သုံးတာနဲ့ ဖြုန်းတာ ဘာကွာလဲ?
ရည်ရွယ်ချက်ရှိရှိလုပ်တာနဲ့ရည်ရွယ်ချက် မရှိပဲ လုပ်တာကွာတယ်။ မသုံးရင် ရှုံးတာပဲ။ ဒီလို thought experiment လေး လုပ်ကြည့်။ လူ့ဘဝသာ ဂိမ်းတစ်ခုဆိုရင်ဒီနေ့ခေတ်မှာ ၇၁ နှစ်လောက်နေရလိမ့်မယ်။ရက်ပေါင်း ၂၆၀၀၀ လောက်ရမယ်။ ဒီရက်ပေါင်း ၂၆၀၀၀ မှာ ပညာသင်ရတဲ့ အချိန်၊အလုပ်ရှာရတဲ့အချိန်၊စီးပွားရှာရတဲ့အချိန်၊မိသားစုတည်ဆောက်ရေးအချိန်၊လူ့ဘောင်အတွက် ပေးရတဲ့အချိန်၊ဝါသနာပျော်စရာအတွက် ပေးရတဲ့အချိန်ဘဝက မျိုးစုံမယ်။. ဒီပေးထားတဲ့ ဂိမ်းမှာသရုပ်ဆောင်ရတဲ့ ဇာတ်ခုံကမတူကြဘူး။မွေးတဲ့နိုင်ငံ၊ ဖြစ်တဲ့လူမျိုး၊ဆက်ခံရတဲ့ မျိုးရိုး၊ ပါလာတဲ့ ပါရမီ၊ဖြတ်သန်းလာတဲ့ ဘဝသမိုင်းကြောင်း။ ဘဝမှာ ဆယ်ကျော်သက်အရွယ်ထိကကိုယ်ကဘဝကို ရွေးတာမဟုတ်ပဲဘဝကို ကိုယ့်ကိုရွေးတယ်။ဆယ်ကျော်သက်ကျော်တဲ့အခါကိုယ်က ဘဝကို ပြန်ရွေးတယ်။ ဒီဂိမ်းကို ထိုင်ငြီးနေလို့ကတော့ခိုပဲ ဖြစ်သွားနိုင်တယ်။ဒီဂိမ်းမှာ ပေးထားချက်ပေါ်မူတည်ပြီးသေချာထိန်းဆော့ရင်တော့ရက်ပေါင်း ၂၆၀၀၀ ကျော်ဆော့ရမှာပဲ။ ဒီဂိမ်းရဲ့အမှတ်တွေက နောက်ဂိမ်းမှာဖြစ်လာမည့်ဇာတ်ကောင်နဲ့ သရုပ်ဆောင်ရမည့်အပိုင်းကိုမဆုံးဖြတ်ဘူးလို့ မပြောနိုင်ဘူး။ ရက်ပေါင်း ၂၆၀၀၀ ကိုကိုယ်ဖြစ်ချင်တဲ့ဘဝပုံစံမျိုးအဓိပ္ပာယ်ရှိရှိ သုံးမှ မဖြန်းရာကျမယ်။ သုံးတာနဲ့ ဖြုန်းတာ […]
သုံးတာနဲ့ ဖြုန်းတာ ဘာကွာလဲ? Read More »