဲ ရောက်လာရင်သာမာန်တွေ လမ်းပျောက်မယ်။ Phyo Paing @ Derek

သာမာန်ဆိုတာ ဒီနေ့ခေတ်ရဲ့
ကျရှုံးရေး ဖော်မြူလာပဲ
Read More »

သူများကို အလကားနေရင်းသွားမပြိုင်နဲ့

သူများကို အလကားနေရင်းသွားမပြိုင်နဲ့။ကိုယ့်လာပြိုင်ရင်လဲနောက်ခါ မပြိုင်နိုင်အောင်ဆယ်နှစ်လောက် အကွာမှာထားခဲ့။ဒီလိုလုပ်ဖို့ မဟာဗျူဟာလိုတယ်။ဆပွားတွေးခေါ်မှုလိုတယ်။ဆပွားလုပ်ဆောင်မှုလိုတယ်။ဆပွားပေါက်ကွဲတဲ့ ရလဒ်တွေလိုတယ်။ Phyo Paing @ Derek

သူများကို အလကားနေရင်းသွားမပြိုင်နဲ့ Read More »

1 + 2 + 3 + 4 + 5 + 6 + 7 + 8 + 9 = 45

သူများတွေ1 + 2 + 3 + 4 + 5 + 6 + 7 + 8 + 9 = 45ဖြစ်နေတာကြည့်ပြီးသူတို့ တိုးတက်တာမြန်လိုက်တာကွာဆိုပြီးစိတ်မညစ်လိုက်နဲ့။ ကိုယ်က 9! တစ်ခုပဲဖြစ်ပြီး362,880 ဖြစ်ချင်ဖြစ်နေမှာ။9 အနောက်က ! (factorial) ဖြစ်ဖို့! လေးပဲဆိုပေမယ့် အဲ့ဒါပြီးရင်9! = 9 × 8 × 7 × 6 × 5 × 4 × 3 × 2 × 1 = 362,880ဖြစ်သွားလိမ့်မယ်။ မဟာဗျူဟာဆိုတာ ဒါပဲ။ပေါက်ကွဲတဲ့အခါ အရှိန်ပြင်းရမယ်။အဆပေါင်းများစွာပွားရမယ်။ဆပွားပြီး ဒုံးပျံလို ဖြစ်ရမယ်။

1 + 2 + 3 + 4 + 5 + 6 + 7 + 8 + 9 = 45 Read More »

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ
ကြားထဲမှာ လုပ်

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကြားထဲမှာ လုပ်။တချို့တွေက ဖြစ်နိုင်တာကိုလုပ်တဲ့။ဖြစ်နိုင်တဲ့အရာတွေကကိုယ့်ကို ရင်မခုန်စေဘူး။မဖြစ်နိုင်တဲ့အရာတွေကျတော့ကိုယ်နဲ့ဝေးနေသလို ခံစားရတယ်။ဒီတော့ ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာကြားထဲကိုလုပ်တာကောင်းတဲ့ မဟာဗျူဟာတစ်ခုဖြစ်နိုင်တယ်။ Phyo Paing @ Derek

ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာ
ကြားထဲမှာ လုပ်
Read More »

limit your loss

ငယ်ငယ်တည်းက အဘိုးလိုပဲအလောင်းအစားလုပ်ရတာကြိုက်တယ်။ဘဝမှာ နောင်တလဲ အကြိမ်ကြိမ်ရဖူးတယ်။နောက်ဆုံး ဥပဒေသတစ်ခုထုတ်လိုက်မှအဲ့ဒီနောင်တရတဲ့ ပြဿနာဖြေရှင်းသွားတယ်။ လောင်းကစားလုပ်တော့မယ်ဆိုတိုင်းဘယ်လောက်နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့မသွားဘူး။“ဘယ်လောက်ရှုံးရင် ပြန်မယ်” ဆိုတဲ့စိတ်နဲ့သွားတယ်။ဒါကို limit your loss လို့ခေါ်တယ်။ တခါတလေ ဒီလောက်ရှုံးရင်ပြန်မယ်ပြောတိုင်းပါးစပ်ပုပ်ကြီးနဲ့လို့ ပြန်ပြောတတ်ကြတယ်။အမှန်တော့၁။ ကိုယ့်ကိုကိုယ်ထိန်းချုပ်မှု self-control ကိုကောင်းစေတယ်။၂။ မဆော့ခင်ကတည်းက negative visualizationငါရှုံးမယ်လို့ဆုံးဖြတ်ပြီးတဲ့အတွက် စိတ်ပြတ်တယ်။၃။ ရှုံးမဲမဲတဲ့ loss aversion ကိုပျောက်စေတယ်။ လောင်းကစားစိတ်ပညာတွေလဲငယ်ငယ်ကဖတ်ဖူးသလိုစလုံးက casino မှာဆိုဒီ စွဲလမ်းမှုကို ကာကွယ်ဖို့ကိုယ့်ကိုကိုယ် suicide မလုပ်ဖို့ပညာပေးတွေ အများကြီးflyer တွေကို တွေ့လိမ့်မယ်။ ဒီအယူအဆက လုပ်ငန်းလုပ်တဲ့အချိန်မှာလဲလွမ်းမိုးမှု အကြီးအကျယ်ရှိတယ်။ကိုယ်မသိ၊ နားမလည်သေးတဲ့လုပ်ငန်း၊ ကုန်ပစ္စည်းတစ်ခုတည်ဆောက်တဲ့အခါ“ဘယ်လောက်ရှုံးရင် ရပ်မယ်” ဆိုတဲ့စိတ်နဲ့ စမ်းသပ်မှုတွေလုပ်တယ်။ အဲ့ဒီစိတ်ထားထားတော့ နောင်တဆိုတာမရှိိတော့ဘူး။လောင်းကစားဆိုတာ နိုင်ဖို့ထက်ရင်ခုန်ဖို့ ဖျော်ဖြေရေးတစ်ခုလို့မြင်တဲ့အခါအနိုင်အရှုံးကို စိတ်ခံစားချက်တွေအများကြီးမရှိတော့ဘူး။ ဒီဂျစ်တယ်ကုန်ပစ္စည်းတစ်ခု တည်ဆောက်တဲ့အခါလဲဒါရှာဖွေမှုအသစ်တွေအတွက် discovery စိတ်နဲ့ရှုံးနိုင်တဲ့ငွေကြေးနဲ့

limit your loss Read More »