March 2024

ဘဝမှာ ကျေးဇူးအတင်ဆုံးက

ဘဝမှာ ကျေးဇူးအတင်ဆုံးကကိုယ်ရေးတဲ့စာ လူတွေနားလည်တာပဲ။ ကိုယ့်ကိုယ်ကို ဖတ်ရင်တောင်တော်တော် နားလည်ဖို့ကြိုးစားရတာ။ Toe Tet InsiderNote လုပ်တော့လဲကိုယ်နားလည်တဲ့အတိုင်းပြန်ပြောတာလူတွေနားလည်ပါ့မလား စဉ်းစားခဲ့ရတာ။YouTube မှာ တချို့တင်ကြည့်တော့မှအော် တော်သေးတယ်လို့စဉ်းစားမိတယ်။ Phyo Paing @ Derek

ဘဝမှာ ကျေးဇူးအတင်ဆုံးက Read More »

ငွေရှာနည်း

ပိုက်ဆံရှာဖို့ စျေးကွက်ပြဿနာအရင်ရှာတယ်။ ပြဿနာရှာပြီးရင်၊ ဒီပြဿနာတွေထဲကမှ ကိုယ်ဖြေရှင်းချင်တဲ့၊ ဖြေရှင်းနိုင်တဲ့ ပြဿနာကိုရွေးချယ်ပြီးဖြေရှင်းနိုင်တဲ့ နည်းလမ်းရှာတယ်။ ဒီနည်းလမ်းက လက်ရှိရှိနေတဲ့နည်းလမ်းတွေထက်ပိုကောင်းတဲ့နည်းလမ်းဖြစ်ရမယ်။နောက် ဒီဖြေရှင်းတဲ့နည်းလမ်းအတွက်လူတွေက ငွေပေးချေနိုင်စွမ်းနဲ့၊ ငွေပေးချေချင်စိတ်ရှိရမယ်။ သူတို့မှာ ငွေပေးချေနိုင်စွမ်းမရှိရင်သူတို့အစား ငွေပေးချေပေးမည့်သူရှိရမယ်။ ဒီစျေးကွက်ပြဿနာကိုဖြေရှင်းမည့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကိုနာမည်တစ်ခုပေးရမယ်။ ဒီနာမည်ကလဲ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုက ဖြေရှင်းပေးမည့်အဖြေကို ကိုယ်စားပြုနိုင်စွမ်းရှိရမယ်။ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကိုအသုံးပြုမည့်လူတွေကို ကိုယ့်လုပ်ငန်းအကြောင်းသိအောင်လုပ်ရမယ်။ စိတ်ဝင်စားအောင်လုပ်ရမယ်။မေးအောင်လုပ်ရမယ်။ဝယ်အောင်လုပ်ရမယ်။ဝယ်ပြီးထပ်ဝယ်အောင်၊ ထပ်ဝယ်ပြီးသူ တခြားသူကိုပြောအောင်လုပ်ရမယ်။ နောက်ပိုင်း ဒီစနစ်ကိုလည်ပတ်တဲ့အခါဝန်ထမ်းခန့်၊ ဝန်ထမ်းတွေကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့နည်းစနစ်တွေ သေချာချပေး။ တစ်ခုချင်းလွဲ။ တကယ်လို့ ကိုယ့်လုပ်ငန်းက လူမလိုတဲ့ solopreneur လုပ်ငန်း၊နည်းပညာအသုံးပြုတဲ့ လုပ်ငန်းဆိုရင်set it and forget it လုပ်လို့ရနိုင်တယ်ဆိုရင်ဒါကို repeat လုပ်။ ဒါကစီးပွားရေးလုပ်နည်း၊ ငွေရှာနည်း ၁၀၁ ပဲ။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။

ငွေရှာနည်း Read More »

Outliers

တော်တိုင်းမအောင်မြင်ဘူး။ IQ မြင့်တိုင်း မအောင်မြင်ဘူး။စမတ်ဖြစ်တိုင်း မအောင်မြင်ဘူး။ ကိုယ်စမတ်ဖြစ်တာကို လူကြောနပ်မှုနဲ့ပေါင်းစပ်မှ အောင်မြင်မှုဆိုတာဖြစ်လာတယ်။ ဒါကတော့ ကမ္ဘာကျော်စာအုပ်တွေဖြစ်တဲ့Blink တို့၊ Tipping points တို့ကိုရေးတဲ့ Outliers ရဲ့ စာရေးဆရာ Malcolm Gladwell ရဲ့ နာမည်ကျော်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ Chris Langan ဆိုတဲ့ မြင်းမွေးမြူရေးလုပ်ပြီးကိုယ့်ဖာကိုယ်ပညာလေ့လာတဲ့ ပုဂ္ဂိုလ်ဆိုရင်IQ 195–210 လောက်ရှိပြီးကမ္ဘာ့ IQ အမြင့်ဆုံးလူထဲမှာပါတယ်။ သူက အက်တမ်ဗုံး atomic bomb တီထွင်တဲ့ရူပဗေဒပညာရှင်ဖြစ်တဲ့ Robert Oppenheimer လိုတော်တာပဲ ဘာကွာသွားလဲဆိုရင်ရှုပ်ထွေးပွေလီတဲ့ လူ့လောကမှာ တော်ရုံနဲ့ မရဘူး၊ လူကြောနပ်ဖို့လဲလိုတယ်။ ကိုယ့် အသိပညာ၊ အတတ်ပညာ၊ ဥာဏ်မပညာကို အသုံးချ leverage လုပ်တတ်မှုလိုတယ်။ သမ္မာကျမ်းစာမှာ Matthew Effect ဆိုတာရှိပြီး“to those

Outliers Read More »

လူတွေမှာ အင်နာဂျီအမျိုးမျိုးရှိတယ်။

လူတွေမှာ အင်နာဂျီအမျိုးမျိုးရှိတယ်။ တချို့သူတွေနဲ့ တွေ့ရင်စိတ်ညစ်တာတွေကို နားထောင်ပေးတာမျိုး။ healer ကုသပေးတဲ့ အင်နာဂျီမျိုး။ တချို့ကျတော့ ဒါဆို ဒါလုပ်ဆိုတဲ့ဦးဆောင်တဲ့နေရာက command ပေးတဲ့သူမျိုး။ တချို့ကျတော့ အကြောက်တရား fear နဲ့ခြိမ်းခြောက်ပြီး တွန်းအားပေးနိုင်တဲ့သူများ။ တချို့ကျတော့ မော်တီပေးပြီးmotivator လုပ် ခဏတာအင်နာဂျီတွေပေးအလုပ်လုပ်စေတဲ့သူမျိုး။ တချို့ကျတော့ မတွေးမိတဲ့ အမြင်သစ်က စဥ်းစားစေပြီးရှုထောင့် perspective ပြောင်းစဥ်းစားစေတဲ့သူမျိုး။ တချို့ကျတော့ မခံချင်အောင်ပြောပြီးဒေါသကိုဆွ သက်သေပြ proof လုပ်အောင်နှိုးဆွတဲ့သူမျိုး။ သူတို့နဲ့တွေ့ရင် စိတ်ထဲက ကသိကအောင့်ဖြစ်စေမည့်အရာတွေကို ထုတ်ဖော်တတ်တယ်။ တချို့ကျတော့ စိတ်ချလိုက်ကျန်တဲ့ လုပ်စရာရှိသာကိုသလာလုပ်ဒီလို peace of mind ပေးတဲ့သူမျိုး။ တချို့ကျတော့ သူပြောတဲ့စကားကဟုတ်သလို၊ မဟုတ်သလိုလိုမသေချာမရေရာမှု uncertainty ကိုပေးတဲ့သူမျိုး။ တချို့ကျတော့ မင်းကဘာကောင်မို့လဲပြိုင်ဆိုင်မှု comparison လုပ်တတ်တဲ့အင်နဂျီမျိုး။ ကိုယ်နဲ့တွေ့တဲ့သူတွေရဲ့ အင်နာဂျီအရေးကြီးတယ်။

လူတွေမှာ အင်နာဂျီအမျိုးမျိုးရှိတယ်။ Read More »

Reading

စာဖတ်တိုင်းအောင်မြင်ရင်စာဖတ်တာကြိုက်လွန်းလို့ စာကြည့်တိုက်မှူးအလုပ်လုပ်တဲ့သူတွေ၊စာအုပ်ဆိုင်ဖွင့်ထားတဲ့သူတွေ “အကုန်”အရမ်းအောင်မြင်နေမှာပေါ့။ ကိုယ့်ရည်မှန်းချက်ကဘာလဲ၊ ဘာစာဖတ်လဲ၊ဘယ်လိုဖတ်သလဲ၊ဦးနှောက်ထဲဘယ်လောက်ဝင်လဲ၊ ဘယ်လောက်ပြန်အသုံးချလဲ၊ အသုံးချတဲ့အပေါ် ဘယ်လောက်ပြန်သုံးသပ်လဲ၊သုံးသပ်ပြီး အပြုအမူကိုဘယ်လိုပြန်ပြင်သလဲ။ ဒီအချက်တွေ အပေါ်မူတည်ပြီးကိုယ့်ရဲ့ ဘဝလားရာကွာသွားတာ။ စာဖတ်တယ်ဆိုတာ ကိုယ့်ရည်မှန်းချက်ရောက်အောင်သွားမည့်နည်းလမ်းကောင်းတွေ လိုက်ရှာတာ။ အမြင်သစ်တွေ လိုက်ရှာတာ။ လုပ်ရပ်အသစ်တွေ လုပ်ဖို့လိုက်ရှာတာ။ ဒါကတော့ သုတစာပေအတွက်။ဘယ်သူ့မှ စော်ကားလိုစိတ်မရှိပါ။ကျွန်တော့်အမြင်လေးပြောပြတာပါ။ Phyo Paing @ Derek

Reading Read More »

ကြိုးစားရုံနဲ့ မအောင်မြင်ဘူး။
အချိန်ကောင်းနဲ့ ကြုံမှ။

ကြိုးစားရုံနဲ့ မအောင်မြင်ဘူး။ အချိန်ကောင်းနဲ့ ကြုံမှ။ ဒီအချိန်ကောင်းနဲ့ကြုံအောင်ကြိုတင်ကြိုးစားထားကြတာ။ ကိုယ်ကြိုတင်ကြိုးစားပြီးစောင့်နေတဲ့ အချိန်ကောင်းကဘာများဖြစ်မလဲ။ Phyo Paing @ Derek

ကြိုးစားရုံနဲ့ မအောင်မြင်ဘူး။
အချိန်ကောင်းနဲ့ ကြုံမှ။
Read More »

အရှိကိုအရှိအတိုင်းလက်မခံနိုင်တာ
အကောင်းအမြဲ မြင်တဲ့သူတွေ ဖြစ်နိုင်တယ်။

ဒီနေ့ရမည့်ကောင်းကျိုးထက်အနာဂတ်မှာရမည့်ကောင်းကျိုးပိုအရေးကြီးတယ်လို့ပဲခံယူတယ်။ဒီစိတ်နဲ့ပဲ အလုပ်လုပ်နေတာ။ ငယ်ငယ်တုန်းက မုန့်ကောင်းကောင်းစားစရာရှိရင်နောက်ဆုံးမှစားတယ်။ အနာဂတ်မှာက ဘာဖြစ်မယ်မှန်းသေချာမသိဘူး။ဒါကြောင့် အမြဲ အိုစာမင်းစာ အမြဲစဥ်းစားထားတယ်။ အသုံးစရိတ်လုပ်ရင်တောင် သုံးဆင့်လုပ်တယ်။ ပထမ သုံးတဲ့ budget ကုန်သွားရင်၊ဒုတိယထားတဲ့ budget အဆင့်၊ ဒါကုန်သွားမှ တတိယအဆင့်။ စီမံကိန်းချထားတာ မှန်သမျှကပထမအဆင့်နဲ့ ပြီးသွားအောင်အမြဲလုပ်သလို အဆိုးဆုံးအခြေအနေအတွက် အမြဲတမ်းခေါင်းထဲ စဥ်းစားထားတတ်တယ်။ ကိုယ့်ကို မသိတဲ့သူအများစုကအကောင်းမြင်တယ်လို့ ထင်ကောင်းထင်တယ်။ တကယ်တော့ ကိုယ်က အဆိုးအကုန်စဥ်းစားထားတဲ့အတွက်ဖြစ်နေတဲ့အခြေအနေကကိုယ်ထင်ထားတာထက် ပိုကောင်းနေတာမျိုး။ ဒီတော့ စိတ်ထားတတ်သွားတယ်။ တစ်ခုခုဖြစ်တိုင်းမှာ အဆိုးဆုံးကို စဥ်းစားထားတဲ့အခါဘဝအကျိုးပေးက ကိုယ်စဥ်းစားထားတဲ့ အဆိုးဆုံးလောက်မဆိုးတဲ့အတွက်ဘဝကို လက်ခံလို့ရတယ်။ တကယ်တမ်း သွေးပျက်ပြီးအရှိကိုအရှိအတိုင်းလက်မခံနိုင်တာ အကောင်းအမြဲ မြင်တဲ့သူတွေ ဖြစ်နိုင်တယ်။ Phyo Paing @ Derek

အရှိကိုအရှိအတိုင်းလက်မခံနိုင်တာ
အကောင်းအမြဲ မြင်တဲ့သူတွေ ဖြစ်နိုင်တယ်။
Read More »

မကြာမီ စတင်မည့်
ဆပွားမားကတ်တင်း ရှိပါတယ်။

လုပ်ငန်းတစ်ခုမှာ အရေးကြီးဆုံးကဝင်ငွေ။ ဝင်ငွေရဖို့ သူစိမ်းကို အသိ၊ အသိကို ဖောက်သည်၊ ဖောက်သည်ကို ထပ်ခါထပ်ခါထပ်ဝယ်တဲ့အမာခံပရိသတ်၊အမာခံပရိသတ်ကို ဘာပဲဖြစ်ဖြစ်ကိုယ်နဲ့ အတူရပ်တည်တဲ့အတွင်းလူဖြစ်အောင် လုပ်ဆောင်တာကိုမားကတ်တင်းလို့ ခေါ်ပါတယ်။ မကြာမီ စတင်မည့် ဆပွားမားကတ်တင်း ရှိပါတယ်။ ဆပွားမားကတ်တင်းကတော့ ၁။ ပုံမှန်မားကတ်တင်းစဥ်းစားတဲ့ပုံစံတွေဖြစ်တဲ့brand, marketing, sales အဲ့လိုခွဲပြီးလုပ်ဆောင်တဲ့ မားကတ်တင်းမဟုတ်ပါ။ အကုန်လုံးကို တခါတည်းလုပ်ဆောင်လို့ရတဲ့မားကတ်တင်း စနစ်တစ်ခုဖြစ်ပါတယ်။ ၂။ ရောင်းရဖို့ ဘယ်သူနဲ့ကြော်ငြာရမလဲအမြဲစဥ်းစားနေရတဲ့ မားကတ်တင်း မဟုတ်ပါဘူး။ အဲ့ဒါမလိုတဲ့ နည်းစနစ်နဲ့ မားကတ်တင်းဖြစ်ပါတယ်။ ၃။ ကိုယ့်လုပ်ငန်းကို ဝေဖန်တိုက်ခိုက်မှာတွေကြောက်ပြီးရပ်နေရတဲ့ မားကတ်တင်းမဟုတ်ပါဘူး။ ၄။ Boost budget တွေပဲသုံးနေရတဲ့ မားကတ်တင်း မဟုတ်ပါဘူး။ Organic တည်ဆောက်တဲ့နည်းတွေပါပါမယ်။ ၅။ ခေတ်နောက်ပြန်ကျတဲ့ မားကတ်တင်းမဟုတ်ပဲနည်းပညာသစ်ဖြစ်တဲ့ AI အသုံးပြုပြီးလွယ်လွယ်ကူကူလုပ်ဆောင်လို့ရတဲ့ မားကတ်တင်း စနစ်တစ်ခုဖြစ်ပါတယ်။

မကြာမီ စတင်မည့်
ဆပွားမားကတ်တင်း ရှိပါတယ်။
Read More »

ပန်းကောင်းပန်းမန်ရချင်ရင်
သေချာ ပြုစုပျိုးထောင်ဖို့
နည်းလိုတတ်တယ်။

လုပ်ငန်းရှင်တွေကို အများဆုံးစိတ်ညစ်စေတာ ဝန်ထမ်းတွေ။ ဘာကြောင့်လဲဆိုတော့ဝန်ထမ်းတွေကို ဖောက်သည်တွေ စဥ်းစားသလိုစဥ်းစားလို့။ လုပ်ငန်းရှင်အများစုက ဖောက်သည်တွေအတွက်ဆို segmentation, targeting, positioning (STP) လုပ်ကြတယ်။ ဖောက်သည်တွေကို profiling အသက်၊ အရွယ်၊ ကျား၊ မ၊ ဝင်ငွေ၊ နေရပ်လိပ်စာ၊ AOI – attitude, opinion, interestစိတ်နေသဘောထား၊ စိတ်ဝင်စားမှု၊ နေထိုင်တဲ့နေရာ၊ ဆုံးဖြတ်ချက််ချတဲ့ပုံ အသေးစိတ်လေ့လာတယ်။ ဒါပေမယ့် ဝန်ထမ်းတွေကို မလေ့လာဖြစ်တတ်ကြဘူး။ ဒါကလဲ လုပ်ငန်းရှင်တွေ အပြစ်မဟုတ်ဘူး။ကိုယ့်ဦးနှောက်က အပြင်ဖက် ဖောက်သည်တွေကို စဥ်းစားတာများတတ်တယ်။ ဝန်ထမ်းရေးရာ ပြဿနာ နည်းချင်ရင်Employee Profiling ကို သေချာလုပ်ဖို့လိုတယ်။ အလုပ်ခေါ်စာ မရေးခင်ကစတယ်။ အလုပ်ခေါ်စာရေးတဲ့ အခါကြော်ငြာရေးသလို ကိုယ်မလိုချင်တဲ့သူမရောက်အောင်recruitment letter ကို ရေးတတ်ဖို့လိုတယ်။နောက် interview လုပ်တဲ့အခါskill

ပန်းကောင်းပန်းမန်ရချင်ရင်
သေချာ ပြုစုပျိုးထောင်ဖို့
နည်းလိုတတ်တယ်။
Read More »

ကိုယ်က ကိုယ့်လုပ်ငန်းထက်
ကြီးနေရမယ်။

စီးပွားရေးကိုပဲ မတည်ဆောက်နဲ့။ကိုယ့်ကိုယ်ကို တည်ဆောက်။ကိုယ်က ကိုယ့်လုပ်ငန်းထက်ကြီးနေရမယ်။ အချိန်မရွေး ကိုယ်စနိုင်တဲ့အစွမ်းရှိရမယ်။ ကိုယ်က လုပ်ငန်းကိုပဲတည်ဆောက်ပြီးလုပ်ငန်းက ကိုယ့်ထက်ကြီးနေရင်စိတ်ဖိဆီးမှုတွေပဲ များနေရမယ်။ ကိုယ်က လုပ်ငန်းထက်ကြီးနေရင်လုပ်ငန်းပြဿနာတွေ ကိုယ့်ထက်သေးသွားလိမ့်မယ်။ ဒါကြောင့် ပြဿနာသစ်တွေဖြေရှင်းနိုင်ဖို့အမြဲလေ့လာနေဖို့ မျက်စိဖွင့်နားစွင့်ထားဖို့လိုတယ်။ ဒါကတော့ လုပ်ငန်းရှင်တွေပဲနားလည်လိမ့်မယ်ထင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ကိုယ်က ကိုယ့်လုပ်ငန်းထက်
ကြီးနေရမယ်။
Read More »