December 2022

အလုပ်သင်ဆရာဝန်ဖြစ်တဲ့ 2011 ကနေ
ဒီနေ့ထိ နှစ်အလိုက်ပေးခဲ့တဲ့ သင်ခန်းစာ

2011 – ကိုယ်မုန်းတဲ့အလုပ်တွေလုပ်ပြီးကိုယ့်ကိုကိုယ် မညင်းဆဲနဲ့တော့။ 2012 – လိုချင်တာမရရင် ပိုကောင်းတာရလိမ့်မယ်။2013 – လူတစ်ယောက် အပြောင်းအလဲဖြစ်ဖို့ လပိုင်းပဲလိုတယ်။ 2014 – ငယ်တုန်းရွယ်တုန်း ဘဝမှာ အရမ်းအဆင်ပြေပြီး စိန်ခေါ်မှုမရှိရင်တစ်ခုခုမှားနေပြီ။ 2015 – လူတွေနောက်မလိုက်နဲ့၊ အိမ်မက်တွေနောက်လိုက်ပါ။2016 – ပထမဆုံးအောင်မြင်မှုရဖို့ အခက်ဆုံးပဲ။လမ်းကြောင်းပေါ်ရောက်ရင် အရှိန်ရသွားလိမ့်မယ်။2017 – လူတွေကို မျက်နှာဖုံးတွေကိုဖယ်ပြီးကြည့်တတ်ဖို့လိုတယ်။တစ်ဘဝစာဆုံးဖြတ်ချက်ကို ရက်ပိုင်းနဲ့မဆုံးဖြတ်နဲ့။2018 – ကိုယ်နဲ့ပေါင်းတဲ့အပေါင်းအသင်းတွေကကိုယ့်ဘဝကို အဆုံးအဖြတ်ပေးတယ်။2019 – ပြင်လို့မရတဲ့အရာတွေကို လွတ်ချခဲ့တော့။ နည်းပညာနဲ့ ချဲ့လို့လွယ်တဲ့ လုပ်ငန်းတွေလုပ်။2020 – ကိုယ်စိတ်ကူးထားတဲ့ dream list တွေကိုမြန်မြန် အကောင်အထည်ဖော်၊ ဘယ်အချိန်သေမယ်မသိနိုင်ဘူး။အဆိုးဆုံးအခြေအနေမှာ အခွင့်အလမ်းရှာ။အဆိုးတွေရဲ့နောက်မှာ အခွင့်အလမ်းတွေရှိတယ်။2021 – သောက်တလွဲတွေကို ကြိုမျှော်လင့်ထား။ တစ်ခုခုကို အကောင်အထည်ဖော်ဖို့ အခြေခံအယူအဆတွေကို ပြန်ဆန်းစစ်။လိုချင်တာရဖို့ […]

အလုပ်သင်ဆရာဝန်ဖြစ်တဲ့ 2011 ကနေ
ဒီနေ့ထိ နှစ်အလိုက်ပေးခဲ့တဲ့ သင်ခန်းစာ
Read More Âť

(MIT = Most Important Tasks)

တစ်နှစ်အတွက် ရည်မှန်းချက်ပန်းတိုင်ချပြီးရင်နေ့စဉ် မဖြစ်မနေ ဖြစ်အောင်လုပ်မည့်5 MIT လိုတယ်။ ကိုယ့်ရဲ့တစ်ရက်တာကို အနိုင်မယူပဲတစ်ပတ်ကို အနိုင်ယူလို့မရဘူး။ တစ်ပတ်ကို အနိုင်မယူပဲတစ်လကို အနိုင်ယူလို့မရဘူး။ တစ်လကိုအနိုင်ယူမှတစ်နှစ်ကို အနိုင်ယူနိုင်မှာ။ ဘဝမှာရှိ Health > Skills > Wealth > Love > Happiness တစ်ခုချင်းလာတယ်။ဘာကအရေးအကြီးဆုံးလဲသိဖို့လိုတယ်။ Phyo Paing @ Derek

(MIT = Most Important Tasks) Read More Âť

ကိုယ့်ရဲ့ အကောင်းဆုံး version
တည်ဆောက်ပါ။

ပျော်ရင်လဲ လွတ်မပျော်နဲ့စိတ်ညစ်ရင်လဲ အရမ်းစိတ်မညစ်နဲ့။ ကိုယ်တိုင်လိုက်နာရမည့် စည်းကမ်းချထား။နေ့တိုင်း အကောင်အထည်ဖော်။ အဆိုးဆုံးအတွက် စိတ်ဓာတ်ရေးရာကြိုတင်ပြင်ဆင်ထား။ လောကမှာ ကိုယ်ထိန်းချုပ်နိုင်တာနဲ့မထိန်းချုပ်နိုင်တာကိုခွဲသိ။ထိန်းနိုင်တာကိုပဲ အာရုံစိုက်။ ကိုယ့်ခန္တာကိုယ်ရဲ့ စေ့ဆော်မှုကိုမကျော်လွန်နိုင်သမျှ ခန္ဓာရဲ့ ကျေးကျွန်ပဲဖြစ်နေမယ်။ တပါးသူတွေအပေါ်မျှော်လင့်ချက်အများကြီးမထားနဲ့။နောက်ဆုံးကိုယ်ပဲ နာကျင်ရလိမ့်မယ်။ ကိုယ့်ရဲ့ အကောင်းဆုံး version တည်ဆောက်ပါ။ Stoicism ကို ဘဝရဲ့Operating System အဖြစ်ကျင့်သုံးကြည့်ပါ။ Phyo Paing @ Derek

ကိုယ့်ရဲ့ အကောင်းဆုံး version
တည်ဆောက်ပါ။
Read More Âť

ဖြစ်နေကျပြဿနာ ထပ်ခါထပ်ခါ
ပြန်ဖြစ်တာ ကိုယ်သောက်သုံးမကျလို့ပဲ။

ဘဝမှာ ကိုယ်နဲ့ မကိုက်တဲ့ ရွေးချယ်မှုတွေအများကြီးလုပ်ခဲ့ဖူးသလိုနှစ်ပေါင်းမနည်းလဲ ပြဿနာတွေဖြေရှင်းခဲ့ဖူးတယ်။ အသက်အရွယ်တစ်ခုရောက်လာတော့ဘာတွေ ကိုယ်နဲ့ မကိုက်ဘူးလဲဘာတွေမလုပ်ရဘူးလဲ သေချာနားလည်လာတယ်။ ဖြစ်နေကျ ပြဿနာထပ်ဖြစ်နေတာကိုယ်သောက်သုံးမကျလို့ပဲ ခံယူတယ်။ Phyo Paing @ Derek

ဖြစ်နေကျပြဿနာ ထပ်ခါထပ်ခါ
ပြန်ဖြစ်တာ ကိုယ်သောက်သုံးမကျလို့ပဲ။
Read More Âť

ကျွန်တော့် ဘဝအတွက် ၃၂ ချက်
Covid-19 အတွင်းက ရေးခဲ့တာ

၁။ ကျေးဇူးတင်စိတ်နဲ့နေထိုင်ပါ။၂။ တစ်ရက်တာကို ဘယ်လိုဖြတ်သန်းမလဲ ကြို Plan ပါ။၃။ လူတော်တွေနဲ့ ဝန်းရံထားပါ။၄။ ကိုယ်မသိသေးတဲ့ မေးခွန်းတွေမေးပါ။ ၅။ ကိုယ့်ကိုရင်ခုန်စေတဲ့အလုပ်တွေကိုလုပ်ပါ။ ၆။ ငွေကြေးစီမံခန့်ခွဲပါ။ တစ်နှစ်စာ Plan ရှိပါ။ ၇။ ပြဿနာထက် အဖြေကိုအာရုံစိုက်ပါ။ ၈။ သိထားတာကို အမြန်ဆုံးပြန်အသုံးချပါ။ ၉။ အချိန်မဆွဲပါနဲ့။၁၀။ မနက်ဖြန်ကို စောင့်မနေပါနဲ့။ ဒီနေ့ကိုအကောင်းဆုံးအသုံးချပါ။ Covid-19 အပြီးကို မမျှော်ပါနဲ့။ Covid-19 အတွင်းရှင်သန်နိုင်အောင် ပြင်ဆင်ပါ။ ၁၁။ အနာဂတ်မှာဖြစ်နိုင်တဲ့ ပြဿနာတွေကိုကြိုတင်ဖြေရှင်းပါ။ ၁၂။ လူတွေကို ပြင်ပေးကြည့်ပါ။ ပြင်မရ၊ ပြောမရရင်၊ လျစ်လျူရှုလိုက်ပါ။ ၁၃။ နေ့တိုင်းတိုးတက်အောင်လုပ်ပါ။ ၁၄။ မဖြစ်နိုင်ဘူးဆိုတာထက် ဘယ်လိုဆိုရင်အလွယ်ကူဆုံးနဲ့ အကောင်ထည်ဖော်နိုင်မလဲစဉ်းစားကြည့်ပါ။ ၁၅။ တစ်ခုခုကို ပြီးပြည့်စုံမှ မစတင်ပါနဲ့။၁၆။ တစ်ရက်တာဖြတ်သန်းမှုပုံစံရှိထားပါ။

ကျွန်တော့် ဘဝအတွက် ၃၂ ချက်
Covid-19 အတွင်းက ရေးခဲ့တာ
Read More Âť

လူတွေက အတွေးအခေါ်အသစ်တွေနဲ့
ဘဝကို စိတ်ကြိုက် design လုပ်ကြတယ်

လူတွေကို ပျော်အောင်လုပ်ပေးပြီးပျော်အောင်လုပ်ပေးဖို့ မေ့နေတဲ့သူကကိုယ်တိုင်ဖြစ်နေတတ်တယ်။ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့စံနှုန်းတွေကို ဖြည့်ဆည်းရင်းဘဝရဲ့ အချိန်တစ်ခုကို ဖြတ်သန်းရတယ်။ ဘဝမှာ ဘယ်တော့မှ အသုံးမချတော့မည့်သင်ခန်းစာတွေအများကြီးလေ့လာပြီးဘဝအချိန်တစ်ခု ဖြစ်သန်းရတယ်။​ နောက် ပညာရေးဆုံးခန်းတိုင်ဖို့ဘွဲ့ရဖို့ လေ့လာရပြန်တယ်။နောက် သူများတွေဘွဲ့လွန်ဆိုတော့လဲဘွဲ့လွန်ပြန်တတ်ရပြန်တယ်။ သတ်မှတ်ထားတဲ့ ဘောင်တွေနဲ့အိမ်ထောင်ကျ သားသမီးတွေကြီးဖို့ပြုစုပျိုးထောင်ရင် အခြေကျတော့လဲကိုယ့်လမ်းကိုယ်လျှောက်သွားကြတယ်။ ဘဝဆိုတာကြီးက လူ့ဘောင်ဆိုတဲ့အတွက် ဘောင်တွေကြားထဲမှာအသက်ရှင်ကြတယ်။ လူတွေ သတ်မှတ်ထားတဲ့ အသိအမှတ်အပြုခံရမှုကြားမှာပျော်ရွင်မှု၊ ဝမ်းနည်းမှုတွေဖြစ်ကြတယ်။ ဒီ ဘောင်ကြီးထဲက အရှင်းထွက်ခဲ့တာကတော့အားလုံးရဲ့ စံပြဖြစ်တဲ့ ဗုဒ္ဓပေါ့။ လူ့ဘောင်က သတ်မှတ်ထားတဲ့ဘောင်တွေကို ရိုက်ချိုးပြီးကိုယ့်ဘဝနေထိုင်မှုပုံစံကိုယ်တည်ဆောက်တဲ့lifestyle design လုပ်တဲ့လူတွေက အတွေးအခေါ်အသစ်တွေနဲ့ဘဝကို စိတ်ကြိုက် design လုပ်ကြတယ်။ ကိုယ်ဖန်တီးတဲ့ ဘဝနေထိုင်မှုပုံစံကကိုယ့်ဘဝကို အထာကျကျဖြတ်သန်းပြီးပျော်ရွင်မှု အပြည့်ပေးနိုင်ဖို့လိုတယ်။​ ဆယ်တန်းဆန်းတယ် သတိထားကြိုးစားဆိုတာကိုလဲ အကောင်းဆုံးလုပ်ခဲ့တယ်။တက္ကသိုလ်ကောင်းကောင်းတက်ဆိုလဲပြီးအောင် တက်ခဲ့တယ်။UK ဘွဲ့လေးရအောင် လုပ်ဆိုလဲလုပ်ခဲ့တယ်။​ဘွဲ့လွန်ပြီးဖို့လိုတယ်ဆိုတော့ လဲလုပ်ခဲ့တယ်။ဘာသာစကားတစ်ခုထက်တက်ဖို့လိုတယ်ဆိုတော့လဲ လုပ်ခဲ့တာပဲ။ ဒီလူ့ဘောင်က သတ်မှတ်ထားတဲ့စံနှုန်းတွေကို

လူတွေက အတွေးအခေါ်အသစ်တွေနဲ့
ဘဝကို စိတ်ကြိုက် design လုပ်ကြတယ်
Read More Âť

အခု ကံမကောင်းဘူးဆိုတာ
အနာဂတ်မှာ ကံပိုကောင်းဖို့ ဖြစ်လာတာ

ကိုယ့်ကိုကိုယ် ကံကောင်းတယ်လို့ထင်တဲ့ သူနဲ့ ကံမကောင်းဘူးထင်တဲ့သူနဲ့မှာကွာခြားချက် လေးချက်ရှိတယ်။ဒါကို Richard Wiseman က သုတေသနလုပ်ထားပြီးဥပဒေသ လေးခု ထုတ်လိုက်တယ်။ တချို့လူတွေက ကိုယ့်ကိုကိုယ်ကံကောင်းတယ်လို့ထင်တယ်။ထင်သလိုလဲ ဖြစ်လာတယ်။တချို့လူတွေက မဲနှိုက်မနေပါနဲ့ပေါက်မှာလဲမဟုတ်ပါဘူးကွာလို့ကိုယ့်ကိုကိုယ် ကံမကောင်းဘူးလို့ထင်တဲ့သူတွေလဲရှိတယ်။ ကံကောင်းတဲ့သူ၊ သာမာန်နဲ့ကံမကောင်းဘူးလို့ထင်တဲ့သူတွေကိုBig Five Personalities ဖြစ်တဲ့OCEAN လို့ အတိုကောက်မှတ်လို့ရတယ်။ Openness to new experienceအတွေ့အကြုံအသစ်တွေကို စူးစမ်းတာConscientiousness ကိုယ်ချမှတ်ထားတဲ့စည်းကမ်းနဲ့ပန်းတိုင်ကိုဖြစ်အောင်လုပ်တExtroversion – အပြင်စွဲ လူသစ်တွေနဲ့ဆက်သွယ်ပြောဆိုရတာ ကြိုက်တာAgreeableness လူတွေနဲ့လိုက်လျောညီထွေနေတတ်တဲ့ကိုယ်ရည်ကိုယ်သွေးNeuroticism ဒေါသထွက်လွယ်တာ၊စိတ်ခံစားမှုပြင်းထန်တာ (သူနဲ့ပြောင်းပြန်ဆိုရင်emotional stability လို့ခေါ်တဲ့ စိတ်ခံစားမှုကိုအတက်အကျနည်းတာပေါ့။) ဒီငါးခုပေါ်မူတည်ပြီး သုတေသနတွေလုပ်ထားတယ်။ ကံကောင်းတဲ့သူတွေက ကိုယ့်ကိုကိုယ်ကံကောင်းတယ်လို့ ယူဆကြတယ်။သာကောအနေနဲ့ ကိုယ့်ကိုကိုယ်ဘယ်တုန်းကမှ ကံကောင်းတယ်လို့မယူဆခဲ့ဘူး။ဒါပေမယ့် ဒီစာအုပ်ဖတ်ပြီး အတွေးကိုစပြောင်းဖို့ လုပ်ထားတယ်။ Principle 1:ကံကောင်းတဲ့သူတွေက အခွင့်အလမ်းအသစ်တွေကိုများနိုင်သမျှများအောင် လုပ်ထားကြတယ်။သူတို့က အခွင့်အလမ်းတွေကို အမြဲဖန်တီးတာ၊

အခု ကံမကောင်းဘူးဆိုတာ
အနာဂတ်မှာ ကံပိုကောင်းဖို့ ဖြစ်လာတာ
Read More Âť

ဘဝအကြီးအကျယ်ပြောင်းလဲဖို့က

တစ်ရက်လောက်ပဲ လိုအပ်တာမျိုး။အရေးကြီးတာ အဲ့အချိန်အတွက်ကိုယ့်မှာပြင်ဆင်ထားတာတွေရှိဖို့ပဲ။ Phyo Paing @ Derek

ဘဝအကြီးအကျယ်ပြောင်းလဲဖို့က Read More »

ယောကျာ်းတွေအတွက်
အရေးအကြီးဆုံးက လွတ်လပ်မှု။

အမျိုးသမီးတွေအတွက်အရေးအကြီးဆုံးက အချစ်မေတ္တာ။ ယောကျာ်းတွေရဲ့ တာဝန်ကသူတို့ဘဝရဲ့ သမိုင်းပေးတာဝန်နဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့။အမျိုးသမီးတွေအတွက်ကချစ်ခင်ပျော်ရွင်စရာကောင်းတဲ့အချစ်ရေး၊ အိမ်ထောင်ရေးနဲ့သားသမီးတွေနဲ့ နေဖို့။ အမျိုးသားတစ်ယောက်ကဖိုဓာတ်နည်းလာတဲ့အခါအိမ်ထောင်ရေးပြဿနာဖြစ်သလို၊အမျိုးသမီးက အလုပ်အကိုင်ကိုအချစ်ရေးထက် ဦးစားပေးတဲ့အခါပြဿနာဖြစ်တတ်တာ မျက်မြင်ကိုယ်တွေ့ဖြစ်သလိုပျော့ပြောင်းတဲ့ အမျိုးသားနဲ့သန်မာတဲ့ အမျိုးသမီးကလဲသဟဇာတဖြစ်နေတာမျိုးလဲတွေ့ဖူးလိမ့်မယ်။ ဒါကတော့ ကမ္ဘာကျော် စာအုပ်ဖြစ်တဲ့David Deida ရဲ့The way of superior man ထဲက။လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်ကတည်းကဒီစာအုပ်ကို ကြားဖူးတယ်။ဒီနေ့မှ အကုန်ဖတ်ဖြစ်တယ်။ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းမှာတစ်လင်တစ်မယားစနစ်နဲ့ သွားနေကြပေမယ့်ယောကျာ်းအများစုဟာ သူ့ရဲ့masculine energy ကို လွတ်လပ်မှုပေးဖို့အိမ်ထောင်ပြင်ပမှာ လွတ်လပ်ပျော်ပါးတာအနည်းနဲ့ အများရှိကြတယ်။နည်းပညာတွေ တိုးတက်လာတဲ့အတွက်အမျိုးသမီးအချို့က GPS တွေနဲ့အမျိုးသားဖုန်းတွေထဲထည့်track တာမျိုးလုပ်ကြတယ်။ ပျော်ပါးတယ်လို့ ပြောတဲ့နေရာမှာfeminine ဓာတ်တွေဖြစ်တဲ့အရက်၊ ဘီယာ၊ မိန်းမ၊ ဂိမ်းဒါတွေ ပါဝင်တယ်လို့ author ကဆိုတယ်။ နောက်ပြီး လွတ်လပ်မှုဆိုတာကိုဇီဝကမ္မဖြစ်စဥ်အရ ejaculation ကလာတယ်။ ဒီ masculine ဓာတ်ကို

ယောကျာ်းတွေအတွက်
အရေးအကြီးဆုံးက လွတ်လပ်မှု။
Read More Âť

နေ့စဉ်ဘဝမှာ ပျော်ရဖို့မလွယ်ဘူး။

ကိုယ်လုပ်တဲ့စီးပွါးရေးကို သေချာ design မလုပ်ထားရင်နေ့စဉ်ဘဝမှာ ပျော်ရဖို့မလွယ်ဘူး။ လုပ်ငန်းဆိုတာ ကိုယ်လိုချင်တဲ့ပန်တိုင်ရောက်အောက် ကူညီပေးတဲ့ယာဉ်တစ်စီးပဲဖြစ်ရမယ်။ကိုယ်က ဒီကားကို မောင်းရမှာ။တွန်းနေရမှာ မဟုတ်ဘူး။ ကြိုးစားမှုအရေးကြီးသလိုရွေးချယ်မှုကလဲ အရေးကြီးတယ်။ စီးပွါးဘယ်လိုရှာမှာလဲဘယ်လိုလူတွေကို ဝန်ဆောင်မှုပေးမှာလဲဘယ်လို ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေရောင်းမှာလဲ။ အထာကျကျ စနစ်ချထားမှဘဝကို အထာကျကျနေလို့ရမှာ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

နေ့စဉ်ဘဝမှာ ပျော်ရဖို့မလွယ်ဘူး။ Read More »