ကံတရားက အမြဲကိုယ့်ဖက်မှာရှိတယ်။
အဲ့လိုပဲ အကြွင်းမဲ့ယုံကြည်ထားတယ်။ ကိုယ်ဖြစ်ချင်တာ မဖြစ်ရင်ပိုကောင်းတာ ဖြစ်လိမ့်မယ်လို့လုံးဝဥဿုံ ယုံကြည်တယ်။ ယုံကြည်သလိုလဲ တကယ်ဖြစ်လာတယ်။ စိတ်ကူးထားသမျှ တော်တော်များများလက်တွေ့ဘဝမှာ မျက်ဝါးထင်ထင်ဖြစ်လာတယ်။ အချိန်လေးတော့ ခဏစောင့်ရတယ်။ဒီအတွက်လဲ စိတ်ရှည်တယ်။ တချို့က ဒါကို လျှို့ဝှက်ချက်လို့ခေါ်တယ်။တချို့က ဒါကို law of attraction လို့ခေါ်တယ်။တချို့က ဒါကို ဦးနှောက်ရဲ့ Reticular Activating System (RAS) ကကိုယ်ယုံကြည်တာကိုပဲ လိုက်ရှာတဲ့confirmation bias တဲ့။တချို့က manifestations တဲ့။ အဲ့ဒါတော့ မသိဘူး။ ကံတရားက ကိုယ့်ဖက်မှာ အမြဲရှိတယ်။ ဘဝမှာ ဒုက္ခရောက်ခဲ့ရင်တောင်ဒီဒုက္ခထက် ပိုကြီးတဲ့ သုခရောက်လာတယ်။ ကျွန်တော်ကတော့ ကံတရားကကိုယ့်ဖက်မှာ အမြဲရှိတယ်လို့ယုံကြည်ထားတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက်အကျိုးမှ မယုတ်တာ။ ကိုယ့်ကိုယ်ကို အမြဲ ပြောကြည့်ပါ။ ကံတရားက ကိုယ့်ဖက်မှာ အမြဲရှိတယ်။ […]
ကံတရားက အမြဲကိုယ့်ဖက်မှာရှိတယ်။ Read More »