လောဘရဲ့သဘောကတခါရပြီးရင်မတော်မတရား ထပ်ရချင်တတ်တယ်။
ရက်ပေါင်း ၃ သောင်းလောက်သံသရာတစ်ကွေ့မှာလူအနေနဲ့ လာဖြစ်တာဖြစ်သမျှ ပျက်သမျှကိုအရမ်းစွဲလမ်းပြီးငါ၊ ငါ၊ ငါ၊ ငါငါ့သား၊ ငါ့သမီး၊ ငါ့ဥစ္စာ။အလွန်အကျူးလိုတာထက်ပိုတပ်မက်မှုကို “မောဟ” လို့ခေါ်တယ်။ မောဟဆိုတာအမှန်တရားကို မသိခြင်း၊အသိဉာဏ်ကင်းမဲ့ခြင်းဖြစ်တယ်။ အာဏာရူးမယ်။ခဏတာပိုင်ဆိုင်မှုအတွက်မလုပ်သင့်တာတွေကိုလုပ်မယ်။ အဝိဇ္ဇာဖြစ်မယ်။အကုသိုလ်ကြီးတစ်ခုဖြစ်တယ်။ တပ်မက်မှု ငါအစွဲကြီးလွန်းတဲ့အခါလိုချင်တာတွေကိုကိုယ်နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင်၊မထိုက်တန်လဲရချင်တယ်။ကိုယ်နဲ့မထိုက်တန်ပဲ၊ကိုယ့်ဟာမဟုတ်ပဲရချင်တာလောဘလို့ခေါ်တယ်။ လောဘရဲ့သဘောကတခါရပြီးရင်မတော်မတရား ထပ်ရချင်တတ်တယ်။ အရမ်းကိုတပ်မက်စွဲလမ်းပြီးလိုချင်တာမရတော့ ဒေါသဖြစ်မယ်။ဒေါသနောက်ကအကုသိုလ်တွေပြန်လိုက်တယ်။ ဒါကြောင့် ဗုဒ္ဓကလောဘ၊ ဒေါသ၊ မောဟဒီအကုသိုလ်သုံးပါးကိုရှောင်ဖို့ဆုံးမခဲ့တယ်။ ကိုယ်မုန်းတဲ့သူပဲဖြစ်ဖြစ်၊ချစ်တဲ့သူပဲဖြစ်ဖြစ်အရာရာက ခဏတာပဲ။ ပုံပြင်ထဲမှာ ရက်ပေါင်း ၃ သောင်းနှစ် ၈၀ လောက်လာနေကြတာ။မှတ်မိနေတဲ့ အတိတ်ကငါ ငါ ငါ ငါ ဆိုတဲ့ အတ္တကိုဖြစ်နေတယ်။ ငါဆိုတာခဏပဲ။ဒါကြောင့် အနတ္တ။နတ္တိ၊ မရှိလို့ခေါ်တယ်။ လောကမှာ ထာဝရမပြောင်းလဲတဲ့အမှန်တရားကအနိစ်စ၊ ဒုက်ခ၊ အနတ်တ။ ဒီလိုပြောရင် တောထွက်ပါလားပြောလိမ့်မယ်။ဒါကြောင့် တောလေးတစ်ခုထဲနှစ်လထွက်လာခဲ့တယ်။ Phyo Paing @ Derek
လောဘရဲ့သဘောကတခါရပြီးရင်မတော်မတရား ထပ်ရချင်တတ်တယ်။ Read More »
