work

မဂ္ဂင်ရှစ်ပါးရဲ့  သမ္မာသမာဓိပဲ။

ကိုယ့်အာရုံကို အမှိုက်သရိုက်တွေပေါ်မစိုက်ဘဲ လျစ်လျူရှုနိုင်ပြီးကိုယ့်အလုပ်ပေါ်ကိုယ် အာရုံစိုက်နိုင်တာမဂ္ဂင်ရှစ်ပါးရဲ့  သမ္မာသမာဓိပဲ။ Phyo Paing @ Derek

မဂ္ဂင်ရှစ်ပါးရဲ့  သမ္မာသမာဓိပဲ။ Read More »

အလုပ်ကို ကိုးကွယ်တာ
သဘာဝကျနေပြီ။

ဘဝမှာ အရှုံးမရှိကိုးကွယ်သင့်တဲ့အရာက “အလုပ်”။ ကိုယ့် “အလုပ်” က ကိုယ့် “ဘဝ” ပဲ။ ဘဝမှာ ကိုယ်ကသစ္စာရှိရင်ပြန်ပြီး သစ္စာရှိတာ “အလုပ်”။ သူ့ကို လေးလေးစားစားဆက်ဆံရင်လေးလေးစားစား ပြန်ဆက်ဆံခံရမယ်။ ကိုယ်က သစ္စာမဖောက်ရင်သူက သစ္စာမဖောက်ဘူး။ လူတစ်ယောက်ရဲ့ဘဝအချိန်အများစုဟာ“အလုပ်” နဲ့ ကုန်ဆုံးရတယ်။ ကိုယ်ချစ်တဲ့ အလုပ်၊ ကိုယ်တန်ဖိုးထားရတဲ့အလုပ်၊ကိုယ့်ကို တော်စေ၊ ပျော်စေ၊ ဂုဏ်ယူစေ၊ ဝင်ငွေတိုးပွားစေတဲ့အလုပ်ရွေးချယ်လုပ်ဆောင်ဖို့လိုတယ်။ အလုပ်ကို သက်ဝင်ယုံကြည်ပြီးသေသေချာချာလုပ်တဲ့အတွက်အလုပ်ကို ချစ်တဲ့အတွက်ကြေကွဲရတာ ဘယ်တုန်းကမှမကြုံဖူး ဖူးဘူး။ ကွန်ဖြူရှပ်ယဥ်ကျေးမှုနဲ့ ကြီးလာတဲ့သူတစ်ယောက်အတွက်အလုပ်ကို ကိုးကွယ်တာ သဘာဝကျနေပြီ။ Phyo Paing @ Derek

အလုပ်ကို ကိုးကွယ်တာ
သဘာဝကျနေပြီ။
Read More »

အလုပ်ကို လေးပိုင်းခွဲကြည့်တယ်။

၁။ လမ်းရှာတဲ့အချိန်။ Research လုပ်တဲ့အချိန်။ ဘာတွေထပ်လုပ်လို့ရမလဲအိုင်ဒီယာအသစ်တွေရှာတဲ့အချိန်။ ၂။ သင်ယူပြင်ဆင်တဲ့အချိန်။ အနာဂတ်အတွက်လိုအပ်တဲ့ပြင်ဆင်မှု၊ သင်ယူမှုတွေကို ကြိုတင်လုပ်ထားတဲ့အချိန်။Learning လုပ်တဲ့အချိန်။ ၃။ တတိယက ရေလည်ဝုန်းတဲ့အချိန်။ပြင်ဆင်မှုနဲ့ အခွင့်အရေးတွေ့တဲ့အချိန်All-in အားတိုက်အင်တိုက်လုပ်တဲ့အချိန်။ ဒီအချိန်မှာ နားပြီးအပျော်ခရီးသွားလိုက်အုံးမယ်မစဉ်းစားလိုက်နဲ့။ အားကုန်ထည့်။ ၄။ နားတဲ့အချိန်။ အလုပ်တွေ ခဏလောက်ပါးသွားတဲ့အခါပုံမှန်လေးလုပ်လိုက် ခဏလောက်နားလိုက်recharge လုပ်တဲ့အချိန်။ အခုချိန်က လမ်းရှာတဲ့အချိန်research လုပ်ပြီး ဘာတွေ ဆက်လုပ်ရမလဲရှာဖွေရတဲ့အချိန်လို့ထင်ပါတယ်။ ကျန်တဲ့သုံးခုက တွဲလို့ရတယ်။ All-in အချိန်မှာ All-in အသားကုန်အားထည့်ဖို့လိုတယ်။ အဲ့အချိန်အတွက် “လုပ်ရင်းပြင်ဆင်” နေဖို့လိုနိုင်တယ်။ Phyo Paing @ Derek

အလုပ်ကို လေးပိုင်းခွဲကြည့်တယ်။ Read More »

အလုပ်ကို အထိရောက်ဆုံး
လုပ်နိုင်တာ စမတ်ဖြစ်တာ။

မလုပ်သင့်တာကို အစကတည်းကမလုပ်တာပညာရှိတာ။အလုပ်ကို အထိရောက်ဆုံးလုပ်နိုင်တာ စမတ်ဖြစ်တာ။အလုပ်ကို အားကုန်ထည့်လုပ်တာအလုပ်ကြိုးစားတာ။Work Hard, Work Smart နဲ့ Work Wisely ကြိုးစား၊ ထိရောက်၊ ပညာရှိ။ဒီလိုလာကြတယ်။ Phyo Paing @ Derek

အလုပ်ကို အထိရောက်ဆုံး
လုပ်နိုင်တာ စမတ်ဖြစ်တာ။
Read More »

အကျင့်ဖြစ်အောင်လုပ်။

မော်တီဗေးရှင်း ပေးစရာမလိုအောင်လုပ်။အလုပ်တွေ လုပ်ဖို့မော်တီဗေးရှင်းမလိုအောင်အကျင့်ဖြစ်အောင်လုပ်။အကျင့်ဖြစ်ရင် မော်တီမလိုတော့ဘူး။ Phyo Paing @ Derek

အကျင့်ဖြစ်အောင်လုပ်။ Read More »

အလုပ်နဲ့ ဘဝမှာ လူရွေးမမှားဖို့
ဆုံးဖြတ်ချက် မမြန်ဖို့လိုတတ်တယ်။

ကိုယ်နဲ့ထဲထဲဝင်ဝင်ပေါင်းတဲ့လူတွေရဲ့ အကျင့်အကူးမြန်တယ်။ ဦးနှောက်မှာ မှန်နဲ့တူနဲ့ဆဲလ်mirror neuron ရှိတယ်။ ဒါကြောင့် အမူအကျင့်တွေအတူနေတာ ကြာရင် ကူးတယ်။ ကိုယ်က လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီးအပျင်းထူပြနေပြီးကိုယ့်ဝန်ထမ်းတွေ တက်ကြွစေချင်လို့မရဘူး။ အပေါင်းအသင်း ယောင်းရင်းကို ဂရုစိုက်ရသလို၊ လုပ်ငန်းတွင်းယဥ်ကျေးမှုculture တည်ဆောက်တဲ့အခါလဲလူသေချာရွေးဖို့လိုတယ်။ အလုပ်နဲ့ ဘဝမှာ လူရွေးမမှားဖို့ဆုံးဖြတ်ချက် မမြန်ဖို့လိုတတ်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

အလုပ်နဲ့ ဘဝမှာ လူရွေးမမှားဖို့
ဆုံးဖြတ်ချက် မမြန်ဖို့လိုတတ်တယ်။
Read More »

တစ်သားတည်း

ဘာအလုပ်တွေ လုပ်နေရင်ဘဝက အသက်ဝင်နေလဲ။ဘဝမှာ မသေခင်ဖြစ်ချင်တဲ့ပါဆန်နယ် ဆန္ဒတစ်ခုကဘာဖြစ်မလဲ။နေ့စဥ် လုပ်နေတဲ့အလုပ်နဲ့အသက်ဝင်စေတဲ့အလုပ်နဲ့ဖြစ်ချင်တဲ့ ဆန္ဒနဲ့“တစ်သားတည်း” ကျရဲလား။ Phyo Paing @ Derek

တစ်သားတည်း Read More »

လုပ်ရင်းစောင့်

လုပ်ရင်းစောင့် ဒီနေ့လုပ်နေတဲ့အလုပ်တွေကဒီနေ့အတွက်မဟုတ်ဘူး။ ဒီနေ့လုပ်နေတဲ့အလုပ်တွေက အနာဂတ်အတွက်။အနာဂတ်အတွက် ထိုင်စောင့်နေတာအကောင်းဆုံးနည်းလမ်းမဟုတ်ဘူး။အလုပ်တွေ လုပ်၊ကြိုတင်ပြင်ဆင်ရင်း၊ဒီနေ့ရဲ့ အနှစ်သာရကိုလဲ ခံစား၊အလုပ်တွေလုပ်ရင်း ကိုယ်ရဲ့ အနာဂတ်အမြင်ထဲကဘဝကိုတည်ဆောက်။လုပ်ရင်းစောင့်။ Phyo Paing @ Derek

လုပ်ရင်းစောင့် Read More »