Buddhism

စီးပွားရေးစီမံခန့်ခွဲမှုမှာတော့
Systems Thinking လို့သုံးတယ်။

နားမလည်ရင် မှားမယ်။ ဗုဒ္ဓရဲ့သင်ကြားမှုကဒုက္ခကလွတ်မြောက်ဖို့ကိုးကွယ်ဖို့ထက်နားလည်ဖို့လိုတယ်လို့ဆိုတယ်။ ဗုဒ္ဓဘာသာဆိုတာ ဗုဒ္ဓရဲ့အဆုံးအမကိုခေါ်ပြီး လောကသဘာဝကိုနားလည်ဖို့ဗုဒ္ဓရဲ့သင်ကြားမှုဖြစ်ပါတယ်။ ကံကြမ္မာဆိုတာ သတ်မှတ်ပြီးသားလား။ သူ့အလိုလိုဖြစ်ချင်သလိုဖြစ်နေသလား။ကိုယ့်ဘဝ ကိုယ်စိတ်ကြိုက်တည်ဆောက်လို့ရလား။ ဒီအဖြေက ပဋိစ္စသမုပ္ပာဒ် Dependent Origination“အရာရာဟာ သူ့ဘာသာ သူဖြစ်လာတာမဟုတ်ဘူး။ အကြောင်းအရင်း (Causes) နဲ့ အခြေအနေ (Conditions) တွေကြောင့် ဖြစ်လာတာ။” ပန်းပင်တစ်ပင်ရှင်သန်ဖို့မြေရှိတယ်။ရေရှိတယ်။နေရောင်ရှိတယ်။လေရှိတယ်။အချိန်ရှိတယ်။ဒါတွေ မရှိရင်ပန်းပင် မရှိတော့ဘူး။ဒါကိုပဲ Dependent Origination ပဲ။ “သူက လူဆိုး။”လို့ တစ်ခါတည်း အမည်တပ်မယ့်အစားဗုဒ္ဓက“ဘယ်လိုအကြောင်းအရာတွေကြောင့် ဒီလိုပြုမူလာတာလဲ။”လို့ ကြည့်တယ်။ဥပမာမိသားစုပြဿနာပတ်ဝန်းကျင်ပညာရေးအလေ့အကျင့်ကြောက်ရွံ့မှုလောဘဒါတွေကြောင့် အပြုအမူတွေ ဖြစ်လာတာ။ စီးပွားရေးစီမံခန့်ခွဲမှုမှာတော့Systems Thinking လို့သုံးတယ်။ ဗုဒ္ဓရဲ့သင်ကြားမှုကဒုက္ခဆင်းက လွတ်မြောက်ဖို့။ စိတ်ဆင်းရဲမှုကစွဲလမ်းမှုကလာတယ်။ စွဲလမ်းမှုက လိုချင်တပ်မက်မှုကလာတယ်။လိုချင်တပ်မက်မှုက အယူမှားကလာတယ်။ တစ်သက်လုံးပိုင်နေမယ်၊ ငါဆိုတဲ့အတ္တ၊ ဒါရသွားရင် အမြဲပျော်နေမယ်လို့ထင်တဲ့အယူမှားကလာတယ်။ဒီအယူမှားက မသိမှုကလာတယ်။ ဒါကြောင့် နားမလည်ရင်မှားမယ်။ နားလည်ဖို့ ကိုယ့်အထင်အမြင်တိုင်းအမှန်လို့ထင်ပြီး […]

စီးပွားရေးစီမံခန့်ခွဲမှုမှာတော့
Systems Thinking လို့သုံးတယ်။
Read More Âť

ဓမ္မရေအေး Dhamma လိုတယ်။

ဘဝကို ဒရာမာ Drama နဲ့ဖြတ်သန်းလို့ဝရင် ဓမ္မ Dhamma နဲ့ဖြတ်သန်း။ ဒရာမာ Drama များရင်ထရာမာ Trauma များတယ်။ ဒဏ်ရာတွေကို ကုစားဖို့ဓမ္မရေအေး Dhamma လိုတယ်။ Phyo Paing @ Derek

ဓမ္မရေအေး Dhamma လိုတယ်။ Read More »

စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတယ်ဆိုတာ
ဗုဒ္ဓဘာသာကို ကိုးကွယ်လို့မဟုတ်ဘူး။

မဆင်းရဲချင်ရင် ဗုဒ္ဓစကားကို သေချာနားလည်အောင်လုပ်။ ဘဝရဲ့ အရည်အသွေးက ကိုယ့် စိတ်နဲ့ ခန္ဓာရဲ့အရည်အသွေးပဲ။ ကိုယ့်စိတ်ရဲ့ အရည်အသွေးက ကိုယ့်စိတ်အပေါ်လွမ်းမိုးနေတဲ့စေတသိတ် တွေရဲ့ အရည်အသွေးပဲ။ စိတ်က ရေသန့်ဆိုရင်စေတသိတ်က ဆား၊ သကြား၊ ဆီဒီလို အတူယှဥ်တွဲတဲ့အရာ။ စေတသိတ်ရဲ့ အရည်အသွေးက နှလုံးသွင်းမှု မနသိကာရ ရဲ့အရည်အသွေးပဲ။ ဥပမာ သူတို့က ငါတို့ထက် ပိုတော်နေလို့ အောင်မြင်တာပဲ။ ငါတို့က ရှုံးပြီ။ ဒါဟာ ငါ့ရဲ့ ကျရှုံးမှု ကို ပြသနေတာပဲ။ဣဿာ (မနာလိုမှု)၊ မာန၊ ဒေါသ ဖြစ်ပြီး ရလဒ် အနေနဲ့စိတ်ဓာတ်ကျ၊ ဖိစီးမှုများ၊ အလုပ်ကို အကောင်းဆုံး မလုပ်နိုင်ပြိုင်ဘက်ကို အနိုင်ယူရေး ကိုပဲ အဓိကထားပူလောင်နေမယ်။ဒါက အယောနိသော မနသိကာရ ကောင်းစွာ နှလုံးမသွင်းနိုင်လို့။ ဒါမှမဟုတ် ဒီအောင်မြင်မှုဟာ

စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတယ်ဆိုတာ
ဗုဒ္ဓဘာသာကို ကိုးကွယ်လို့မဟုတ်ဘူး။
Read More Âť

ဘဝကို သစ္စာလေးပါးနှလုံးသွင်း၊
မဂ္ဂင်ရှစ်ပါးနဲ့ ဘဝကို ဖြတ်သန်း။
ဘဝအေးချမ်းပါတယ်။

တရုတ်ယဉ်ကျေးမှုမှာက ပိုက်ဆံမရှိတာ ရှက်စရာလို့သတ်မှတ်တယ်။ ကျွန်တော်တို့ ယဥ်ကျေးမှုမှာငွေမက်ရင် ရှက်စရာလို့တချို့သတ်မှတ်တယ်။ ငွေမက်တာ ကောင်းတဲ့အချက်က ပိုက်ဆံအတွက်အလုပ်လုပ်တယ်။ မကောင်းတဲ့အချက်က ဘာသာတရားအဆုံးအမမရှိရင်ပိုက်ဆံရဘာမဆိုလုပ်မယ်ဆိုတဲ့ အတွေးအခေါ်ကြောင့် အကျည်းတန်တာတွေဖြစ်တယ်။ အရင်က ပိုက်ဆံရှာသမျှအမေ့ကိုကူဖို့ အကုန်ပေးတာမျိုးလုပ်တယ်။ ကိုယ်တိုင်တောင်သိပ်မသုံးဖြစ်ဘူး။ ခုနောက်ပိုင်းတော့ ပိုက်ဆံမက်အောင်တော့ကိုယ့်တန်ဖိုးထားမှုကို ပြင်ထားတယ်။ ဗုဒ္ဓအဆုံးအမနဲ့ လောကီရေးရာဖြတ်သန်းမှုအဆင်ပြေဖို့မျှလုပ်တာက စိတ်အေးချမ်းစေပါတယ်။ ဘဝကို သစ္စာလေးပါးနှလုံးသွင်း၊ မဂ္ဂင်ရှစ်ပါးနဲ့ ဘဝကို ဖြတ်သန်း။ ဘဝအေးချမ်းပါတယ်။ Phyo Paing @ Derek

ဘဝကို သစ္စာလေးပါးနှလုံးသွင်း၊
မဂ္ဂင်ရှစ်ပါးနဲ့ ဘဝကို ဖြတ်သန်း။
ဘဝအေးချမ်းပါတယ်။
Read More Âť

ကံရှိ ဥာဏ်မရှိတိုင်းမွဲ။

ရေခံမြေခံ ဘယ်လောက်ကောင်းအောင်ပေးထားပေးထား ခံယူချက်မမှန်၊ ဥာဏ်မရှိရင်ကံရှိ ဥာဏ်မရှိတိုင်းမွဲနေမှာပဲ။ တချို့ ကံတော့ မရှိဘူး။ရေခံမြေခံမရှိတာတောင်ကံမရှိ ဥာဏ်ရှိတော့ဘဝက တင့်တယ်တယ်။ သံသရာထဲထွက်ဖို့တောင်ကံတစ်ခုတည်းနဲ့မရဘူး။ဝိပဿနာဥာဏ်လိုတယ်။ Phyo Paing @ Derek

ကံရှိ ဥာဏ်မရှိတိုင်းမွဲ။ Read More »

တရားရတယ်ဆိုတာကတော့
နားလည်မှုတဆင့်မြင့်သွားတာပဲ။

တရားရတယ်ဆိုတာအမှန်တရားကို တဆင့်မြင့်နားလည်သွားတဲ့အခါ သုံးကြတယ်။ လူတွေနဲ့ပတ်သက်လို့ တရားရတယ်။လောကသဘာဝအရ တရားရတယ်။ တရားဆိုတာအမှန်တရား၊တရားမျှတမှု၊သဘောတရား၊တရားရေးရာ၊တရားဓမ္မဒီလိုမျိုးအသုံးပြုကြတယ်။ တရားရတယ်ဆိုတာကတော့နားလည်မှုတဆင့်မြင့်သွားတာပဲ။ သိတာနဲ့ နားလည်သဘောပေါက်နှလုံးသွင်းနိုင်တာတူမလိုနဲ့ မတူပါဘူး။ လောကဓံရှစ်ပါးနဲ့ဥပက္ခာတရားကိုလူတိုင်းနီးပါးသိကြတယ်။လူတိုင်းနီးပါးနှလုံးမသွင်းနိုင်ကြဘူး။ လူတွေက၁။ ငွေ၂။ စိတ်ခံစားချက်၃။ ဂုဏ်၄။ တရားဒီလေးခုနောက်လိုက်တတ်ကြတယ်။ နောက်ဆုံးမှာ တရားနဲ့ဆုံးတတ်ကြတယ်။ Phyo Paing @ Derek

တရားရတယ်ဆိုတာကတော့
နားလည်မှုတဆင့်မြင့်သွားတာပဲ။
Read More Âť

လက်တွေ့ဘဝမှာ အသုံးချလို့ရတဲ့
ဗုဒ္ဓအဆုံးအမ ၇ ခု

လက်တွေ့ဘဝမှာ အသုံးချလို့ရတဲ့ဗုဒ္ဓအဆုံးအမ ၇ ခု ၁။ အနိစ္စ အခြေအနေ၊ အောင်မြင်မှု၊ နာကျင်မှုအကုန်လုံးကို ဖက်တွယ်မထားနဲ့။အရာရာက ခဏပါပဲ။ဒုက္ခကြုံရင် ဒူပေဒါပေခံ။သုခတွေကြုံရင် အရမ်းတုန်လှုပ်ပြီးမာန်မတက်လိုက်နဲ့။ခဏတာကို တစ်ဘဝစာလို မမြင်လိုက်နဲ့။ ၂။ အနတ္တ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က “ကိုယ်”နဲ့အခုနဲ့ မတူတော့ဘူး။နောက် ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှာလဲမတူတော့ဘူး။ငါ့သား၊ ငါ့သမီး၊ ငါ့ဝန်ထမ်း၊ ငါ့ဆရာ၊ ငါ့ပရိသတ်၊ငါ့ဖောက်သည်။​ငါငါငါဆိုတာ အချိန်နဲ့အမျှပြောင်းနေတယ်။မနေ့က ကိုယ့်ကိုချစ်နေတဲ့သူတွေမနက်ဖြန် ချစ်ချင်မှချစ်တော့မယ်။မုန်းတဲ့သူလဲ ဖြစ်သွားနိုင်တယ်။အနတ္တရဲ့ သဘောတရားကိုလက်ခံပြီးဘဝကို စီးဆင်းသွားဖို့လိုတယ်။ ၃။ ဒုက္ခ အကြောင်းနဲ့ အကျိုး၊အကောင်းနဲ့ အဆိုးကြားမှာဘဝမှာ ဒုက္ခတွေရှိမှာပဲ။လောကဓံရှစ်ပါးလေ။ချမ်းသာကြွယ်ဝခြင်းရှိသလိုဆင်းရဲမွဲတေခြင်းရှိမယ်။အခြံအရံရှိသလိုအခြံအရံမရှိတာလဲရှိမယ်။လူတွေချီးမွမ်းအသိအမှတ်ပြုခံရတာရှိသလိုကဲ့ရဲ့တာလဲ ရှိမယ်။စိတ်ချမ်းသာကိုယ်ချမ်းသာရှိသလိုစိတ်ဆင်းရဲကိုယ်ဆင်းရဲလဲရှိနိုင်တယ်။လောကဓံရှစ်ပါးကိုမတုန်မလှုပ် သွေးမပျက်ပဲရှေ့ဆက်ဖို့ဥပက္ခာတရားလက်ကိုင်ထားဖို့လိုတယ်။ ၄။ ပဋိစ္စသမုပ္ပါဒ် အရာရာ သူ့အလိုလိုဖြစ်မလာဘူး။အကြောင်းကြောင့်အကျိုးဖြစ်လာတယ်။ငွေကြေးအကြောင်းနားမလည်ရင်ငွေကြေးကြောင့် ဒုက္ခရောက်မယ်။​လူတွေအကြောင်းနားမလည်ရင်လူတွေကြောင့်ဒုက္ခရောက်မယ်။စီးပွားရေးအကြောင်းနားမလည်စီးပွားရေးကြောင့်ဒုက္ခရောက်မယ်။မားကက်တင်းနားမလည်မားကက်တင်းကြောင့် ဒုက္ခရောက်မယ်။ကိုယ့်ကိုကိုယ် နားမလည်ကိုယ့်ကိုကိုယ်ကြောင့် ဒုက္ခရောက်မယ်။နားမလည်ရင် မှားမယ်။မသိနားမလည်တာကိုအဝိဇ္ဇာ (မသိမှု)လို့ခေါ်တယ်။ သိလို့လုပ်လုပ်၊ မသိလို့လုပ်လုပ်ကံဆိုတာ ဖြစ်တယ်။ဒါကို သင်္ခါရ

လက်တွေ့ဘဝမှာ အသုံးချလို့ရတဲ့
ဗုဒ္ဓအဆုံးအမ ၇ ခု
Read More Âť

နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို နေနေသလား။

ဒီတစ်နေ့ကို အလေအလွင့်မရှိအောင်ပါရမီဖြည့်ကြည့်လို့ရနိုင်ပါတယ်။ ကိုယ့်မှာရှိထားတဲ့အရာတွေကိုမျှဝပေးတဲ့ ဒါန ပါရမီ။ ကိုယ့်ကိုလုပ်တာမကြိုက်တာကိုသူများကိုလဲမလုပ်နဲ့။သီလပါရမီ။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်အောင်ဥာဏ်ပညာတိုးတက်အောင်လုပ်ခြင်းပညာပါရမီ။ ကိုယ်လိုချင်တာကို ရှင်းရှင်းလင်းလင်းသိပြီးအာရုံစူးစိုက်မှုရှိပြီးလုပ်မယ်ဆို ပြတ်ပြတ်သားသားလုပ်နိုင်တဲ့အဓိဋ္ဌာနပါရမီ။ ကိုယ်လိုချင်တဲ့ရည်မှန်းချက်ပန်းတိုင်းကိုတစ်နေ့တစ်လှမ်းပုံမှန်ကြိုးစားခြင်းဝီရိယပါရမီ။ ကိုယ်ဖြစ်စေချင်တဲ့အတိုင်းလူတွေစဉ်းစားတုန့်ပြန်မှုမပြုတဲ့အခါစိတ်ရှည်ရှည်ထားရတဲ့ခန်တိပါရမီ။ ပေးထားတဲ့ကတိ တည်ဆောက်လုပ်တဲ့သစ္စာပါရမီ။ လူတွေ သတ္တဝါတွေကို နားလည်ပြီးကိုယ့်အကျိုးစီးပွါးအတွက်မပါဘဲဂရုဏာထားနိုင်တဲ့မတျတောပါရမီ။ အဖြစ်အပျက်တွေကို အကောင်း၊ အဆိုးဖြစ်လာတိုင်းမတုန်လှုပ်ပဲ စိတ်ထားနိုင်တဲ့ဥပေက္ခာပါရမီ။ ဒီကိုးပါးကတော့ နေ့စဉ်ဘဝမှာကျင့်သုံးလို့ရတယ်။ နောက်ဆုံးတစ်ခုကတော့ရံဖန်ရံခါဖြစ်ဖြစ်၊ အမြဲတန်းဖြစ်ဖြစ်လောကီသုခကို စွန့်လွတ်ပြီးရဟန်းဝတ်တဲ့ နေက္ခမ္မပါရမီ။ နေ့စဉ်ဘဝမှာ ပါရမီတွေဖြည့်နေလား။နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလို နေနေသလား။ Phyo Paing @ Derek

နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို နေနေသလား။
Read More Âť

ပြန်စဥ်းစားလိုက်ရင်

အတိတ်ရဲ့မှတ်ဥာဏ်တွေကမျက်စိတစ်မှိတ်လျပ်တစ်ဖျက်မှာကလေးငယ်ဘဝ၊အဖြူအစိမ်းကျောင်းသားဘဝ၊တက္ကသိုလ်ကျောင်းသားဘဝ၊အလုပ်ခွင်ဝင်၊ကြေကွဲခံစား၊ ပျော်ပါးအရာရာက အိမ်မက်တစ်ခုလိုပဲ။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားကိုရှင်သန်မှုလို့ခေါ်တယ်။လောကမှာ လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိဒီကိလေသာ ၄၄ ပါးနဲ့လောလောပြီး ကနေရတော့လောကီလို့ခေါ်တယ်။ ဒါရဲ့အလွန်ကိုသွားနိုင်တာကိုလောကုတ္တရာလို့ခေါ်တယ်လို့ဗုဒ္ဓက ဆုံးမခဲ့တယ်။ ဒီရှင်သန်ခြင်း ရက်ပေါင်း ၃၀၀၀၀၈၂ နှစ်နဲ့ ၄၄ ရက်မှာ“အသက်ရှင်ပြီး အသက်ဝင်ဖို့လိုတယ်။” ဓမ္မပဒ ထဲမှာ ဗုဒ္ဓက “အပ္ပမာဒေန မဃ္ဃဝါန၊ ပမာဒေန မစ္စုနော”“မမေ့လျော့သောသူသည် မသေတရားကို ရောက်၏၊ မေ့လျော့သောသူသည် သေပြီးသူနှင့် တူ၏”ဟောကြားခဲ့တယ်။ အသက်ရှင်ပြီး အသက်ဝင်ဖို့ ဘဝကို သတိနဲ့နေထိုင်ဖို့လိုလာတယ်။သတိဆိုတာ သောဘဏစေတသိတ်တစ်ပါးဖြစ်ပြီးအာရုံကို မလွတ်ကင်းအောင် စွဲကိုင်ထားတတ်ခြင်း၊အာရုံကို မမေ့အောင် မှတ်သားနိုင်ခြင်း၊စိတ်ကို အာရုံမှ မထွက်အောင် တည်စေခြင်းသဘာဝကိုလုပ်ဆောင်ပေးတယ်။ ဒီလိုသတိရှိရှိနေထိုင်တာကို Mindfulness လို့ခေါ်ပြီး ပါဠိလို့သတိပဋ္ဌာန (Satipaáš­áš­hāna) လို့ခေါ်တယ်။အာရုံ၊ အတွေး၊ ခံစားချက်၊ လုပ်ရှုမှုတွေကို သတိထားပြီး

ပြန်စဥ်းစားလိုက်ရင် Read More »

လောကီပြဿနာရဲ့အဖြေက
သိပ္ပံပညာမှာရှိတယ်။

သိပ္ပံအသုံးပြုမှုများတဲ့နိုင်ငံကလောကီမှာ တိုးတက်တယ်။ သိပ္ပံအသုံးပြုမှုနည်း နတ်ပူး၊ နဂါးပူးကလောကီမှာ နောက်ကျကျန်တယ်။ မိုးရွာဖို့ သိပ္ပံပညာမသိခင်ကလွန်ဆွဲမိုးခေါ်ကြတယ်။ သိပ္ပံပညာနားလည်တဲ့နိုင်ငံကကြိုက်တဲ့အချိန် cloud seeding နည်းပညာအသုံးပြုပြီးမိုးရွာအောင် လုပ်တယ်။ လောကုတ္တရာအဖြေနဲ့လောကီမေးခွန်းကိုဖြေတဲ့အခါတိုင်ပတ်သွားနိုင်တယ်။ လောကီပြဿနာအဖြေရှာဖို့ဗုဒ္ဓအဆုံးအမကိုလိုက်နာပြီးသိပ္ပံပညာလေ့လာဖို့လိုတယ်။ ဒါကြောင့် ကျောင်းတွေမှာရုပ်ဝတ္ထုတွေအကြောင်း နားလည်ဖို့ ရူပဗဒေ။ဒြပ်ဝတ္ထုတွေအကြောင်း နားလည်ဖို့ဓာတုဗဒေ။သက်ရှိတွေအကြောင်း နားလည်ဖို့ဇီဝဗဒေ။ လက်တွေ့ပြဿနာ တိတိကျကျအဖြေရှာနိုင်ဖို့ သင်္ချာ။ဆက်သွယ်နိုင်ဖို့ ဘာသာစကားကိုသင်ကြားခဲ့ကြတာဖြစ်တယ်။ ဒီနေ့ခေတ်မှာ လူတွေ လုပ်ငန်းတွေ အဖွဲ့အစည်းတွေကိုအုပ်ချုပ်ဖို့ management science အုပ်ချုပ်မှုသိပ္ပံ။နိုင်ငံရေးမှာ political science နိုင်ငံရေးသိပ္ပံ။ အစရှိတာတွေပါ်လာပြီ။ သိပ္ပံဆိုတာ ဥုံဖွပညာမဟုတ်ဘူး။ထပ်ခါထပ်ခါ သက်သေပြလို့ရတယ်။ ဥုံဖွလုပ်ပြီး မိုးပေါ်ပျံလို့မရဘူး။သိပ္ပံပညာသုံးရင် လူတွေကို မိုးပေါ်ပျံခိုင်းပြီးတစ်နေရာက တစ်နေရာပို့လို့ရတယ်။ လောကီပြဿနာရဲ့အဖြေကသိပ္ပံပညာမှာရှိတယ်။ Phyo Paing @ Derek

လောကီပြဿနာရဲ့အဖြေက
သိပ္ပံပညာမှာရှိတယ်။
Read More Âť