April 2024

အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့

ကိုယ်ထိန်းချုပ်မရတဲ့ အရာတွေလောကမှာ ဘယ်လိုပဲဖြစ်နေမှာပဲ အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့အရေးအကြီးဆုံးပဲ။ အကြည်ဓာတ်ဆိုတာ ဗုဒ္ဓဟောကြားခဲ့တဲ့ကောင်းမွန်တဲ့ စေတသိက်တွေစိတ်ကို ခြယ်လှယ်နေဖို့လိုတယ်။ ဒီလို ဖြစ်ဖို့ လောကရဲ့ “မာယာ” ကိုသိဖို့၊ လောဘ၊ ဒေါသ၊ မောဟကို ကိုင်တွယ်တတ်ဖို့ လိုတယ်။ အသက်ကြီးလာလေ ဒီ လောကရဲ့ မာယာကို နားလည်စပြုလာလေ၊ လောဘ၊ ဒေါသ၊ မောဟက လူဆိုတော့ မရှိပဲမနေဘူး။ ကိုင်တွယ်တတ်ဖို့ပဲလိုတယ်။ဒါကို နေ့စဥ် ကျင့်ယူနေဖို့က ကိုယ့်တာဝန်ပဲ။ Phyo Paing @ Derek

အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ Read More »

So good they can’t ignore you

လောကကို ခပ်ချေချေနေချင်ရင်ချေလို့ ရတဲ့ စကေးလိုနိုင်တယ်။ မဟုတ်ရင် ကိုယ်ကကြီးအချေခံနေရတာ။ အခြေခံ စကေးပြီးရင်ပြန်ချေနိုင်ဖို့ အချေပြန်စကေးကျွမ်းကျင်မှရမယ်။Cal Newport ကတော့So good they can’t ignore you တဲ့။ 😀

So good they can’t ignore you Read More »

Reading = Researching

နည်းပညာကုမ္ပဏီနဲ့ နည်းပညာမဟုတ်တဲ့ သန်း ၁၀၀ အထက် တန်ဖိုးရှိတဲ့ကုမ္ပဏီအကုန်လုံးကို ဦးဆောင်တဲ့သူတွေ အကုန်လုံးဘာလုပ်ကြသလဲ? မတူညီတဲ့ အချက်တွေ အများကြီးရှိတယ်။ တူညီတဲ့အချက်တစ်ခုက စာအများကြီး ဖတ်ကြတယ်။ တစ်ကမ္ဘာလုံးကိုပဲ ကြည့်ကြည့်၊တရုတ်ကိုပဲ ကြည့်ကြည့် အတူတူပဲ။ သူတို့နဲ့ သက်ဆိုင်တဲ့နယ်ပယ်ပဲ မဟုတ်ဘူး။မသက်ဆိုင်တဲ့ နယ်ပယ်ကပါ လေ့လာတယ်။

Reading = Researching Read More »

ဘဝရဲ့ ပြဿနာတွေဆိုတာ

လူတိုင်းက ကိုယ်နဲ့ တန်ရာတန်ရာ ဘဝကိုရတာပဲ။ ကိုယ့်အတွေးနဲ့ တန်တဲ့ဘဝ။ ကိုယ့် အကြံအစီနဲ့တန်တဲ့ ဘဝ။ ကိုယ့်အလုပ်နဲ့ တန်တဲ့ဘဝ။ သေချာတာ တစ်ခုကတော့အပြစ်တင်ခြင်းကိုပဲ ထိုင်လုပ်နေသမျှအဖြေရှာခြင်းဆိုတာနဲ့ ဝေးသွားနိုင်တယ်။ ဘဝရဲ့ ပြဿနာတွေဆိုတာ ထိုင် အဖြေရှာဖို့။ Phyo Paing @ Derek

ဘဝရဲ့ ပြဿနာတွေဆိုတာ Read More »

အောင်မြင်မှု

ဘဝမှာ တိုးတက်ပျော်ရွင်နေတာအောင်မြင်တာပဲ။ တိုးတက်ပျော်ရွင်ဖို့ ဆူညံသံ noise တွေကို ရှောင်ရတယ်။ အတင်းအဖျင်းတွေ၊ ကိုယ့်ဘဝအတွက် အရေးမပါတဲ့အထင်အမြင်တွေ၊ ကိုယ့်အတွက် မမှန်တဲ့ ပုံပြင်တွေ၊ အဲ့လို အရေးမပါတာတွေကို အရာမပေးဖို့လိုတယ်။ ကိုယ့်နှလုံးသားအသံ၊အားသာချက်၊ လုပ်ချင်တာတွေကိုကြားလာမယ်။ ဒီ Voice က ဆူညံသံ Noise တွေအထက်ရောက်ဖို့လိုတယ်။ ရေဒီယို ချိန်သလိုပဲဆူညံသံတွေရဲ့ လှိုင်းကိုဖမ်းနေရင်ကိုယ်လိုချင်တဲ့ လှိုင်းကို ရမှာမဟုတ်ဘူး။ လူတွေဖမ်းယူနေတဲ့ ဖရီကွန်စီ frequencyလှိုင်းတွေ မတူကြဘူး။ Low-level frequency တွေနဲ့ ရုန်းမထွက်နိုင်ဘဝကို ကျော်လွှားမှကိုယ့်ရဲ့ Voice က Noise အထက်ရောက်မယ်။ Phyo Paing @ Derek

အောင်မြင်မှု Read More »

အကြံပြုတာနဲ့ အကြံပေးတာမတူဘူး။

အကြံပေးတယ်ဆိုတာ တောင်းမှ ပေးရတယ်။ အကြံပြုတယ်ဆိုတာ အခြေအနေတစ်ခုကို ပိုကောင်းစေချင်တဲ့ စိတ်နဲ့ အကြံပြုတာ။ လုပ်တာ မလုပ်တာ သူ့တာဝန်။ မြန်မာနဲ့ တရုတ် လူကြီး အများစုနဲ့ တချို့ ပညာတတ်တချို့တောင်လုပ်တတ်တဲ့ အရာတစ်ခုက ကိုယ်သေချာမသိတဲ့ အရာတစ်ခုကိုအခြေအနေကို သေချာမသိပဲ အကြံပြုတတ်တာ။ တခါတလေကလဲ အကြံပြုတာကို ဝေဖန်တဲ့ ပုံစံဖြစ်သွားတတ်ကြတယ်။ ဒီတော့ ပါဆန်နယ်ပိုင်းအကြံပြုတဲ့အခါ ဒီမေးခွန်းတွေနဲ့ ပြန်မေးပြီး အကြံပြုချင်တဲ့သူကို အကောင်းဆုံးကူညီပေးလို့ရတယ်။ ၁။ ဝေဖန် အကြံပြုချင်တဲ့ အရာ။What’s your suggestion? ၂။ အခုအကြံပြုမည့်သူရဲ့ အခြေအနေနဲ့ နောက်ခံသမိုင်းကို ကိုယ်ဘယ်လောက်သိထားသလဲ။How well do you know the situation or background of the person or

အကြံပြုတာနဲ့ အကြံပေးတာမတူဘူး။ Read More »

မသုံးတတ်ရင် ရှုံးနေမယ်။

ပြတာကိုပဲ တွေ့တာ လူမှုကွန်ယက်။လူတွေကို ကိုယ်သိစေချင်တဲ့ပုံပြင်တွေ ဖန်တီးဖို့ အခွင့်အရေးပေးတာလူမှုကွန်ယက်။မသုံးတတ်ရင် ရှုံးနေမယ်။ Phyo Paing @ Derek

မသုံးတတ်ရင် ရှုံးနေမယ်။ Read More »

အလုပ်ဆိုတာ လွတ်မြောက်ရာပဲ။

ကိုယ့်ဘဝရဲ့ ထွက်ပေါက်ကကိုယ်ချစ်ရ၊ မြတ်နိုးရတဲ့ အလုပ်ပဲ။ဒါကြောင့် ကမ္ဘာကြီးပျက်နေလဲကမ္ဘာပျက်ထဲက ထွက်ဖို့ အလုပ်ကမ္ဘာမှာ ရင်ခုန်စရာ၊ ပျော်စရာ၊ စူးစမ်းစရာတွေနဲ့ ပြည့်နက်နေတတ်တယ်။ အဲ့ဒီ အလုပ်တွေ့တဲ့အခါဘဝနဲ့ ကိုယ်နဲ့ တစ်သားတည်းကျသွားတယ်။Work-life balance ဆိုတဲ့ စကားမလိုတော့ဘူး။ အလုပ်ဆိုတာ လွတ်မြောက်ရာပဲ။ Phyo Paing @ Derek

အလုပ်ဆိုတာ လွတ်မြောက်ရာပဲ။ Read More »

ကိုယ့်ကိုယ်ကို ပြင်ဖို့
ကြိုးစားရအုံးမယ်။

ကိုယ်လိုတာမရရင် ဒုက္ခဖြစ်တယ်။လိုချင်ပြီးမရလေလေ ဒုက္ခဖြစ်လေလေပဲ။ ဒုက္ခဆိုတာ “ချင်တယ်” ကစတယ်။ဒီ “ချင်တယ်” ကိုဖျောက်လိုက်ရင်ဥာဏ်စဥ်တက်ပြီး “မြင်တယ်” ဖြစ်လာတယ်။“မြင်တယ်” ဖြစ်တဲ့အခါကိုယ့်ဘဝနေထိုင်မှုပုံစံ “ပြင်မယ်” ဖြစ်သွားတယ်။ “ချင်တယ်” -> “မြင်တယ်” -> “ပြင်မယ်” မြင်ဖို့အတွက်က Mindful သတိရှိဖို့လိုတယ်။သတိရှိဖို့က လေ့ကျင့်ဖို့လိုတယ်။ဒီလို အတွေး၊ အကြံ၊ အလုပ်၊အတွေ့အကြုံတွေကို သတိနဲ့ လေ့ကျင့်တာကို သတိပဋ္ဌာန်Meditation လို့ခေါ်တယ်။ ဒီနှစ်ခုပေါင်းတော့ Mindfulness Meditation ဖြစ်ပြီးအရှိကို အရှိအတိုင်းမြင်နိုင်ဖို့လေ့ကျင့်တာကို Vipassana Meditation orMindfulness Mediation ဝိပဿနာလို့ခေါ်ပြီးမြင်နိုင်တဲ့ပေါ်မူတည်ပြီး ဉာဏ် လို့ခေါ်တယ်။ ၁။ သမ္မသနဉာဏ်၂။ ဥဒယဗ္ဗယဉာဏ်၃။ ဘင်္ဂဉာဏ်၄။ ဘယဉာဏ်၅။ အာဒိနဝဉာဏ်၆။ နိဗ္ဗဒါဉာဏ်၇။ မုစ္စိတုကမျတာဉာဏ်၈။ ပဋိသင်္ခါဉာဏ်၉။ သင်္ခါရုပေက္ခာဉာဏ်၁၀။ အနုလောမဉာဏ် ဉာဏ်ဆယ်ပါးရှိတယ်။ ကိုယ့်ရဲ့ ဉာဏ်တက်ဖို့

ကိုယ့်ကိုယ်ကို ပြင်ဖို့
ကြိုးစားရအုံးမယ်။
Read More »