Dr. Phyo Paing

https://yec.company

You will make or break you.

ဘဝမှာ အပြောင်းအလဲ ဖြစ်တဲ့အချိန်တွေပြန်ကြည့်ကြည့်။လူတစ်စုံတစ်ယောက်နဲ့တွေ့ပြီးနောက်ကိုယ့်ဘဝလားရာ trajectoryပြောင်းသွားတာကြီးပဲ။ကိုယ့်အနားမှာထားတဲ့သူတွေကိုအထူးဂရုစိုက်ပါ။You will make or break you. Phyo Paing @ Derek

You will make or break you. Read More »

အနှစ်နှစ်ဆယ်နေရင်
ဘာဖြစ်နေမလဲ

ကိုယ့်ကိုကိုယ်ထားတဲ့အနာဂတ် အမြင်က ဘာဖြစ်မလဲ။နောက် ငါးနှစ်၊ ဆယ်နှစ်၊အနှစ်နှစ်ဆယ်နေရင်ဘာဖြစ်နေမလဲ။ဘာတွေဆွတ်ခူးထားမလဲ။ဘယ်နေရာရောက်နေမလဲ။မြင်ယောင်ကြည့်၊ကြားယောင်ကြည့်၊ခံစားကြည့်ကြည့်။အတိတ်ရဲ့မှတ်ဥာဏ်ထက်အနာဂတ်အမြင်ကပိုရှင်းနေမှပစ္စုပ္ပာန်မှာ အလုပ်လုပ်ရတာအဓိပ္ပာယ်ရှိမှာ။ Phyo Paing @ Derek

အနှစ်နှစ်ဆယ်နေရင်
ဘာဖြစ်နေမလဲ
Read More »

တချို့ကပိုက်ဆံရှိတယ်။ အချိန်မရှိဘူး။
တချို့က အချိန်ရှိတယ်။ ပိုက်ဆံမရှိဘူး။

တချို့ကပိုက်ဆံရှိတယ်။ အချိန်မရှိဘူး။တချို့က အချိန်ရှိတယ်။ ပိုက်ဆံမရှိဘူး။ ပိုက်ဆံရှိတဲ့သူက အချိန်ကိုပိုက်ဆံနဲ့ဝယ်တယ်။အရေးမပါတာတွေအတွက်အချိန်ကုန်မခံဘူး။အချိန်ဘယ်လောက် ခြွေတာပေးမလဲဒါနဲ့ စဉ်းစားဆုံးဖြတ်တယ်။ အချိိန်ရှိပြီး ပိုက်ဆံမရှိသူကပိုက်ဆံက သူ့အတွက် တန်ဖိုးကြီးတဲ့အတွက်ပြန်ရချင်တဲ့ မျှော်လင့်ချင်ကလဲကြီးတယ်။စဉ်းစားတဲ့ပုံစံက ငွေနဲ့အဓိကစဉ်းစားတယ်။ အဓိက အကြောင်းအရင်းကတော့ကိုယ့်တစ်နာရီ ဘယ်လောက်တန်လဲကွာသွားလို့ကြောင့်ဖြစ်နိုင်တယ်။ လုပ်ငန်းလုပ်တဲ့အခါမှာကိုယ်က ဘယ်လိုဖောက်သည်မျိုးရွေးတာလဲအရေးကြီးတယ်။Price sensitive ဖြစ်တဲ့ သူလား။Buyers with power လား။ ဘာရောင်းလဲဆိုတာထက် ဘယ်သူ့ရောင်းလဲဆိုတာ အရေးကြီးတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

တချို့ကပိုက်ဆံရှိတယ်။ အချိန်မရှိဘူး။
တချို့က အချိန်ရှိတယ်။ ပိုက်ဆံမရှိဘူး။
Read More »

နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့

ကိုယ့်ဘဝကိုကိုယ်တန်ဖိုးထားတတ်လာတဲ့အချိန်ကစလို့ဖြစ်သလို မနေတော့ဘူး။ဖြစ်သလို မစားတော့ဘူး။ ကိုယ့်အတွက် အကျိုးမရှိစေတဲ့အတွေးအခေါ် ခေါင်းထဲမထည့်မိတတ်တော့ဘူး။မလိုချင်တာတွေပဲစဥ်းစားပြီးစိတ်ညစ် မနေတော့ဘူး။အချိန်ကို မလဟသ မဖြုန်းတော့ဘူး။ပစ္စုပ္ပာန် သာယာမှုတွေမှာပဲအချိန် မကုန်တော့ဘူး။ စည်းကမ်းတကျ နေလာတယ်။စနစ်တကျ စားလာတယ်။အတွေးအခေါ်ကို ဂရုပြုလာတယ်။ကိုယ်ဘာလိုချင်တာလဲကိုပဲအဓိက အာရုံပြုပြီးအချိန်ကို အကောင်းဆုံးအသုံးချတယ်။ကိုယ့်ကိုကိုယ် ဒုက္ခရောက်စေတဲ့အရာတွေ မလုပ်တော့ဘူး။ ကိုယ့်ကိုကိုယ် တကယ်ချစ်ဖို့တန်ဖိုးထားဖို့ အရေးကြီးတယ်။ကိုယ့်ကိုကိုယ်မှ အရင်တန်ဖိုးမထားရင်ဘယ်သူမှ တန်ဖိုးလာထားမှာမဟုတ်ဘူး။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလို မနေပါနဲ့ဆိုတာလဲအားလုံးကြားဖူးကြမှာပဲ။ Phyo Paing @ Derek

နေသလို ဖြစ်တဲ့ဘဝမှာ
ဖြစ်သလို မနေပါနဲ့
Read More »

ကိုယ့်ကို ဘယ်သူမှ
လာကယ်တင်မှာ မဟုတ်ဘူး

တခါတလေ ကယ်တင်ရှင်ရှာတတ်ကြတဲ့ သဘာဝရှိတယ်။ ကိုယ့်ဘဝ ကိုယ်တာဝန်မယူနိုင်ပဲကယ်မည့်လူ မရှိတဲ့အခါဟိုလူ့ blame ဒီလူ့ blame နဲ့ နောက်ဆုံးမှာ ဒီလူတွေပဲကျန်ခဲ့တယ်။ ငယ်ကတည်းက လက်ကိုင်ထားတဲ့အယူအဆတစ်ခုက ခင်ဗျာကို ဘယ်သူမှ လာကယ်မှာမဟုတ်ဘူး။ ကိုယ့်ဘဝနဲ့ ကိုယ်ပဲ။ Phyo Paing @ Derek

ကိုယ့်ကို ဘယ်သူမှ
လာကယ်တင်မှာ မဟုတ်ဘူး
Read More »

ဆာလောင်မှုက အကြောက်တရားထက်
ကြီးနေဖို့လိုတယ်

ဘယ်ကစလဲဆိုတာ အရေးမကြီးဘူး။နောက်ငါးနှစ်၊ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် နေရင်ဘယ်ကို ရောက်နေမလဲ အရေးကြီးတာပဲ။ ဒါကြောင့် ဆာလောင်မှုကို လျော့လိုက်လို့မရဘူး။ဆာလောင်မှုက အကြောက်တရားထက်ပိုကြီးမှ သတ္တိဆိုတာ ထွက်လာတဲ့သဘောရှိတယ်။ ဆာလောင်မှုဟာ ရဲရဲတောက်မီးခဲလို ဖြစ်နေဖို့လိုတယ်။ ကောက်ရိုးမီးနဲ့ ဘာကြီးကြီးကျယ်ကျယ်အလုပ်မှ လုပ်လို့ရနိုင်မှာ မဟုတ်ဘူး။ ဒူပေဒါပေခံဖို့လိုတယ်။စိတ်ရှည်ဖို့ လိုတယ်။ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေကိုပိုးစိုးပက်စက်လုပ်ဖို့လိုတယ်။ဆာလောင်မှုက အကြောက်တရားထက်ကြီးနေဖို့လိုတယ်။ Phyo Paing @ Derek

ဆာလောင်မှုက အကြောက်တရားထက်
ကြီးနေဖို့လိုတယ်
Read More »

အလုပ်လုပ်နေရင် ပြဿနာတွေ့မှာပဲ။

ကိုယ်ဘေးမှာ တစ်လလောက်နေနေတဲ့သူကကိုယ်နေ့စဉ် ဖြေရှင်းနေရတဲ့ပြဿနာတွေတွေ့တော့ အံ့ဩသွားတယ်။ဘဝက အဲ့လောက် ပြဿနာတွေများလားပေါ့။အလုပ်လုပ်နေရင် ပြဿနာတွေ့မှာပဲ။ဒါကို ခံစားအရှုံးပေးပြီး ဒုက္ခအနေနဲ့မပြောင်းလိုက်ဖို့ပဲ။ဖြေရှင်းလိုက်တဲ့ ပြဿနာတွေကကိုယ့်ကို next level ရောက်စေတာပဲ။ Phyo Paing @ Derek

အလုပ်လုပ်နေရင် ပြဿနာတွေ့မှာပဲ။ Read More »

သူများနဲ့ မနှိုင်းယှဉ်နဲ့။

စေတနာထားပြီး အလုပ်လုပ်။ရလဒ်ရအောင်လုပ်။လိပ်ပြာလုံတဲ့ အလုပ်ကိုလုပ်။ပြဿနာကို ဖြေရှင်း။ပြဿနာကို ဒုက္ခအနေနဲ့ မပြောင်းလိုက်နဲ့။အားမနာနဲ့။လုပ်သင့်တာ အရင်လုပ်။ပြီးမှ လုပ်ချင်တာလုပ်။ Phyo Paing @ Derek

သူများနဲ့ မနှိုင်းယှဉ်နဲ့။ Read More »

Mental Model

လူတိုင်းမှာ စဥ်းစားတဲ့ပုံစံရှိတယ်။ ဒါကို mental model လို့ခေါ်တယ်။ ဒီ စဥ်းစားတဲ့ပုံစံပေါ်မူတည်ပြီး လုပ်ဆောင်မှုတွေ လုပ်ကြတယ်။ ဒီလုပ်ရပ်တွေက တစ်ဆင့် ရလဒ်တွေရကြတယ်။​ ကျွန်တော့်ရဲ့ mental model တချို့ရှိတယ်။ ဒါကတော့ ဘဝဖြတ်သန်းမှုဖြစ်စဥ်ပေါ်မူတည်ပြီး တည်ဆောက်ခဲ့တဲ့ စဥ်းစားမှုပုံစံဖြစ်တယ်။ ၁။ Limit your loss တရုတ်ဆိုတော့ လောင်းကစားလုပ်ရတာကြိုက်တယ်။ ဘောလုံးပွဲလောင်း၊ ဖဲရိုက်၊ Russian Roulette ဆော့ ဒီကနေ တဖြည်းဖြည်းနားလည်လာတာ မဆော့ခင် ဘယ်လောက်ရှုံးရင် ပြန်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်တစ်ခုရှိရမယ်။ မဟုတ်ရင် loss aversion လို့ခေါ်တဲ့ စိတ်ပညာအရ ရှုံးမဲမဲပြီး မွဲတတ်တယ်။​ ဒါက လုပ်ငန်းလုပ်ဆောင်တဲ့အခါမှာ ကူညီပေးတယ်။ Casino ထဲ မဝင်ခင် အရှုံးခံမည့် amount ပဲယူသွားတယ်။ မဆော့ခင်ကတည်းက

Mental Model Read More »