ပြန်စဥ်းစားလိုက်ရင်
အတိတ်ရဲ့မှတ်ဥာဏ်တွေကမျက်စိတစ်မှိတ်လျပ်တစ်ဖျက်မှာကလေးငယ်ဘဝ၊အဖြူအစိမ်းကျောင်းသားဘဝ၊တက္ကသိုလ်ကျောင်းသားဘဝ၊အလုပ်ခွင်ဝင်၊ကြေကွဲခံစား၊ ပျော်ပါးအရာရာက အိမ်မက်တစ်ခုလိုပဲ။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားကိုရှင်သန်မှုလို့ခေါ်တယ်။လောကမှာ လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိဒီကိလေသာ ၄၄ ပါးနဲ့လောလောပြီး ကနေရတော့လောကီလို့ခေါ်တယ်။ ဒါရဲ့အလွန်ကိုသွားနိုင်တာကိုလောကုတ္တရာလို့ခေါ်တယ်လို့ဗုဒ္ဓက ဆုံးမခဲ့တယ်။ ဒီရှင်သန်ခြင်း ရက်ပေါင်း ၃၀၀၀၀၈၂ နှစ်နဲ့ ၄၄ ရက်မှာ“အသက်ရှင်ပြီး အသက်ဝင်ဖို့လိုတယ်။” ဓမ္မပဒ ထဲမှာ ဗုဒ္ဓက “အပ္ပမာဒေန မဃ္ဃဝါန၊ ပမာဒေန မစ္စုနော”“မမေ့လျော့သောသူသည် မသေတရားကို ရောက်၏၊ မေ့လျော့သောသူသည် သေပြီးသူနှင့် တူ၏”ဟောကြားခဲ့တယ်။ အသက်ရှင်ပြီး အသက်ဝင်ဖို့ ဘဝကို သတိနဲ့နေထိုင်ဖို့လိုလာတယ်။သတိဆိုတာ သောဘဏစေတသိတ်တစ်ပါးဖြစ်ပြီးအာရုံကို မလွတ်ကင်းအောင် စွဲကိုင်ထားတတ်ခြင်း၊အာရုံကို မမေ့အောင် မှတ်သားနိုင်ခြင်း၊စိတ်ကို အာရုံမှ မထွက်အောင် တည်စေခြင်းသဘာဝကိုလုပ်ဆောင်ပေးတယ်။ ဒီလိုသတိရှိရှိနေထိုင်တာကို Mindfulness လို့ခေါ်ပြီး ပါဠိလို့သတိပဋ္ဌာန (Satipaṭṭhāna) လို့ခေါ်တယ်။အာရုံ၊ အတွေး၊ ခံစားချက်၊ လုပ်ရှုမှုတွေကို သတိထားပြီး […]
ပြန်စဥ်းစားလိုက်ရင် Read More »