February 2024

အောင်မြင်မှုဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်

တခါတခါ စဥ်းစားမိတယ်။အောင်မြင်မှုဆိုတာ Trauma response တစ်ခုဖြစ်နိုင်တယ်။ အောင်မြင်မှုဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအမျိုးမျိုးရှိပြီး ကျွန်တော်ကတော့ နှစ်မျိုးခွဲကြည့်တယ်။ ၁။ ကိုယ်လိုချင်တာရပြီးကိုယ့်ဘဝကိုယ်ကျေနပ်နေတာ။ ဒါကတော့ တစ်ကိုယ်ရည်အောင်မြင်မှုပေါ့။Private victory ပေါ့။ ၂။ နောက်တစ်မျိုးကတော့လူအများစုလိုချင်ပြီး မရသေးတဲ့အရာကိုရယူပိုင်ဆိုင် ဆွတ်ခူးနိုင်တဲ့အတွက်အသိအမှတ်ပြုမှုရတာမျိုး။ဒါကတော့ Public victory ပေါ့။ တချို့လူတွေအနေနဲ့ လူတွေအမြင်မှာအောင်မြင်တဲ့ ဘဝပိုင်ဆိုင်ပြီးအတွင်းကြေ မပျော်တာတွေလဲဖြစ်နိုင်တာပဲ။ ဒါကြောင့် ကိုရီးယားမှာ နာမည်ကြီးချမ်းသာအောင်မြင်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသွားတဲ့ သာဓကတွေတွေ့တွေ့နေရတတ်တယ်။ အများသူတွေရဲ့ အမြင်မှာရှိတဲ့အောင်မြင်မှုဆိုတဲ့အရာကို တောင်းတလွန်းတာဟာ Trauma response တစ်ခုပဲ။ ဒီ Trauma response က ကိုယ့်ကိုယ်ကို အတွက်ဆို ပြဿနာမရှိဘူး။အောင်မြင်ဖို့အတွက်လဲတွန်းအားတွေ အကြီးကြီးဖြစ်စေနိုင်တယ်။ ဒါပေမယ့် ဒီ Trauma response ကိုကိုယ်တိုင်အပေါ်မဟုတ်ပဲတခြားသူတွေအပေါ် ထားတဲ့အခါtoxic အဆိပ်အတောက်ဖြစ်တဲ့ ဆက်ဆံရေးတွေ ဖြစ်ပေါ်စေတတ်တယ်။ ဥပမာကိုယ့်လက်ထက်မှာ […]

အောင်မြင်မှုဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် Read More »

နည်းပညာ

လူတွေက ကောင်းကင်မှာပျံဖို့အတောင်ပံလဲမပါဘူး။မြင်းတွေလိုလဲ အကြာကြီးမြန်မြန်မပြေးနိုင်ဘူး။ဆင်တွေလိုလဲ ခွန်အားမရှိဘူး။ ဒါပေမယ့် ကောင်ကင်ပျံအောင်လဲလုပ်လို့ရတယ်။မြင်းထက်မြန်အောင်လဲ ပြေးလို့ရလာတယ်။ဆင်ထက်သန်မာအောင်လဲဖန်တီးနိုင်တယ်။ ဒါကတော့ ဒီလိုလုပ်နိုင်အောင်နည်းပညာတွေ ဖန်တီးတာပဲ။ ဒီနည်းပညာတွေကို ဖန်တီးနိုင်ဖို့ဥာဏ်ရည်လိုတယ်။အချင်းချင်းဆက်သွယ်နိုင်တဲ့ဘာသာစကားလိုတယ်။ကိုယ့်ကိုယ်ကို သတိရှိတဲ့self-awareness လိုတယ်။ လူတွေက တိရစ္ဆာန်တွေနဲ့အရင်းအမြစ်ပြိုင်ဆိုင်တဲ့နေရာမှာရှေ့ပိုရောက်အောင်ဥာဏ်စွမ်း၊ ဆက်သွယ်နိုင်စွမ်း၊နည်းပညာတွေအသုံးပြုခဲ့ကြတယ်။ လူအချင်းချင်းကြားမှာငွေဆိုတဲ့အရင်းအမြစ်စုဆောင်းတဲ့အခါမှာလဲဥာဏ်စွမ်း၊ ဆက်သွယ်နိုင်တဲ့အဆက်အသွယ်၊ နည်းပညာတွေသုံးကြတယ်။ ကိုယ့်အနေနဲ့ဥာဏ်စွမ်း၊အဆက်အသွယ်ပြုနိုင်တဲ့ ဆက်သွယ်နိုင်စွမ်း၊နည်းပညာအသုံးချ ဖန်တီးနိုင်မှုစွမ်းတိုးတက်အောင် လုပ်နေဖို့လိုနိုင်တယ်။ Humans don’t have wings to fly in the sky, nor can they run long distances as fast as horses, nor do they possess the strength of elephants. Yet, they can fly

နည်းပညာ Read More »

1/10 တစ်ဆယ် တစ် ဖော်မြူလာ

အသစ်တစ်ခုလုပ်ရင်မအောင်မြင်နိုင်ခြေကို ၉၀% လို့သတ်မှတ်တယ်။စလုပ်တဲ့အခါ တစ်ခါတည်းအောင်မြင်စရာမလိုဘူး။ ဥပမာ စာအုပ် ဆယ်အုပ်ဖတ်မယ်။ဆယ်အုပ်မှာ တစ်အုပ်ကကိုယ့်ကိုအပြောင်းအလဲဖြစ်စေတဲ့စာတစ်အုပ်ဖြစ်ရင်ရပြီ။ အွန်လိုင်းပရိုဂရမ်လုပ်တယ်။ဆယ်ခုမှာတစ်ခု အောင်မြင်ရင်ရပြီ။ Content တွေဖန်တီးတယ်။ ဆယ်ခုမှာ တစ်ခုထူးခြားရင်ရပြီ။ကျန်တဲ့ ကိုးခုကတော့ mediocre ဖြစ်နေနိုင်တယ်။ အိုင်ဒီယာတစ်ခုကို software တစ်ခုအနေနဲ့ပြောင်းမယ်။ဆယ်ခုမှာ တစ်ခုအောင်မြင်ရင်ရပြီ။ App တစ်ခု launch လုပ်မယ်။ စ မိတ်ဆက်ဆက်ချင်း အောင်မြင်စရာမလိုဘူး။ဆယ်ခါမှာ တစ်ခါ စျေးကွက်လိုချင်တဲ့product-market fit feature ထွက်ရင်ရပြီ။ အသစ်တစ်ခုလုပ်တိုင်း 1/10 formula နဲ့ လုပ်ခဲ့တာ။ ၂၀၁၃ မှာ စာစသင်တော့သုံးနာရီ ဆယ်ချိန်မှာ တစ်ချိန်အကောင်းဆုံးဖြစ်ရင်ရပြီဆိုတဲ့ စိတ်နဲ့စခဲ့တယ်။ခုဆို ဆယ်စုနှစ်တစ်ခုကျော်ပြီ။ ဆေးကုမ္ပဏီမှာ အရောင်းသမားဘဝကဆရာဝန်အသစ်ဆယ်ယောက်ကို Sales call လုပ်ရင်တစ်ယောက်ရရင် ရပြီ။ဒီနည်းနဲ့ပဲ rejection ကို ကျော်လွှားခဲ့တာ။ ဘဝမှာ

1/10 တစ်ဆယ် တစ် ဖော်မြူလာ Read More »

စာအုပ်နှစ်မျိုးရှိတယ်။

အကြိမ်တစ်ရာမက ဖတ်ရမည့်စာအုပ်။နောက်တစ်အုပ်က တခါပဲဖတ်ရမည့်စာအုပ်။ အကြိမ်တစ်ရာမကဖတ်ရမည့်စာအုပ်တွေဖတ်မှတ်လိုက်နာကျင့်သုံးရင် သတ်မှတ်ထားတဲ့ စီးပွားရေးပတ်ဝန်းကျင်မှာအကြီးအကျယ်အောင်မြင်မယ်။ တစ်ကြိမ်ပဲဖတ်ရမည့် အိုင်ဒီယာတွေရထားတဲ့အခါမတူညီတဲ့ ရှုထောင့်တွေက မြင်တဲ့အတွက်ဘယ်အချိန်၊ ဘာလုပ်ရမယ်ဘယ်လိုတွေးရမယ် အကြီးအကျယ်မြင်စေနိုင်တယ်။ အကောင်းဆုံးနည်းလမ်းကတော့အိုင်ဒီယာတွေနဲ့ တစ်ကြိမ်တော့ ဓာတ်ပြုကြည့်။ ကိုယ်နဲ့ အလုပ်ဖြစ်တဲ့ အိုင်ဒီယာတွေကိုတော့အကြိမ်ကြိမ်ဓာတ်ပြုကြည့်။ There are two types of books: one that must be read over and over again and another that should be read just once. If you only read books that need to be read multiple times, you’ll achieve

စာအုပ်နှစ်မျိုးရှိတယ်။ Read More »

စာဖတ်တယ်ဆိုတာ

ခရီးထွက်ရသလိုပဲရှာဖွေတွေ့ရှိမှုတစ်ခု အသစ်တွေ့သွားတဲ့အခါအရင်မမြင်ခဲ့တဲ့ ကမ္ဘာကြီးမြင်သွားတယ်။လုပ်နည်းကိုင်နည်းအသစ်တွေ တွေ့လာတယ်။ Reading is like embarking on a journey. When you discover something new, it’s as if you’re seeing a world you’ve never seen before. You come across new ways of doing and handling things. Phyo Paing @ Derek

စာဖတ်တယ်ဆိုတာ Read More »

Business Strategy

မိုးလေဝသပေါ်မူတည်ပြီးသွားချင်တဲ့ ပန်းတိုင်ရောက်အောင်ခရီးလမ်းရွေးချယ်ကြရတယ်။ နေပူလို့ ဖုန်ထူရင်ရွေးရမည့်လမ်းရှိမယ်။ မိုးရွာလွန်းလို့ ရေကြီးရင် ရွေးရမည့်လမ်းပြန်ရှိမယ်။ပုံမှန်နေသာရင် ရွေးရမည့်လမ်းရှိမယ်။မုန်တိုင်းတွေကျရင် လုပ်စရာရှာရပြန်တယ်။ ဒီမဟာဗျူဟာနဲ့ စီးပွားရေးမိုးလေဝသကညီအစ်ကိုလိုပဲ။ ရာသီဥတု ခန့်မှန်းလို့ရတဲ့နေရာနဲ့ရာသီဥတု အပြောင်းအလဲမြန်တဲ့နေရာ၊ရာသီဥတု ဖော်ပြန်တတ်တဲ့နေရာပေါ်မူတည်ပြီးလုပ်ဆောင်စရာတွေ၊ ဝတ်စားဆင်ယင်မှုတွေ မတူကြဘူး။ Based on the weather, we have to choose our path to reach our destination. If it’s hot and dusty, we must choose a certain path. If it’s raining heavily and there’s flooding, we have to choose another way

Business Strategy Read More »

ဒီပေါ်မူတည်ပြီး ဘဝတွေကွာသွားတယ်လို့
ဆိုလို့ရနိုင်တယ်။

ကိုယ့်ရဲ့ ကျွမ်းကျင်မှုကဘဝပေးတဲ့ ပြဿနာထက်ပိုကြီးသလား၊ဘဝပေးတဲ့ပြဿနာက ကိုယ့်ရဲ့ ကျွမ်းကျင်မှုထက်ပိုကြီးသလား။ဒီပေါ်မူတည်ပြီး ဘဝတွေကွာသွားတယ်လို့ဆိုလို့ရနိုင်တယ်။ Is one’s expertise greater than the problems life presents, or are the problems life presents greater than one’s expertise? Based on this, it can be said that lives diverge. Phyo Paing @ Derek

ဒီပေါ်မူတည်ပြီး ဘဝတွေကွာသွားတယ်လို့
ဆိုလို့ရနိုင်တယ်။
Read More »

ကိုယ့်ဘဝ ကိုယ့်တာဝန်ပဲ။

ဘဝ ခက်ခဲတယ်ဆိုတာ ကျွမ်းကျင်မှုက လုပ်ချင်တာ၊ ဖြစ်ချင်တာထက် နည်းလို့။ ဒါကြောင့် နေ့တိုင်း ကိုယ့်ရဲ့ တစ်ကိုယ်ရည်စွမ်းဆောင်ရည်မြင့်ဖို့အချိန်စီမံခန့်ခွဲမှု၊ စွမ်းအင်စီမံခန့်ခွဲမှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု၊ လေ့ကျင့်ခန်း၊ အစားအသောက်၊ အိပ်ချိန်၊တစ်ကိုယ်ရည်ငွေရေးကြေးရေး စီမံခန့်ခွဲမှု၊ဘာသာရေးနဲ့ စိတ်ငြိမ်းချမ်းမှု၊အပေါင်းအသင်းနဲ့ ပတ်သက်တဲ့အပိုင်းစီမံခန့်ခွဲနိုင်တဲ့Personal Development ကောင်းအောင်လုပ်ဖို့လိုတယ်။ ကိုယ့်ကို ထမင်းကျွေးတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်Professional development ကျွမ်းကျင်ဖို့လိုတယ်။ ကိုယ့်ကို ချမ်းသာစေမည့်လူတွေစီမံခန့်ခွဲတာ၊ စီးပွားရေး စနစ်ချတတ်တာ၊ စီးပွားရေးမှာ လူမှန်၊ နေရာမှန် နေရာချတတ်တာ၊ ဦးဆောင်နိုင်တဲ့စွမ်းရည်၊ စျေးကွက်ရှာအတတ်ပညာ၊ လုပ်ငန်းငွေကြေးစီမံခန့်ခွဲမှု၊ စွန့်ဦးတီထွင်မှု အစရှိတဲ့စီးပွားရေးစွမ်းရည်တိုးတက်မှု Business Development အတွက်နေ့တိုင်းဖြည့်နေဖို့လိုတယ်။ ဒါကတော့ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲလိုက်ပါ။ Toe Tet Philosophy ရဲ့ တိုးတက်မှု သုံးဆင့်ဖြစ်တယ်။ Personal, Professional နဲ့ Business

ကိုယ့်ဘဝ ကိုယ့်တာဝန်ပဲ။ Read More »

Digital Asset တည်ဆောက်ပါ။

ဒီနေ့ခေတ်က လုပ်ငန်းတစ်ခုစတင်ဖို့ အင်မတန်လွယ်တဲ့ခေတ်။Democratization of entrepreneurship လို့ခေါ်ပြီးနာရီပိုင်းအတွင်း လုပ်ငန်းတစ်ခုကိုစတင်လို့ရတယ်။ ဒါကြောင့်လဲ နိုင်ငံခြားမှာStartup Weekends တို့လိုသောကြာနေ့ညနေမှာ join တယ်။တနင်္ဂနွေနေ့ညနေဆို ကနဦးကုန်ပစ္စည်းပုံစံထွက်ပြီ။Prototype လို့ခေါ်ပြီးApp တစ်ခုဆိုရင်လဲ ခလုတ်နှိပ်လို့ရ၊စပြီးအကြမ်းသုံးလို့ရတဲ့ product တစ်ခုထွက်ပြီ။ ဒီနေ့ခေတ်က မိနစ်ပိုင်းအတွင်းSocial Media Page နဲ့ Channel တွေဖွင့်လို့ရတယ်။ကြော်ငြာတွေ စ run လို့ရတယ်။ဒီဇိုင်းနဲ့ ဗီဒီယိုတွေ မိနစ်ပိုင်းအတွင်းလုပ်လို့ရတယ်။Ecommerce website ကို မိနစ်ပိုင်းအတွင်းဖွင့်လို့ရတယ်။ရောင်းမည့်ကုန်ပစ္စည်းတွေကို စက်ရုံထိမသွားပဲမိနစ်ပိုင်းအတွင်း စတိုးပြုလုပ်ရောင်းချလို့ရတယ်။ကိုယ်ပိုင် အမှတ်တံဆိပ်နဲ့ သွားလို့ရတဲ့ခေတ်ဖြစ်တယ်။Dropshipping အတွက် oberlo တို့ကြားဖူးလိမ့်မယ်။ အရေးကြီးတာ ကိုယ့်ဖောက်သည်ရဲ့ပြဿနာကို သေချာနားလည်ရမယ်။ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကဖောက်သည်ပြဿနာကိုအကောင်းဆုံးဖြေရှင်းပေးနိုင်ရမယ်။ ပိုက်ဆံပေးစရာမလိုပဲ စတင်လို့ရတဲ့အရာတွေကSocial Media Channel တွေပဲ။ဒါတွေကို Digital Asset လို့ခေါ်တယ်။ကိုယ်ဘယ်ပြောင်းပြောင်း ကိုယ်နဲ့အတူယူသွားလို့ရတယ်။ ဥပမာ

Digital Asset တည်ဆောက်ပါ။ Read More »

တခါတလေကျပြန်တော့
ကံကြမ္မာက ကိုယ့်ကိုပြန်ရွေးတယ်။

အပ်ထွက်ထွင်းရမည့်ကိစ္စကိုပုဆိန်နဲ့ မခုတ်မိဖို့နဲ့၊ ပုဆိန်နဲ့ ခုတ်ရမည့်ကိစ္စကိုအပ်နဲ့ မထွင်းမိဖို့။ ကိုယ်က အမှန်တရားကို အရင်တွေ့အောင်ရှာမလား၊အမှန်တရားက နောက်မှကိုယ်ကို့လာတွေ့မလား။ သွေးပူပူနဲ့ လုပ်မိလုပ်ရာလုပ်ပြီးသွေးအေးအေးနဲ့ နောင်တရမလား၊ သွေးအေးအေးနဲ့ စဥ်းစားပြီးသွေးပူပူနဲ့ ဘဝကို မောင်းနှင်မလား။ တခါတလေ ကိုယ်ကကံကြမ္မာကိုရွေးတယ်၊တခါတလေကျပြန်တော့ကံကြမ္မာက ကိုယ့်ကိုပြန်ရွေးတယ်။ Phyo Paing @ Derek

တခါတလေကျပြန်တော့
ကံကြမ္မာက ကိုယ့်ကိုပြန်ရွေးတယ်။
Read More »