March 2024

တခါတလေ ကိုယ်က
ကံကြမ္မာကို ဖန်တီးတယ်။

တခါတလေ ကံကြမ္မာကကိုယ့်ကို ပြန်ဖန်တီးတယ်။ ဒါကြောင့် တခါတလေကိုယ့်ကံကြမ္မာက ပေးတဲ့အကြံ၊ပြောတဲ့ အသံ ပြန်နားထောင်ကြည့်။ Spiritual guidance က ပါဆန်နယ်ဖြစ်တယ်။ တခြားသူတွေ လုပ်သလို လိုက်လုပ်စရာမလိုဘူး။သူတို့လို မလုပ်တဲ့အတွက်ကြောက်စိတ် Fear of Missing out (FOMO) ဖြစ်စရာမလိုဘူး။ ကိုယ့်နှလုံးသား အသံကို သေချာ နားထောင်ကြည့်ပါ။ ပြီးသွားတဲ့ ရလဒ်တွေကြည့်ဖို့ ဒေတာကို လေ့လာ။ မဖြစ်သေးတဲ့ အနာဂတ်အတွက်နှလုံးသား အသံနားထောင်ကြည့်။ နှလုံးထားထဲက Voice ကို ကြားဖို့၊ပြင်ပ ပယောဂ Noise တွေကို ဖယ်ဖို့လိုတယ်။ တခြားသူတွေ လုပ်တဲ့အလုပ်တွေ၊ သူတို့ တွေး၊ ကြံ၊ လုပ် တာတွေကို လိုက်လုပ်စရာလိုချင်မှ လိုမယ်။ သေချာအချိန်ပေး ပြန်ထားထောင်ကြည့်တဲ့အချိန်တွေ လိုကောင်းလိုမယ်။ Malcolm Gladwell […]

တခါတလေ ကိုယ်က
ကံကြမ္မာကို ဖန်တီးတယ်။
Read More »

Idea Generation

ကိုယ့်လုပ်ငန်းအတွက်Website တစ်ခုကတော့ရှိရမှာပဲ။အထူးသဖြင့် ပြည်တွင်းနဲ့ ပိုဝေးလေလေပိုလိုလေလေပဲ။ တကယ်လို့ ဒီလို Landing Page ကိုAnalytics နဲ့ ချိပ်ပြီးemail marketing ပါလုပ်လို့ရတဲ့Product ဆို ဘယ်လိုနေလဲ? Linktree ထက်ပိုကောင်းမှာကlifetime plan ဖြစ်ပြီး၊landing page တစ်ခုတည်းမှာemail subscribe လုပ်လို့ရမယ်။custom domain နဲ့ ချိပ်လို့ရမယ်။ အိုင်ဒီယာတစ်ခု စဥ်းစားကြည့်တာ။ Phyo Paing @ Derek

Idea Generation Read More »

အလုပ်ဒီဇိုင်းကို သေချာလုပ်ပေးနိုင်တယ်ဆိုရင်

လုပ်ငန်းအတွက် တစ်နှစ်မပြည့်သေးတဲ့ ဝန်ထမ်းတွေရှိမယ်။တစ်နှစ်ကျော်သွားတဲ့ ဝန်ထမ်းတွေရှိမယ်။တစ်နှစ်ကျော်ပြီး အလွယ်တကူအစားထိုးလို့မရတဲ့စွမ်းဆောင်ရည် အလွန်မြင့်တဲ့ ဝန်ထမ်းတွေရှိမယ်။နောက် ကိုယ့်လုပ်ငန်းရဲ့ အရေးကြီးတဲ့ စီမံခန့်ခွဲတဲ့ ဝန်ထမ်းတွေရှိမယ်။ ဒါကို Top Tier, Tier 1, Tier 2, Tier 3 လို့စဥ်းစားကြည့်။ အရေးဟဲ့ အကြောင်းဟဲဖြစ်လာရင်ပထမဆုံး ဦးစားပေးက Top Tier နဲ့ Tier 1 လာမယ်။ ပြီးရင် Tier 2 လာမယ်။ နောက်ဆုံးမှ Tier 3 လာမယ်။ ဒီလိုစဥ်းစားတဲ့အခါ အားလုံးအတွက်လဲမျှတနိုင်သလို၊ ဖောက်သည်တွေကို တူရာတူရာစုတဲ့ segmentation လုပ်တာ၊ ကိုယ့်လုပ်ငန်းအတွက် ဝန်ထမ်းတွေကိုလဲsegmentation နဲ့ profiling လုပ်မှအကောင်းဆုံးနဲ့ အမျှတဆုံးစီမံခန့်ခွဲနိုင်မယ်လို့ထင်တယ်။ Talent acquisition ဝန်ထမ်းတော်၊ ကောင်းရှာဖွေခန့်ထားရေး မှာလဲ

အလုပ်ဒီဇိုင်းကို သေချာလုပ်ပေးနိုင်တယ်ဆိုရင် Read More »

လုပ်ငန်းမဟာဗျူဟာကို ကစားရမှာပဲ။

နိုင်ငံရေး မုန်တိုင်းတွေပြင်းထန်တဲ့အခါကိုယ့်လုပ်ငန်းရဲ့ ဖွဲ့စည်းပုံနဲ့ မဟာဗျူဟာကကျစ်လစ်ပြီး၊ ရွေ့ပြောင်းလို့ရတဲ့Lean and Mobileစီးပွားရေးပုံစံ business model ကအထောက်အကူပြုတတ်တယ်။ ဒါကတော့ ၂၀၂၁ လောက်ကတည်းကစတင်စဥ်းစားသင့်တဲ့ မော်ဒယ်တစ်ခုဆို မမှားဘူးလို့ပြောနိုင်တယ်။ ဒုတိယ စဥ်းစားသင့်တဲ့ အချိန်ကတော့ဒီအချိန်လဲဖြစ်နိုင်တယ်။ Asset တွေရွေ့ပြောင်းလို့ရတာ၊ ပေါ့ပါးတဲ့ ပုံစံတည်ဆောက်တာမျိုး။ နောက် အလုပ်ခန့်ထားတဲ့ပုံစံမှာလူငယ်ခြေထက်တွေထက်၊ မိသားစုရှေ့ရှုတဲ့ ဝန်ထမ်းတွေကိုအဓိက ခန့်အပ်ထားတဲ့ ပုံစံဖက်ကိုပြောင်းသွားတာမျိုး။ နောက်တစ်ခုက လူငယ်ဝန်ထမ်းတွေကိုကိုယ့်လုပ်ငန်းမှာပဲ အမြဲအလုပ်လုပ်ရမယ်ဆိုတာထက်အလုပ်တစ်ဖက်နဲ့ အနာဂတ်အတွက်လေ့လာနေပြီး ရေကြည်ရာမြက်နုရာကိုကူညီပေးနိုင်တဲ့ လုပ်ငန်းပုံစံစဥ်းစားရမည့် အချိန်မျိုးဖြစ်နေနိုင်တယ်။ နောက်တစ်ခုက စျေးကွက်ကိုနောက်တစ်နေရာ ရွေ့ဖို့ ကြိုတင်စဥ်းစားသင့်တဲ့အချိန်မျိုး။ မဟုတ်လဲ ကိုယ့်မှာ ရည်မှန်းချက်ပန်းတိုင်ကတော့ တခြားနိုင်ငံချဲ့ဖို့ အနည်းနဲ့ အများရှိပြီးသားဖြစ်မှာပါ။ ပိုမြန်သွားတယ်လို့ သာ စဥ်းစားကြည့်ပါ။ နောက်တစ်နေရာရွေ့တဲ့အခါလဲပထမနေရာကို မထားသွားဖို့အရေးကြီးတယ်။အခြေကျဖို့က သုံးနှစ်လောက် အနည်းဆုံးတော့ စဥ်းစားထားဖို့လိုနိုင်တယ်။ ဒီလို စဥျးစားထားတာကကိုယ့်လုပ်ငန်းအတွက်တင်မဟုတ်ပဲကိုယ့်လက်ရှိဝန်ထမ်းတွေအတွက်

လုပ်ငန်းမဟာဗျူဟာကို ကစားရမှာပဲ။ Read More »

ပြဿနာ အဖြေရှာ

ပြဿနာရဲ့သဘောတရားကသူ့ကို ဖြေရှင်းနိုင်ရင်ဆုချတာပဲ။ အခွင့်အလမ်းအရှေ့မှာပြဿနာက အမြဲတွဲပါတယ်။ စျေးကွက်ပြဿနာကိုထိုင်ငြီးတဲ့သူနဲ့ ဖြေရှင်းတဲ့သူကွာသွားမှာပဲ။ ဖြေရှင်းဖို့စဥ်းစားရဲဖို့၊အဖြေရဖို့၊ကိုယ့်အဖြေက သာမာန်ထက်ပိုကောင်းဖို့။ ပြဿနာဆိုတာတဲ့အရာကိုကိုယ့်အတွက် အခွင့်အရေးအနေနဲ့သာပြောင်းလို့ရခဲ့မယ်ဆိုရင်ဘယ်လိုပြောင်းလိုက်မလဲ။ Phyo Paing @ Derek

ပြဿနာ အဖြေရှာ Read More »

လူငယ်ဆိုရင် Laptop နဲ့
အသက်မွေးတဲ့ အလုပ်လုပ်ပါ။

ဒါက ဘယ်နေရာသွားသွားအသက်မွေးဝမ်းကြောင်းပြုလို့ရတယ်။ အရမ်း ရိုးရှင်းပေမယ့် ထိရောက်ပါတယ်။ Laptop တစ်လုံးရှိရင်ဒီဇိုင်း၊ ဗီဒီယိုတီးဖြတ်၊ ကွန်ပြူတာ ပရိုဂရမ်ကစလို့၊ဒီဂျစ်တယ်မားကတ်တင်း၊ အသက်မွေးဝမ်းကြောင်းပြုလို့ရတဲ့အရာအများကြီးပဲ။ အရေးကြီးတာ ကိုယ်အသုံးပြုတဲ့tool proficiency နဲ့၊ ကိုယ့်ရဲ့ ကျွမ်းကျင်မှုက စျေးကွက် ပြဿနာကိုဖြေရှင်းပေးဖို့လိုတယ်။ Laptop Lifestyle ဆိုတာ အဝတ်တစ်ထည်၊ အိမ်တစ်လုံးနဲ့ ကြိုက်တဲ့နေရာနေ အလုပ်လုပ်လို့ရတဲ့ဘဝမျိုး။ Digital Nomads တွေကCovid-19 နောက်ပိုင်းမှာ remote work တွေ Nomads lifestyle တွေပိုခေတ်စားလာတယ်။ အသုံးလုံးဖြစ်တဲ့ အင်္ဂလိပ်၊ အိုင်တီနဲ့ အခုဆို အေအိုင်အသုံးပြုနိုင်ဖို့ အရေးကြီးသထက်အရေးကြီးလာတယ်။ ရိုးရှင်း၊ အခြေခံကျပြီး အလုပ်ဖြစ်တာကိုစဥ်းစားကြည့်ပါ။ Phyo Paing @ Derek

လူငယ်ဆိုရင် Laptop နဲ့
အသက်မွေးတဲ့ အလုပ်လုပ်ပါ။
Read More »

Planning System နဲ့ အချက် ၁၁ ချက်

ကျွန်တော်အသုံးပြုဖြစ်တဲ့Planning System နဲ့ အချက် ၁၁ ချက် ဒီနေ့လို အပြောင်းအလဲ များတဲ့ခေတ်မှာPlan ချတဲ့ပုံစံမှန်ဖို့ ပိုအရေးကြီးပါတယ်။ ၁။ အိမ်မက်တွေကို ပြန်တူးဆွပါ။ ကိုယ့် company မှာ အိမ်မက်တွေရှိလိမ့်မယ်။ ဒီ အိမ်မက်ကို Vision အနာဂတ်အမြင်အနေနဲ့ပြောင်းပါ။ ဒါက ဆယ်နှစ်၊ နှစ်နှစ်ဆယ် လောက်ကြာမည့်အနာဂတ်အမြင်ဖြစ်ပါမယ်။ ၂။ မဟာဗျူဟာအကြမ်းချပါ။ ဘယ်လိုသွားမလဲဆိုတဲ့ မဟာဗျူဟာအကြမ်းကိုစဥ်းစားကြည့်ပါ။ မဟာဗျူဟာအကြမ်းတည်ဆောက်တဲ့အခါပြည်တွင်း၊ ပြည်ပ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ အခြေအနေတွေကိုသေချာ သုံးသပ်နိုင်မှုလိုပါတယ်။ ဒီ Situational Analysis သေချာလုပ်နိုင်ဖို့လိုပါတယ်။ ၃။ မှန်ကန်တဲ့မျှော်မှန်းချက်ထားပါ။ မဟာဗျူဟာတစ်ခု အလုပ်ဖြစ်မဖြစ်သည်မှန်ကန်မှုနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ မျှော်မှန်းချက် ထားနိုင်၊ မထားနိုင်အပေါ်အများကြီး သက်ဆိုင်ပါတယ်။ အကောင်းပဲဇွတ်မြင်လို့မရသလို၊ အဆိုးပဲ ဇွတ်မြင်လို့လဲမရဘူး။ အခြေအနေနဲ့

Planning System နဲ့ အချက် ၁၁ ချက် Read More »

အလုပ်တွေ အများကြီးလုပ်တာကောင်းတယ်။

အလုပ်တစ်ခုတည်းမှာတော့ဖင်မြဲဖို့လိုတယ်။ အလုပ်တစ်ခုလုပ်တဲ့ အခါမကျွမ်းကျင်သေးတဲ့အဆင့်၊ကြည့်ကောင်းတဲ့အဆင့်၊ ကျွမ်းကျင်အဆင့်၊ဆရာ့ဆရာ အဆင့် အမျိုးမျိုးရှိတယ်။ တစ်ဆင့်ချင်းတက်ဖို့အတွက်Mastery level ရောက်ဖို့ နေ့တိုင်း လက်သွေး practice လုပ်နေဖို့လိုတယ်။ မားကတ်တင်းအပိုင်ဆိုပါတော့content ကို စာ၊ video ဒါမှ မဟုတ် graphic ပုံဘယ်လိုမျိုးပဲ ဖန်တီးတီးနေ့စဥ် တိုးတက်အောင် နည်းလမ်းရှာ၊လေ့ကျင့်၊ ပြင် နေဖို့လိိုတယ်လို့ထင်တယ်။ နောက် ကြော်ငြာလုပ်တဲ့အလုပ်တစ်ခုနဲ့တောင်သေချာ လုပ်ဆောင်နိုင်ရင်အသက်မွေးဝမ်းကြောင်းကောင်းကောင်းလုပ်လို့ရတယ်။ ဆရာကောင်းရှာ Mentor ရှိပြီဆိုရင်တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှု Mastery ရောက်အောင်နေ့တိုင်းလေ့ကျင့်။ ကိုယ့် mentor ထက် စကေးကြမ်းအောင်လုပ်။ လမ်းပျောက်နေတာ ကိုယ်လိုချင်တဲ့လမ်းကိုမတွေ့သေးတာဖြစ်နိုင်သလို၊ လမ်းတစ်ခုကို ထဲထဲဝင်ဝင် အာရုံမစိုက်သေးတာလဲ ဖြစ်နိုင်တယ်။ Phyo Paing @ Derek

အလုပ်တွေ အများကြီးလုပ်တာကောင်းတယ်။ Read More »

အေအိုင်

မနက်တိုင်း Journaling ရေးပြီးရင်AI ကို မေးတယ်။ မင်းသာ ငါ့ business coach ဖြစ်ပြီးဒီနှစ် ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့အတွက်ဆို ငါ့ကို ဘာမေးခွန်းတွေ မေးမလဲဆိုပြီး။ ခုတောင် AI သုံးနိုင်တဲ့ သူနဲ့ မသုံးနိုင်တဲ့ သူ တော်တော်ကွာသွားမယ်။ သုံးတယ်ဆိုတာ Generative AI မှာ ကိုယ်လိုချင်တဲ့ output ရဖို့ ဘာရေး၊ ဘာမေးမယ်ဆိုတဲ့ input နဲ့ အသုံးပြုတဲ့ AI model ပေါ်မူတည်ပြီးprompt engineering လုပ်ရတယ်။ ဒီလိုလုပ်တဲ့အခါ အမြဲတမ်းoutput က ကိုယ်လိုချင်တာဖြစ်ရဲ့လားအမြဲ ကြည့်ရတယ်။ မားကတ်တာတွေ၊ စွန့်ဦးတီထွင်တွေအတွက်ကPrompt engineering လုပ်နိုင်စွမ်းကဖိုထိုး alchemy လုပ်သလိုပဲ။ လုပ်ငန်းချင်းတူရင်တောင်လူမှုကွန်ယက် social media ကို အသုံးချတဲ့ပုံမတူရင် ရလဒ်မတူသလိုပဲအေအိုင်တစ်ခေတ်ကလဲ

အေအိုင် Read More »

တစ်ဒီဂရီ အပြောင်းအလဲ

The One Degree Shiftတစ်ဒီဂရီ အပြောင်းအလဲ ဂေါ်သီးတစ်လုံးရဲ့ တာထွက်တစ်ဒီဂရီအပြောင်းအလဲကဘယ်နေရာမှာ လမ်းဆုံးမလဲဆိုတာကြီးကျယ်တဲ့ အဆုံးအဖြတ်ပေးတယ်။ လေယာဥ်တစ်စီးရဲ့တစ်ဒီဂရီ အပြောင်းအလဲကလဲအချိန်ကြာလေ ရောက်တဲ့လမ်းဆုံးမတူလေပဲ။ ဘဝဆိုတဲ့ သင်္ဘောကြီးသွားနေနဲ့လမ်းမှာအိုင်ဒီယာတစ်ခု၊ အတွေးအခေါ်တစ်ခု ကတစ်ဒီဂရီပဲ။ဒါပေမယ့် ဘဝတွေကို ကွာသွားစေနိုင်တယ်။ ဘဝမှာ တစ်ဒီဂရီအပြောင်းအလဲတွေအများကြီး ကြုံခဲ့ဖူးတယ်။ ၁။ တိုးတက်နေမှုသည် ပြီးပြည့်စုံမှုထက်ပိုအရေးကြီးတယ်။Progress > Perfect၂။ ဒီနေ့လုပ်လိုက်တဲ့ အလုပ်သည်မနက်ဖြန်အလုပ်ကို ခြွေတာပေးနိုင်ရမယ်။Multiply your time၃။ ဘာပဲလုပ်လုပ် အရှုံးကို ကန့်သတ်ထားပါ။Limit Your Loss၄။ ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးနေရမယ်။Be bigger than your business၅။ ကိုယ့်ကိုငွေပြန်ရှာပေးတဲ့အရာတွေမှာငွေသုံးဖို့ မနှေမြောပါနဲ့။Invest in things that can help you make money ကိုယ့်ကို တစ်ဒီဂရီအပြောင်းအလဲone degree

တစ်ဒီဂရီ အပြောင်းအလဲ Read More »