freedom

လွတ်လပ်မှုက ကိုယ့်ရွေးချယ်မှုဆို
ဘောင်ပင်ကို ခြေတစ်လှမ်းလောက်ထွက်ကြည့်။

မိုးကလင်းနေပြီ မနက်က မရောက်သေးဘူး။ပိုက်ဆံကတော့ရှိနေပြီခုထိ မချမ်းသာသေးဘူး။ စိတ်တော့ချမ်းသာနေပြီအခုထိ မကျေနပ်သေးဘူး။ လူတွေသတ်မှတ်တဲ့စံနှုန်းတွေကိုကိုယ့်ရဲ့စံနှုန်းတွေလို့ထင်ရင်ဘောင်ထဲကထွက်ဖို့ခက်နိုင်တယ်။ ဘောင်ဆိုတာ အကာအကွယ်ဖြစ်သလိုဘောင်ဆိုတာ ထောင်လဲဖြစ်တတ်တယ်။ ဘဝမှာ ဘောင်တွေကြောင့်လှုံခြုံဖူးသလို ဘောင်တွေကြောင့်မွန်းကြပ်ဖူးလိမ့်မယ်။ ဘောင်ထဲမှာ လှုံခြုံနိုင်သလို၊ဘောင်ပြင်မှာလဲ လွတ်လပ်နိုင်တယ်။ ကိုယ်က လှုံခြုံမှုကိုကြိုက်ရင်ဘောင်ထဲမှာနေ။လွတ်လပ်မှုက ကိုယ့်ရွေးချယ်မှုဆို ဘောင် ပြင်ကို ခြေတစ်လှမ်းလောက်ထွက်ကြည့်။ Phyo Paing @ Derek

လွတ်လပ်မှုက ကိုယ့်ရွေးချယ်မှုဆို
ဘောင်ပင်ကို ခြေတစ်လှမ်းလောက်ထွက်ကြည့်။
Read More »

ဘဝမှာ လွတ်လပ်မှုထက်
ဘာများပိုအရေးကြီးအုံးမလဲ။

ကွန်ပြူတာတစ်လုံး၊ အိတ်တစ်လုံးနဲ့ပဲဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းချင်တယ်။ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာသွား။ဘဝကို ချုပ်နှောင်မှုတွေမရှိပဲလွတ်လွတ်လပ်လပ်ဖြတ်သန်းချင်တယ်။စွန့်ဦးတီထွင်မှု၊ ဒီဂျစ်တယ်မားကတ်တင်း၊စီမံခန့်ခွဲမှုပညာတွေကအိမ်မက်တွေကို ဖြစ်စေခဲ့တယ်။ဘဝမှာ လွတ်လပ်မှုထက်ဘာများပိုအရေးကြီးအုံးမလဲ။ Phyo Paing @ Derek

ဘဝမှာ လွတ်လပ်မှုထက်
ဘာများပိုအရေးကြီးအုံးမလဲ။
Read More »

အလုပ်ဟာလွတ်မြောက်နေရာတစ်ခုပဲ။

အလုပ်လုပ် ပိုက်ဆံရှာပြီးရှာတဲ့ ပိုက်ဆံနဲ့ လွတ်မြောက်ရာစိတ်အပန်းဖြေလို့ရတယ်။ ကိုယ့်အတွက် လွတ်မြောက်မှုဖြစ်တဲ့ အလုပ်ကိုလုပ်ပြီး လွတ်လပ်မှုလဲရှာငွေလဲရှာလို့ရနိုင်တယ်။ အလုပ်ဆိုတာ လွတ်မြောက်မှုတစ်ခုပဲ။တချို့လူတွေအတွက် အလုပ်ဟာလွတ်မြောက်နေရာတစ်ခုပဲ။ Phyo Paing @ Derek

အလုပ်ဟာလွတ်မြောက်နေရာတစ်ခုပဲ။ Read More »

ကိုယ့်ကိုကိုယ် လွတ်လပ်ခွင့်ပေးကြည့်ပါ

လူတချို့က ငယ်ငယ်တုန်းကလဲပင်ပင်ပန်းပန်းနဲ့ မလုပ်ချင်တဲ့အလုပ်တွေလုပ်ခဲ့ရတယ်။ နောက်စိတ်ဖိဆီးမှုများများနဲ့မကြိုက်တဲ့ဒေသမှာကိုယ်မနှစ်မြိုနဲ့သူတွေကိုပြုံးပြပြီး ဘဝကြီးကိုအံဝင်ဂွင်ကျဖြစ်အောင် ဖြတ်သန်းနေခဲ့ဖူးတယ်။ ဝါသနာမပါတဲ့ အသိ၊ အတတ်ပညာတွေကိုဘောင်ဝင်အောင်လေ့လာရင်းမကျက်ချင်တဲ့စာတွေကျက်ပြီးဖြတ်သန်းခဲ့ရတယ်။ ကြေကွဲစရာ၊ ဝမ်းနည်းစရာတွေကြား၊trauma response တွေကြောင့်ဘဝကို ဒေါင်ကျကျဖြတ်သန်းရင်းကိုယ့်ဘဝကိုကိုယ် enjoy လုပ်ဖို့မေ့နေတတ်တယ်။​ တခါတလေ အကြွေးယူပြီးလုပ်ငန်းတွေ စမိရင် မပြီးတော့တဲ့ပူပင်မှုတွေနဲ့။ အိမ်ထောင်ရေး၊ သားရေးသမီးရေးနဲ့လောလောပြီး ကနေရတဲ့လောကထဲမှာ လွတ်လပ်မှုရဲ့အဓိပ္ပာယ်ပျောက်နေတဲ့ သူတွေရှိတတ်တယ်။ ဘဝမှာ လွတ်လပ်မှုသုံးမျိုးလိုတယ်။ခန္ဓာကိုယ်အချုပ်အနှောင်ကင်းဖို့physical freedomစိတ်ခံစားမှုအချုပ်အနှောင်ကင်းဖို့psychological freedomအတွေးအခေါ် ဝါဒတွေကိုကျော်လွန်ပြီးလွတ်မြောက်မှုရဖို့spiritual freedom ကိုယ့်ကိုကိုယ် လွတ်လပ်ခွင့်ပေးလိုက်ပါ။​အကြွေးတွေကိုတတ်နိုင်သလောက်ရှောင်ပါ။​အကြွေးရှိရင် လွတ်မြောက်မှုရဖို့မလွယ်ဘူး။နောက်ဘဝရှင်သန်ဖို့အတွက်financial plan သေချာလုပ်ဖို့လိုတယ်။အသုံးစရိတ်တွေကို ဘာမှမလုပ်ပဲနှစ်နှစ်လောက်အနည်းဆုံးနေနိုင်အောင်စီမံထားဖို့လိုတယ်။ဒါမှလဲ​ physical freedom ကလွတ်မြောက်မှာ။ နောက် တွယ်တာတာတွေကိုလျော့။attachment တွေက emotional freedom ကိုပျောက်စေတယ်။သဝန်တိုတာ၊ ဒေါသထွက်တာတွေဖြစ်စေတယ်။​သူများနဲ့ နှိုင်းယှဥ်ပြီး ကိုယ့်ကိုကိုယ်အားမလိုအားမရဖြစ်တာလျော့ဖို့လိုတယ်။ နောက်ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေဖို့အာရုံတွေ ကိုယ်နဲ့ကပ်နေဖို့spiritual freedom လိုတယ်။​ ကိုယ့်ကိုကိုယ်

ကိုယ့်ကိုကိုယ် လွတ်လပ်ခွင့်ပေးကြည့်ပါ Read More »

အမြဲလွတ်လပ်နေသူက
လွတ်လပ်မှုအနှစ်သာရစစ်စစ်ကို
သိချင်မှ သိမယ်။

အမြဲဗိုက်ပြည့်နေတဲ့သူကဗိုက်ပြည့်တဲ့အရသာစစ်စစ်ကိုသိချင်မှ သိမယ်။အမြဲလွတ်လပ်နေသူက လွတ်လပ်မှုအနှစ်သာရစစ်စစ်ကိုသိချင်မှ သိမယ်။Planned suffering တမင်တကာကိုယ့်ကိုကိုယ် သက်သောင့်သက်သာမရှိအောင်လုပ်ဖို့လိုတဲ့အချိန်တွေလိုတယ်။သာယာမှုတွေကို ခဏဖြတ်တာမျိုး။ Phyo Paing @ Derek

အမြဲလွတ်လပ်နေသူက
လွတ်လပ်မှုအနှစ်သာရစစ်စစ်ကို
သိချင်မှ သိမယ်။
Read More »