Dr. Phyo Paing

https://yec.company

ကိုယ့်ရဲ့အကြီးမားဆုံးရန်သူက
ကိုယ့်ရဲ့ စိတ်ပဲ။

ဗုဒ္ဓစိတ်ပညာနဲ့ ကြည့်ရင်စိတ်ဆိုတာ အဖြူထည်။ သူ့ကိုခြယ်လှယ်တာ စေတသိက်။စေတသိက် စုစုပေါင်း (၅၂) ရှိတယ်။ အဲ့ထဲမှာ အကုသိုလ်စေတသိက် (၁၄) ပါးရှိတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိ၊ မာန၊ ဣဿာ၊ မစ်ဆရိယ၊ ကုက်ကုစ်စ၊ အဟိရိက၊ အနောတ္တပ္ပ၊ ဥဒ္ဓစ္စ၊ ထိန၊ မိဒ်န၊ ဝိစိကိစ်ဆာ အဲ့ဒီ ၁၄ ပါးက ကိုယ့်ရန်သူပဲ။ လောဘဆိုတာ တပ်မက်တာ။ ဒေါသဆိုတာ ခက်ထန်ကြမ်းတမ်းတာ။မောဟဆိုတာ တွေဝေတာ။ မှန်ကန်တဲ့အမြင်နဲ့ မှန်ကန်တဲ့အသက်မွေးဝမ်းကြောင်းပြုမှု၊မှန်ကန်တဲ့ အာရုံစူးစိုက်မှုနဲ့မှန်ကန်တဲ့ လုပ်ရပ်တွေလိုတယ်။ ဒါကြောင့်လဲ ဗုဒ္ဓက Buddhist တစ်ယောက်မှာထားရမည့်ethic ကျင့်ဝတ်ငါးပါး။ (ငါးပါးသီလ)ကျင့်သုံးရမလည့် လမ်းစဥ် မဂ္ဂင် ၈ ပါး ကိုဟောခဲ့တာပေါ့။ ကျွန်တော်ယုံကြည်တဲ့ Secular Buddhism ဗုဒ္ဓသာသာဆိုတာ1. ethic […]

ကိုယ့်ရဲ့အကြီးမားဆုံးရန်သူက
ကိုယ့်ရဲ့ စိတ်ပဲ။
Read More »

လူတိုင်းရဲ့ winning strategy မတူဘူး။

ဒါကြောင့် လူတိုင်းရဲ့အကြံဥာဏ်ကို ယူလို့မရဘူး။ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ပြီးကိုယ်လိုချင်တာက ဘာ။မလိုချင်တာက ဘာ။ကိုယ်ဘာတွေကို လုပ်ရမယ်။ဘာတွေကို ရှောင်ရမယ်။ ကိုယ်သွားရမည့်လမ်းကြောင်းက ဘာ။ ဒါတွေကို သေချာသိရင် စည်းကမ်းလိုတယ်။ မလုပ်သင့်တာကို မလုပ်မိဖို့။ အရင်လုပ်ခဲ့မိရင်တောင် ရှောင်ဖို့။ စိတ်အလိုကို မလိုက်မိဖို့လိုတယ်။ ကိုယ်သွားနေတဲ့ လမ်းကြောင်းမှန်လား။ လွဲနေလား ဒါကို သိဖို့ နေ့စဥ် ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်တိုင်းတာမှု ပြုလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

လူတိုင်းရဲ့ winning strategy မတူဘူး။ Read More »

ပန်းကောင်းပန်းမန်ပေါက်ဖို့ သေချာ
စိုက်ပျိုးရတယ်

Training ကိုဆယ်စုနှစ်တစ်ခုလောက် လုပ်ခဲ့တော့ကိုယ့်ဘဝကို2021 Sep က စတင်ပြီး ပြောင်းလဲဖို့စတင်တဲ့အခါ training design အရင်ဆွဲတယ်။ NAVY Seal တွေမှာ လုပ်တဲ့ training တွေက၆ လ ကို ရေရေလည်လည်ဗျင်းတယ်။​Mental နဲ့ Physical ပိုင်းတွေ ရူးထွက်မတတ်လို့လေ့လာဖူးတယ်။​ဒီ training ပြီးတဲ့အခါ သာမန်နဲ့မတူတော့ဘူး။​ ဒါကြောင့် မနက် 4:15 AM ကနေ 9:45 AM ထိမနက်နိုးရာက အလုပ်လုပ်ဖို့ ready ဖြစ်တဲ့အတွင်းကိုယ့်ကိုကိုယ် ရေရေလည်လည် train ဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။၆ လ training စတယ်။​ ၆ လ ကျော်တော့ နောက် level တစ်ခုအတွက်training design လုပ်တယ်။​ဘဝမှာ ကိုယ့်ကိုကိုယ် နေ့စဥ်မ train ရင်

ပန်းကောင်းပန်းမန်ပေါက်ဖို့ သေချာ
စိုက်ပျိုးရတယ်
Read More »

အများစုနဲ့ တူချင်ရင်
အများလုပ်သလိုလုပ်

လူအများစုနဲ့ မတူချင်ရင်အများစုနဲ့ မတူတဲ့ဘဝနေထိုင်မှုပုံစံရှိရမယ်။​ လူအများစုက စာမဖတ်ဘူး။အများစုက မတွေးဘူး။အများစုက စိတ်ခံစားမှုနောက်လိုက်ပြီးခံစားမှုနဲ့ ဆုံးဖြတ်ချက်ချတယ်။အများစုမှာ နေ့စဥ်မဖြစ်မနေအကောင်အထည်ဖော်ရမည့်daily rituals မရှိဘူး။ အများစုက ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေအပေါ် စဥ်းစားစိတ်ညစ်တယ်။အများစုက ပြဿနာမပေါ်ခင်ကြိုတင်ပြင်ဆင်မှု မလုပ်ဘူး။အများစုက တစ်ခုခုဆိုအပြစ်တင် ငြီးထွားပြောဆိုတတ်တယ်။ အများစုမှာ စားသောက်မှုပုံစံသေချာ သတ်မှတ်ထားတာမရှိဘူး။အများစု လေ့ကျင့်ခန်းကိုသေသေချာချာ မလုပ်ကြဘူး။အများစုက ကိုယ့်ကိုကိုယ်လေ့လာတဲ့ဖြစ်စဥ်တွေဖြစ်တဲ့ journaling မလုပ်ဘူး။အများစု တရားမထိုင်ဘူး။အများစု ကိုယ့်ဘဝ ဖြတ်သန်းမှုဖြစ်စဥ်ကိုမှတ်တမ်းမတင်ဘူး။ အများစု ပြည်တွင်းမှာနေတာဆိုပြီးမြန်မာစကားကလွဲပြီးတခြားဘာသာစကားတစ်ခုကိုတစ်ရက်အချိန်တစ်ခုပေးပြီးမလေ့လာဘူး။ အများစု ကိုယ်သိထားတာကိုတခြားသူကို ပြန်လည်မျှဝေပေးဖို့အစီအစဥ် သိပ်မရှိဘူး။အများစုမှာ သေချာသတ်မှတ်ထားတဲ့ဘဝမှတ်တိုင် တိတိကျကျ မရှိဘူး။ အများစုမှာ ကိုယ်ဘာလုပ်မလဲကိုယ်ဘာကို မလုပ်ဘူးလဲ​သေသေချာချာ သတ်မှတ်ထားတဲ့rule မရှိဘူး။ အများစုက အလုပ်ကိုအသက်လို့ ခံယူပြီးserious ဖြစ်ဖြစ် မလုပ်ကြဘူး။ အများစုက ဘယ်လိုအခြေအနေဖြစ်ဖြစ်သိပ်မပျော်ကြဘူး။အများစုက ကိုယ့်အစွမ်းအစကိုအကောင်းဆုံး မထုတ်ဖော်နိုင်ဘူး။ အများစုနဲ့ တူချင်ရင်အများလုပ်သလိုလုပ်။အများစုနဲ့ မတူချင်ရင်သူတို့

အများစုနဲ့ တူချင်ရင်
အများလုပ်သလိုလုပ်
Read More »

ကျွန်တော်သာ ၂၈ အောက်ဆို

လူငယ်တွေ ပြည်တွင်းမှာOfqual သို့ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ကို ပြည်တွင်းမှာ စျေးသက်သက်သာသာနဲ့အမြန်ပြီးအောင်လုပ်။တချိန်ထဲ အလုပ်အတွေ့အကြုံယူ။ဘာသာစကားသေချာလုပ်။နှစ်နှစ်၊ သုံးနှစ်ပြီးရင် နိုင်ငံခြားထွက်။PR ရမှ ပြန်လာခဲ့။ကျွန်တော်သာ ၂၈ အောက်ဆိုအဲ့လိုပဲ လုပ်မယ်။သိန်းလေးငါးခြောက်ရာအထက်သုံးနိုင်ရင်တော့ နိုင်ငံခြားသွားတက်ပေါ့။ Phyo Paing @ Derek

ကျွန်တော်သာ ၂၈ အောက်ဆို Read More »

Content Marketing အကြောင်း နည်းနည်းပြောပြမယ်

ဒီနေ့ခေတ် Social Media တွေကို အသုံးပြုပြီး marketing လုပ်တဲ့အခါ content marketing လုပ်ကြတယ်။ ဥပမာ ဒီစာဆိုလဲ content ပဲ။ Content တိုင်းက Marketing မဖြစ်ဘူး။ Marketing ရည်ရွယ်ချက်ကိုရောက်မှ content marketing ဖြစ်တယ်။ Content Marketing လို့ပြောလိုက်ရင် နိုင်ငံခြားဆောင်းပါးတွေဖတ်။ ဘာသာပြန်မယ်။ လိုက်နာရမည့် သုံး ချက်။ လေးချက်။ ငါးချက်။​ ဒါမျိုးရေးလိုက်ရင်ပြီးပြီလို့ ထင်တတ်ကြတယ်။ Content Marketing ဆိုတာ သေချာလုပ်တတ်ရင် အနှစ်သာရ အရမ်းရှိတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ Content Marketing ဆိုတာ ယုံကြည်မှုတည်ဆောက်ရေးဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒီလို ယုံကြည်မှုရရှိဖို့အတွက် ကိုယ်ရောင်းတဲ့ ကုန်ပစ်စည်းနဲ့ ပတ်သက်လာရင် ဆရာကျနေဖို့လိုသလို၊ ဆရာကျနေတာကို လူသိဖို့လိုပါတယ်။​ နောက်ပြီး

Content Marketing အကြောင်း နည်းနည်းပြောပြမယ် Read More »

ကိုယ့်ကို မတိုးတက်စေတော့တဲ့အလုပ် မလုပ်ဘူး

စီးပွားရေးလုပ်တဲ့ပထမ ရည်ရွယ်ချက်ကကိုယ်ပျော်တာကိုအချုပ်အချယ်မရှိ လုပ်နိုင်ဖို့။ နောက်တစ်ခုကကိုယ့်ကိုတိုးတက်အောင်လုပ်ပေးဖို့။ တတိယတစ်ချက်ကကိုယ်ရောက်ချင်တဲ့ အိမ်မက်ကိုတစ်ဆင့်ချင်းတွန်းပို့ပေးနိုင်အောင်လို့။ ဒါကြောင့် ကိုယ့်ကို မပျော်စေတော့တဲ့အလုပ်မလုပ်ဘူး။ကိုယ့်ကို မတိုးတက်စေတော့တဲ့အလုပ်မလုပ်ဘူး။ကိုယ်သွားနေတဲ့ လမ်းကြောင်းနဲ့သွေဖယ်စေတဲ့ အလုပ်မလုပ်တော့ပဲ လွဲပြောင်းပေးခဲ့တယ်။ ဘဝက တိုတိုလေး။ဒီသုံးချက်နဲ့ မကိုက်တဲ့အလုပ်မလုပ်သင့်ဘူးလို့ ကိုယ့်ဥပဒေသထဲထည့်ထားတယ်။​ Phyo Paing @ Derek

ကိုယ့်ကို မတိုးတက်စေတော့တဲ့အလုပ် မလုပ်ဘူး Read More »

ကိုယ့်ရဲ့ ဖြစ်တည်မှုအတွက်

ကိုယ့်ရဲ့ ဖြစ်တည်မှုကိုဘယ်လိုဖြစ်ဖြစ်ဂုဏ်ယူတတ်ဖို့ အရေးကြီးတယ်။ကျွန်တော်ကတော့ကိုယ့်ရဲ့ ဖြစ်တည်မှုအတွက်ဘယ်လို ဖြစ်ဖြစ်ဂုဏ်ယူနေတယ်။ Phyo Paing @ Derek

ကိုယ့်ရဲ့ ဖြစ်တည်မှုအတွက် Read More »

အဆင်ပြေ = ပြဿနာကို
အဆင်ပြေပြေဖြေရှင်းနိုင်တာ

အားချန့် အလုပ်တွေလုပ်ရတာ အဆင်ပြေရဲ့လား?အမေက မေးတိုင်းကျွန်တော့်အဖြေကသုံးခုပဲရှိတယ်။ ဘယ်လိုအခြေအနေ ရောက်နေနေ၁။ အဆင်ပြေတယ်၂။ အဆင်အရမ်းပြေတယ်၃။ အရမ်းအရမ်းပြေတယ်။ ဒီအခြေအနေမှာ လူတိုင်းသူ့ဟာနဲ့သူ ပြဿနာကရှိကြမှာပဲ။ပြဿနာဘယ်လောက်ကြီးလဲဆိုတာဒါကိုကြုံရတဲ့သူရဲ့ အရည်အချင်းပေါ်မူတည်တယ်။ ငါးတန်းစာမေးပွဲကသူငယ်တန်းကျောင်းသားအတွက်ခက်နိုင်ပေမယ့်ဆယ်တန်းကျောင်းသားအတွက်ကဟာသဖြစ်ရင် ဖြစ်နေမယ်။ အဆင်ပြေ = ပြဿနာကိုအဆင်ပြေပြေဖြေရှင်းနိုင်တာ။ ဒေါ်လာနဲ့ ငွေကြေးပြဿနာအနာဂတ်အလားအလာပြဿနာဝန်ထမ်းရေးရာငွေကြေးရေးရာ ဘဝက ကိုယ့်ကို သင်ခန်းစာတစ်ခုပြီးတစ်ခုပြဿနာ အယောင်ဆောင်ပေးလိမ့်မယ်။ဒါကို ဖြေရှင်းနိုင်ရင်နောက်တစ်ဆင့်တတ်ပြီပဲ။ လုပ်ငန်းစတုန်းက ရောင်းရဖို့ရောင်းရတော့ ဝန်ထမ်းထိန်းနိုင်ဖို့ထိန်းနိုင်တော့ ကုန်ပစ္စည်းတွေလည်ပတ်ဖို့အမြတ်ငွေပုံမှန်ထွက်ဖို့ကိုယ်မပါရင်တောင် လည်ပတ်နိုင်ဖို့ဒီ skill ကို ဖြန့်ကျက်အသုံးပြုနိုင်ဖို့။ပြဿနာတွေက တစ်ခုပြီးတစ်ခုလာမှာပဲ။ဒါကို ပြဿနာမဖြေရှင်း ရှောင်ပြေးပြီးအဆင်မပြေဘူး အော်နေလို့မရဘူး။ ငယ်ငယ်က အဖေနဲ့ အမေစကားများတဲ့အချိန်အဖွားနဲ့ အမေ ပြဿနာတက်တဲ့အချိန်အဒေါ်တွေနဲ့ နေတဲ့အချိန်ဘော်ဒါဆောင်နေတဲ့အချိန်တချို့အရာတွေကို ကိုယ်က control လုပ်လို့မရဘူး။လုပ်လို့ရတာ ကိုယ့်ကိုပေးထားတဲ့ပြဿနာကို ဖြေရှင်းတာပဲ။ Phyo Paing @ Derek

အဆင်ပြေ = ပြဿနာကို
အဆင်ပြေပြေဖြေရှင်းနိုင်တာ
Read More »

နေ့စဥ်တိုင်းက စုဗူးပဲ

တစ်ရက်တစ်ရက်ကိုစုဗူးတစ်ခုလိုပဲ စဥ်းစားကြည့်တယ်။ကိုယ်ထိန်းချုပ်နိုင်တဲ့အရာကတစ်ခုပဲရှိတယ်။ကိုယ့်ရဲ့ မိနစ်၊ စက္ကန့်တိုင်းကိုဘယ်လို အသုံးချမလဲ။ စိတ်ညစ်စရာတွေကို တွေးပူပြီးဒီအတိုင်း နေမလား။ကိုယ့်အတွက် အကျိုးမရှိတဲ့အတွေးအခေါ်တွေကိုဖယ်ပြီးကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊တိုးတက်ရေး၊ ကိုယ့်သမိုင်းပေးတာဝန်၊မိသားစုအရေးနဲ့ ဘဝအရေးအတွက်မိနစ်၊ စက္ကန့်တိုင်းကို အကောင်းဆုံးအသုံးချ မလား။ဒုတိယတစ်ခုပဲ လုပ်ဖို့အမြဲစဥ်းစားတယ်။ နေ့စဥ်တိုင်းက စုဗူးပဲ။လောကီမှာ ခပ်ကြီးကြီးကျယ်ကျယ်ပြောရရင်လောကုတ္တရာမှာ ပါသွားဖို့နေ့စဥ်က စုဗူးပဲ။ Phyo Paing @ Derek

နေ့စဥ်တိုင်းက စုဗူးပဲ Read More »