ခံစားချက်က အချိန်နဲ့အမျှပြောင်းတတ်တယ်။
ခံစားချက် ဦးစားပေးအစားခံယူချက်ကို ဦးစားပေးအသက်ရှင်တာ ခရီးပိုရောက်တယ်။ခံစားချက်က အချိန်နဲ့အမျှပြောင်းတတ်တယ်။ Phyo Paing @ Derek
ခံစားချက် ဦးစားပေးအစားခံယူချက်ကို ဦးစားပေးအသက်ရှင်တာ ခရီးပိုရောက်တယ်။ခံစားချက်က အချိန်နဲ့အမျှပြောင်းတတ်တယ်။ Phyo Paing @ Derek
“ကိုယ်ချစ်တဲ့အလုပ်ကိုလုပ်ပါ ဒါမှ မဟုတ်လုပ်တဲ့ အလုပ်ကိုချစ်ပါ။”ဒါဆေးကျောင်းသားဘဝက နံရံမှာ အကြီးကြီးရေးထားတဲ့စာဖြစ်တယ်။ တရုတ်နဲ့ အမေရိကား ယဥ်ကျေးမှုကကွာတယ်။အနောက်တိုင်းမှာက Do what you loveတရုတ်မှာက Love what you do ဖြစ်တယ်။ American Values ပေါ်မူတည်ပြီး လူတွေအတွက် နိုင်ငံရှိနေတယ်။ တရုတ်ပြည်မမှာက လူတွေက နိုင်ငံအတွက် တည်ရှိနေတယ်။ ဒီ တန်ဖိုးထားမှု lens ကွာတယ်။ ကိုယ်ချစ်တဲ့အလုပ်ကို လုပ်ဖို့ 2017 ကစလို့ စင်ပေါ်မှာ ဟောပြောချင်တဲ့အတွက်speaker တွေ အစီအရီထွက်လာခဲ့တယ်။ သူတို့ရဲ့ passion နောက်ကိုလိုက်ဖို့ တချို့ဆို သိန်းရာနဲ့ချီရင်းပြီးfollow your passion လုပ်ကြတယ်။တချို့တွေ အောင်မြင်တယ် တချို့တွေ ထင်သလောက် ခရီးမရောက်ခဲ့ကြဘူး။ ဘာကြောင့်လဲ? ဒါကတော့ ကိုယ့်ရဲ့ Skill
မွေးဖွားခြင်းရဲ့ လမ်းဆုံးက သေဆုံးခြင်းဆိုရှင်သန်ခြင်းရဲ့ လမ်းစဉ်က တိုးတက်ခြင်း၊နောက်တစ်ဆင့်က ပေးဆပ်ခြင်းဖြစ်မယ်။ ဒါကိုတော့ ကိုယ့်ကိုကိုယ် G နှစ်လုံးဖြစ်တဲ့Growing နဲ့ Giving ဆိုပြီး မှတ်ထားတယ်။ အရွက်မရှိ အကိုင်းအခက်အိုနာကျိုးကန်းသစ်ပင်ကအရိပ်ကောင်းကောင်း မပေးနိုင်တာအားလုံးအသိပဲ မဟုတ်လား။ ရှင်သန်ခြင်းလမ်းခရီးမှာ t တလွဲတွေ၊မထင်ထားတာတွေ၊ ကြေကွဲစရာတွေမလွဲမသွေ ကြုံရမှာပဲ။ ဒီလောကဓံရှစ်ပါးကို ခပ်တည်တည်ရှုပြီးကျော်ဖြတ်ရမှာပဲ။ ဘဝမှာ Growing နဲ့ Giving လိုတယ်။ မဟုတ်ရင် ဘူပြီးရင် ဘူနေမှာ။ Phyo Paing @ Derek
Marketing ရဲ့ cheat sheet အနေနဲ့စလေးလုံးရှိတယ်။ ၁။ စားသုံးသူ (End-users or consumers) ၂။ စဉ်းစားပုံ (Psychographics) ၃။ စေ တနာ (generosity) ၄။ စနစ် (System) ဒါကတော့ marketing မှာ မဖြစ်မနေစဉ်းစားရမယ့်စလေးလုံးပဲ။ Phyo Paing @ Derek
လုပ်ရမလုပ်ရ ဆုံးဖြတ်ခက်နေရင်“ကိုယ်မစဉ်းစားပဲ မနေနိုင်ရင်”လုပ်ကြည့်သင့်တယ်ဆိုတဲ့ rule ကိုအသုံးချလိုက်တယ်။ဒီနေ့ခေတ်က Speed Blitz လိုတယ်။ဆုံးဖြတ်ချက်တွေ မြန်ဖို့လိုတယ်။ Phyo Paing @ Derek#drphyopaing#phyopaing
ပြိုင်ဖက်တွေကို ချန်ခဲ့ချင်ရင်တတိယတစ်ခုကို ကြိတ်ကြံဖို့လိုတယ်။ ၁။ Key activities ကိုယ့်လုပ်ငန်းအတွက် မရှိမဖြစ်အသက်တမျှ အရေးကြီးတဲ့ activities ၂။ Supporting activitiesကိုယ့်ရဲ့ အဓိကလုပ်ဆောင်ချက်တွေကိုအထောက်အပံံ့ပေးမယ့် လုပ်ဆောင်ချက်တွေ ၃။ Strategic activitiesတတိယတစ်ခုက မေ့နေတတ်ကြတဲ့အရာတစ်ခု။ဒါကတော့ မဟာဗျူဟာမြောက် activities ဖြစ်တယ်။ ဥပမာ company တစ်ခုမှာ ရာထူးအပြိုင်တက်ဖို့ကြိုးစားနေတဲ့ ဝန်ထမ်းနှစ်ယောက်ရှိတယ်ဆိုပါတော့၊ပုံမှန်အလုပ်လုပ်နေတာက ပထမနှစ်ခု။ အနာဂတ်အတွက် ကြိတ်ကြံ ကြိုတင်ပြင်ဆင်တာက Strategic activities.ဒီတတိယတစ်ခုကို ဘယ်လို execute လုပ်လဲပေါ်မူတည်ပြီးရလဒ်တွေကွာသွားတယ်။ လုပ်ငန်းတစ်ခုမှာလဲ အဲ့အတိုင်းပဲ။ Operational effectiveness ကိုပဲပြိုင်နေလို့မရဘူး။ Strategic choice တွေ မှန်ကန်ဖို့လိုတယ်။ Tesla ကိုကြည့်ရင် Electric car company လို့ထင်လိမ့်မယ်။အနောက်မှာ Robotaxi network ရှိသလို၊ Boring
အခု ကောင်းကင်မှာ အခုမြင်နေရတဲ့ ကြယ်အလင်းဟာလွန်ခဲ့တဲ့ လေး၊ ငါးနှစ်ကျော်က အလင်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နဲ့ အနီးဆုံး ကြယ်ဖြစ်တဲ့Alpha Centauri ကနေ ကမ္ဘာမြေရောက်ဖို့လေးနှစ်သုံးလကြာတယ်။တခါတလေ ကိုယ့်ရဲ့အနာဂတ်အတွက်အလင်းရောင်ထွန်းလင်းဖို့ အချိန်တစ်ခုပေးရတယ်။စိတ်ရှည်သည်းခံနိုင်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek
ကိုယ့်ရဲ့ မပြီးသေးတဲ့ ပန်းချီကားနဲ့ သူများရဲ့ ပြတိုက်ထဲက ပန်းချီကားသွားမနှိုင်းယှဉ်နဲ့။ ကိုယ့်ရဲ့ ပန်းချီကားက အဲ့ထက်အများကြီးသာသွားနိုင်တယ်။ အထူးသဖြင့် ဒီနေ့လို NFT ခေတ်မှာပေါ့။ Phyo Paing @ Derek
ဘယ်မှာရောက်နေသလဲဆိုတာထက်
ဘယ်ကိုသွားနေသလဲ ပိုအဓိကကျတယ်။ Read More »
သိသိမသိသိ ကျွန်တော်တို့အားလုံးကမနက်ဖြန်တွေအတွက် အလုပ်လုပ်နေကြတာကြီးပဲ။ မနက်ဖြန်မှာ ဘယ်သူက ဘယ်နေရာရောက်နေမလဲ မသိနိုင်ဘူး။PIP – People In Power ဖြစ်နေနိုင်သလိုPIN – People In Need လဲဖြစ်နေနိုင်တယ်။ကိုယ့်နဲ့တွေ့ခဲ့တဲ့ လူတိုင်းကိုအကောင်းဆုံး ဆက်ဆံဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ့်နဲ့တွေ့ခဲ့တဲ့ လူတိုင်းကို
အကောင်းဆုံး ဆက်ဆံဖို့လိုတယ်။ Read More »
ပညာသင်ဘွဲ့ရပြီးအမြင်မပြောင်းရင်အိမ်မှာ စာရွက်တစ်ရွက်ပဲပိုလာမှာ။ Level တစ်ခုတကယ်ရောက်သွားရင် သင်ဘာရှိလဲဆိုတာထက်ဘာလုပ်ပေးနိုင်လဲဆိုတာပဲလုပ်ငန်းရှင်တွေက စဉ်းစားတယ်။ Phyo Paing @ Derek
ပညာသင်တယ်ဆိုတာ
သာမာန်မျက်စိနဲ့ မမြင်တာကို
ပညာမျက်စိနဲ့မြင်ဖို့။ Read More »