Dr. Phyo Paing

https://yec.company

ပုံမှန် လေ့လာဖို့ အချိန်ပေးပါ။

ပုံမှန် လေ့လာဖို့ အချိန်ပေးပါ။ စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်တဲ့သူတစ်ယောက်ရဲ့တစ်ရက်တာ က ဝန်ထမ်းတစ်ယောက်နဲ့ လုံးဝမတူနိုင်ဘူး။ ဝန်ထမ်းအနေနဲ့က ပေးထားတဲ့အလုပ်ကိုပေးထားတဲ့အချိန်မှာ ပြီးအောင်လုပ်လို့ရတယ်။တိုးတက်ရေးအတွက် လုပ်လို့ရတယ်။ တခြားအချိန်တွေရှိတယ်။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ကျတော့သူ့လုပ်ငန်းသွားရမည့်လမ်းကြောင်းကိုတွေးရသလို ပြိုင်ဖက်တွေ၊ ဝန်ထမ်းတွေ၊ နိုင်ငံရေးစီးပွားရေး၊ လူမှုရေးအပြောင်းအလဲအခြေအနေတော်တော်များများကို စဥ်းစားနေရတဲ့အတွက် သူ့ရဲ့ internal attention တွေများနေတတ်တယ်။ ဒါကြောင့် တိုးတက်ရေးအတွက်အချိန်ပေးဖို့ လုပ်ငန်းသွားတဲ့လမ်းကြောင်းနဲ့ကိုက်ညီနေတဲ့ alignment မတွေ့တဲ့အချိန်တွေ ကြုံရတတ်တယ်။ အဲလို alignment မမိလို့လေ့လာမှုရပ်တန့်သွားတဲ့အချိန်က ကိုယ့်လုပ်ငန်းကြီးထွားမှု ရပ်တန့်မယ့်အချိန်ပဲ။ ဘာကြောင့်လဲဆိုတော့ စျေးကွက်ထဲမှာ ပြိုင်ဖက်တွေကို အဝေးကြီးမှာ အပြတ်ချန်ခဲ့ဖို့ အတွေးအခေါ်တွေ လိုတယ်။ ဒီလိုအတွေးအခေါ်တွေမှန်ဖို့ တိုးတက်နေဖို့ သင်ယူလေ့လာနေဖို့လိုတယ်။ ဒါကြောင့် တစ်ရက်ကို နာရီဝက်ဖြစ်ဖြစ်အချိန်ပေးပြီး ပုံမှန် မဖြစ်မနေလေ့လာဖို့လိုတယ်။မလေ့လာခင် သုံးမိနစ်လောက် စိတ်ရှင်းလင်းလေး လုပ်ပေးဖို့လဲလိုတယ်။ ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးနေဖို့လိုတယ်။ AkyanPay.comကိုယ်မပါဘဲ […]

ပုံမှန် လေ့လာဖို့ အချိန်ပေးပါ။ Read More »

မကြိုက်ရင် ဂရုမစိုက် လျစ်လျူရှုရမှာ။ Attention ပေးရမှာ မဟုတ်ဘူး။

Attention တာ ကိုယ်ကသူနဲ့သွားconnect လုပ်နေတာနဲ့ တူတူပဲ။ဘယ်လို လူသိသိသိတာက မသိတာထက်ကောင်းတယ်လို့ပိုအာဘိုးအေတစ်ယောက်ပြောဖူးတယ်။ Phyo Paing @ Derek

မကြိုက်ရင် ဂရုမစိုက် လျစ်လျူရှုရမှာ။ Attention ပေးရမှာ မဟုတ်ဘူး။ Read More »

ကိုယ်မကြိုက်ရင် အများကြီးမစဉ်းစားနဲ့ BTA ပဲ။

ကျွန်တော့်ရဲ့ social mediainfluencing strategy တစ်ခုကတော့Ban them all (BTA) ပဲ။ ကိုယ့်ဖောက်သည်က ကိုယ်ပဲ။ကိုယ်ပျော်မှ တခြားသူကိုပျော်အောင်ထားနိုင်မှာ။ ကိုယ့်ဆီအမှိုက်ထုပ်လာအပစ်မခံနိုင်ဘူး။ ကိုယ်မကြိုက်ရင်အများကြီးမစဉ်းစားနဲ့BTA ပဲ။ ဒီလို Ban လို့ရတဲ့အခွင့်အရေးကို သာမာန်Facebook user တွေ မရထားဘူး။Page ပိုင်ရှင်ပဲရထားတယ်။ ဒါကြောင့် ကိုယ့် Page ပေါင်းများစွာမှာဘူကောင်ကင်းစင်နေတာ။ Phyo Paing @ Derek

ကိုယ်မကြိုက်ရင် အများကြီးမစဉ်းစားနဲ့ BTA ပဲ။ Read More »

Startup လေးမျိုး

နည်းပညာအသုံးပြု လုပ်ငန်းတွေကိုအကြမ်းဖျင်း လေးခုခွဲလို့ရတယ်။ ပထမက industry ကို disrupt လုပ်မည့်mass market လူအများကိုပစ်မှတ်ထားတဲ့startup တွေဖြစ်တယ်။​Uber, Grab, Facebook, Airbnbဒါတွေက scale ချဲ့ထွင်ဖို့ရည်ရွယ်ခဲ့တဲ့startup တွေ ဖြစ်ပြီးသူတို့ goal က IPO ဖြစ်တယ်။ဒီအတွက် ရင်းနှီးမြုပ်နှံမှုတွေလိုတယ်။​တစ်ထောင်မှာ လုပ်ငန်းတစ်ခုလောက်ပဲUS မှာ stock market မှာIPO လုပ်နိုင်ကြတယ်လို့ကိန်းကဏန်းတွေက ဆိုတယ်။ ဒုတိယကတော့ small startup တွေ။အဓိက ကတော့ SME လုပ်ငန်းကိုနည်းပညာထည့်ပြီး niche marketသွားတဲ့ နည်းပညာအသုံးပြု လုပ်ငန်းတွေပေါ့။သူကတော့ လူဦးရေ တစ်သောင်း သို့တစ်သိန်းလောက်ကိုပဲ ပစ်မှတ်ထားပြီးလစဥ်ဝင်ငွေတည်ဆောက်သွားလို့ရတယ်။ထားပါတော့ လူဦးရေတစ်သောင်းကတစ်လကို တစ်ယောက်ကတစ်သောင်းသုံးရင် သိန်း ၁၀၀၀ ရပြီ။တစ်ထောင်သုံးရင် သိန်း ၁၀၀ ရပြီ။ တတိယကတော့ ကုမ္ပဏီကြီးတွေကိုပြန်ရောင်းမည့်

Startup လေးမျိုး Read More »

လူတွေ တွယ်တာတဲ့ပုံစံသုံးမျိုးရှိတယ်။

တချို့က လုံခြုံမှုရချင်တဲ့ တွယ်တာမှုမျိုး။ တစ်ရက်ကို ဖုန်း ၁ နာရီလောက်ပြောလိုက်ရမှ။ နွေးထွေးမှု ဂရုစိုက်မှုကို လိုချင်တဲ့ပုံစံ။ ဒါကို Secure attachment style လို့ခေါ်တယ်။ သူ့ကိုဂရုစိုက်နေဖို့က ပိုအရေးကြီးတယ်။တခြားအရာတွေကို မေ့ထားလို့ရတယ်။ ဒီလိုလူနဲ့တွေ့ရင် ကိုယ်က တခြားကမ္ဘာကြီးထဲရောက်နေသလိုမျိုးဖြစ်တတ်တယ်။ တချို့က စိုးရိမ်ပူပန်တဲ့ တွယ်တာမှုမျိုး။ သူ့ကိုမချစ်တော့မှာ စိုးရိမ်စိတ်နဲ့ နေတဲ့သူမျိုး။သူ့အချိန်အများစုက ကိုယ်ချစ်တဲ့သူဘာလုပ်နေလဲဆိုတာ ထောက်လှမ်းနေတတ်သူပေါ့။ဒီလိုလူမျိုးနဲ့တွေ့ရင် လှုံခြုံမှုဆိုတာခံစားရတတ်တယ်။တပြိုင်တည်းမှာ ထိန်းချုပ်ခံရတယ်ဆိုတဲ့ခံစားချက် ခံစားရတတ်တယ်။ ဒါကို Anxious Attachment Style လို့ခေါ်တယ်။ တချို့က ထိန်းချုပ်ခံရမှာလွတ်လပ်မှုဆုံးရှုံးမှာ ကြောက်တဲ့ တွယ်တာမှုမျိုး။ တစ်ယောက်တည်းကို commit လုပ်ရင်ကိုယ့်ရဲ့လွတ်လပ်မှုပျောက်သွားမှာကြောက်တတ်ကြတယ်။ ဒီတော့ အရမ်းရင်းနှီးမှု Identity တွဲသွားမှာကို မလိုလားကြဘူး။ ရွေးချယ်စရာရှိနေဖို့ သူ့အတွက် အရေးကြီးတယ်။ဒါကို Avoidant Attachment Style

လူတွေ တွယ်တာတဲ့ပုံစံသုံးမျိုးရှိတယ်။ Read More »

လူတွေက အခြေအနေတစ်ခုကို
ထိန်းချုပ်နိုင်ရင် ပျော်တယ်။
ကိုယ့်ထိန်းချုပ်မှုအောက်မရှိရင်
သွေးပျက်တတ်ကြတယ်။

နေ့တိုင်း Schedule ရှိဖို့လိုတယ်။ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတဲ့အချိန်ဇယားက ဘဝကိုစနစ်တစ်ခုပေးတယ်။ရည်ရွယ်ချက်တစ်ခု၊ ထိန်းချုပ်မှုတစ်ခု၊တာဝန်တစ်ခု၊ အာရုံစိုက်လုပ်ဆောင်စရာတစ်ခု၊စိတ်ကျက်စားရာတစ်ခု ပေးတယ်။ ဒီ schedule ရှိနေခြင်းအားဖြင့်ဘဝရဲ့ အခြေနေဘယ်လောက်ဆိုးဆိုးငါဒါကို မဖြစ်ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့အသိတစ်ခုဖြစ်စေတဲ့အတွက် ကိုယ့်ဘဝ ကိုယ့်လက်ထဲမှာဆိုတဲ့အသိတစ်ခုရစေတယ်။ လူတွေက အခြေအနေတစ်ခုကိုထိန်းချုပ်နိုင်ရင် ပျော်တယ်။ကိုယ့်ထိန်းချုပ်မှုအောက်မရှိရင်သွေးပျက်တတ်ကြတယ်။ ဒီနေ့လို ဆီစျေး၊ နိုင်ငံရေး၊စီးပွါးရေး၊ လျှပ်စစ်မီးအရေးထိန်းမရတဲ့ ပြဿနာပေါင်းစုံကြားမှာကိုယ့်ထိန်းချုပ်လို့ရတာ နေ့စဉ်အမူအကျင့်နဲ့နေ့စဉ် ဘာလုပ်မယ်ဆိုတဲ့ အချိန်ဇယားနဲ့ အကောင်အထည်ဖော်မှုပဲ။ Phyo Paing @ Derek

လူတွေက အခြေအနေတစ်ခုကို
ထိန်းချုပ်နိုင်ရင် ပျော်တယ်။
ကိုယ့်ထိန်းချုပ်မှုအောက်မရှိရင်
သွေးပျက်တတ်ကြတယ်။
Read More Âť

မားကတ်တင်းသမားရဲ့ အဓိကတာဝန်

မားကတ်တင်းသမားရဲ့ အဓိကတာဝန်ကကိုယ်ပေးချင်တဲ့ message ကိုသတ်မှတ်ထားတဲ့ လူတွေဆီကုန်ကျစရိတ်အနည်းဆုံးနဲ့Heart အထိဆုံးပြန့်အောင်လုပ်တာဖြစ်တယ်။ Phyo Paing @ Derek

မားကတ်တင်းသမားရဲ့ အဓိကတာဝန် Read More »

ဘယ်အလုပ်မဆို ဘေးကထိုင်ပြီး
ကြည့်ရတာပိုလွယ်တယ်။
ဖြစ်မြောက်အောင် လုပ်တာ၊
ရေရည်တည်တံ့အောင်လုပ်တာ
ပိုခက်ခဲတယ်။

ကိုယ်သေချာမသိတဲ့ အလုပ်ကိုအပေါ်ယံကြည့်ရင် အကုန်လွယ်လွယ်လေးလို့ ထင််တတ်ကြတယ်။ ကော်ဖီဆိုင်ဖွင့်ဖို့ လွယ်တယ်လို့ထင်တတ်ကြတယ်။သင်တန်းကျောင်းဖွင့်ဖို့လွယ်တယ်လို့ထင််တတ်ကြတယ်။ဆိုင်တစ်ဆိုင်ဖွင့်ရတာ အရမ်းလွယ်တယ်လို့ထင်တတ်ကြတယ်။မားကတ်တင်းလုပ်ရတာလွယ်တယ်လို့ထင်တတ်ကြတယ်။ Influencer လုပ်ရတာ တင်ချင်တာတွေတင်ရင်ရတာပဲ လွယ်လွန်းတယ်လို့ထင်ကောင်းထင်ကြလိမ့်မယ်။လူတွေရှေ့ မနက်ကညထိ ကိုယ့်စကားနားထောင်ပြီး လေးငါးရက်လောက် သင်တန်းတက်အောင်လုပ်ဖို့ လွယ်တယ်လို့ထင်ကောင်းထင်မယ်။ အရာရာကို အပေါ်ယံကြည့်ရင်အရာရာလွယ်တယ်လို့ထင်တတ်ကြတယ်။ အမှန်တကယ် ဝေဖန်ခံရတာ၊တိုက်ခိုက်ခံရတာ၊ ဘဝကကိုယ့်ကို lessons တွေပေးတာပြိုင်ဆိုင်မှုတွေ၊ အခက်အခဲတွေကြားနောက်တစ်ဆင့်တက်ဖို့ ကြိုးစားကြံဆရတာ လူတွေသိချင်မှ သိမယ်။ အပေါ်ယံကြည့်ရင် အရာရာကလွယ်တယ်ထင်နိုင်တယ်။နဖူးတွေ့ဒူးတွေ့မှာ ဘယ်လိုလဲဆိုတာ တကယ်လုပ်ကြည့်မှ သိတတ်ကြတယ်။ ဘယ်အလုပ်မဆို ဘေးကထိုင်ပြီးကြည့်ရတာပိုလွယ်တယ်။ ဖြစ်မြောက်အောင် လုပ်တာ၊ ရေရည်တည်တံ့အောင်လုပ်တာပိုခက်ခဲတယ်။ Phyo Paing @ Derek

ဘယ်အလုပ်မဆို ဘေးကထိုင်ပြီး
ကြည့်ရတာပိုလွယ်တယ်။
ဖြစ်မြောက်အောင် လုပ်တာ၊
ရေရည်တည်တံ့အောင်လုပ်တာ
ပိုခက်ခဲတယ်။
Read More Âť

လုပ်ငန်းတိုင်းက ဖောက်သည်ပြဿနာ
ဖြေရှင်းပြီး ငွေရှာကြတာဖြစ်တယ်။

စားသောက်ဆိုင်က ဖောက်သည်ဗိုက်ဆာတဲ့ပြဿနာကိုဖြေရှင်းခဲ့တယ်။နောက်ပိုင်း အရသာ။နောက်ပိုင်း လိုချင်တဲ့ ခံစားမှုတွေကိုပေးဖို့ လုပ်ငန်းတွေဖြစ်လာတယ်။ ကိုယ့်လုပ်ငန်းက ဘယ်ပြဿနာကို ဖြေရှင်းတယ်ဆိုတာ သေချာသိဖို့လိုတယ်။ ဒါကို problem-market fit အဆင့်လို့ခေါ်တယ်။ဥပမာ McDonald ဆို မြန်မြန်စားလို့ရတဲ့ပြဿနာကို ဖြေရှင်းတာဖြစ်တယ်။Fast food 🥘 ဆိုပါတော့။ နောက်တစ်ဆင့်ကတော့ ဒီ ပြဿနာကိုဖြေရှင်းဖို့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုထုတ်ရတဲ့အဆင့်ဖြစ်တယ်။ စျေးကွက်နဲ့ ကုန်ပစ္စည်းကွက်တိကိုက်ဖို့Product-Market Fit အဆင့်ဆိုပါတော့။ တချို့ဆီဆိုင်တွေတို့ကို ကြည့်ရင်ဆီဆိုင်ဆိုတာထက် ပိုပြီး Convenience store တွေ၊ စားသောက်ဆိုင်တွေနဲ့ integrateလုပ်လာတာတွေ့လိမ့်မယ်။ဒါမျိုးနောက်တစ်ဆင့်ကိုPlatform-Market fit လို့ခေါ်တယ်။ လုပ်ငန်းစချင်ရင် Problem-Market Fitဖြစ်အောင်လုပ်ဖို့လိုတယ်။လုပ်ငန်းတကယ်စပြီ ကြီးဖို့ဆိုProduct-Market Fit လိုတယ်။နောက်တစ်ဆင့်တက်ဖို့Platform-Market Fit လိုတယ်။ ကျွန်တော်စဉ်းစားတာကတော့ အင်တာနက်မရှိရင် လူတွေနေနိုင်မှာ မဟုတ်တဲ့အတွက်မြန်မာပြည်မှာကတော့ အင်တာနက်ဆက်ပြီးရှိနေအုံးမယ်။Digital Product တွေ

လုပ်ငန်းတိုင်းက ဖောက်သည်ပြဿနာ
ဖြေရှင်းပြီး ငွေရှာကြတာဖြစ်တယ်။
Read More Âť

ကိုယ့်စိတ်ကို မအောင်ရင်
တခြားအရာတွေကို
အောင်မြင်အောင် လုပ်ဖို့ခက်တတ်ပါတယ်။

စစ်ဆင်ရေးမှာ အရေးအကြီးဆုံးက စိတ်ဓာတ်စစ်ဆင်ရေးပဲ။ Vietnam စစ်ပွဲမှာ အမေရိကန်လို စစ်အင်အားကြီးတဲ့ နိုင်ငံကိုပြန်တိုက်နိုင်ဖို့စိတ်ဓာတ်စစ်ဆင်ရေးဟာ အရေးပါတဲ့အပိုင်းမှာ ပါဝင်ခဲ့တယ်။ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးနိုင်ရင် သူ့ကို ထိန်းချုပ်လို့ရပြီ။ ထိန်းချုပ်ဖို့အလွယ်ဆုံး စိတ်ခံစားချက်ကအကြောက်တရားပဲ။ အကြောက်တရားဖြစ်ဖို့ မသေချာမရေရာမှုတွေမျှော်လင့်ချက်မဲ့အောင် ပြုလုပ်မှုတွေဖြစ်အောင်လုပ်ကြတယ်။ဒါကို နာဇီ concentration camp တွေမှာဂျူးတွေကို ညင်းဆဲခဲ့တဲ့ပုံကြည့်ရင် သိနိုင်တယ်။ စိတ်ဓာတ်စစ်ဆင်ရေးကို အောင်နိုင်ဖို့ပထမဆုံးဖယ်ရှားရမှာ မျှော်လင့်ချက် Hope ပဲဖြစ်တယ်။ဟစ်တလာလက်ထက်က ဒီ Christmas မှာလွတ်တော့မယ်ဆိုတဲ့ သတင်းလွင့်တယ်။လူတွေက မျှော်လင့်ချက်တွေရှိလာတယ်။စောင့်ကြတယ် မလွတ်ဘူး။ ဘယ်နေ့မှာ လွတ်မယ်ကြားတယ်။မလွတ်ပြန်ဘူး။ ဒီလို အချိန်ပေါင်းများစွာဖြစ်လာတဲ့အခါမျှော်လင့်ချက်တွေ မဲ့လာကြတယ်။ စိတ်ဓာတ်တွေ ကျလာတယ်။ အနာဂတ်တွေ ပျောက်လာတယ်။ တချို့ ကိုယ့်ကိုကိုယ် အဆုံးစီရင်တယ်။ ဒါကို သတိထားမိတဲ့ စိတ်ပညာရှင်Viktor Franklr က မျှော်လင့်ချက်အစားဘဝအဓိပ္ပာယ်ကို

ကိုယ့်စိတ်ကို မအောင်ရင်
တခြားအရာတွေကို
အောင်မြင်အောင် လုပ်ဖို့ခက်တတ်ပါတယ်။
Read More Âť