Differentiate or Die
သာမန် လူတွေကို ရောင်းဖို့သာမန် ကုန်ပစ္စည်းတွေ မထုတ်ပါနဲ့။ဒါဒီနေ့ခေတ်ရဲ့ မားကတ်တင်းအတွေးအခေါ်ဖြစ်တယ်။ သာမန်လူတွေအတွက်သာမန်ကုန်ပစ္စည်းတွေထုတ်ခြင်းဟာရှုံးနိမ့်မှုရဲ့ ရှေ့ပြေးပဲလို့ဆိုကြတယ်။ သာမန် ဖုန်းဆိုင်၊ သာမန်လက်ဖက်ရည်ဆိုင်သာမန်စားသောက်ဆိုင်၊ သာမန်အထည်ဆိုင်သာမန် လက်ဝတ်ရတနာဆိုင်ဒီသာမန် ကုန်ပစ္စည်းရောင်းတဲ့သာမန်ဆိုင်တွေက ပုံစံတူတွေဖြစ်နေတယ်။ စီးပွါးရေးလုပ်ငန်းမှာ ထူးရင်ထူးမထူးရင်း အဆင်မပြေလို့မျက်စံပြူးမယ်။Differentiate or Die ပဲ။ ထူးဖို့ ကိုယ်လုပ်တဲ့အလုပ်ကိုရူးသွပ်ဖို့လိုတယ်။ဆရာကျအောင် လေ့လာနေဖို့လိုတယ်။တီထွင်ဆန်းသစ်ဖို့လိုတယ်။ Business Model နဲ့ထူးအောင်လုပ်မှာလား။ကုန်ပစ္စည်းနဲ့လား၊ဝန်ဆောင်မှုနဲ့လား၊စျေးနှုန်းနဲ့လား၊Marketing လုပ်တဲ့ပုံစံနဲ့လား။ Phyo Paing @ Derek
Differentiate or Die Read More »