နေ့စဥ်ရဲ့ စွမ်းပကား
ဥုံဖွ ဆိုပြီး ဘဝကြီးကိုကိုယ်လိုချင်သလို ပြောင်းလိုက်ဖို့ဆိုတာဇာတ်ကားထဲမှာပဲ ရှိမယ်။ ကိုယ််လိုချင်တဲ့ဘဝ ဖန်တီးဖို့ကနေ့စဥ်ရဲ့ စွမ်းပကားကိုအသုံးချဖို့ လိုတယ်။ စည်းကမ်းလိုတယ်။ကိုယ့်ကိုကိုယ် ပေးထားးတဲ့ကတိတည်ဖို့လိုတယ်။ တစ်ရက်တစ်ရက် ခေါင်းထဲကိုဘာတွေထည့်သလဲ၊ဘာတွေလုပ်သလဲ၊ဘယ်လိုလူတွေနဲ့ တွေ့သလဲ၊ဘယ်လို အလုပ်တွေ လုပ်သလဲ။ ဒါတွေကို ဘဝကို ပုံဖော်ပေးတဲ့အရာတွေပဲ။ မွေးလာတဲ့ ဘဝပေးထားချက်ကိုလက်မခံလို့ မရပေမည့်ဘယ်လိုပုံစံဘဝဖြတ်သန်းမလဲဆိုတာကတော့ကိုယ်တိုင်ရွေးချယ်လို့ရတယ်။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့ကနေ့စဥ်ရဲ့ စွမ်းပကားကိုအကောင်းဆုံး အသုံးချဖို့လိုတယ်။ Phyo Paing @ Derek
