January 2024

ဘဝမှာ ထိန်းသိမ်းထားရမည့်
အရာတွေ ရှိတယ်။

ဘဝမှာ ထိန်းသိမ်းထားရမည့်အရာတွေ ရှိတယ်။ ၁။ ကိုယ့်ရဲ့အကောင်းဆုံး ကိုယ်အလေးချိန်၂။ ရှိနေတဲ့ ဝင်ငွေ၃။ လူမှုကွန်ယက်ရဲ့ လစဥ်ရောက်ရှိမှု၄။ အစားထိုးလို့မရတဲ့ ဝန်ထမ်းကောင်း၅။ ကိုယ့်ရဲ့တန်ဖိုးထားမှု၆။ ကိုယ့်ရည်မှန်းချက်ကို အထောက်အကူပြုတဲ့ အကျင့်၇။ အနီးဆုံးအတွင်းလူတွေရဲ့ ဆက်ဆံရေး Phyo Paing @ Derek

ဘဝမှာ ထိန်းသိမ်းထားရမည့်
အရာတွေ ရှိတယ်။
Read More »

ဒီခန္ဓာကိုယ်ကြီးနဲ့ တစ်သက်လုံးနေရမည့်သူက
ကိုယ်ပဲ။

တခြားသူတွေ ကိုယ့်ကိုမြင်တဲ့အမြင်ထက်ကိုယ့်ကိုယ်ကိုယ် မြင်တဲ့အမြင်အရေးကြီးတယ်။ ဒီခန္ဓာကိုယ်ကြီးနဲ့ တစ်သက်လုံးနေရမည့်သူကကိုယ်ပဲ။ ဒါကြောင့်တခြားသူတွေအထင်အမြင်ထက်ကိုယ့်ကိုယ်ကို မြင်တဲ့အထင်အမြင်အရေးကြီးတယ်။ လူတွေရဲ့ ချစ်ခြင်း၊ မုန်းခြင်းဟာအချိန်နဲ့ အမျှပြောင်းနေတယ်။ နောက်ပြီး ကိုယ့်အကြောင်း ၂၄ နာရီစဥ်းစားနေနိုင်တာလဲ မဟုတ်ဘူး။ ကိုယ့်ခန္ဓာနဲ့ ၂၄ နာရီအတူရှိနေတာကိုယ်တိုင်ပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုအထင်မသေးမိအောင် ကြိုးစားပါ။ မဖြစ်ဖြစ်အောင် လုပ်မယ်လို့ကိုယ့်ကိုယ်ကို ပေးထားတဲ့ ကတိတည်ပါ။ Phyo Paing @ Derek

ဒီခန္ဓာကိုယ်ကြီးနဲ့ တစ်သက်လုံးနေရမည့်သူက
ကိုယ်ပဲ။
Read More »

ကိုယ်သွားချင်တဲ့ခရီးက
ရောက်ဖူးတဲ့သူရှိလား။

ကိုယ်သွားချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖူးရင်အသေးစိတ် ကြိုပလန်လို့ရတယ်။ မရောက်ဖူးရင် အသေးစိတ်ကြိုပလန်လဲလွဲဖို့ အလားအလာများတယ်။​ဒီလိုမဖြစ်အောင်ရောက်ဖူးတဲ့သူတွေပြောတာနားထောင်ပြီး ရှောင်စရာရှိတာရှောင်လို့ရတယ်။ ရောက်ဖူးတဲ့သူမရှိရင်တော့ရည်မှန်းချက်ပန်းတိုင်ချခြေတစ်လှမ်းချင်း သင်ခန်းစာယူသွားရမှာပဲ။ ကိုယ်သွားချင်တဲ့ခရီးကရောက်ဖူးတဲ့သူရှိလား။ Phyo Paing @ Derek

ကိုယ်သွားချင်တဲ့ခရီးက
ရောက်ဖူးတဲ့သူရှိလား။
Read More »

၂၀၂၄ ကတော့ စတင်ပြီ။

ကိုယ့်ရဲ့ mission ကိုယ်တစ်ယောက်တည်းသွားလို့မရဘူး။ Team လိုတယ်။ ဒီ Team ကလဲ ကိုယ့်လိုပဲအနာဂတ်ကို ယုံကြည်ဖို့လိုတယ်။နောက် တန်ဖိုးထားမှုတွေတူညီဖို့လိုတယ်။ နောက် ကိုယ်ရည်ကိုယ်သွေး၊ ကျွမ်းကျင်မှုနဲ့ နေရာချထားမှုမှန်ကန်ဖို့လိုတယ်။၂၀၂၄ ကတော့ စတင်ပြီ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

၂၀၂၄ ကတော့ စတင်ပြီ။ Read More »

ဘဝမှာ ဟန်ဆောင်ရတာပင်ပန်းတယ်။

တခြားသူရဲ့အထင်အမြင်မှာကောင်းဖို့ကိုယ့်ဘဝနေထိုင်မှုကိုပြင်ပေးစရာမလိုပါဘူး။ ဘဝမှာ ဟန်ဆောင်ရတာပင်ပန်းတယ်။အပြင်မှ အမြင်လှဖို့ပေးဆပ်ခဲ့ရတဲ့ ဘဝတွေနည်းမှ မနည်းတာ။ ဘဝဆိုတာ ကိုရီးယားကားလိုပဲ။ကိုယ်ကသာ မင်းသား၊ မင်းသမီးကိုအားကျနေတာ။သူက သူ့ကိုယ်သူ သတ်သေချင်နေတာမျိုးလဲဖြစ်ကောင်းဖြစ်နေနိုင်တယ်။ Phyo Paing @ Derek

ဘဝမှာ ဟန်ဆောင်ရတာပင်ပန်းတယ်။ Read More »