ဘဝခရီးလမ်းမှာ ပြင်ဖို့အခက်ဆုံးလူက ကိုယ်တိုင် ဖြစ်နေတတ်တယ်။
သေချာရှာရင် လူတိုင်းမှာ မွေးရာပါ ပါရမီသုံးခုလောက်ပါတတ်တယ်။ အဲ့ဒီစူပါ ပါဝါကိုသုံးနိုင်ရင်ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာလူရိုသေရှင်ရိုသေ နေရာတစ်ခုရမယ်။ ကိုယ်ဘေးနားက ကျွမ်းကျင်သူတွေမှာလဲဒီလို စူပါပါဝါတွေရှိတယ်။ဒါတွေကို ပေါင်းစပ်နိုင်ရင်ကြီးကျယ်ခမ်းနာတဲ့ အရာတွေဖန်တီးနိုင်တယ်။ ဒီ စူပါပါဝါတွေ ပေါင်းစပ်ဖို့မတူညီတဲ့ အမြင်တွေနဲ့ ကြည့်ပေးနိုင်ဖို့လိုတယ်။စာနာနားလည်ပေးတတ်ဖို့လိုတယ်။ တဖက်လူရဲ့ အားသာချက်ကို မြင်တတ်ဖို့လိုတယ်။ကိုယ့်ဖက်က အရင် ပေးတတ်ဖို့လိုတယ်။ တဖက်လူ အားနည်းချက်ကိုဖော့ပြီး တွေးပေးတတ်ဖို့လိုတယ်။ ဘဝခရီးလမ်းမှာ ပြင်ဖို့အခက်ဆုံးလူကကိုယ်တိုင် ဖြစ်နေတတ်တယ်။ If you can change your mind, you can change your life တဲ့။စိတ်ပညာရှင် William James ကဆိုခဲ့တယ်။ Phyo Paing @ Derek
ဘဝခရီးလမ်းမှာ ပြင်ဖို့အခက်ဆုံးလူက ကိုယ်တိုင် ဖြစ်နေတတ်တယ်။ Read More »