November 2021

ဘ၀မှာ လိုချင်တာ၊ ဖြစ်ချင်တာတွေ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်ဖြစ်လာဖို့ “စနစ်” လိုတယ်။

ကိုယ် စာတကယ်ဖတ်တတ်ရဲ့လား။ လူအများစုက စာဖတ်ကြပေမယ့်စာဖတ်တဲ့ နည်းစနစ်မမှန်ကြဘူး။ ဒါကြောင့် စာတစ်အုပ်ပြီးဖို့ တစ်ပတ်၊ ဆယ်ရက်ကြာတတ်သလို တချို့ဆို ဒီထက်ပိုကြာနိုင်တာတွေ့ရတယ်။ စာအုပ်အမျိုးအစားအများကြီးရှိပြီးဒီမှာတော့ non-fiction တွေအပိုင်းကို အဓိကထားပြောမယ်ဆိုရင် ငယ်ငယ်ကကျောင်းမှာ စာဖတ်နည်းသေချာ မသင်ပေးလိုက်ဘူး။ Elon Musk ငယ်ငယ်က တစ်ရက်ကိုစာနှစ်အုပ်လောက်ဖတ်တတ်တဲ့။ စလုံးထိပ်တန်းတက္ကသိုလ်တစ်ခုမှာကလေးတွေ note-taking လုပ်တဲ့ပုံသူတို့ကို train ထားတဲ့ပုံကြည့်လိုက်ပြီးငါတို့ နောက်နှစ်သုံးဆယ်လဲ မီမှာမဟုတ်ဘူး သိလိုက်တယ်။ စာတစ်အုပ်ဖတ်ရင်တော့ အခြေခံcomprehension လိုတာပေါ့။တရုတ်စာမတတ်ပဲ တရုတ်လို speed-reading ဘယ်လုပ်လို့ရမလဲ။ ဒီ comprehension နားလည်မှုအဆင့်အတွက်စကားလုံးတွေကိုနားလည်ဖို့လိုလာတယ်။ English လိုဖတ်ပြီဆိုရင် နားမလည်တဲ့စကားလုံးတွေကို လိုက်ရှာနေမည့်အစားအသုံးများတဲ့ စကားလုံးနဲ့ phrase သုံးလေးထောင်လောက်ကို တခါတည်းမှတ်လိုက်လို့ရတယ်။စကားလုံးနည်းနည်းမြင့်တာလေးသုံးချင်ရင်Princeton Review Word Smart တို့လို သုံးလို့ရတယ်။ နောက် စကားလုံးမှတ်နည်းကို memory […]

ဘ၀မှာ လိုချင်တာ၊ ဖြစ်ချင်တာတွေ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်ဖြစ်လာဖို့ “စနစ်” လိုတယ်။ Read More »

အရေးကြီးတဲ့ C လေးလုံး

လူတွေ လုပ်မယ်လို့ဆုံးဖြတ်ပြီးမရတာC လေးလုံးမှာ တစ်လုံးလိုအပ်နေလို့လို့ထင်တယ်။ ပထမကတော့ Commitment ပါ။ လုပ်မယ်ဆို မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ဘုရင့်နောင် ဖောင်ဖျက်တဲ့စိတ်လိုတယ်။You have to burn the bridges ပါ။ ဒုတိယကတော့ Consistency ပါ။ ရေပေါ်ဆီမဖြစ်ဖို့လိုတယ်။ တစ်ခုခုလုပ်မယ်ဆို ပုံမှန်လုပ်သွားဖို့လိုတယ်။ကျောက်တုန်းကြီးတွေခွဲသလိုပဲ တစ်ခါတည်းနဲ့မရဘူး။ဖြေးဖြေးချင်း စိတ်ရှည်ရှည်နဲ့ခွဲရတယ်။ တတိယ C ကတော့ Continuous improvement ပါ။နေ့တိုင်းပြန်မေးကြည့်ပါ။ ကိုယ်ဒီနေ့လုပ်နေတာကို ဘယ်လိုပုံစံပိုလွယ်၊ ပိုကောင်း၊ ပိုမြန်၊ ပိုထိရောက်အောင်လုပ်မလဲဆိုတဲ့ မေးခွန်းမေးပြီးလုပ်နေကျပုံစံတွေကို upgrade လုပ်ဖို့လိုတယ်။ နောက်ဆုံး C ကတော့ Communication ပါ။ကိုယ့်ကိုကိုယ် ဘယ်လိုဆက်သွယ်ရမလဲသိရမယ်။ကိုယ့်စကားကိုယ် နားထောင်အောင် ဘယ်လိုပုံစံ ဆက်သွယ်ရမလဲသိရမယ်။ Phyo Paing @ Derek

အရေးကြီးတဲ့ C လေးလုံး Read More »

ဘ၀ဆိုတာ

ဒီနေ့ နေဝင်ပြီး မနက်ဖြန်နေပြန်ထွက်မှာပါ။ ဘဝဆိုတာ ဘယ်သူက စိတ်မှတ်ပိုရှိလဲ။ စိတ်ဓာတ်စွမ်းအား၊ဦးနှောက်၊ ကြိုးစားမှုပိုအားသာလဲစမ်းသပ်တဲ့ပွဲပဲ။ဒူပေဒဏ်ပေ ဘယ်လောက်ခံလဲစမ်းသပ်ပွဲပဲ။ Phyo Paing @ Derek

ဘ၀ဆိုတာ Read More »

နေ့လည်အကြာကြီး အိပ်လိုက်ရင် အိပ်ချင်မူးတူးဖြစ်နေပြီး Productivity အပေါ် သက်ရောက်မှာရှိတယ်။

ဦးနှောက်အဓိက အသုံးပြုအလုပ်လုပ်ရတဲ့အခါဦးနှောက်ပင်ပန်းနွယ်နယ်မှု အဆင့်တစ်ခုကိုအမြဲ ဖြတ်သန်းရတယ်။ အဲ့ဒီအချိန်မှာ ဦးနှောက်လှိုင်းကTheta brain wave အခြေအနေမှာရှိတယ်။ ဒါကို recharge လုပ်တဲ့နည်းက ၁၅ မိနစ်အိပ်တာပဲ။အဲ့ဒီအချိန်မှာ သတိထားရတာ မိနစ် ၃၀ ထက်မကျော်ဖို့ပဲ။ မဟုတ်ရင် တိုင်ပတ်ပြီ။ ဘာကြောင့်လဲဆိုတော့ တခါတလေ နေ့လည်မှာ အရမ်းအိမ်ပျော်သွားပြီး အလုပ်အတွက် မထချင်တာမျိုးကြုံဖူးလိမ့်မယ်။ ဒါဘာကြောင့်လဲဆိုတော့ sleep cycle ထဲရောက်သွားလို့။အိပ်ဆက်ပြီဆိုရင် Sleep Cycle တစ်ပတ်ပြည့်ဖို့မိနစ်ကိုးဆယ်ကြာတယ်။ အဆင့်ငါးဆင့်ကို ဖြတ်သန်းရတယ်။အဲ့ဒီ sleep cycle ထဲရောက်သွားရင် မိနစ်ကိုးဆယ်ပြည့်တဲ့အထိ လူကနှုံးနေတတ်တယ်။ဒါကြောင့် နေ့လည်ခဏအိပ်တာ ၁၅-၂၀ မိနစ်ကတော့အကောင်းဆုံးပါပဲ။ ခဏနဲ့ အိပ်မပျော်ရင်နောက်တစ်နည်းကတော့ ဦးနှောက်လှိုင်း Gamma wave ကိုပြောင်းဖို့ တရားထိုင်တာပဲ။ ပုံမှန် ဝိပ္ပဿနာနည်းထက် Headspace နဲ့ Balance

နေ့လည်အကြာကြီး အိပ်လိုက်ရင် အိပ်ချင်မူးတူးဖြစ်နေပြီး Productivity အပေါ် သက်ရောက်မှာရှိတယ်။ Read More »

မနက်ထထချင်း coffee မသောက်ပါနဲ့။

မနက်ပိုင်း coffee သောက်တဲ့အခါ exercise performance ကိုတိုးတက်စေပေမယ့်overall daily performance ကျသွားတာသတိထားမိတာနဲ့ စာလိုက်ဖတ်ကြည့်တော့အဖြေကိုသွားတွေ့တယ်။Circadian rhythm အရ မနက်ထထချင်းမှာ cortisol level မြင့်တယ်။ cortisol ဆိုတာ stress hormone ဖြစ်တယ်။ လူကိုနိုးကြားစေတယ်။အဲ့အချိန် coffee သောက်တဲ့အခါ သူ့ရဲ့အကောင်းဆုံး effect ကိုမရဘူး။ အကောင်းဆုံးအချိန်က cortisol level ကျတဲ့နေ့လည်ဖြစ်တယ်။ နောက်တစ်ခုက Nappuccino ဆိုတဲ့ နည်းစနစ်ဖြစ်တယ်။နေ့လည် ဦးနှောက်ပင်ပန်းတဲ့အခါ ၁၅ မိနစ်လောက်alarm ပေးပြီး ခဏအိပ်လိုက်။ မအိပ်ခင် coffee သောက်လိုက်။ coffee effect သွေးထဲရောက်ဖို့ မိနစ်နှစ်ဆယ်ခန့်ကြာတဲ့အခါ နိုးလာတဲ့အခါ ကွက်တိပဲ။Daniel H. Pink ကတော့ သုတေသနလုပ်ပြီးဒီနည်းစနစ်ကို popularize လုပ်တယ်။

မနက်ထထချင်း coffee မသောက်ပါနဲ့။ Read More »

ကိုယ်လိုချင်တာ ကိုယ်ရတာမဟုတ်ဘူး။
ကိုယ်နဲ့ထိုက်တန်တာကိုပဲ ရတာဖြစ်တယ်။

ဒါကြောင့် You don’t get what you want.You get what you deserve ဆိုတာမှန်တယ်။ကိုယ်လိုချင်တာပဲ စွဲလမ်းတမ်းတနေရုံနဲ့မရဘူး။ကိုယ်လိုချင်တဲ့အရာ ကိုယ့်ဆီလာအောင်လေ့လာပြင်ဆင်မှု၊ လေ့ကျင့်မှု၊ စည်းကမ်း၊ ဇွဲရှိမှ ကိုယ်လိုချင်တာနဲ့ ထိုက်တန်တဲ့ ကိုယ်ဖြစ်လာမှာ။ Phyo Paing @ Derek

ကိုယ်လိုချင်တာ ကိုယ်ရတာမဟုတ်ဘူး။
ကိုယ်နဲ့ထိုက်တန်တာကိုပဲ ရတာဖြစ်တယ်။
Read More »

ကိုယ်မပါပဲ လည်ပတ်တဲ့ လုပ်ငန်းတည်ဆောင်တဲ့အခါ
မတူမှု လေးခုနဲ့ လုပ်ဆောင်လို့ရပါတယ်။

ဒီစကားက အမြဲကြားဖူးနေကျဖြစ်နိုင်ပါတယ်။ ကိုယ်မပါပဲ လည်ပတ်တဲ့ လုပ်ငန်းတည်ဆောင်တဲ့အခါမတူမှု လေးခုနဲ့ လုပ်ဆောင်လို့ရပါတယ်။ ၁။ မတူညီတဲ့အလုပ်လုပ်တဲ့ ပုံစံ ဒါကိုတော့ အလုပ်ခွင်ယဉ်ကျေးမှု Culture လို့ခေါ်ပါတယ်။ ကိုယ့်လုပ်ငန်းမှာ ခန့်ထားတဲ့ ဝန်ထမ်းတွေ၊ ကျွမ်းကျင်မှုတွေ၊တန်ဖိုးထားမှုတွေ၊ ယုံကြည်မှု၊ အလုပ်လုပ်ဆောင်မှုပုံစံတွေပါဝင်ပါတယ်။ ဒါကတော့ အရေးအကြီးဆုံးအချက်တစ်ချက်ပါ။ ၂။ မတူညီတဲ့ခေါင်းဆောင် ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းဆိုတာ ပင်လယ်ထဲက လှေတစ်စီး ကမ်းခြေသွားနေသလိုပါပဲ။ ကိုယ်တိုင် operation ထဲပါဝင်ပြီး လှေကြီးလှော်နေလို့မရပါဘူး။ သွားရမည့်ပန်းတိုင်ကို ဝန်ထမ်းတွေကို ချပြဖို့လိုပါတယ်။ ဒါကို Vision လို့ခေါ်ပါတယ်။ သွားမည့်လမ်းကြောင်းကို ချပြဖို့လိုပါတယ်။ ဒါကို strategy လို့ခေါ်ပါတယ်။ လုပ်ငန်းရှင်အများစုဟာ ဒါကို ချပြဖို့ကြောက်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းအတွက် လုပ်ငန်းရှင်ကိုယ်တိုင် အရည်အချင်းရှိဖို့လိုပါတယ်။ ၃။ မတူညီတဲ့ စီးပွါးရေးပုံစံ

ကိုယ်မပါပဲ လည်ပတ်တဲ့ လုပ်ငန်းတည်ဆောင်တဲ့အခါ
မတူမှု လေးခုနဲ့ လုပ်ဆောင်လို့ရပါတယ်။
Read More »

နေ့စဉ် ဘ၀နေထိုင်မှုအတွက် စနစ်ထားပါ။

စဥ်းစားကြည့်ပါ။ နေ့စဥ် ထပ်ခါထပ်ခါလုပ်နေရတဲ့အလုပ်တွေ ရှိတယ်။ဥပမာ မနက်ထလာရင် သွားတိုက်၊ဝေယာဝိစ္စလုပ်တာတွေ၊ အစားအသောက်စားဖို့၊အပြင်သွားဖို့၊ စာဖတ်ဖို့၊ အလုပ်လုပ်ဖို့။ဒီလို ထပ်ခါထပ်ခါ လုပ်တဲ့အလုပ်တွေကို optimize မလုပ်ရင် လိုတာထက်အချိန်ကြာတတ်ပါတယ်။ ဥပမာ ကားသော့ထားတာ စနစ်မကျရင်အပြင်ထွက်တဲ့ အချိန်တိုင်းပြန်ရှာနေရမယ်။ တဘက်ထားတာ နေရာမကျရင် ရေချိုးတိုင်းပြန်ရှာနေရမယ်။စာဖတ်တာ စနစ်မရှိရင် ဖတ်တာကြာပြီးမေ့မေ့သွားမယ်။အလုပ်ပြီးတာမြန်ဖို့ productivity system လိုတယ်။ Content ဖန်တီးတဲ့အခါ စနစ်မရှိရင်များများကို မြန်မြန်ဖန်တီးနိုင်မှာမဟုတ်ဘူး။ Marketing လုပ်တဲ့အခါ စနစ်မရှိရင်ရနေကျရလဒ်ကို ထပ်ခါထပ်ခါပြန်ရဖို့ထင်သလောက် မလွယ်ဘူး။ စီးပွားရေးမှာ စနစ်မရှိရင် လုပ်ငန်းတစ်ခုကနေ နောက်တစ်ခုစတဲ့အခါလိုအပ်တာထက် အချိန်အရမ်းကြာမယ်။ Coach လုပ်တဲ့အခါ စနစ်မရှိရင်ပြန်ရှာရတာ ကြာမယ်။Coachee နဲ့ thinking partner အနေနဲ့သွားတဲ့အခါinformation ပြန်ရှာတာ နှေးတဲ့အတွက်ခရီတွင်သင့်သလောက် မတွင်နိုင်ဘူး။ အရင်တုန်းက လူတွေနဲ့စကားပြောရင် ပင်ပန်းတတ်လွန်းတဲ့အတွက် ပေါင်းသင်းဆက်ဆံရေးအခြေခံတွေလေ့လာပြီးcommunication

နေ့စဉ် ဘ၀နေထိုင်မှုအတွက် စနစ်ထားပါ။ Read More »

နည်းစနစ်မှန်ရင် အရာရာအရမ်းလွယ်ပါတယ်။

ဘာလို့ Body Transformation လုပ်လဲ မေးကြတယ်။ အဓိကကတော့ ToeTet – တိုးတက်Tagline ကို “လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ” လို့ ပြောင်းထားတယ်။ကိုယ်ပေးထားတဲ့ ကတိကိုယ်တည်အောင်တကယ်လုပ်ခဲ့တယ်။ နည်းစနစ်မှန်ရင် အရာရာအရမ်းလွယ်ပါတယ်။အများစုက စနစ်ကိုမလေ့လာပဲရမ်းသမ်းလုပ်နေလို့သာ လိုရာခရီးရောက်ဖို့ကြာနေတာလို့ မြင်တယ်။ Phyo Paing @ Derek

နည်းစနစ်မှန်ရင် အရာရာအရမ်းလွယ်ပါတယ်။ Read More »

ဘဝအဓိပ္ပာယ်ရှိနေချင်ရင် Limbic Brain စွမ်းအားကို အသုံးချကြည့်ပါ။

လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က Viktor Franklr ရဲ့ Man’s Search for Meaningစာအုပ်ဖတ်ရင်း အဓိပ္ပာယ်တစ်ခုကို သဘောအရမ်းမပေါက်ခဲ့ဘူး။ Viktor Franklr ဆိုတာ နာဇီ concentration camp မှာငြင်းပန်းနှိပ်ဆက်ခံရတဲ့ထဲပါတဲ့ စိတ်ပညာရှင်တစ်ယောက်ဖြစ်တယ်။ ဒီလို အချိန်မျိုးမှာ စိတ်ဓာတ်ကျအားငယ်သေဆုံးသွားသူတွေနဲ့ ကြံ့ကြံ့ခံ ကျန်ခဲ့သူတွေကို လိုက်လေ့လာတော့ ကွာခြားချက်က “Why” ဖြစ်တယ်။ စောစောသေသွားသူတွေမှာ “Hope” ရှိပြီးဖြစ်မလာတော့ စိတ်ဓာတ်ကျပြီးလက်လျော့သွားကြတယ်။ ကြံ့ကြံ့ခံတဲ့သူတွေမှာ ငါဒီမှာသေလို့မဖြစ်သေးဘူးငါ့လူမျိုးတွေအတွက် အသက်ဆက်ရှင်ရမယ်။ငါ့သမီးလေး၊ ငါ့မိဘအတွက်အသက်ရှင်နေမှရမယ်။အစရှိတဲ့ Why ရှိကြတယ်။ နောက်ပိုင်းဆေးပညာမှာ သိလာတာပုံမှန် ဦးနှောက်မှာ Why ကို နှိုးဆွပေးတာ Limbic Brain ဖြစ်တယ်။ ဒီ Brain အစိတ်အပိုင်းက တော်တော်အရေးကြီးတယ်။လူအများစုဟာ ဒီ brain ရဲ့

ဘဝအဓိပ္ပာယ်ရှိနေချင်ရင် Limbic Brain စွမ်းအားကို အသုံးချကြည့်ပါ။ Read More »