ဘဝမှာ အခက်အခဲဆုံးကဘာလဲ။
ဘဝမှာ အခက်အခဲဆုံးကဘာလဲ။ သူများအတွက်တော့ မသိဘူးကိုယ့်အတွက်ကတော့ကိုယ့်ကိုကိုယ် ထိန်းကျောင်းရတာအခက်ဆုံးပဲ။ ကိုယ့်စကားကိုယ်နားထောင်ဖို့၊ကိုယ့်အမိန့်ကိုယ်နာခံဖို့ကအခက်အခဲဆုံးပဲ။ ကိုယ့်စကားကိုယ်နားထောင်တာကိုစည်းကမ်းရှိတယ်လို့လူအများစုကဆိုကြတယ်။ ဥပမာမစားသင့်တာမစားတာ။လုပ်သင့်တဲ့အလုပ်ကိုစိတ်မပါလဲလုပ်တာ။ အမှန်တော့ကိုယ့်စကားကိုယ်နားထောင်ဖို့ကိုယ့်ကိုကိုယ် နားလည်ဖို့လိုတယ်။ ကိုယ့်ကိုကိုယ် အမှန်တကယ်နားလည်ရင်ဘဝရဲ့ ပြဿနာတော်တော်များများရှင်းသွားပြီ။ ဒါကြောင့်လဲ တရားရှာခန္ဓာတွေ့လို့ဆိုကြတာဖြစ်တယ်လို့ထင်တယ်။ လောကရဲ့ပြဿနာအများစုကကိလေသာတွေကြောင့်ဖြစ်တာ။ကိုယ်နဲ့မထိုက်တာကို ရချင်တဲ့လောဘ။လိုချင်တာမရ၊ ရထားတာမလိုဖြစ်စေချင်သလိုမဖြစ်တဲ့အခါ ဖြစ်တဲ့ဒေါသ၊အမှန်ကိုမမြင်တဲ့အတွက် မောဟ၊မာန၊ ဒိဋ္ဌိ (မှားယွင်းသော အယူအဆ)၊သံသယတွေများ အတွေးအခေါ်မရှင်းတဲ့ဝိစိကိစ်ဆာ။ဒီကိလေသာတွေ လိုတာထက်ပိုကပ်နေတာကိုယ့်ကိုကိုယ် နားမလည်သေးလို့။ ဒါတွေကိုပယ်ဖို့သီလ၊ သမာဓိ၊ ပညာလိုတယ်။ လိုက်နာရမည့်ကျင့်ဝတ်ကိုလိုက်နာရမည့် သီလ။ဒါကိုလဲတော်တော်လေးကြိုးစားပြီး ထိန်းတော့နေတယ်။အများကြီးလိုသေးတယ်။အာရုံစူးစိုက်နိုင်တဲ့ သမာဓိ။အကောင်းအဆိုး၊အကြောင်းအကျိုးပေါ်မူတည်ပြီးထိုးထွင်းသိမြင်တဲ့ပညာ။ဒီသုံးခုကို နေ့စဉ်ပြုစုပျိုးထောင်ဖို့လိုတယ်။ ကိုယ့်ကိုကိုယ် ထိန်းကျောင်းရတာလွယ်မလိုနဲ့ မလွယ်ပါဘူး။ Phyo Paing @ Derek
ဘဝမှာ အခက်အခဲဆုံးကဘာလဲ။ Read More »