Systems Thinking
ပြဿနာတစ်ခုဖြစ်လာရင်အထင်အမြင်နဲ့အလွယ်တကူဆုံးဖြတ်ချက်ချလိုက်ကြတယ်။Perception-based decision-making လို့ခေါ်တယ်။ ဒီနေ့လိုခေတ်မှာ internet မှာတွေ့လိုက်တဲ့ပုံMedia ကဖော်ပြချက်တွေပေါ်မူတည်ပြီးခံစားချက်တွေဖြစ်ပေါ်လာပြီးအထင်အမြင်ပေါ်မူတည်ဆုံးဖြတ်ချက်ချကြတယ်။ နောက်တစ်နည်းကတော့ အချက်အလက်ပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချကြတယ်။Cause & Effect Model လို့ခေါ်တယ်။ဒါကြောင့် ဒါဖြစ်တယ်ဆိုတဲ့ model ပေါ့။ဥပမာ အလုပ်မကြိုးစားလို့ ဆင်းရဲတယ်။ဒီ model ရဲ့ flaw ကတရားသေမမှန်တာပဲဖြစ်တယ်။အလုပ်မကြိုးစားလို့ ဆင်းရဲတာဖြစ်နိုင်ပေမယ့်အလုပ်ကြိုးစားပြီးလဲ ဆင်းရဲနေတာဖြစ်နိုင်တယ်။သူ့ကိုလွမ်းမိုးနေတဲ့ Cultural, Geopolitical factorsတွေအများကြီးရှိနေနိုင်သေးတယ်။ နောက်စဥ်းစားနည်းတစ်ခုကတော့Systems Thinking လို့ခေါ်ပါတယ်။ဒါကိုတော့ ဆေးပညာလေ့လာတဲ့အခါမသိမသာ သတိထားလေ့လာမိခဲ့တယ်။ကျန်းမာရေးမကောင်းရင်ရောဂါလက္ခဏာပြတယ်။ပြတဲ့ ရောဂါလက္ခဏာရဲ့ အရင်းအမြစ်ကိုသိဖို့ခန္ဓာကိုယ်မှာရှိတဲ့ System တွေကိုလိုက်စစ်ကြည့် စမ်းသပ်ရတယ်။အဲ့ကမှ အဖြေပေါ်လာတယ်။Systems Thinking နဲ့ Root-cause Analysisကိုလုပ်တယ်။ အလားတူပဲ ကျွန်တော်တို့ဘဝဆိုတာSystem တွေစုစည်းထားတာဖြစ်တယ်။ကျန်းမာရေး၊ ငွေရေးကြေးရေး၊ အလုပ်အကိုင်၊အချစ်ရေး၊ မိသားစုအရေး၊ စီးပွားရေး၊စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အစရှိတဲ့စနစ်တွေ ပါဝင်တယ်။စနစ်တစ်ခုမှာ ချို့တဲ့ရင် တခြားစနစ်တွေပေါ်မှာပါသက်ရောက်မှုရှိနိုင်တယ်။ ဥပမာ […]