ရေရှည်သွားရမည့်ခရီးလမ်းတိုင်းကို
စိတ်ရှည်မှု၊ ဇွဲနဲ့ သည်းညည်းခံပြီး
ဖြတ်သန်းနိုင်တဲ့ grit လိုတယ်။
စိတ်ရှည်ဇွဲသန် သည်းညည်းခံပြုရန် သာသနာဆိုပြီးငယ်ငယ်ရှင်ပြုတုန်းကတွေ့လိုက်တယ်။ ဒီအချက်ကို ငါဘယ်နေရာမှာသုံးနိုင်မလဲ စဥ်းစားကြည့်တယ်။ ဗုဒ္ဓသာသနာကို နှစ်ပေါင်း၂၅၀၀ တိုင်အောင် တည်တံ့အောင်လုပ်နိုင်ခဲ့တာ ဒီ core values ကြောင့်ဖြစ်နိုင်တယ်လို့စဥ်းစားမိတယ်။ အာသောကမင်းလက်ထက်မှာတတိယသင်္ဂါယနာ တင်တယ်။ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ် တို့ကကိုးတိုင်း ကိုးဌာန ပြည်နယ်တို့ကိုဥပသမ္ပဒကံဆောင်နိုင်စေရန်ခေါင်းဆောင်တစ်ပါးနှင့်သံဃာငါးပါးစီကို စေလွှတ်ကြွချီတော်မူတယ်။ ဒီလို Propagation ဖြစ်ဖို့ သာမာန်ဇွဲနဲ့မရဘူး။စိတ်ရှည်ရတယ်။ဇွဲသန်ရတယ်။သည်းငြင်းခံရတယ်။စော်ကားခံရတဲ့ အချိန် ပြုံးပြုံးလေးနဲ့မသိချင်ယောင်ဆောင်သည်းခံရတဲ့ အချိန်တွေရှိကောင်းရှိနိုင်တယ်။ ကျွန်တော်တို့က တချို့ကိစ္စတွေကိုခွင့်လွတ်လို့ရတယ်။မေ့လိုက်လို့မရဘူး။ဒါကနေ သင်ခန်းစာယူပြီးရှေ့ဆက်ဖို့လိုတယ်။ ရေရှည်သွားရမည့်ခရီးလမ်းတိုင်းကိုစိတ်ရှည်မှု၊ ဇွဲနဲ့ သည်းညည်းခံပြီးဖြတ်သန်းနိုင်တဲ့ grit လိုတယ်။ Phyo Paing @ Derek