January 2024

လူတွေရဲ့ ဘဝတွေကို ကွာသွားစေတာ
အတွေး၊ အကြံ၊ အလုပ်ပဲ။

စိတ်ဆိုတာ ကောင်းကင်ကြီးနဲ့တူတယ်။အတွေးဆိုတာကတော့ တိမ်လိုပေါ့။ပုံစံတွေ ပြောင်းနေတယ်။ လောကီလူသားဘဝမှာအတွေးတွေ မတွေးလို့မရပြန်ဘူး။​ဒါပေမယ့် ဘာကို၊ ဘယ်လို တွေးမလဲကိုယ့်ထိန်းချုပ်မှုအောက်မှာရှိတယ်။ အတွေးတွေ ခပ်ညစ်ညစ်ဖြစ်နေရင်တိမ်တွေထူပြီး အလင်းတွေမှောင်မိုက်နေသလိုဖြစ်နေတတ်တယ်။ လူတွေရဲ့ ဘဝတွေကို ကွာသွားစေတာအတွေး၊ အကြံ၊ အလုပ်ပဲ။ အတွေးကောင်းတွေကိုအကြံအစဥ်ကောင်းအနေနဲ့ပြောင်းနိုင်ဖို့၊အကြံအစဥ်ကောင်းတွေကိုအလုပ်ကောင်းအနေနဲ့ ပြောင်းနိုင်ဖို့လောကီမှာ ကိုယ်လိုချင်တဲ့ အတွေ့အကြုံယူပြီးအသိဥာဏ်ရင့်သန်တဲ့အခါသံသရာထဲက လွတ်မြောက်ဖို့ဒါကတော့ ဘဝရဲ့ ရည်မှန်းချက်ကိုအထောက်အကူပြုစေမည့်အချက်သုံးချက်ဖြစ်နိုင်တယ်။ The mind is like the vast sky. Thoughts, then, are like clouds, constantly changing their forms. In the life of a worldly being, it’s impossible not to think. But what to […]

လူတွေရဲ့ ဘဝတွေကို ကွာသွားစေတာ
အတွေး၊ အကြံ၊ အလုပ်ပဲ။
Read More »

ဘဝကို နောက်တစ်ဆင့်ရောက်အောင်

ဘဝကို နောက်တစ်ဆင့်ရောက်အောင်ဆယ်ဆ၊ အဆ ၁၀၀ဖြစ်သွားစေတဲ့ အခိုက်အတန့်ကတစ်လ၊ တစ်နှစ်လောက်ပဲကြာရင်ကြာမယ်။ဒီ တစ်လ၊ တစ်နှစ်မဖြစ်ခင်တည်ဆောက်ခဲ့တာ ဆယ်နှစ်ဖြစ်ရင်ဖြစ်မယ်။ရေရှည်စဉ်းစားဖို့လိုတတ်တယ်။ To advance life to the next stage,Tenfold, a hundred times,The crucial moment might last only a month or a year.Before this month or year happens,It could have been a decade in the making.Long-term thinking is often necessary. Phyo Paing @ Derek

ဘဝကို နောက်တစ်ဆင့်ရောက်အောင် Read More »

နေ့တိုင်း ဘဝကိုအရသာရှိရှိ
ဖြတ်သန်းသွားဖို့လိုတယ်။

ကိုယ်မစဥ်းစားပဲ မနေနိုင်တဲ့အရာတွေပေါ်မူတည်ပြီးကိုယ့်အသက်မွေးဝမ်းကျောင်းလုပ်။ဒီပေါ်မှာပဲ လုပ်ငန်းတည်ဆောက်။ဒီအပေါ်မှာပဲ ပြန်လည်ရင်းနှီးတယ်။ထပ်ပိုရင် တခြားမှာ ရင်းနှီး။ဘဝက တိုတိုလေး။နေ့တိုင်း ဘဝကိုအရသာရှိရှိဖြတ်သန်းသွားဖို့လိုတယ်။ Base your life on things you cannot stop thinking about.Establish your livelihood in this regard.Here, build your business.On this foundation, reconnect.If you go beyond, familiarize yourself elsewhere.Life is brief.It’s necessary to live each day with flavor. Phyo Paing @ Derek

နေ့တိုင်း ဘဝကိုအရသာရှိရှိ
ဖြတ်သန်းသွားဖို့လိုတယ်။
Read More »

အတွေး၊ အကြံ၊ အလုပ် အရေးကြီးတယ်။

ငွေကိုငွေနဲ့ရှာတာနဲ့ ငွေကို လုပ်အားနဲ့ရှာတာပြန်ရတဲ့ အမြတ်မတူကြဘူး။ တချို့က ငွေမရှိရင်ဘာလုပ်လို့ရမှာလဲစဥ်းစားကြတယ်။ ဒီနေ့ခေတ် ဒီမိုကရေစီမှာအရင်းရှင်စနစ် Capitalism ခေတ်မှာဒီငွေနဲ့ လူအားအသုံးပြုပြီးဝင်ငွေများများပိုရှာနိုင်အောင်စွန့်ဦးတီထွင်တွေက လုပ်ဆောင်ကြတယ်။ ငွေအားနဲ့ ချမ်းသာကြွယ်ဝမှုမတူဘူးတဲ့။ Capital ငွေမှာ မြေမပါဘူးတဲ့။ Wealth ကြွယ်ဝမှုမှာ မြေပါတယ်။ ဒီနှစ်ခုရဲ့ ပြန်ရနိုင်တဲ့နှုန်းထွက်တဲ့အခါ ၁။ နှစ်စဥ်ပြန်ရှာပေးနိုင်စွမ်း ၂။ အရင်းကျေမှတ်၃။ စျေးတက်ခြင်း ဒါတွေနဲ့တွက်တယ်။ အရိုးရှင်းဆုံးစဥ်းစားကြည့်တဲ့အနေနဲ့ကွန်ဒိုတစ်လုံးဝယ်လိုက်တယ်။ သိန်း ငါးထောင်ကျတယ်ဆိုပါစို့။ ပြန်ငှားလို့ တစ်လ ၁၅ သိန်းတစ်နှစ် သိန်း ၁၈၀ ကျမယ်။ ဒါဆို ၅၀၀၀ ပြည့်ဖို့ ခန့်မှန်းခြေ နှစ်သုံးဆယ်လောက်ရှိမယ်။ဒီကြားထဲမှာ ငှားမထွက်တဲ့လတွေရှိနိုင်သလိုစျေးကျသွားတာတွေလဲရှိနိုင်မယ်။ငွေကြေးဖောင်းပွမှုများတဲ့နေရာမှာတော့စျေးတက်သွားတာတွေ၊အခန်းခအပြောင်းအလဲတွေလဲရှိမယ်။ သူ့မှာ ရှုံးနိုင်တဲ့အန္တရာယ်နည်းသလို အမြတ်လဲနည်းတယ်။ စီးပွားရေးလုပ်ငန်းမှာကျတော့အရှုံးအမြတ်ရှိသလိုကျွမ်းကျင်မှုမရှိရင်လဲ အကုန်ပြုတ်သွားနိုင်တယ်။ကျွမ်းကျင်ရင် နှစ်စဥ်အမြတ်ငွေအပြင်ရှယ်ယာတန်ဖိုးတစ်ခုရှိမယ်။ ဥပမာ သိန်း ၅၀၀၀ ရင်းမယ်။တစ်လ သိန်း

အတွေး၊ အကြံ၊ အလုပ် အရေးကြီးတယ်။ Read More »

တရားထိုင်တယ်ဆိုတာ

ကားလို့ပြောလိုက်တယ်ဆိုပါတော့တစ်ယောက်နဲ့တစ်ယောက်မြင်တာမတူကြဘူး။ တချို့က တိုယိုတာမြင်ရင်မြင်မယ်၊တချို့က ဟွန်ဒါ၊ တချို့က ဘီအန်ဒဗလူ၊အတူညီတဲ့ အမှတ်တံဆိပ်၊မတူညီတဲ့ မော်ဒယ်၊မတူညီတဲ့ အရောင်၊ စိတ်ကူးထဲပုံဖော်ကြမယ်။ ဘဝမှာလဲ အလားတူပဲ။တူညီတဲ့ ပြင်ပအဖြစ်အပျက်တစ်ခုကို မတူညီတဲ့ ပုံစံတွေနဲ့ တုံ့ပြန်တက်ကြတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ခေါင်းထဲမှာ မတူညီတဲ့ အတွေး၊ ပုံရိပ်၊ အသံ၊တုန့်ပြန်တဲ့ပုံစံတွေ၊ဖန်တရာဖြစ်နေတဲ့ ပက်တန်တွေကလွမ်းမိုးထားတယ်။ တရားထိုင်တယ်ဆိုတာ အဲ့ဒီအတွေး၊ ပုံရိပ်၊ အသံ၊ တုန့်ပြန်မှုနဲ့ ဖန်တရာပက်တန်တွေကိုပြန်လေ့လာတာပဲ။ ဒီလိုလေ့လာဖို့ သတိလေးနဲ့အသိလေးထည့်လိုက်တယ်။ စွမ်းဆောင်ရည်မြင့်ဖို့ ကိုယ့်ကိုယ်ကို နားလည်ဖို့လိုတယ်။ကိုယ့်ကိုယ်ကို ပိုနားလည်ဖို့Journaling နဲ့ Meditation လုပ်တယ်။အချိန်အများကြီးမပေးနိုင်ရင်တစ်ရက် ၁၅ မိနစ်လောက်တော့လုပ်နိုင်ရင် ကိုယ့်ကိုယ်ကို ပိုနားလည်လာမယ်။ လူတိုင်းမွေးလာကတည်းက ပြိုင်ကားအကောင်းစားပဲ။ဘဝဖြတ််သန်းမှု ထရာမာနဲ့ ဒရာမာတွေကြားမှာဘရိတ်တွေ ကပ်သွားကြတယ်။ When you say ‘car,’ people imagine different things. They

တရားထိုင်တယ်ဆိုတာ Read More »

မတီထွင်နိုင်ရင် လုပ်ငန်းပိုမတိုးတက်ဘူး။

နေ့တိုင်းစာဖတ်၊ လေ့လာ၊ သင်ယူနေတာဒါသုတေသန (R & D) လုပ်နေတာပဲ။ဒါမလုပ်ရင် အသစ်မတီထွင်နိုင်ဘူး။မတီထွင်နိုင်ရင် လုပ်ငန်းပိုမတိုးတက်ဘူး။ Reading, studying, and learning every day is like doing Research & Development (R&D). Without this, you can’t innovate. If you don’t innovate, your business won’t grow further. Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

မတီထွင်နိုင်ရင် လုပ်ငန်းပိုမတိုးတက်ဘူး။ Read More »

ဘဝတိုက်ပွဲ

ဘဝတိုက်ပွဲမှာ မဟာဗျူဟာမရှိတာကမိုက်မဲတာလို့ပြောရင် မမှားနိုင်ဘူးလို့ထင်တယ်။၂၀၂၄ ပန်းတိုင်တွေရောက်ဖို့မဟာဗျူဟာ၊ဘဝပန်းတိုင်တွေရောက်ဖို့ မဟာဗျူဟာကဘာတွေလဲ။ Navigating life’s battles without a grand strategy is indeed like moving in the dark. To achieve your 2024 goals and life’s objectives, what constitutes this grand strategy? Phyo Paing @ Derek

ဘဝတိုက်ပွဲ Read More »

ကိုယ့်ဘဝရဲ့ ဂုဏ်အယူဆုံးလူ

ကိုယ့်ဘဝရဲ့ ဂုဏ်အယူဆုံးလူကကိုယ်မနက်ထ မှန်ကြည့်တိုင်းတွေ့တဲ့သူဖြစ်နေရမယ်လို့ ခံယူထားတယ်။ I believe that the person who deserves the most respect in my life is myself, the one I see every morning in the mirror. Phyo Paing & Derek

ကိုယ့်ဘဝရဲ့ ဂုဏ်အယူဆုံးလူ Read More »

ကိုယ့် strategy က ဘာလဲ?

ဘဝတိုက်ပွဲကို မဟာဗျူဟာမရှိပဲဖြတ်သန်းတာလောက်ရှုံးနိမ့်မှုတွေကြုံရမှာ မရှိဘူး။ကံဆိုတာ သူ့အလိုလိုဘယ်လောက်များကောင်းနိုင်မှာလဲ။ပြင်ဆင်မှုနဲ့ အခွင့်အရေးတွေ့တဲ့အခါအောင်မြင်မှုဆိုတာဖြစ်တယ်။ဘဝတိုက်ပွဲအတွက် အနိုင်နဲ့ပိုင်းဖို့ကိုယ့် strategy က ဘာလဲ? To navigate life’s battles without significant defeats, one must understand that luck can only be so favorable on its own. Success is about seizing opportunities and making preparations. What is your strategy to win in the battles of life? Phyo Paing @ Derek

ကိုယ့် strategy က ဘာလဲ? Read More »

လောကမှာ မေတ္တာထားရုံနဲ့
အရာရာမပြီးသွားတတ်ဘူး။

တခါတလေ ကိုယ်က အန္တရာယ်ရှိတဲ့သူတစ်ယောက်ဖြစ်ဖို့လိုတယ်။ လောကမှာ မေတ္တာထားရုံနဲ့အရာရာမပြီးသွားတတ်ဘူး။ ဒါကြောင့် လွန်ခဲ့တဲ့ဆယ်နှစ်လောက်စပြီးကိုယ့်ကိုယ်ကို အန္တရာယ်ရှိတဲ့သူတစ်ယောက်ဖြစ်အောင် အားထုတ်မယ်လို့စဥ်းစားခဲ့တယ်။ ဒါကတော့ ကျွန်တော်စဥ်းစားတဲ့ပုံစံပေါ့။အားလုံးအတွက် မှန်ချင်မှလဲမှန်မယ်။ ကိုယ့်ကို ဒုက္ခရောက်အောင်လုပ်မည့်သူအတွက်အန္တရာယ်ရှိတဲ့သူ တစ်ယောက်ဖြစ်ရမယ်။ကိုယ်ကို လာပြိုင်ရင် လူပြိုင်တဲ့သူအတွက် အန္တရာယ်တစ်ခုလို့ခံစားရမယ်။ နောက်ဆုံး Zodiac Sign တွေပြန်ကြည့်တော့capricorn တိုင်းက အဲ့လိုစဥ်းစားကြတယ်တဲ့။ 😬 Sometimes, one might feel the need to become a dangerous person. Just being kind in the world isn’t always enough to achieve all goals. That’s why, for the past ten

လောကမှာ မေတ္တာထားရုံနဲ့
အရာရာမပြီးသွားတတ်ဘူး။
Read More »