February 2024

ပြဿနာ အဖြေရှာတဲ့အခါ

ပြဿနာတစ်ခု ဖြစ်တိုင်း ဖြေရှင်းလို့ရအောင်နည်းစနစ်တစ်ခု ထုတ်ထားတယ်။ ဖြေရှင်းရမည့်ပြဿနာProblems to Solve ရှိထားတဲ့ သတင်းအချက်အလက်Available Information ဆုံးဖြတ်ချက်ချဖို့ ထပ်လိုတဲ့သတင်းအချက်အလက်What Additional Information Do You Need to Make Optimal Decisions to Reach Your Goals? ကိုယ်လိုချင်တဲ့ အကောင်းဆုံးရလဒ်What is Your Desired Ideal Outcome? ခုလက်ရှိ ရှိထားတဲ့အခွင့်အလမ်း။Is There Any Opportunity Available Right Now? အနာဂတ်အတွက် ရှိထားတဲ့ အခွင့်အလမ်း။What Opportunities Will Be Available in the Future? လက်ရှိမှာ ရှိထားတဲ့ခြိမ်းခြောက်မှု။Are There Any Current […]

ပြဿနာ အဖြေရှာတဲ့အခါ Read More »

ရှာဖွေတွေ့ရှိမှုအသစ် Discovery

ဘဝကို ရင်ခုန်စေတာရှာဖွေတွေ့ရှိမှု အသစ်တွေပဲ။ဒီ အသစ်တွေ့ရှိမှု discovery တွေဟာစူးစမ်းလေ့လာမှု၊ စွန့်စားမှု၊စမ်းသပ်မှု၊ ဆန်းစစ်မှုတွေကလာတယ်။ ဘဝဆိုတာ မေးခွန်းတွေမေးပြီးအဖြေရှာတဲ့ နေရာပဲ။ဝေဒနာတွေကို အဖြေရှာဖို့ဒေတာတွေလိုတယ်။ Life is all about the thrills of new discoveries.These discoveries stem from research, adventures, experimentation, and scrutiny. Life is not about asking questions but about seeking answers.We need data to find solutions to problems.

ရှာဖွေတွေ့ရှိမှုအသစ် Discovery Read More »

ယုံကြည်မှု ၇ ခုရှိတယ်။

ပိုရယူ သိလူကစား ဖြစ်အောင်လုပ် လို့ အတိုကောက်မှတ်လို့ရတယ်။ ၁။ အရာရာ ပိုကောင်းဖို့ဖြစ်လာတာပါ။ (ပို) ၂။ အရှုံးဆိုတာမရှိဘူး။ ရလဒ်တွေပဲရှိတယ်။ လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။(ရ) ၃။ ဘာပဲဖြစ်ဖြစ် တာဝန်ယူပါ။ (ယူ) ၄။ တစ်ခုခုအသုံးချဖို့အတွက် အကုန်သိနေစရာမလိုဘူး။ (သိ) ၅။ လူကြောဆိုတာ ရွှေကြော။ (လူ) ကိုယ့်ကိုအောင်မြင်အောင်ကူညီပေးနိုင်တာ လူတွေပဲ။ ၆။ အလုပ်ဆိုတာ ကစားတာ။ (ကစား) Game တစ်ခုလို စွဲစွဲလမ်းလမ်းလုပ်။ ၇။ လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်။ (ဖြစ်အောင်လုပ်)

ယုံကြည်မှု ၇ ခုရှိတယ်။ Read More »

Stoic Philosophy

လူတွေက တကယ့်ကိုယ်တွေ့ထက် အတွေးထဲမှာ ဒုက္ခပိုရောက်တတ်ကြတယ်တဲ့။ ဒါကတော့ စနီကာ Seneca ဆိုတဲ့ စတိုးဝစ် Stoic ဖခင်ကြီးဆိုခဲ့တာ။ အဲ့ခေတ်က ပုလိပ်ရောဂါ၊ ကျွန်ပြု၊ စစ်တွေ ဖြစ်နဲ့အချိန်။

Stoic Philosophy Read More »

Valentine’s Day Version

ကိုယ့်ကြိုက်တဲ့ကောင်မလေးက ကိုယ့်ကိုစိတ်မဝင်စားဘူးဆိုတာ Marketing ညံ့လို့။ စိတ်ဝင်စားရဲ့နဲ့ သမီးရည်းစားမဖြစ်သွားတာ Sale ညံ့လို့။ သမီးရည်စားဖြစ်ပြီး ခဏနဲ့ ကွဲသွားတာ Customer Service ညံ့လို့။ သူငယ်ချင်းတွေ၊ အသိတွေက ဒီကောင် မစွံပါဘူးလို့ ပြောကြတယ်ဆို၊ ဒါ Public Relations ညံ့လို့။ မပြည့်စုံလို့ ငါ့ပြန်မကြိုက်ကြဘူးလို့ပြောရင် ဒါ efficiency မကောင်းတဲ့သဘော Management ညံ့လို့။ FA ဆိုရင် တစ်ခုခုတော့ ညံ့နေတာ အသေချာပဲ။ 😀 Happy Valentine’s Day ပါ။

Valentine’s Day Version Read More »

ကိုယ်နေချင်တဲ့ နေနေတဲ့ဘဝ

နေ့စဥ် နေထိုင်ချင်တဲ့ဘဝကပူပင်သောက ကင်းဝေးပြီးကိုယ်နေတဲ့နေရာကကိုယ့်ကို inspiration တစ်ခုပေးတဲ့နေရာ။ နေ့စဥ် လေ့လာချင်တာလေ့လာ၊စမ်းသပ်ချင်တာ စမ်းသပ်၊အတွေးလေးတွေ ရေးချ၊ဘဝဖြတ်သန်းမှုကို မှတ်တမ်းတင်၊အသစ်တစ်ခုခုလေ့လာ၊ပြန်လည်မျှဝေပေး။ လေ့ကျင့်ခန်းလေးလုပ်၊တစ်ခါတည်ဆောက် အမြဲငွေဝင်မည့်ကုန်ပစ္စည်းတွေ ဖန်တီး၊အင်တာနက်ကော်နက်ရှင်မြန်မြန်၊စိတ်ဝင်စားတဲ့နည်းပညာပစ္စည်းအသစ်တွေ သုံးကြည့်၊ကိုယ့်ကိုယ်ကို ပိုနားလည်အောင်လေ့လာ၊စိတ်ဝင်စားစရာကောင်းပြီးအတွေးဥာဏ်နှိုးဆွေပေးစေတဲ့လူတွေနဲ့တွေ့။ အလုပ်မလုပ်ပဲ ဝင်တဲ့ငွေကကိုယ့်ရဲ့ တစ်လအသုံးငွေထက်၅ ဆ အထက်ရှိအောင်လုပ်။ငွေကိုငွေနဲ့ ပြန်ပွားနိုင်တဲ့ စနစ်တည်ဆောက်ထား။ငွေကို လိုက်ရှာနေစရာမလိုတာမျိုးဖြစ်အောင်လုပ်။ ကိုယ်သွားချင်တဲ့နေရာကိုချက်ချင်းသွားနိုင်တဲ့ ဘဝမျိုး။ အသက် ၃၀ လောက်ထိကရေရေလည်လည် သည်းခံခဲ့ပြီးပြီ။အသက် ၃၀ ကျော်တဲ့နောက်မှာဘဝကို ကိုယ်ဖြစ်ချင်သလိုပဲနေတော့တယ်။ ဘဝက တိုတိုလေး၊မကျက်ချင်တဲ့စာတွေ ကျက်ခဲ့ပြီးစာမေးပွဲကိုလဲ အကောင်းဆုံးဖြေခဲ့ပြီးပြီ။လုပ်စရာရှိတာတွေလုပ်ဘဝမှာ ပြဿနာတွေ ဖြေရှင်းခဲ့ပြီးပြီ။

ကိုယ်နေချင်တဲ့ နေနေတဲ့ဘဝ Read More »

Input -> Process -> Output ပဲ။

လုပ်ငန်းဆိုတာ စနစ်တစ်ခုပဲ။ စနစ်ဆိုတော့ Input -> Process -> Output ပဲ။ Input မှာ လူလုပ်သားတွေ၊ငွေတွေ၊ စက်ပစ္စည်းကိရိယာ၊ ကုန်ကြမ်းတွေ၊ စီမံခန့်ခွဲသူတွေရှိတယ်။ ဒါကို ဘယ်လိုအတွေးအခေါ်နဲ့ဘယ်လိုလည်ပတ်လဲက process ဆိုပါတော့။ လုပ်ငန်းကထွက်လာတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ ဝင်ငွေ၊ အမြတ်ငွေကOutput ပဲ။ ဒီစနစ်ကြီးလည်ပတ်နေတဲ့ ပတ်ဝန်းကျင်ရှိတယ်။ပူတာ၊ အေးတာပေါ်မူတည်ကြီးစနစ်ကြီး ကောင်းကောင်းလည်ပတ်တာ၊ စနစ်ကြီး ကမောက်ကမဖြစ်တာ ဖြစ်တယ်။ ပူတာ၊ အေးတာ ဒဏ်အတွက်ဒီစနစ် ဒီဇိုင်းကို သေချာတည်ဆောက်ဖို့ အချိန်ပေး စဥ်းစားဖို့လိုတယ်။ A business is essentially a system. When we talk about a system, it involves Input ->

Input -> Process -> Output ပဲ။ Read More »

အခုအချိန် ငါးခု

၁။ အတတ်ပညာတစ်ခု ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင် သင်ပါ။ အလုပ်ပေါပြီး နေရာတော်တော်များများမှာ အလုပ်ရှာလို့ရတဲ့ အတတ်ပညာသင်ပါ။ ဥပမာ စာရင်းကိုင်ဆို ACCA နောက် Technical skills တွေဖြစ်ပြီး အလုပ်ရှာလို့လွယ်နိုင်တဲ့ ကျွမ်းကျင်မှုတွေ လေ့လာပါ။ ၂။ အဆက်အသွယ် အချိတ်အဆက်ရှာပါ။ တပြိုင်တည်းမှာပဲ အလိမ်အလည်သတိထားပါ။ ၃။ ဘာသာစကားကျွမ်းကျင်အောင်သင်ပါ။ ၄။ အချိန်လုံးဝမဖြုန်းပါနဲ့။ ကိုယ့်အခြေအနေနဲ့ တခြားနိုင်ငံကသူတွေ အခြေအနေမတူတာသတိပြုပါ။ ၅။ ထောက်ပံ့ပေးမည့်သူရှိရင်လွယ်ကူပေမယ့် ထောက်ပံ့ပေးမည့်သူမရှိတဲ့ ကိုယ့်အားကိုယ်ကိုးတဲ့ မြန်မာလူငယ်တွေ နေရာအနှံ့မှာရှိပါတယ်။ Phyo Paing @ Derek

အခုအချိန် ငါးခု Read More »

စိတ်ဓာတ်ရေးရာ လေ့ကျင့်။

Negative Visualization ဆိုတဲ့Stoic အတွေးအခေါ်က အယူအဆလေးကအားတီ၊ အားမေတို့အတွက်များအကျိုးရှိစေမလားမသိဘူး။ သူက positive thinking အကောင်းမြင်စိတ်နဲ့ပြောင်းပြန်။အဆိုးဆုံးကို တွေးထားလိုက်တဲ့။တကယ့်အဆိုးဆုံး။ ဥပမာဗျာ ကိုယ့်ကိုအရှင်လတ်လတ်မြေမြုတ်လိုက်ပြီးအသံထွက်လို့မရတဲ့ အနေအထားဆိုပါတော့။ပုံမှန်ဆို ဟဲ့။ ဖွ။ မပြောကောင်းမဆိုကောင်း။အဲ့လိုဆိုလိမ့်မယ်။ဒါက Stoic စတိုးဝက်အတွေးအခေါ်မှာစိတ်ဓာတ်ရေးရာ လေ့ကျင့်တာMental toughness လို့ခေါ်တယ်။ အဆိုးဆုံးတွေ မြင်ကြည့်ပြီးစိတ်ဓာတ်ရေးရာ ပြင်ဆင်ကြည့်ပါတဲ့။ အနာဂတ်ကို တွေးကြောက်နေရင်အဆိုးဆုံးထိတွေးလိုက်။ စိတ်ဓာတ်ရေးရာ လေ့ကျင့်။ Phyo Paing @ Derek

စိတ်ဓာတ်ရေးရာ လေ့ကျင့်။ Read More »

အရေးကြီးတဲ့ အချိန်တစ်ခုပဲ။

ကုမ္ပဏီတွေအတွက် HR ရေးရာမှာအရေးကြီးတဲ့ အချိန်တစ်ခုပဲ။ ၁။ စိတ်လှုံခြုံမှုရှိအောင် ၂။ ရွေးချယ်စရာအကုန်လုံးထဲမှာမှကိုယ့်လုပ်ငန်းက သူတို့အတွက် အကောင်းဆုံး option ဖြစ်တယ်ထင်အောင်၃။ သေချာဆွေးနွေးရမည့်အချိန်ပဲ။ သူတို့မှာ စိုးရိမ်ပူပန်မှုတွေရှိနေလိမ့်မယ်။ ထိုင်းပဲ ပြောင်းရမလား။ ပြောင်းရင်လဲ လွယ်ပါ့မလား။ အနာဂတ်အတွက် စဥ်းစားရသလို နောက်က မိသားစုတွေလဲရှိတဲ့အခြေအနေဖြစ်တယ်။ တကယ်တမ်းနေရာတစ်ခုမှာ အခြေချတယ်ဆိုတာလဲ ပြောသလောက်မလွယ်ဘူး။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

အရေးကြီးတဲ့ အချိန်တစ်ခုပဲ။ Read More »