Vision

အန္တရာယ်တွေ အကြီးဆုံးမှာ
နားမလည်လိုက်တာ။

Risk အန္တရာယ်ကို မြင်တဲ့ကျွန်တော့်အမြင်လေး နည်းနည်းပြောကြည့်မယ်။ လုပ်သင့်တဲ့အချိန် လုပ်သင့်တဲ့အရာမလုပ်လိုက်မိတာက အန္တရာယ်ပဲ။ မလုပ်သင့်တဲ့အချိန် မလုပ်သင့်တဲ့အရာကို လုပ်လိုက်မိတာကလဲ အန္တရာယ်။ မထင်မှတ်ထားတဲ့အရာက မထင်မှတ်ထားတဲ့နေရာကမထင်မှတ်ထားသလို ဖြစ်လာတာကလဲအန္တရာယ်။ အန္တရာယ်ဆိုတာ ကိုယ်သတိမထားမိမပြင်ဆင်လိုက်လို့ ကြိုတင် မလုပ်ဆောင်မိလို့ဖြစ်လာတဲ့အရာ။ လူမှုကွန်ယက် social media ခေတ်မှာသူ့ကို လုပ်ငန်းအတွက် သုံးလိုက်တာကမသုံးလိုက်တာထက် အန္တရာယ်ပိုနည်းတယ်။ အလားတူပဲ အနာဂတ်မှာအန္တရာယ်တွေ အများကြီးရှိတယ်။ပထမတစ်ခုက ငွေကြေး၊ ဒုတိယတစ်ခုက နည်းပညာ။ ငွေကြေးအနေနဲ့ကြည့်မယ်ဆို ငွေကြေးဖောင်းပွမှုနှုန်းဆိုတာ နိုင်ငံသားတိုင်းအတွက် အခွန်တစ်ခုပဲ။ သွယ်ဝိုက်ပြီးပေးနေရတဲ့ အခွန်။ နိုင်ငံကြီးတွေအတွက် ငွေကြေးဆိုတာ ထုတ်ကုန်၊ ပို့ကုန်တစ်ခုဖြစ်လာနေတယ်။ ကမ္ဘာကြီးက အမေရိကန်ဦးဆောင်တဲ့နောက်လိုက်ရတယ်။ခုနောက်ပိုင်း တရုတ်ကနည်းနည်းနေရာရလာတော့ဒေါက်ဖြုတ်တဲ့အချိန်။ အမေရိကန်ရဲ့အကြွေးက $38 trillion ရှိတယ်။တစ်ပတ်ကို $50 billion ချေးနေရတယ်လို့ဆိုတယ်။ အမေရိကန်အစိုးရက တစ်နှစ်အသုံးစရိတ် ဒီနှစ် ၂၀၂၅ […]

အန္တရာယ်တွေ အကြီးဆုံးမှာ
နားမလည်လိုက်တာ။
Read More »

ဆိုးသမျှ အဆိုးဆုံးထဲမှာ
အမြင်ကျဉ်းတာ အဆိုးဆုံးပဲ။

ရည်မှန်းချက်ရှိပြီး ကြိုးစားတိုင်းလိုချင်တာမရရင် မကြိုးစားတော့ဘူး။ အလုပ်လျှောက်ရင်တောင်လျှောက်တဲ့သူတိုင်းရလို့လား။ ဆိုးသမျှ အဆိုးဆုံးထဲမှာအမြင်ကျဉ်းတာ အဆိုးဆုံးပဲ။ Phyo Paing @ Derek

ဆိုးသမျှ အဆိုးဆုံးထဲမှာ
အမြင်ကျဉ်းတာ အဆိုးဆုံးပဲ။
Read More »

လောကမှာ ကိုယ်ထင်တာကိုယ်ထင်တာပဲ။

ဘဝမှာ အခက်အခဲဆုံးက ကိုယ့်ရဲ့အထင်အမြင်၊အိုင်ဒီယာနဲ့ခံစားချက်တိုင်းကို အမှန်လို့မထင်လိုက်ဖို့ပဲ။ အချိန်နဲ့အမျှ အတွေးအခေါ်၊အိုင်ဒီယာ၊ အထင်အမြင်၊ ခံစားချက်တွေက လူကိုလွမ်းမိုးနေတယ်။ တခါတလေ ဒါကြီးကို အလုံးစုံအမှန်တရားလို့ထင်လိုက်တဲ့အခါလူက မောဟတွေများနေနိုင်တယ်။ လောကမှာ ကိုယ်ထင်တာကိုယ်ထင်တာပဲ။ရလဒ်ကပဲ ကိုယ်ထင်တာ မှန်တယ်မှားတယ်အဆုံးအဖြတ်ပေးတာ။ Phyo Paing @ Derek

လောကမှာ ကိုယ်ထင်တာကိုယ်ထင်တာပဲ။ Read More »

အမြင့်မတူရင်
အမြင်မတူနိုင်ဘူး။

အမြင့်မတူရင်အမြင်မတူနိုင်ဘူး။ စာတော်တဲ့ကလေး စာအပေါ်အမြင်နဲ့ချာတူးလန်ရဲ့အမြင် မတူနိုင်ဘူး။ Phyo Paing @ Derek

အမြင့်မတူရင်
အမြင်မတူနိုင်ဘူး။
Read More »

ကျွန်တော့် ဘဝအတွက် ၃၂ ချက်
Covid-19 အတွင်းက ရေးခဲ့တာ

၁။ ကျေးဇူးတင်စိတ်နဲ့နေထိုင်ပါ။၂။ တစ်ရက်တာကို ဘယ်လိုဖြတ်သန်းမလဲ ကြို Plan ပါ။၃။ လူတော်တွေနဲ့ ဝန်းရံထားပါ။၄။ ကိုယ်မသိသေးတဲ့ မေးခွန်းတွေမေးပါ။ ၅။ ကိုယ့်ကိုရင်ခုန်စေတဲ့အလုပ်တွေကိုလုပ်ပါ။ ၆။ ငွေကြေးစီမံခန့်ခွဲပါ။ တစ်နှစ်စာ Plan ရှိပါ။ ၇။ ပြဿနာထက် အဖြေကိုအာရုံစိုက်ပါ။ ၈။ သိထားတာကို အမြန်ဆုံးပြန်အသုံးချပါ။ ၉။ အချိန်မဆွဲပါနဲ့။၁၀။ မနက်ဖြန်ကို စောင့်မနေပါနဲ့။ ဒီနေ့ကိုအကောင်းဆုံးအသုံးချပါ။ Covid-19 အပြီးကို မမျှော်ပါနဲ့။ Covid-19 အတွင်းရှင်သန်နိုင်အောင် ပြင်ဆင်ပါ။ ၁၁။ အနာဂတ်မှာဖြစ်နိုင်တဲ့ ပြဿနာတွေကိုကြိုတင်ဖြေရှင်းပါ။ ၁၂။ လူတွေကို ပြင်ပေးကြည့်ပါ။ ပြင်မရ၊ ပြောမရရင်၊ လျစ်လျူရှုလိုက်ပါ။ ၁၃။ နေ့တိုင်းတိုးတက်အောင်လုပ်ပါ။ ၁၄။ မဖြစ်နိုင်ဘူးဆိုတာထက် ဘယ်လိုဆိုရင်အလွယ်ကူဆုံးနဲ့ အကောင်ထည်ဖော်နိုင်မလဲစဉ်းစားကြည့်ပါ။ ၁၅။ တစ်ခုခုကို ပြီးပြည့်စုံမှ မစတင်ပါနဲ့။၁၆။ တစ်ရက်တာဖြတ်သန်းမှုပုံစံရှိထားပါ။

ကျွန်တော့် ဘဝအတွက် ၃၂ ချက်
Covid-19 အတွင်းက ရေးခဲ့တာ
Read More »

လူတွေက အခြေအနေပေါ်မူတည်ပြီး အပြုအမူတွေ ပြောင်းတယ်

လူတွေကို မယုံဘူး။ Biology ကို ယုံတယ်။ Psychology ကို ယုံတယ်။ နောက် အတိတ်ကဖြစ်ခဲ့တဲ့စစ်မှန်တဲ့ ဒေတာ တွေကိုယုံတယ်။ လူတွေက အခြေအနေပေါ်မူတည်ပြီးအပြုအမူတွေ ပြောင်းတယ်။ တစ်ယောက်တည်းနေတဲ့အချိန်၊ လူအများကြားရောက်တဲ့အချိန်၊ပျော်နေချိန်နဲ့ စိတ်ဖိဆီးနေချိန်တောင်မတူကြတာများ၊ဘာကြောင့် လူတွေတစ်သတ်မှတ်ထဲဒီအတိုင်း ဖြစ်နေမယ်လို့ ယုံကြည်သလဲ။ လွန်ခဲ့တဲ့ သုံးနှစ်က ကိုယ့် role model ကဒီနေ့ ဟုတ်ချင်မှ ဟုတ်တော့မယ်။ လွန်ခဲ့တဲ့ ငါးနှစ်က ကိုယ်တစ်သက်လုံးအတူတူ ဘဝကို ဖြတ်သန်းမယ်ဆိုတဲ့သူကအခု ရှိချင်မှ ရှိတော့မယ်။ အသက်ကြီးလာလေလေလောကရဲ့ သဘောတရားထပ်ခါထပ်ခါဖြစ်နေတဲ့ pattern တွေကိုမြင်လာလေလေ။ ဒါတွေ သိလာလေလေ လူတွေကို မောင်းနှင်နေတဲ့နောက်ကွယ်က အချက်တွေကို မြင်လာလေလေ။ ဘဝကို မတူတဲ့ ရှုထောင့်ကကြည့်လာနိုင်လေလေ။ Phyo Paing @ Derek

လူတွေက အခြေအနေပေါ်မူတည်ပြီး အပြုအမူတွေ ပြောင်းတယ် Read More »

Don’t complain 🤐

ပြဿနာဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းဆိုတာမရှိဘူး။ ပြဿနာဖြစ်နေတဲ့လုပ်ငန်းရှင်ပဲရှိတယ်။ ဘယ်လောက် growth rate နည်းတဲ့ industry မှာပဲဖြစ်ဖြစ် အဆင်ပြေနေတဲ့ လုပ်ငန်းတွေရှိတယ်။ ဖောက်သည်နဲ့လဲမဆိုင်ဘူး။ အဓိက လုပ်ငန်းကို ဦးစီးတဲ့သူနဲ့ပဲဆိုင်တယ်။ ဦးစီးတဲ့သူတွေအနေနဲ့ လုပ်ငန်းကကိုယ့်ထက်ကြီးတယ်လို့ထင်မိတာဟာ ပထမအမှားပါပဲ။ လုပ်ငန်းတစ်ခုဟာ သူ့ကိုဦးဆောင်တဲ့သူ ပုံစံအတိုင်းပဲထွက်ပါတယ်။ နည်းလမ်းတစ်ခုအလုပ်မဖြစ်ရင် အလုပ်ဖြစ်တဲ့နည်းလမ်းကို ရှာရမှာ လုပ်ငန်းကို ဦးဆောင်သူရဲ့အလုပ်ဖြစ်ပါတယ်။ လိုလျင်ကြံဆနည်းလမ်းရပါ။ အမေရိကန် ကုမ္ပဏီတွေက Mobile မှာ Android နဲ့ iOS ကိုဖန်တီးပြီး တစ်ကမ္ဘာလုံးကို လွမ်းမိုးထားတယ်။ တရုတ် Tencent က Wechat မှာ miniprogram ထွင်ပြီး webapp နဲ့ ထိန်းချုပ်မှုကို bypass လုပ်သွားတယ်။ မဖြစ်နိုင်ဘူး။ အနိုင်ကျင့်တယ် ထိုင်ငြီးနေရင် နားငြီးတာပဲအဖတ်တင်မယ်။ အောင်မြင်မှုဆိုတာ အိမ်ငှားသလိုပါပဲ။

Don’t complain 🤐 Read More »

Motivation သင်တန်းတွေက ဂျင်းလား?

Comfort Zone ထဲကထွက်ဖို့လိုတယ်ဆိုတာ Motivational speaker တိုင်းပြောတဲ့စကားပေါ့။ Motivation တွေက ဂျင်းတွေလား။ ဒီမေးခွန်းကို မသိခင်မှာ ကျွန်တော့်ဘဝ motivation နဲ့ကြုံခဲ့တဲ့ အဖြစ်အပျက်လေးတစ်ချို့ sharing လုပ်ပေးချင်တယ်။ ၇ တန်းကျောင်းသားဘဝမှာ သူငယ်ချင်း သီဟဝင်း အိမ်ကိုရောက်သွားတယ်။ အဲ့မှာ computer ကိုစမြင်ဖူးတာ။ ဆင်းရဲဖေဖေ ချမ်းသာဖေဖေဆိုတဲ့ စာအုပ်တွေ့တယ်။ အိမ်ကိုငှားသွားတယ်။ အဲ့မှာ Financial freedom ဆိုတဲ့ concept ကိုစသိတာပဲ။ နောက်ပိုင်း ပီမိုးနင်းရဲ့ စိတ်ပညာတို့၊ အောင်မြင်ရေးတို့၊ စီးပွားရေးလုပ်နည်း ၁၀၀ တို့၊ ဂဏန်းဗေဒင်တို့ ပီမိုးနင်းရေးတာ အကုန်ဖတ်တယ်။ နောက်ပိုင်းဆယ်တန်းပြီး အင်္ဂလိပ်စာလေး မတောက်တခေါက်ဖတ်တတ်တော့ Think & Grow Rich တို့ How to

Motivation သင်တန်းတွေက ဂျင်းလား? Read More »

အတွေးအခေါ် ဘေးမချော်ဖို့လိုတယ်။

ကိုယ့်ကို လူတိုင်းသဘောကျဖို့မလိုဘူး။ကိုယ့်ကိုကိုယ် သဘောကျနေဖို့ပိုအရေးကြီးတယ်။မနက်ထလာတိုင်း အဓိပ္ပာယ်ရှိနေဖို့နဲ့အသက်ရှူတိုင်း အရသာရှိနေဖို့အတွေးအခေါ် ဘေးမချော်ဖို့လိုတယ်။ Phyo Paing @ Derek

အတွေးအခေါ် ဘေးမချော်ဖို့လိုတယ်။ Read More »

အကြည်ဓာတ်ထိန်းဖို့
အရေးမပါတာတွေကို
အာရုံမစိုက်ဖို့ အရေးကြီးတယ်။

လူတစ်ယောက် အစိုးရတာ အာရုံပဲ။ကိုယ့်ရဲ့ အိမ်မက်၊ သမိုင်းပေးတာဝန်၊နေ့စဥ် တိုးတက်မှု၊ ကျန်းမာရေးဒီအချက်တွေက အဓိကအာရုံစိုက်ရမည့်အပိုင်းတွေပဲ။ Phyo Paing @ Derek

အကြည်ဓာတ်ထိန်းဖို့
အရေးမပါတာတွေကို
အာရုံမစိုက်ဖို့ အရေးကြီးတယ်။
Read More »