December 2022

လူတွေရဲ့ဦးနှောက်က ပျော်ဖို့

design လုပ်ထားပေးတာမဟုတ်ဘူး။ရှင်သန်ဖို့အတွက် ဖန်တီးထားတာဖြစ်တယ်။ဒါကြောင့် အချိန်အများစုမှာnegativity bias တွေရှိတယ်။ တခါတလေ ပင်ပန်းနွမ်းနယ်၊မလုပ်ချင်မကိုင်ချင်နဲ့ စွမ်းအင်မရှိတဲ့အချိန်တွေရှိတတ်တယ်။ဒါကို ပျော်ရွင်၊ တက်ကြွပြီးပြန်လည်လတ်ဆတ်တဲ့အနေအထားပြန်ပြောင်းချင်ရင် လုပ်ရမည့်အချက်လေးတွေရှိတယ်။ဒါကို SPARKLE လို့ခေါ်တယ်။ Sparkle ဆိုတာ ဖြတ်ကနဲလင်းသွားတာ။သူက acronym အတိုကောက်စလုံးဖြစ်ပြီးSavor, Play, Appreciation, Rest,Kindness, Light-heartedness and Extraordinaryတို့ပဲဖြစ်တယ်။ ဒီနေ့ခေတ်က mindfulness ခေတ်စားလာတယ်။သတိနဲ့နေတယ်ဆိုတာ be presentလက်ရှိနေတဲ့အချိန်ကို အာရုံစိုက်နေတာဖြစ်တယ်။Savor ဆိုတာကတော့ ကိုယ် enjoy ဖြစ်တဲ့အရာတွေကို သုံးဆောင်ခံစားရတဲ့အချိန်အာရုံထားပြီး present ဖြစ်နေတာဖြစ်တယ်။ဘဝမှာ ကောင်းမွန်တဲ့အခိုက်အတန့်လေးတွေရှိတယ်။ဒီ အခိုက်အတန့်လေးတွေကို အာရုံပြုတာဖြစ်တယ်။ဒီအတွက် စိတ်အာရုံလွင့်စေမည့်အရာတွေကိုရှောင်ဖို့လိုတယ်။ ငယ်ငယ်တုန်းက ဆော့ကစားတဲ့အခါပျော်ရွင်မှုခံစားရတယ်၊ ရင်ခုန်တယ်။အသက်ကြီးလာတော့ ဘဝလောကထဲမှာစဥ်းစားစရာတွေ များလာပြီးရင်ခုန်မှုတွေလျော့လာတယ်။ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘဝအတွက်ရင်ခုန်စေတဲ့ playlist တွေလိုတယ်။ဒီအတွက် အချိန်ပေးဖို့လိုတယ်။တစ်ရက် မိနစ် ၃၀ လောက်ပဲဖြစ်ဖြစ်ပေါ့။ ဘဝဆိုတာ […]

လူတွေရဲ့ဦးနှောက်က ပျော်ဖို့ Read More »

Akyanpay Business Club (ABC)

Akyanpay Business Club (ABC) ကိုCommunity Builder လဲ ရှိပြီဆိုတော့Networking Event ကိုသုံးလတစ်ခါလောက် ရန်ကုန်၊ မန္တလေးမှာလုပ်ဖို့ရှိပြီး ဘယ်မြို့မှာစရင်ကောင်းမလဲ? Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

Akyanpay Business Club (ABC) Read More »

အထီးမကျန်ဖူးရင်
မေတ္တာရဲ့နွေးထွေးမှုအရသာစစ်စစ်ကို
သိနိုင်ဖို့မလွယ်ဘူး

ဆင်းရဲမှုအရသာကို မသိပဲချမ်းသာမှုအရသာအပြည့်ကို ခံစားနိုင်ဖို့ မလွယ်ဘူး။ လှောင်အိမ်ထဲ မရောက်ဖူးရင်လွတ်လပ်မှုအရသာစစ်စစ်ကိုခံစားနိုင်ဖို့လဲ မလွယ်ဘူး။အထီးမကျန်ဖူးရင် မေတ္တာရဲ့နွေးထွေးမှုအရသာစစ်စစ်ကိုသိနိုင်ဖို့မလွယ်ဘူး။ဆေးရုံမှာ အောက်စီဂျင်အတွက်အသက်မငင်ဖူးရင်ရှူနေတဲ့လေရဲ့ တန်ဖိုးကို သေချာသိဖို့ မလွယ်ဘူး။ ကျွန်တော်တို့ ရှူနေတဲ့လေ အသက်ရှင်ဖြစ်တည်မှုတွေဟာ တန်ဖိုးရှိတယ်ဆိုတာ မေ့နေတတ်တယ်။ Phyo Paing @ Derek

အထီးမကျန်ဖူးရင်
မေတ္တာရဲ့နွေးထွေးမှုအရသာစစ်စစ်ကို
သိနိုင်ဖို့မလွယ်ဘူး
Read More »