Strategy

ဘဝကို အကြည်ဓာတ်အပြည့်နဲ့ဖြတ်သန်းဖို့

၁။ တစ်ခုခုဆို တည့်ဒိုးပြော။ အဆင်ပြေရင် ပြေတယ်။မပြေရင်မပြေဘူး။အိညောင်၊ အိညောင်မလုပ်နဲ့။ ၂။ ဘူကောင်တွေကို ရှောင်။ ပျော်လဲမပျော်၊ အမြဲလဲစိတ်တိုင်းမကျ၊မလိုချင်တာတွေပဲမြင်တဲ့ ဘူပိတ်နေတဲ့သူ။ ၃။ ကိုယ့် personal နဲ့ အလုပ်ကိုခွဲထား။ကိုယ့် personal ကို ဝင်ရောက်အစွက်ဖက်မခံနဲ့။ ၄။ ကိုယ့်အလုပ်ကို သေချာ design လုပ်။ ၅။ ကိုယ်နဲ့အလုပ်လုပ်တဲ့သူတွေကိုသေချာ ဂရုပြု။ အဖြစ်လုပ်ပြီး အလုပ်မဖြစ်တဲ့သူတွေကိုရှောင်။ ၆။ ကိုယ်သွားနေတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုလာမေးခွန်းထုတ်တာမျိုးမလုပ်ခိုင်းနဲ့။ ၇။ ဘာလုပ်လုပ် အကန့်ခြားထား။Boundaries လိုတယ်။မဟုတ်ရင် လူမလေး၊ ခွေးမခန့်။ ℙ𝕙𝕪𝕠 Paing @ Derek

ဘဝကို အကြည်ဓာတ်အပြည့်နဲ့ဖြတ်သန်းဖို့ Read More »

မဟာဗျူဟာတစ်ခုချဖို့ဆိုတာ

၁။ အချိန်အခါကို ကြည့်ရတယ်။ ၂။ ရှိထားတဲ့ အရင်းအမြစ်တွေကိုကြည့်ရသလို ၃။ ကစားပွဲရဲ့အခင်းအကျင်းအခြေအနေတွေကိုကြည့်ရတယ်။ ၄။ အခင်းအကျင်းထဲက ကစားသူ player တွေနဲ့ သူတို့လိုချင်တာတွေကိုကြည့်ရတယ်။ ၅။ ရွေ့လို့ရတဲ့ အကွက်တွေကို တွက်ချက်ရတယ်။ ၆။ ကိုယ့်ရဲ့အားသာချက်နဲ့ အောင်မြင်နေကျ ကစားကွက်တွေနဲ့ ပြန်ချိန်ကြည့်ရတယ်။ ၇။ ကိုယ်လိုချင်တဲ့ ရလဒ်ကို ပြန်ကြည့်ရတယ်။ ၈။ ဘယ်အချိန်မှာ ဘာလုပ်ရမလဲ စိတ်ရှည်ရှည်နဲ့ တွက်ချက်ချိန်ဆရတယ်။ ၉။ ပေးထားချက် ကစားပွဲအခင်းအကျင်းပြောင်းလိုက်တာနဲ့ တခြား player တွေ နှေးနေချိန် ဂိုးသွင်းပေတော့။ Survival of the fittest ပဲ။ တူညီတဲ့အပြေးလမ်းမှာ မင်းနဲ့ငါ ဘယ်သူပိုမြန်အောင်ပြေးနိုင်လဲဆိုတာမဟာဗျူဟာ မဟုတ်ဘူး။လည်ပတ်မှုထိရောက်မှုပြိုင်ဆိုင်ခြင်းOperation effectiveness လို့ခေါ်တယ်။ ၁၉၈၀ နှောင်းပိုင်းမှာ ဂျပန်တွေကအရေအသွေးကောင်းအောင်လုပ်ပြီးအီလက်ထရောနစ်နဲ့ ကားမှာနေရာရပြီးကမ္ဘာ့ဒုတိယအကြီးဆုံး

မဟာဗျူဟာတစ်ခုချဖို့ဆိုတာ Read More »

ယုံကြည်မှု အရေးကြီးတယ်။

ကိုယ်လိုချင်တာ ဘာမဆိုဖြစ်နိုင်တယ်။ဒါကို ဘာသာတရားတစ်ခုလိုယုံကြည်နေဖို့ အရေးကြီးတယ်။ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်ပုံစံ၊ ဥာဏ်ရည်၊ ဘဝနေထိုင်မှုပုံစံ၊ ငွေရေးကြေးရေး အကုန်ဖြစ်နိုင်တယ်လို့ယုံကြည်ထားဖို့လိုတယ်။ ငယ်ငယ်က ဆင်းရဲလို့တို့၊ နိုင်ငံခြားမှာ ပညာမသင်ဖူးလို့တို့၊ ဘာသာစကား အားနည်းလို့တို့ဒီအတွေးအခေါ်တွေ ခေါင်းထဲက ထုတ်လိုက်။ လောကကြီးက မတရားဘူးဆိုရင်ကံပိုကောင်းတဲ့သူ ကိုယ်ဖြစ်အောင် စိတ်ရှည်သည်းခံပြီး အလုပ်လုပ်ရမှာပဲ။ ကိုယ်နဲ့ မထိုက်တန်တဲ့ relationship မှာ မနေနဲ့။ ကိုယ်နဲ့ မထိုက်တန်တဲ့ အလုပ်မှာ အကြာကြီး လုပ်မနေနဲ့။ ကိုယ်နဲ့မထိုက်တန်တဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှု မပြုနဲ့။ကိုယ်နဲ့မထိုက်တန်တဲ့ လူနေမှုပုံစံမှာကိုယ့်ကိုကိုယ် မဖျက်ဆီးနေနဲ့။ Phyo Paing @ Derek

ယုံကြည်မှု အရေးကြီးတယ်။ Read More »

Marketing သမားမဟုတ်ရင်
ဒါမဖတ်နဲ့နော်။

ဗျူဟာက ကြော်ငြာခေါင်းကြီးပိုင်းကိုဘယ်လိုလေးရေးမယ်။ကြော်ငြာဘယ်လိုလေးရေးမယ်။ ရက် ၃၀ မကြိုက်ရင် ပြန်ပေးငွေပြန်အမ်းမယ်။ကလေးမျက်နှာပါရင် လူတွေEngagement ပိုကောင်းတယ်။Free, Sex, For You, Now,New, Easy, Fast, Betterဒီစကားလုံးတွေပါရင်လူတွေ click ပိုနှိပ်တယ်။ Video တင် နောက် 25% ကြည့်တဲ့သူကိုRetargeting လုပ်၊ Meta Pixel Tracking လုပ်ဒါတွေက Baby steps တွေ။ Live လွင့်ရင် ကြည့်တဲ့သူများအောင်ဘယ်လိုပြော၊ ဟိုလိုပြော။ပစ္စည်းတွေ ကုန်တော့မယ်၊စာရင်းပိတ်တော့မယ်။ဝယ်တဲ့သူတွေက ဘယ်လောက်တောင်စိတ်ချမ်းသာသာကြည့်။ဒါတွေလူတိုင်းလုပ်နေတော့လူတွေက ရိုးလာပြီ။ တကယ်အရေးကြီးတာ မားကတ်တင်းရဲ့မဟာဗျူဟာ။ကိုယ်ဘာအတွက် ရပ်တည်တယ်။ဘယ်လိုမဟာဗျူဟာနဲ့ငါးနှစ်အတွင်း စျေးကွက်မှာပုံစံတူ၊ လုပ်ငန်းတူတွေကိုသုံးလေးငါးနှစ်မှာ ချန်ခဲ့ဖို့မဟာဗျူဟာ အရေးကြီးတယ်။ ဗျူဟာဆိုတာ ဆိုက္ကားဆရာတွေထဲမှာအမြန်ဆုံး ဆိုက္ကားဆရာဖြစ်အောင်လုပ်တာ။မဟာဗျူဟာက ကိုယ်သွားချင်တဲ့လမ်းကြောင်းကိုလူတွေမမြင်တဲ့ 🚗 vehicle နဲ့သွားတာ။ ကိုယ်က boost လုပ်နည်းသင်နေတုန်းကိုယ့်လုပ်ငန်းတူတွေက ငွေသုံးစရာမလိုပဲဝက်ဝက်ကွဲရောင်းနေရတယ်။

Marketing သမားမဟုတ်ရင်
ဒါမဖတ်နဲ့နော်။
Read More »

Founder Influencer

ဒီနေ့ခေတ်မှာ အရေးပါလာတဲ့မားကတ်တင်း မဟာဗျူဟာကFounder Influencer ပဲ။Founder ကိုယ်တိုင်ကInfluencer ဖြစ်ရင် ကိုယ်ပေးချင်တဲ့အမှတ်တံဆိပ်ကိုယ်ရည်ကိုယ်သွေးကိုတိုက်ရိုက်ချပြလို့ရသလိုမားကတ်တင်းကုန်ကျစရိတ်လဲအများကြီးခြွေတာပေးတယ်။ Phyo Paing @ Derek

Founder Influencer Read More »

၁၀ ဆ အထက်တိုးတက်မှုပုံစံ
စဉ်းစားတဲ့အခါ စွန့်လွတ်ရမည့်
အချက်တွေရှိတယ်။

ဖြစ်နိုင်တာတွေကိုပဲဖြစ်အောင်လုပ်တာ ရင်ခုန်ဖို့မကောင်းဘူး။အရင်လကထက် ၁၀% တိုးတက်ဖို့ကရင်ခုန်ဖို့ ကောင်းချင်မှ ကောင်းလိမ့်မယ်။တစ်နှစ်အတွင်း ၁၀ ဆ ဖြစ်ဖို့အဆ ၁၀၀ ဖြစ်ဖို့က ပိုရင်ခုန်ဖို့ကောင်းတာ မျိုးဖြစ်တတ်တယ်။ ဒီလို ၁၀ ဆ နဲ့ အဆ ၁၀၀ အထက်တိုးတက်ဖို့က တွေ့နေကျလူ၊စဉ်းစားနေကျ အတွေးအခေါ်၊ရှိနေကျ ယုံကြည်မှုနဲ့အရိုးစွဲနေတဲ့ ယုံကြည်မှုနဲ့ မရဘူး။လူတွေရဲ့ သဘာဝအရအပြောင်းအလဲ လုပ်ဖို့ကြောက်တတ်ကြတယ်။ ၁၀ ဆ အထက်တိုးတက်မှုပုံစံစဉ်းစားတဲ့အခါ စွန့်လွတ်ရမည့်အချက်တွေရှိတယ်။ဒါကတော့ ကိုယ်တွေးနေကျ၊လုပ်နေကျ ပုံစံပဲ။ ကိုယ့်ရဲ့ တိုးတက်မှုအတွက်အတားအဆီးက တခြားသူထက်ကိုယ်ကိုယ်တိုင်ဖြစ်နေတတ်တယ်။ Phyo Paing @ Derek

၁၀ ဆ အထက်တိုးတက်မှုပုံစံ
စဉ်းစားတဲ့အခါ စွန့်လွတ်ရမည့်
အချက်တွေရှိတယ်။
Read More »

အမှတ်တံဆိပ်တစ်ခုတည်ဆောက်တဲ့အခါ
ဘာတွေ လိုအပ်မလဲ

ဒီနေ့ခေတ် ကြော်ငြာတစ်ခုနဲ့တင်အလုပ်မဖြစ်တော့ဘူး။ အမှတ်တံဆိပ်ဆိုတာ ယုံကြည်မှုစနစ်တစ်ခုဖြစ်တယ်။ ဘာကြောင့် Adidas မစီးပဲ Nike စီးသလဲ?ဘာကြောင့် Seattle’s Coffee မသွားပဲStarbuck သွားသလဲ? ဒီအဖြေတွေအတွက် primal branding စာအုပ်က အချက်ခြောက်ချက်နဲ့ဖော်ပြထားတယ်။ အောင်မြင်တဲ့ brand တည်ဆောက်ရေးဖြစ်စဥ်နောက်ကွယ်မှာ အဆင့်ခုနှစ်ဆင့်ရှိတယ်။ အမှတ်တံဆိပ်တည်ဆောက်ခြင်းဆိုတာ ideaology တစ်ခုကိုလူတွေရင်ခုန်ပြီး လူအုပ်ကြီးဖြစ်သွားအောင်လှုပ်နှိုးခြင်း အဆင့်ပဲ။ ကျွန်တော်ကတော့ CCI RSPLCC Is Rising Star, Professor Levermore. ဒီလို အတိုကောက်မှတ်ထားတယ်။ ၁။ The Creation Story Apple ဆိုရင် garage ကနေSteve Jobs နဲ့ Steve Wozniakဘယ်လို စခဲ့တာ။ Nike ဆိုရင်လည်း ‎Phil Knight နဲ့သူ့

အမှတ်တံဆိပ်တစ်ခုတည်ဆောက်တဲ့အခါ
ဘာတွေ လိုအပ်မလဲ
Read More »

အခု ပြဿနာပဲ မဖြေရှင်းနဲ့

2014 က $13 လောက်ကြော်ငြာရင်ကိုဖုန်း အလုံး ၁၀၀ လောက် ရောင်းရတယ်။2017 မှာကျတော့ $73 လောက်ကြော်ငြာရင်သင်တန်းသား အယောက် ၁၂၀ ရတယ်။2019 မှာ $100 ကြော်ငြာရင် သင်တန်းသား အယောက် ၁၀၀ ရတယ်။ အရင် paid ad marketer လိုပဲစဥ်းစားတယ်။$1 ထည့်တိုင်း ဘယ်လောက် ပြန်ရှာပေးမလဲ။ ဒီအတိုင်းလုပ်လာတာ သုံးခဲ့တဲ့ငွေက$150,000 ကျော်လောက်ရှိတယ်။ ဒီငွေအကုန်လုံးက Facebook က ရတာတွေပဲ။အဲ့တုန်းက Social Media တွေကိုမြင်တာငွေရိုက်စက်ပေါ့။ အဲ့ဒီအချိန်မှာစဥ်းစားမိတယ်။ဒီ ROAS က တဖြည်းဖြည်းကျလာမှာပဲ။ Return On Ad Spent က စျေးကွက်ထဲမှာ ရှိတဲ့ noise တွေကြားမှာကိုယ့် message က voice

အခု ပြဿနာပဲ မဖြေရှင်းနဲ့ Read More »

ကိုယ်ကစားနေတဲ့ ကစားပွဲအကြောင်း
သေချာသိဖို့လိုတယ်။

Viber ဆိုတာ အစ္စရေးကထွင်ဂျပန်ကဝယ်သွားတဲ့ ကုမ္ပဏီ။Wix ဆိုလဲ အစ္စရေးက။Siri (Apple) က အစ္စရေးကထွက်တာ။Elementor လဲ အစ္စရေးက။Shopify က Canada က။ နိုင်ငံတွေရဲ့ နည်းပညာကုမ္ပဏီထွက်တဲ့ပုံစံက နိုင်ငံရဲ့အားသာချက်ပေါ်မူတည်တယ်။ အစ္စရေးတို့၊ Canada ဖက်ကလုပ်ငန်းအများစုက B2B ကိုစဉ်းစားကြတာများတယ်လို့ထင်တယ်။ ထိုင်ဝမ်ကျတော့ US နဲ့ relationship ပေါ်အားသာချက်ယူပြီးGlobal supply chain မှာ hi-tech ကိုသွားတယ်။iPhone ထဲမှာပါတဲ့ chip ကTaiwan TSMC က ထွက်တယ်။ အရင် Dell က Asus တို့ကိုခိုင်းစားပြီးJust-In-Time (JIT) နဲ့ ကြီးထွားခဲ့တယ်။နောက်ပိုင်း ထိုင်ဝမ်တရုတ်တွေကAsus တို့ Acer တို့နဲ့ foundries အသစ်တွေနဲ့ထွက်လာတော့ ပျားတုတ်သွားတယ်။ HTC Mobile

ကိုယ်ကစားနေတဲ့ ကစားပွဲအကြောင်း
သေချာသိဖို့လိုတယ်။
Read More »

Apple ရဲ့ မဟာဗျူဟာ

Gym ကို တစ်ယောက်ပြီးတစ်ယောက်အဖြူရောင် AirPod တွေနဲ့ဝင်လာတော့ စဉ်းစားမိတယ်။ Apple က iPod ကို သတ်လိုက်တယ်လို့အများစု ထင်ကြတယ်။iPod ခေတ်က Shuffle, Classic, Nanoပုံစံအများကြီးထွက်တယ်။ တကယ်တမ်း Apple ရဲ့ မဟာဗျူဟာကiPod ရောင်းဖို့လောက်ပဲ စဉ်းစားတာမဟုတ်ဘူး။Digital Hub Strategy နဲ့သွားတာ။သီချင်းရောင်းဖို့၊ လစဉ်ကြေးနဲ့သွားဖို့ရည်ရွယ်တာ။ဒါကြောင့်လဲ iTunes ကို လုပ်ခဲ့တာ။ ဒီတော့ iPod ဘာဖြစ်သွားသလဲ? AirPod ဖြစ်သွားတာပေါ့။နောက်ပိုင်း အမျိုးအစားများများစားစားထွက်လာမယ်။ Hardware က သူ့အတွက်Trojan horse ပဲ။ မဟာဗျူဟာအကောင်ထည်ဖော်တာလေ့လာချင်ရင် Apple ကိုကြည့်ကြည့်။ Ecosystem ကို ဘယ်လောက်လှလှပပတည်ဆောက်သွားခဲ့သလဲ။ Phyo Paing @ Derek

Apple ရဲ့ မဟာဗျူဟာ Read More »