Strategy

Founder Influencer

ဒီနေ့ခေတ်မှာ အရေးပါလာတဲ့မားကတ်တင်း မဟာဗျူဟာကFounder Influencer ပဲ။Founder ကိုယ်တိုင်ကInfluencer ဖြစ်ရင် ကိုယ်ပေးချင်တဲ့အမှတ်တံဆိပ်ကိုယ်ရည်ကိုယ်သွေးကိုတိုက်ရိုက်ချပြလို့ရသလိုမားကတ်တင်းကုန်ကျစရိတ်လဲအများကြီးခြွေတာပေးတယ်။ Phyo Paing @ Derek

Founder Influencer Read More »

၁၀ ဆ အထက်တိုးတက်မှုပုံစံ
စဉ်းစားတဲ့အခါ စွန့်လွတ်ရမည့်
အချက်တွေရှိတယ်။

ဖြစ်နိုင်တာတွေကိုပဲဖြစ်အောင်လုပ်တာ ရင်ခုန်ဖို့မကောင်းဘူး။အရင်လကထက် ၁၀% တိုးတက်ဖို့ကရင်ခုန်ဖို့ ကောင်းချင်မှ ကောင်းလိမ့်မယ်။တစ်နှစ်အတွင်း ၁၀ ဆ ဖြစ်ဖို့အဆ ၁၀၀ ဖြစ်ဖို့က ပိုရင်ခုန်ဖို့ကောင်းတာ မျိုးဖြစ်တတ်တယ်။ ဒီလို ၁၀ ဆ နဲ့ အဆ ၁၀၀ အထက်တိုးတက်ဖို့က တွေ့နေကျလူ၊စဉ်းစားနေကျ အတွေးအခေါ်၊ရှိနေကျ ယုံကြည်မှုနဲ့အရိုးစွဲနေတဲ့ ယုံကြည်မှုနဲ့ မရဘူး။လူတွေရဲ့ သဘာဝအရအပြောင်းအလဲ လုပ်ဖို့ကြောက်တတ်ကြတယ်။ ၁၀ ဆ အထက်တိုးတက်မှုပုံစံစဉ်းစားတဲ့အခါ စွန့်လွတ်ရမည့်အချက်တွေရှိတယ်။ဒါကတော့ ကိုယ်တွေးနေကျ၊လုပ်နေကျ ပုံစံပဲ။ ကိုယ့်ရဲ့ တိုးတက်မှုအတွက်အတားအဆီးက တခြားသူထက်ကိုယ်ကိုယ်တိုင်ဖြစ်နေတတ်တယ်။ Phyo Paing @ Derek

၁၀ ဆ အထက်တိုးတက်မှုပုံစံ
စဉ်းစားတဲ့အခါ စွန့်လွတ်ရမည့်
အချက်တွေရှိတယ်။
Read More »

အမှတ်တံဆိပ်တစ်ခုတည်ဆောက်တဲ့အခါ
ဘာတွေ လိုအပ်မလဲ

ဒီနေ့ခေတ် ကြော်ငြာတစ်ခုနဲ့တင်အလုပ်မဖြစ်တော့ဘူး။ အမှတ်တံဆိပ်ဆိုတာ ယုံကြည်မှုစနစ်တစ်ခုဖြစ်တယ်။ ဘာကြောင့် Adidas မစီးပဲ Nike စီးသလဲ?ဘာကြောင့် Seattle’s Coffee မသွားပဲStarbuck သွားသလဲ? ဒီအဖြေတွေအတွက် primal branding စာအုပ်က အချက်ခြောက်ချက်နဲ့ဖော်ပြထားတယ်။ အောင်မြင်တဲ့ brand တည်ဆောက်ရေးဖြစ်စဥ်နောက်ကွယ်မှာ အဆင့်ခုနှစ်ဆင့်ရှိတယ်။ အမှတ်တံဆိပ်တည်ဆောက်ခြင်းဆိုတာ ideaology တစ်ခုကိုလူတွေရင်ခုန်ပြီး လူအုပ်ကြီးဖြစ်သွားအောင်လှုပ်နှိုးခြင်း အဆင့်ပဲ။ ကျွန်တော်ကတော့ CCI RSPLCC Is Rising Star, Professor Levermore. ဒီလို အတိုကောက်မှတ်ထားတယ်။ ၁။ The Creation Story Apple ဆိုရင် garage ကနေSteve Jobs နဲ့ Steve Wozniakဘယ်လို စခဲ့တာ။ Nike ဆိုရင်လည်း ‎Phil Knight နဲ့သူ့

အမှတ်တံဆိပ်တစ်ခုတည်ဆောက်တဲ့အခါ
ဘာတွေ လိုအပ်မလဲ
Read More »

အခု ပြဿနာပဲ မဖြေရှင်းနဲ့

2014 က $13 လောက်ကြော်ငြာရင်ကိုဖုန်း အလုံး ၁၀၀ လောက် ရောင်းရတယ်။2017 မှာကျတော့ $73 လောက်ကြော်ငြာရင်သင်တန်းသား အယောက် ၁၂၀ ရတယ်။2019 မှာ $100 ကြော်ငြာရင် သင်တန်းသား အယောက် ၁၀၀ ရတယ်။ အရင် paid ad marketer လိုပဲစဥ်းစားတယ်။$1 ထည့်တိုင်း ဘယ်လောက် ပြန်ရှာပေးမလဲ။ ဒီအတိုင်းလုပ်လာတာ သုံးခဲ့တဲ့ငွေက$150,000 ကျော်လောက်ရှိတယ်။ ဒီငွေအကုန်လုံးက Facebook က ရတာတွေပဲ။အဲ့တုန်းက Social Media တွေကိုမြင်တာငွေရိုက်စက်ပေါ့။ အဲ့ဒီအချိန်မှာစဥ်းစားမိတယ်။ဒီ ROAS က တဖြည်းဖြည်းကျလာမှာပဲ။ Return On Ad Spent က စျေးကွက်ထဲမှာ ရှိတဲ့ noise တွေကြားမှာကိုယ့် message က voice

အခု ပြဿနာပဲ မဖြေရှင်းနဲ့ Read More »

ကိုယ်ကစားနေတဲ့ ကစားပွဲအကြောင်း
သေချာသိဖို့လိုတယ်။

Viber ဆိုတာ အစ္စရေးကထွင်ဂျပန်ကဝယ်သွားတဲ့ ကုမ္ပဏီ။Wix ဆိုလဲ အစ္စရေးက။Siri (Apple) က အစ္စရေးကထွက်တာ။Elementor လဲ အစ္စရေးက။Shopify က Canada က။ နိုင်ငံတွေရဲ့ နည်းပညာကုမ္ပဏီထွက်တဲ့ပုံစံက နိုင်ငံရဲ့အားသာချက်ပေါ်မူတည်တယ်။ အစ္စရေးတို့၊ Canada ဖက်ကလုပ်ငန်းအများစုက B2B ကိုစဉ်းစားကြတာများတယ်လို့ထင်တယ်။ ထိုင်ဝမ်ကျတော့ US နဲ့ relationship ပေါ်အားသာချက်ယူပြီးGlobal supply chain မှာ hi-tech ကိုသွားတယ်။iPhone ထဲမှာပါတဲ့ chip ကTaiwan TSMC က ထွက်တယ်။ အရင် Dell က Asus တို့ကိုခိုင်းစားပြီးJust-In-Time (JIT) နဲ့ ကြီးထွားခဲ့တယ်။နောက်ပိုင်း ထိုင်ဝမ်တရုတ်တွေကAsus တို့ Acer တို့နဲ့ foundries အသစ်တွေနဲ့ထွက်လာတော့ ပျားတုတ်သွားတယ်။ HTC Mobile

ကိုယ်ကစားနေတဲ့ ကစားပွဲအကြောင်း
သေချာသိဖို့လိုတယ်။
Read More »

Apple ရဲ့ မဟာဗျူဟာ

Gym ကို တစ်ယောက်ပြီးတစ်ယောက်အဖြူရောင် AirPod တွေနဲ့ဝင်လာတော့ စဉ်းစားမိတယ်။ Apple က iPod ကို သတ်လိုက်တယ်လို့အများစု ထင်ကြတယ်။iPod ခေတ်က Shuffle, Classic, Nanoပုံစံအများကြီးထွက်တယ်။ တကယ်တမ်း Apple ရဲ့ မဟာဗျူဟာကiPod ရောင်းဖို့လောက်ပဲ စဉ်းစားတာမဟုတ်ဘူး။Digital Hub Strategy နဲ့သွားတာ။သီချင်းရောင်းဖို့၊ လစဉ်ကြေးနဲ့သွားဖို့ရည်ရွယ်တာ။ဒါကြောင့်လဲ iTunes ကို လုပ်ခဲ့တာ။ ဒီတော့ iPod ဘာဖြစ်သွားသလဲ? AirPod ဖြစ်သွားတာပေါ့။နောက်ပိုင်း အမျိုးအစားများများစားစားထွက်လာမယ်။ Hardware က သူ့အတွက်Trojan horse ပဲ။ မဟာဗျူဟာအကောင်ထည်ဖော်တာလေ့လာချင်ရင် Apple ကိုကြည့်ကြည့်။ Ecosystem ကို ဘယ်လောက်လှလှပပတည်ဆောက်သွားခဲ့သလဲ။ Phyo Paing @ Derek

Apple ရဲ့ မဟာဗျူဟာ Read More »

Self-awareness ရှိဖို့
self-discovery လုပ်ဖို့လိုတယ်။

လူအများစု မေးကြည့်ခင်ဗျာဘာကြောင့်အသက်ရှင်နေတာလဲသာမာန်လူအများစုမှာအဖြေမရှိကြဘူး။ Financial freedom ရချင်လို့။ဒါရရင် ဘာလုပ်မှာလဲမေးကြည့်။အဖြေမရှိပြန်ဘူး။ Simon Sineak ပြောတဲ့Start with Why ဆိုတာ အဲ့ဒါပဲ။ လူအများစုက ကိုယ့်ကိုကိုယ်ဘာဖြစ်ချင်မှန်းသေချာမသိကြဘူး။ အဲ့တော့ အပြင်မှာ မြင်မြင်သမျှစိတ်တိုင်းမကျကြဘူး။ ခင်ဗျာ ဘဝကို စကားလုံးတစ်လုံးနဲ့ဖော်ပြကြည့်ဆို တော်တော်ခေါင်းစားနေလိမ့်မယ်။ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေကဘာလဲ။ကိုယ့်ရဲ့ winning strategy ကဘာလဲ။သေသေချာချာမသိတဲ့အခါNorth Star ဓူဝံကြယ်ပျောက်နေတတ်တယ်။ Phyo Paing @ Derek

Self-awareness ရှိဖို့
self-discovery လုပ်ဖို့လိုတယ်။
Read More »

တစ်ခုခုကို မှီခိုပြီးဖြစ်လာတဲ့
productivity က ရေရှည်မခံဘူးလို့
ရိုးရိုးလေးစဉ်းစားကြည့်တယ်။

မင်းကွန်းဆရာတော်ကြီးလို မှတ်ဥာဏ်ကောင်းဖို့ မြန်မာ့တိုင်းရင်းဆေးစနစ်ဖြစ်တဲ့မြင်းခွါရွက် ပစ္စငါးပါး (Pennywort Roots) နဲ့နွားနို့နဲ့ရောသောက်ပြီးစမ်းသပ်မှုတွေလုပ်ခဲ့ဖူးတယ်။ မနက်ထရင် စွမ်းအင်ပေါက်ကွဲမှုကောင်းအောင် Virgin Coconut Oil တစ်ဇွန်းသောက်တာမျိုးအချိန်တစ်ခုထိ လုပ်ဖူးတယ်။ ဦးနှောက်ကို သွေးပိုရောက်စေတဲ့ပြည်တွင်းမှာရနိုင်တဲ့ပြင်သစ် Servier ကုမ္ပဏီကထုတ်တဲ့အယ်ကာလီယွန်တို့လိုမျိုးကျောင်းသားဘဝက စာမေးပွဲမတိုင်ခင်မှာ စမ်းသုံးခဲ့ဖူးတယ်။ နောက်ပိုင်း Smart drugs တွေဦးနှောက်အားတိုးဆေး Nootropics တွေနောက် neurotransmitter တွေအားကောင်းအောင် supplement တွေစမ်းသပ်ခဲ့ဖူးတယ်။ Tim Ferriss အရင်ကုမ္ပဏီကထုတ်တဲ့ဆောင်းပိုးနွေမြက် Cordyceps ပါတဲ့Brainquicken (အခု Bodyquicken) တို့ကိုစျေးကြီးကြီးနဲ့မှာပြီး စမ်းခဲ့ဖူးတယ်။ ကမ္ဘာပေါ်မှာ နာမည်ကြီးတာကတော့Joe Rogan ပူးတွဲတည်ထောင်တဲ့Onnit က ထုတ်တဲ့ alpha brain နောက် neurohacker collectives တို့လိုQualia mind တို့ အသုံးများလာတယ်။ သူကတော့

တစ်ခုခုကို မှီခိုပြီးဖြစ်လာတဲ့
productivity က ရေရှည်မခံဘူးလို့
ရိုးရိုးလေးစဉ်းစားကြည့်တယ်။
Read More »

စွန့်ဦးတီထွင် အများစုက

Theory သိလို့လုပ်ခဲ့တာမဟုတ်ဘူး။ လုပ်ပြီးနောက်ပိုင်းမှငါလုပ်ခဲ့တာ အဲ့လို Theory ရှိတယ်ကိုး။ ဟိဟိ ဆိုပြီး စိတ်ထဲမှာ ပြုံးတတ်ကြတယ်။ စွန့်ဦးတီထွင်ဆိုတာ လုပ်ရင်းသင်သွားတဲ့learning by doing အမျိုးအစားပဲ။ အားလုံး အဆင်သင့်ဖြစ်ဖြစ် perfect ဖြစ်မှ စတဲ့သူတွေ မဟုတ်တတ်ဘူး။ လုပ်ရင်း တိုးတက်အောင်ကြံဆသွားတဲ့ သူတွေများတယ်။ Phyo Paing @ Derek

စွန့်ဦးတီထွင် အများစုက Read More »

တစ်ခုခု လိုချင်ရင်

ငါလိုချင်တာဘာလဲ။ လိုချင်တဲ့အကြောင်းအရင်းကဘာလဲ။ဒါကို ရဖို့ အမြန်ဆုံး၊ အလွယ်ဆုံး၊ အထိရောက်ဆုံးဘာနည်းလမ်းတွေ ရှိမလဲ။ အချိန်ဘယ်လောက်ကြာနိုင်သလဲ။ ဒီအတွက် ဘာတွေလိုအပ်သလဲ။ဘယ်နေ့စအကောင်အထည်ဖော်မလဲ။ ဒီမေးခွန်းတွေမေး စလုပ်လိုက်တယ်။ Phyo Paing @ Derek

တစ်ခုခု လိုချင်ရင်
Read More »