Startup လို့ခေါ်တယ်.
တီထွင်ဆန်းသစ်မှုရှိရှိနဲ့ ဖောက်သည်ပြဿနာကိုဖြေရှင်းပြီးချဲ့လို့ထွင်လို့ရတဲ့ စီးပွားရေးပုံစံရှိပြီးပေါက်ကွဲမှုအားကောင်းနိုင်ခြေရှိတဲ့စီးပွားရေးလုပ်ငန်းကို Startup လို့ခေါ်တယ်. ချဲ့ထွင်လို့လွယ်ကူဖို့ နည်းပညာအသုံးပြုကြတယ်။ဖောက်သည်ရဲ့ပြဿနာကိုသိဖို့ စမ်းသပ်လေ့လာမှုတွေလုပ်ကြတယ်။ တီထွင်မှုရှိဖို့ မတူညီတဲ့ နည်းလမ်းတွေနဲ့ဖောက်သည်ပြဿနာကို ဖြေရှင်းဖို့နည်းလမ်းတွေ ရှာကြတယ်။ ပေါက်ကွဲမှုအားကောင်းမကောင်းကတော့စျေးကွက်အပေါ်မူတည်ပြီးဖြစ်ပေါ်လာတယ်။ Startup တစ်ခုမှာ ပုံမှန် ဝင်ငွေနဲ့ အမြတ်ငွေရလာတဲ့အခါအခြေကျတဲ့ ကုမ္ပဏီတစ်ခုဖြစ်လာပြီ။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအသစ်တွေကိုဖန်တီးလို့ရလာပြီ။လူတွေသိရှိ အသိအမှတ်ပြုလာပြီ။ Startup နဲ့ သာမာန်စီးပွားရေးလုပ်ငန်းကွာတဲ့အချက်က၁။ ကြီးထွားနိုင်စွမ်း၂။ ချဲ့ထွင်နိုင်စွမ်း၃။ စွန့်စားမှု ၄။ မတူညီကွဲပြား တီထွင်ဆန်းသစ်ပြီးစျေးကွက်ကို အပြောင်းအလဲဖြစ်စေမည့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၅။ လုပ်ငန်းလည်ပတ်၊ ဝင်ငွေရေစမည့်စီးပွားရေးမော်ဒယ် ဒါတွေပါမယ်။ နည်းပညာအသုံးပြုမှ startup ဖြစ်တာမဟုတ်ပေမယ့်တီထွင်ဆန်းသစ်မှုရှိဖို့လိုတယ်။နောက်ချဲ့ထွင်နိုင်စွမ်းအရေးကြီးတယ်။ Startups are businesses that focus on innovation, solving customer problems in novel ways, and are […]
Startup လို့ခေါ်တယ်. Read More »