May 2024

Timing

ဘာအလုပ် လုပ်လုပ် ဥာဏ်နည်းရင်တော့ အမြဲခံ နေရမှာပဲ။ ဥာဏ်ပိုနည်းလေ ပိုခံရလေပဲ။ ကိုယ်လဲ ခဏခဏ ခံခဲ့ရတော့ ပြန်လေ့လာကြည့်တဲ့အခါဒီတစ်ခုကို သွားတွေ့တယ်။ ဒါကတော့ “အချိန်”။ စီးပွားရေးမှာ “ဘယ်အချိန်ဝင်” မယ်၊“ဘယ်အချိန်ထွက်” မလဲဆိုတာ အရေးကြီးတယ်။ ဘယ်အချိန် “ချဲ့” မယ်၊ ဘယ်အချိန် “ချုံ့” မယ်အရေးကြီးတယ်။ Taxi မောင်းတဲ့သူက တစ်နေ့လုံးပတ်မောင်းနေလို့ရတယ်။ ဘယ်အချိန်လေးကို တစ်ဝေ့လေးဝေ့လိုက်ရင်ခရီးသည်ရမလဲ တွက်ချက်လို့ရတယ်။ စာမေးပွဲမှာလဲ အလားတူပဲ။ အမှတ်ကောင်းဖို့ စာအရမ်းဖိကျက်တာနဲ့ဘယ်အချိန်မှာ၊ ဘာကို ဘယ်လောက်အားစိုက်ရမယ် သိတာနဲ့ကွာတယ်။ တချို့က စျေးကွက်ထက်စောနေတယ်။စျေးကွက်လာတဲ့အချိန် ထွက်သွားပြီ။ တချို့က နောက်ကျမှ ရောက်လာတယ်။ လူတွေကို အောင်မြင်မှု ကျဆုံးမှုကို ဆုံးဖြတ်ပေးတဲ့အရေးကြီးတဲ့ အရာတစ်ခုက အဝင်၊ အထွက် အချိန် “Timing” တဲ့။ Phyo […]

Timing Read More »

timing အရေးကြီးတတ်တယ်။

တခြားသူတွေရဲ့ ကာယအား၊ဥာဏအား၊ ငွေအား၊ အချိန်အား၊ နည်းပညာအားမငှါးပဲနဲ့ ချမ်းသာကြွယ်ဝဖို့မလွယ်ဘူး။ဒါကို ဘိုလိုတော့ leverage တဲ့။အားငှါးတတ်ရင် ကြွယ်ဝပြီး၊အားမငှါးတတ်ရင် မွဲတတ်တယ်တဲ့။စီးပွါးရေးလုပ်ငန်းဆိုတာ အားငှါးပြီးစျေးကွက်ပြဿနာဖြေရှင်းတဲ့ ကစားပွဲတစ်ခုပဲ။ဥာဏ်သေရင် ကံခေတယ်တဲ့။စျေးကွက်မှာ အဝင်၊ အထွက်အချုံ့၊ အချဲ့ အချိန် timing အရေးကြီးတတ်တယ်။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

timing အရေးကြီးတတ်တယ်။ Read More »

သိထားဖို့လိုနိုင်တယ်။

အကောင်းမြင်စိတ်က ကိုယ့်ကို တောင်ထိပ် တစ်နေရာတစ်ခုထိရောက်စေမယ်။အကောင်းမြင်စိတ် အရမ်းများတဲ့အလွန်မှာ ချောက်ကမ်းပါးရှိတယ်ဆိုတာလဲ သိထားဖို့လိုနိုင်တယ်။ Phyo Paing @ Derek

သိထားဖို့လိုနိုင်တယ်။ Read More »

အဟောင်းတွေကို လွတ်ချရဲမှ
ပိုကောင်းအောင် အနာဂတ်ဖန်တီးဖို့
အခွင့်အလမ်းပေါ်လာမယ်။

အဟောင်းတွေကို မလွတ်ချပဲအသစ်တွေ မဖန်တီးနိုင်ဘူး။အလုပ်အကိုင်အဟောင်း၊အမူအကျင့်အဟောင်း၊ အတိတ်အဟောင်း၊ အဟောင်းတွေကို လွတ်ချရဲမှပိုကောင်းအောင် အနာဂတ်ဖန်တီးဖို့အခွင့်အလမ်းပေါ်လာမယ်။ လူတွေအရဲ့ အထင်အမြင်ကိုခဏမေ့လိုက်။ အဟောင်းတွေကို လွတ်ချ။ အသစ်တွေကို ဖန်တီး။ အချိန်လေးပေးပြီး စိတ်ရှည်။ Phyo Paing @ Derek

အဟောင်းတွေကို လွတ်ချရဲမှ
ပိုကောင်းအောင် အနာဂတ်ဖန်တီးဖို့
အခွင့်အလမ်းပေါ်လာမယ်။
Read More »

ချန်၊ ပွား၊ စု၊ သုံး

ချန်၊ ပွား၊ စု၊ သုံး ငွေဘယ်လောက်ဝင်ဝင်၁၀% ကို တော့ အနည်းဆုံးချန်။ ပွားနိုင်တဲ့ နည်းလမ်းရှာ။ ကိုယ်တိုင် ကျွမ်းကျင်မှုအတွက်ငွေသုံးတာဖြစ်ရင်ဖြစ်မယ်။ သူငယ်ချင်းမိတ်ဆွေတွေနဲ့ပွားဖို့ လုပ်တာ ဖြစ်ရင်ဖြစ်မယ်။ သာရေး၊ နာရေး၊ ကျန်မာရေးအတွက်အရေးပေါ်အတွက် ငွေစု။ ကိုယ့်ရဲ့ လစဥ် အသုံးစရိတ်ကဖြစ်နိုင်ရင် ပွားတဲ့ငွေနဲ့ ရပ်တည်နိုင်တဲ့အထိလုပ်။ တချို့က ဒါကို ငွေကြေးလွတ်မြောက်မှုလို့ခေါ်တယ်။ အမှန်တော့ အဲ့လိုမဟုတ်ပါဘူး။ လူဆိုတာ ငွေဝင်လေ ပိုသုံးချင်လေ။ အဆင်ပြေနေရင် တစ်သက်လုံး အဆင်ပြေမယ်ထင်ပြီးအသေသုံးတတ်ကြတယ်။ အဆင်မပြေရင်လဲတစ်သက်လုံး မွဲနေမယ်ထင်တတ်ကြတယ်။ ငွေကြေး စိတ်ပညာက စိတ်ဝင်စားဖို့ကောင်းတယ်။ Personal Finance အတွက်Dana Daily ကို လုပ်ထားတယ်။ မတင်ဖြစ်တာတောင်ကြာပြီ။ Phyo Paing @ Derek

ချန်၊ ပွား၊ စု၊ သုံး Read More »

ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအတွက်
နေ့စဥ် ဘာတွေလုပ်ဖြစ်သလဲ။

ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအတွက်နေ့စဥ် ဘာတွေလုပ်ဖြစ်သလဲ။ ဒီနေ့အချိန်က ကိုယ့်ရဲ့စိတ်ကျန်းမာရေး mental health ကို ဂရုပြုရမည့်အချိန်ဖြစ်ပါတယ်။ ကိုယ်က ကိုယ့်ရဲ့ therapist ကုသသူ ဖြစ်မှပဲရမယ်။ ၁။ အတွေးတွေကို သတိပြုပါ။၂။ အတွေးတွေကို ချရေးပါ။၃။ ကျေးဇူးတင်စရာတချို့ကို စဥ်းစားမှုနေ့တိုင်း ပြုပါ။ (ဥပမာ ကိုယ့်မိဘ၊သားသမီး ကျန်းမာနေတာ ဖြစ်ကောင်းဖြစ်မယ်။)၄။ အပျက်သဘောဆောင်တဲ့ အပြုအမူတွေကိုသတိထားပြီး ပြုပြင်ပါ။ ၅။ ဘာမှ မလုပ်ပဲ သတိလေးနဲ့ ဝင်လေ၊ ထွက်လေလေးကို သုံးမိနစ်လောက် မှတ်ကြည့်ပါ။ ၆။ လေ့ကျင့်ခန်းလုပ်ပါ။ ၇။ အသိမိတ်ဆွေ၊ နှလုံးသားချင်းနီးစပ်သူတွေနဲ့စကားပြောပါ။ ၈။ ကိုယ့်ကိုယ်ကိုယ် ပြောနေတဲ့ပုံပြင်တွေကိုဂရုပြုပါ။ ၉။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတဲ့သူတစ်ယောက်၊ ကိုယ့်ရဲ့ ဖြစ်တည်မှုကို လက်ခံပါ၊ဂုဏ်ယူကြည့်ပါ။ စဥ်းစားလို့ရတာ တချို့အထောက်အကူပြုမယ်လို့ ယူဆပါတယ်။ Phyo

ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအတွက်
နေ့စဥ် ဘာတွေလုပ်ဖြစ်သလဲ။
Read More »

ပြဿနာ အခက်အခဲဆိုတာ
ကိုယ်တစ်ယောက်ထဲ ကြုံရတာမဟုတ်ဘူး။

ဗုဒ္ဓ အဆုံးအမကြောင့်သံသရာ ဒီဘဝဖြတ်သန်းရတာ လွယ်ကူအထာကျလာစေတယ်။ လူတွေ ကိုယ့်ကိုယ်ကိုယ် ပြောနေတဲ့ပုံပြင်တွေ မတူကြဘူး။ ပြဿနာ အခက်အခဲဆိုတာ ကိုယ်တစ်ယောက်ထဲ ကြုံရတာမဟုတ်ဘူး။ လောကဓံဆိုတာ လူတိုင်းကြုံရမှာဖြစ်ပြီးမဂ္ဂင်ရှစ်ပါး လက်ကိုင်ထားပြီးသစ္စာလေးပါး နှလုံးသွင်းရမှာပဲ။ လောကမှာ သုခရှိသလို ဒုက္ခလဲရှိမယ်။ မှန်ကန်တဲ့ အမြင်ရှိဖို့ဗုဒ္ဓက သင်ကြားလမ်းပြပေးခဲ့တယ်။ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း။ ပေါကြွယ်ဝခြင်း၊ ဆင်းရဲမွဲသေခြင်း။ဒါတွေကို အစွန်းနှစ်ဖက်အရမ်းသွား ခံစားနေလို့မရဘူး။ မဇ္ဈိမပဋိပဒါ နှလုံးသွင်းရမယ်။ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးမိတယ်။ Phyo Paing @ Derek

ပြဿနာ အခက်အခဲဆိုတာ
ကိုယ်တစ်ယောက်ထဲ ကြုံရတာမဟုတ်ဘူး။
Read More »

Strategy

Q: Strategy, Strategy နဲ့ ခဏခဏ ကြားနေရတယ်။ မဟာဗျူဟာဆိုတာ ဘာကိုပြောတာလဲဗျ။ A: ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ရောက်ဖို့မှန်ကန်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်တာကို မဟာဗျူဟာလို့ခေါ်တယ်။ Q: ဥပမာလေး တစ်ခုပေးပါလား။ A: ဥပမာ အားတီလေးရာ ကိုယ်က ကိုယ့်ဆိုင်က ရပ်ကွက်ထဲမှာ စျေးရောင်းကောင်းပြီး အမြတ်ငွေများချင်တယ် ဆိုပါတော့။ကိုယ်က “စျေးအသက်သာဆုံး” လျော့ပြီးပြိုင်ဆိုင်လို့ရတယ်။ ဒါမှမဟုတ် “မတူညီကွဲပြား” အောင်လုပ်ပြီးစျေးကွက်လိုအပ်ချက်ကိုဖြည့်ဆည်းလို့ရတယ်။ဒါမှမဟုတ် တစ်ခုတည်းကို “အထူးပြု” ရောင်းလို့ရတယ်။ Q: မတူညီကွဲပြားတယ်ဆိုတာ ဘယ်လိုမျိုးဖြစ်မလဲဗျ။ ကျွန်တော်က ကုန်စုံဆိုင်ဖွင့်တယ်ဆိုပါတော့ဗျာ။ A: ဥပမာ ကိုယ့်ရပ်ကွက်ထဲကလာဝယ်တဲ့ သူတွေရဲ့ နာမည်နဲ့အကြိုက်ကို မှတ်မိနေတာ ဖြစ်ရင်ဖြစ်မယ်။ဝန်ထမ်းတွေက တက်ကြွပြီးမြန်မြန်ဆန်ဆန် ဝန်ဆောင်မှုပေးတာဖြစ်ရင်ဖြစ်မယ်။ ဒါမှ မဟုတ် အိတ်လှလှလေးနဲ့ ထည့်ပေးလိုက်တာ ဖြစ်ရင်ဖြစ်မယ်။ဒါမှမဟုတ် ဆိုင်ထဲဝင်လာရင်စိတ်ချမ်းသာသွားစေတဲ့ အပြင်အဆင်ရှိတာ

Strategy Read More »

လူတွေမှာ ဓာတ်တွေရှိတယ်။

ကြုံဖူးမလားတော့မသိဘူးတချို့သူတွေနဲ့ တွေ့ပြီးရင်ကံဇာတာတွေ ကျသွားသလို အကြည်ဓာတ်တွေ ပျောက်အပူဓာတ်တွေ ရောက်ဖြစ်တတ်တယ်။ တချို့သူတွေနဲ့ တွေ့ရင်ရှင်းနေတဲ့ အရာတွေ ပိုရှုပ်သွားတတ်တယ်။ တချို့သူတွေနဲ့ တွေ့ရင်ရှုပ်နေတဲ့အရာတွေ ပိုရှင်းသွားတတ်တယ်။ ပိုတက်ကြွပြီး အားအင်ပိုရှိလာတတ်တယ်။ လူတွေမှာ ဓာတ်တွေရှိတယ်။ဒီဓာတ်တွေကို အနံ့ခံပြီး ဘယ်သူနဲ့ ပေါင်း၊ဘယ်သူ့ကို ချင့်ချိန်ပေါင်း၊ ဘယ်သူ့ကို စည်းခြား၊ဘယ်သူ့ကို ရှောင် သတိထားဖို့လိုနိုင်တယ်။ အထူးသဖြင့် အခုလို ကာလမှာ။ Phyo Paing @ Derek

လူတွေမှာ ဓာတ်တွေရှိတယ်။ Read More »

စိတ်ဓာတ်တွေ အောက်ဆုံးရောက်လဲကိုယ့်ကိုယ်ကိုယ် ပြန်သတိပေး

စိတ်ဓာတ်တွေ အောက်ဆုံးရောက်လဲကိုယ့်ကိုယ်ကိုယ် ပြန်သတိပေး။အပြစ်မတင်နဲ့။အဖြေရှာလို့။လောကဓံကြောင့် ပြိုလဲချင်ပြိုလဲလိုက်။သန်မာချင် သန်မာလိုက်။ကိုယ်ကြိုက်တာ ကိုယ့်ရွေးချယ်မှုပဲ။ ၁။ စကားပြောဖော်အချင်းချင်းအားပေးတိုင်ပင်စရာ အသိုင်းအဝိုင်းလိုတယ်။ ၂။ ကြောက်စိတ်တွေပေါ်တိုင်းငါ့ဒိန်ခဲ ဘယ်သူရွေ့လိုက်သလဲWho moved my cheese? ပုံပြင်ပေးသတိရ။(မသိသေးရင်လဲ YouTube မှာVideo လေးတင်ထားပေးပါတယ်။) ၃။ အမြဲတမ်း အရေးပေါ်သုံးဖို့Emergency fund ကိုကျပ်ငွေနဲ့ မဟုတ်ပဲတခြားပိုင်ဆိုင်မှုတစ်ခုနဲ့ ဆောင်ထား။ Phyo Paing @ Derek

စိတ်ဓာတ်တွေ အောက်ဆုံးရောက်လဲကိုယ့်ကိုယ်ကိုယ် ပြန်သတိပေး Read More »