လူတိုင်းက ကိုယ့်ထက်သာတာကိုပဲရချင်ကြတယ်။ ငွေရေးကြေးရေး၊ ပညာရေး၊ အချစ်ရေး၊အလုပ်အကိုင် နေရာတိုင်းမှာပေါ့။ဒီတော့ကိုယ်လိုချင်တဲ့နောက်လိုက်ကြတယ်။ ငွေရှာတယ်ဆိုတာ ဖြစ်လာတယ်။အမှန်က ငွေကိုကိုယ့်ဆီလာအောင်ဆွဲငင်နိုင်ဖို့ ကိုယ့်ကိုကိုယ်တည်ဆောက်ရမှာ။ဒါမှ ရေရှည်တည်တံ့မှာ။ ကျွန်တော်စဥ်းစားမိတဲ့ concept တစ်ခုက“သံ” လိုစဥ်းစားမည့်အစား၊“သံလိုက်” လို စဥ်းစားတဲ့ concept ဖြစ်တယ်။ ကိုယ့်ဆီလိုချင်တာရောက်လာဖို့ကိုယ့်မှာ သံလိုက်လို ဆွဲငင်နိုင်တဲ့စွမ်းအင်ရှိရမယ်။ ကိုယ်လိုချင်တဲ့အရာနောက်ကိုပဲလိုက်နေတဲ့ သံမဖြစ်ရဘူး။ ဘဝသင်ခန်းစာတွေထဲကနေသံလိုက် အတွေးအခေါ်ရခဲ့တယ်။ Phyo Paing @ Derek