January 2024

ခံစားမှုတွေမတူတဲ့အခါ
အရသာခံတဲ့ ပုံစံတွေမတူတော့ဘူး။

အသိဥာဏ်ပေါ်မူတည်ပြီးအရသာခံတဲ့ အရာတွေမတူတော့ဘူး။အသိဥာဏ်ဆိုတာ အကြောင်းအရာတစ်ခုအပေါ်သဘောပေါက်နားလည်မှု။ သဘောပေါက် နားလည်မှုပေါ်မူတည်ပြီးအထင်အမြင်တွေမတူတော့ဘူး။ အထင်အမြင်တွေမတူရင်အကြောင်းအရာ၊ အဖြစ်အပျက်အပေါ်ထားတဲ့ခံစားမှုတွေ မတူတော့ဘူး။ ခံစားမှုတွေမတူတဲ့အခါအရသာခံတဲ့ ပုံစံတွေမတူတော့ဘူး။ Tastes vary depending on intelligence. Intelligence is the understanding and comprehension of a subject. Based on this understanding, opinions and how we perceive things differ. When opinions differ, feelings towards events or phenomena change. When feelings differ, the ways of experiencing tastes also differ. Phyo […]

ခံစားမှုတွေမတူတဲ့အခါ
အရသာခံတဲ့ ပုံစံတွေမတူတော့ဘူး။
Read More »

ဦးနှောက်မှာရှိတဲ့
neurotransmitter တွေကြောင့်ဖြစ်လာတယ်။

ဘာကြောင့် လေ့ကျင့်ခန်းလုပ်လဲ။လုပ်ပြီး သို့ လုပ်နေစဥ်ရတဲ့အရသာကြိုက်လို့။ ဘာလို့ အစားအသောက်သေချာစနစ်တကျစားသောက်သလဲ။သူကရတဲ့ အရသာကြိုက်လို့။ ဘာ့ကြောင့် ပညာရပ်အသစ်တွေလေ့လာသလဲ။အသစ်တွေလေ့လာတဲ့အခါရတဲ့အရသာကြိုက်လို့။ဘာကြောင့် တရားထိုင်သလဲ။သူကပေးတဲ့ အရသာကြိုက်လို့။ လူတွေရဲ့ အမူအကျင့်ကိုဖြစ်စေတာအရသာ။ဒီအရသာက ဦးနှောက်မှာရှိတဲ့neurotransmitter တွေကြောင့်ဖြစ်လာတယ်။ Why do we exercise? It’s because of the pleasure we get during and after doing it. Why do we eat food systematically? It’s because of the taste we enjoy. Why do we learn new subjects? It’s because of the enjoyment

ဦးနှောက်မှာရှိတဲ့
neurotransmitter တွေကြောင့်ဖြစ်လာတယ်။
Read More »

ကျန်တာမျှော်လင့်ချက်အများကြီး
မထားနဲ့။

သားသမီးတာဝန်၊မိဘတာဝန်၊အလုပ်တာဝန်၊ဘဝမှာ လိပ်ပြာလုံဖို့တာဝန်တွေကျေအောင်နေ့တိုင်း အကောင်းဆုံးလုပ်ဆောင်ရင်းကိုယ့်ဖက်က လိပ်ပြာလုံဖို့အကောင်းဆုံးပေးခဲ့လိုက်ကျန်တာမျှော်လင့်ချက်အများကြီးမထားနဲ့။ To fulfill the responsibilities of being a child, a parent, and an employee in life, and to shelter yourself well, perform your duties to the best of your ability every day. Give your best in your part and don’t set too many expectations on the rest. Phyo Paing @ Derek

ကျန်တာမျှော်လင့်ချက်အများကြီး
မထားနဲ့။
Read More »

ကိုယ့်ကိုယ်ကို အမြဲဆုံးမရတာပဲ။

လုပ်ငန်းလုပ်တယ်ဆိုတာထောင်ကျသလိုပဲ။ မနက်ထကတည်းကညအိပ်တဲ့အထိနေ့စဥ်အတွေး၊ အကြံ၊ အလုပ်၊စီးပွား အကုန်လုံးကိုတစ်သားတည်းကျအောင်တည်ဆောက်ထားလို့ရတယ်။မဟုတ်ရင် လုပ်ငန်းလုပ်တယ်ဆိုတာထောင်ကျသလိုပဲ။ ဖောက်သည်၊ ဝန်ထမ်း၊ စီးပွားမိတ်ဖက်၊စပလိုင်ယာ၊ စက်ပစ္စည်းကိရိယာအကုန်လုံး အံဝင်ဂွင်ကျဖြစ်လည်ပတ်ဖို့အတွက်ကPersonal-Professional-Business Ecosystem တစ်ခုတည်ဆောက်နိုင်ဖို့လိုတယ်။ ပါဆင်နယ်ဆိုတာ ကိုယ်စိတ်ဝင်စားတဲ့အရာတွေ၊တွေးတောကြံဆလုပ်ဆောင်ချင်တဲ့အရာတွေ၊မစဥ်းစားပဲ မနေနိုင်တဲ့အရာတွေနဲ့ကိုယ့်ရဲ့ ကျွမ်းကျင်မှုနဲ့ ကိုက်ညီအောင်လုပ်ဆောင်ပြီးဒီကျွမ်းကျင်မှုကို နေ့စဥ်သွေးနေပြီးကိုယ့်လုပ်ငန်းလည်ပတ်ပုံနဲ့ ချိပ်ဆက်နိုင်တာSync ဖြစ်နေအောင်လုပ်တာကို ကျွန်တော်ကတော့ Personal-Professional-Business Ecosystem လို့ခေါ်တယ်။ ဒီလိုလုပ်ဆောင်ဖို့ ဘဝမှာကိုယ့်အတွက်၊ ကျွမ်းကျင်မှုနဲ့ လုပ်ငန်းအတွက်သေချာ ဘယ်လိုနေထိုင်လည်ပတ်ချင်လဲဒီဖိုင်းလုပ်ရပြီးကိုယ်ဝန်ဆောင်မှုပေးမည့်ဖောက်သည်၊ခန့်အပ်မည့်ဝန်းထမ်းပုံစံ၊ကိုယ့်နဲ့အလုပ်လုပ်မည့်စီးပွားမိတ်ဖက်အကုန်လုံးကို သေချာ စဥ်းစားအဓိပ္ပာယ်ဖွင့်ဆိုရတဲ့အဆင့်ရှိမယ်။ဒါကို Define လို့ခေါ်ပြီးဒီပေါ်မှာမူတည်ပြီး ပြန်လည် ဒီဇိုင်း Design လုပ်တယ်။ ဒီ Ecosystem တည်ဆောက်ဖို့ကငါးနှစ်နဲ့ ဆယ်နှစ်ကြားကြာနိုင်တယ်။ ဥပမာ ကိုယ်မစဥ်းစားပဲ မနေနိုင်တဲ့အရာတွေကိုချရေးတာကနေ content marketing ဖြစ်ပြီးကိုယ့်ရဲ့ကျွမ်းကျင်မှုတွေကိုတိုးတက်အောင်နေ့စဥ်လုပ်နေတဲ့အခါ ပျော်ရွင်မှုခံစားရသလိုကိုယ့်လုပ်ငန်းအတွက်လဲ အမြဲမပြတ်မဟာဗျူဟာမြောက်စဥ်းစားပေးနေနိုင်တယ်။ ဖရိုဖရဲဖြစ်နေတဲ့ နေသလိုဖြစ်တဲ့ ဘဝမှာဖြစ်သလိုမနေမိဖို့ကတော့ ကိုယ့်ကိုယ်ကို အမြဲဆုံးမရတာပဲ။

ကိုယ့်ကိုယ်ကို အမြဲဆုံးမရတာပဲ။ Read More »

ကိုယ်နဲ့ကိုက်ညီတဲ့ စကားလုံးတွေ
သုံးတတ်ဖို့လိုတယ်။

ကိုယ့်ကိုယ်ကို အကောင်းဆုံးအသုံးချနိုင်ဖို့ကိုယ်နဲ့ကိုက်ညီတဲ့ စကားလုံးတွေသုံးတတ်ဖို့လိုတယ်။ သူများတော့မသိဘူး ကိုယ့်ကိုယ်ကိုကတော့ရည်မှန်းချက်ပန်းတိုင်တစ်ခုချပြီးရင်“ဒါကိုရအောင်ဘယ်လိုလုပ်မလဲ”ဒီလိုစဥ်းစားတဲ့အစား၊ဒါတော့ “ဒီရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင်လုပ်ဖို့အဖြေက ဘာတွေဖြစ်မလဲ?”အဲ့လိုမေးကြည့်တဲ့အခါဦးနှောက်အလုပ်လုပ်ပုံမတူတော့ဘူး။ အဓိပ္ပာယ်က အတူတူပုံစံဖြစ်ပေမယ့်စကားလုံးမတူတဲ့အခါကိုယ့်အပေါ်သက်ရောက်မှုပုံစံက မတူဘူး။ To utilize oneself to the fullest, it’s important to use words that are suitable and resonate with oneself. Others may not know, but for oneself, when setting a goal, instead of thinking, “How can I achieve this?” it’s better to ask, “What are the solutions

ကိုယ်နဲ့ကိုက်ညီတဲ့ စကားလုံးတွေ
သုံးတတ်ဖို့လိုတယ်။
Read More »

စိတ်ဘယ်နားမှာရှိလဲ။

စိတ်ဘယ်နားမှာရှိလဲ။ ခန္ဓာကိုယ်မှာ ဦးနှောက် (brain) က ဟတ်ဝဲ (hardware)၊စိတ် (Mind) က ဆော့ဝဲ (software) လို့စဥ်းစားကြည့်။ ဦးနှောက်မှာ ဦးနှောက်ဆဲလ် (neuron) တွေရှိပြီးတစ်ယောက်နဲ့ တစ်ယောက်စကားပြောဆက်သွယ်နေကြတယ်။ ဒီလိုဆက်သွယ်တဲ့မက်ဆေ့တွေကိုneurotransmitter လို့ခေါ်တယ်။ ပျော်တဲ့အခါ ပို့တဲ့ မက်ဆေ့နဲ့၊ရင်ခုန်တဲ့အခါ၊ ကြောက်တဲ့အခါ၊တက်ကြွတဲ့အခါ၊ နွေးထွေးတဲ့အခါပို့တဲ့ မက်ဆေ့တွေမတူညီကြဘူး။ ဒီမက်ဆေ့တွေပေါ်မူတည်ပြီးခံစားချက်တွေဖြစ်ပေါ်လာတယ်။ နောက်တစ်ခုကတော့စိတ် (Mind) ဆိုတဲ့ အရာကြီးကတရစပ် မရပ်မနားအလုပ်လုပ်နေတယ်။သိစိတ် (conscious mind) နဲ့ မသိစိတ် (unconscious mind) ကနိုးနေတဲ့အချိန်သာမကအိပ်စက်နေတဲ့အချိန်မှာလဲ အလုပ်လုပ်နေကြတယ်။ စိတ်ဆိုတဲ့အရာကို လာခြယ်လည်တဲ့အရောင်ဆိုးတဲ့ စေတသိက် (mental factors) တွေမှာအထင်အမြင်၊ ခံစားချက်၊ ဖြစ်ချင်တဲ့စိတ်ဆန္ဒတွေဒါတွေပါဝင်တယ်။ ဒီလို စိတ်အလုပ်လုပ်တာကိုmental activity လို့ခေါ်ပြီးစဥ်းစားတာ၊ တွေးခေါ်၊ သင်ယူတာတွေပါဝင်တယ်။ ဒီလိုဖြစ်နေပျက်နေတာကို သေချာသိရှိဖို့

စိတ်ဘယ်နားမှာရှိလဲ။ Read More »

ကံ “Kamma” ဆိုတာ “အလုပ်”

ဗုဒ္ဓဘာသာမှာ ပြောတဲ့ “ကံ”ဆိုတာ ပုံမှန်အဓိပ္ပာယ်ဖွင့်တဲ့ “fate” မဟုတ်ဘူး။“fate” ဆိုတာက ကိုယ့်ထိန်းချုပ်မှုအောက်မှာမရှိဘူး။ကံ “Kamma” ဆိုတာ “အလုပ်”။ ကိုယ့်ဘဝသည် ကိုယ်လုပ်တဲ့အလုပ်ပေါ်မူတည်တယ်။ အလုပ်မလုပ်ပဲ အလုပ်အကျိုးပေးတာကိုထိုင်စောင့်လို့မရဘူး။ In Buddhism, “Kamma” (often translated as “karma”) is not simply “fate” in the usual sense. “Fate” implies something beyond one’s control, but “Kamma” refers to “action”. One’s life is based on their actions. You can’t just sit and wait for

ကံ “Kamma” ဆိုတာ “အလုပ်” Read More »

ဒါတွေရဲ့အရင်းအဖြစ်က
“ချင်”၊ “ငါ့”၊ “မသိ” တာ

ဥပေက္ခာ ဘဝဆိုတာ ဒုက္ခဆိုရင်ဒီဒုက္ခကို တုန့်ပြန်တာတွေကိုမသိတာကိုအဝိဇ္ဇာလို့ခေါ်တယ်တဲ့။ လိုချင်တာ ရတာ သုခဖြစ်သွားနိုင်ပေမယ့်၊လိုချင်တာ မရတဲ့အခါ ဒုက္ခဖြစ်သွားနိုင်တယ်။ လူတွေ အထင်ကြီးတာ ခံရတဲ့အခါသုခဖြစ်သွားနိုင်ပြီး၊အထင်သေးတဲ့အခါ ဒုက္ခဖြစ်သွားနိုင်တယ်။ ဒါတွေရဲ့အရင်းအဖြစ်က“ချင်”၊ “ငါ့”၊ “မသိ” တာ။ ဒါတွေကိုသိရှိနားလည်ဖို့ အာရုံစူးစိုက်တဲ့ သမာဓိနဲ့ ဥာဏ်ပညာနဲ့ ထိုးထွင်းကြည့်နိုင်တဲ့အခါဥပေက္ခာ (u.pekhka) တရားထားနိုင်လာမယ်တဲ့။ Equanimity ဆိုတာ တော်တော်အရေးကြီးတဲ့စကားလုံးတစ်လုံးပဲ။ အရှင်လတ်လတ်နဲ့ ဒုက္ခတွေကိုတုန့်ပြန်နေတာကို သိမယ်၊လက်ခံနိုင်မယ်၊ စိတ်ပိုင်းဆိုင်ရာအရဖြတ်ထားနိုင်မယ်ဆိုရင်ဘဝမှာ ဒုက္ခတချို့ကို ကောင်းကောင်းရင်ဆိုင်လာမယ်လို့ထင်တယ်။ ဥပေက္ခာ ဆိုတာ ဂရုမစိုက်တာ၊ လျစ်လျူရှုတာ ignorance နဲ့ neglect လုပ်တာမျိုးကိုပြောတာ မဟုတ်ပဲမတုန်မလှုပ်ပဲ လောကဓံကိုခံနိုင်လာတာကို ဆိုလိုတာဖြစ်တယ်။ တခါတလေ နေ့စဥ်သုံးနေတဲ့စကားလုံးအဓိပ္ပာယ်တွေကလက်ရှိစွဲစကားလုံးတွေရဲ့အဓိပ္ပာယ်ကိုအယူမှားသွားစေနိုင်တယ်။ “Upekkhā” in life means understanding and accepting the duḥkha

ဒါတွေရဲ့အရင်းအဖြစ်က
“ချင်”၊ “ငါ့”၊ “မသိ” တာ
Read More »

ခံစားချက်ပြောင်းသွားတတ်တယ်

အရှင်လတ်လတ်ဖြစ်တဲ့ emotion တွေမှာအတွေး thought လေးထည့်လိုက်တဲ့အခါခံစားချက် feeling တွေဖြစ်လာတတ်တယ်။ အဖွားဆုံးသွားတဲ့အခါ ဝမ်းနည်းမယ်။ကောင်းကင်နိုင်ငံရောက်သွားတဲ့ အတွေးထည့်လိုက်တဲ့အခါခံစားချက် ပြောင်းသွားတတ်တယ်။ အဖွားဆုံးသွားတဲ့အခါ ဝမ်းနည်းမယ်။သူ့ဝေဒနာတွေခံစားပြီးဖျားနေရတာထက်အခုဘဝတစ်ပါးပြောင်းသွားတယ် အတွေးထည့်လိုက်တဲ့အခါခံစားချက်ပြောင်းသွားတတ်တယ်။ In the realm of vivid emotions, when you inject a thought, feelings tend to arise. When a grandmother passes away, there’s sorrow. But when you entertain the thought of her reaching heaven, feelings change. When a grandmother passes away, there’s sorrow.

ခံစားချက်ပြောင်းသွားတတ်တယ် Read More »

မြန်မြန် “Move On”

ဘဝမှာ အရေးအကြီးဆုံးထဲကတစ်ခုကမြန်မြန် “Move On” နိုင်ဖို့။ စိတ်ညစ်စရာကြုံရင်မြန်မြန် “Move On”. အလုပ်မဖြစ်တာတွေကြုံရင်မြန်မြန် “Move On”. အလုပ်ဖြစ်တာနဲ့အလုပ်ဖြစ်တာခွဲသိ၊အလုပ်မဖြစ်ရင်သင်ခန်းစာယူပြီးအလုပ်ဖြစ်တာကိုဆက်လုပ်နိုင်ဖို့အတိတ်မှာ လေရှည်ပြီးအားမလိုအားမရဖြစ်နေတာ၊စိတ်ကသိကအောင့်ဖြစ်နေတာဒါတွေထားခဲ့ပြီး “Move On” နိုင်ဖို့လိုတယ်။ One of the most important things in life is to quickly ‘move on.’ When faced with frustrating situations,quickly ‘move on.’ When encountering unproductive tasks,quickly ‘move on.’ Understand the difference between a task that is working and one that isn’t.

မြန်မြန် “Move On” Read More »