Dr Phyo Paing

အချိန်ကို တန်ဖိုးရှိအောင် သုံးရမယ်။

ဘယ်နိုင်ငံမှာနေနေ ကိုယ်လုပ်နေချင်တဲ့အရာတွေကိုချရေးကြည့်တယ်။ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်ဆက်လုပ်နေမယ်။နေ့စဉ် လေ့လာနေမယ်။ရေးနေမယ်။ ထုတ်ကုန်အသစ်တွေ ဖန်တီးနေမယ်။နေ့စဉ် ရောင်းချနေမယ်။ မားကတ်တင်း၊ စွန့်ဦးတီထွင်မှု၊နည်းပညာ၊ တိုးတက်ရေးဒါတွေ အမြဲ ဆက်လုပ်နေအုံးမယ်။ ဒီနေ့ ဘယ်မှာနေနေ အချိန်ကို အလဟသ မဖြုန်းမိအောင် သတိပြုမိတယ်။ ကိုယ့်ဘဝမှာ ကိုယ်တကယ်ပိုင်တာအချိန်ပဲရှိတာ။ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့အချိန်ကို တန်ဖိုးရှိအောင် သုံးရမယ်။ Phyo Paing @ Derek

အချိန်ကို တန်ဖိုးရှိအောင် သုံးရမယ်။ Read More »

ဒီသုံးခုကို ပေါင်းစပ်ကြည့်ပါ

Work Hard မလုပ်ခင်Work Smart လုပ်Work Smart မလုပ်ခင်Work Wise. ရှင်းပြပါရစေ။ Work Hard ဆိုတာအလုပ်ကြိုးစားတာ။ Work Smart ဆိုတာရလဒ်ရဖို့ ဘယ်အရာက အရေးကြီးလဲဆိုတာသိပြီးအရေးကြီးတာကို အဓိကလုပ်တာ။ Work Wise ဆိုတာဘယ်အရာက ဒီနေ့နဲ့ အနာဂတ်အတွက်ကိုယ့်စိတ်ချမ်းသာဖို့အရေးပါသလဲ ကြည့်ပြီးအရေးမပါတာကို အရာမပေးပဲအရေးပါတာကိုပဲ အရာပေးတာ။ ဒါကြောင့် Work Wise, Work Smart,Work Hard ဒီသုံးခုကို ပေါင်းစပ်ကြည့်ပါအားတီ၊ အားမေတို့။ Phyo Paing @ Derek

ဒီသုံးခုကို ပေါင်းစပ်ကြည့်ပါ Read More »

ဘဝမှာ

ဘဝမှာ မလုပ်ချင်တာ လုပ်ရတဲ့အချိန်ရှိတယ်။ ဘဝမှာ မလုပ်ချင်တာ တစ်ဝက်၊လုပ်ချင်တာ တစ်ဝက်လုပ်ရတဲ့အချိန်ရှိတယ်။ ဘဝမှာ လုပ်ချင်တာပဲ လုပ်ရတဲ့အချိန်ရှိတယ်။ ဘဝမှာ လုပ်ချင်တာလုပ်ရင်း ငြီးငွေ့လာတဲ့အချိန်ရှိတယ်။ ဘဝမှာ အရေးမပါတာတွေကို မရာမပေးမိတော့တဲ့အချိန်ရှိလာမယ်။ ဘဝမှာ သံဝေဂတရား လက်ကိုင်ထားပြီးဘဝရဲ့ အဓိပ္ပာယ် စစ်စစ်ကိုသိတဲ့အချိန် ရှိလာမယ်။ Phyo Paing @ Derek

ဘဝမှာ Read More »

Media နဲ့ Code

ဒီနေ့ခေတ် ချမ်းသာကြီးပွါးချင်ရင်နိုင်ငံတကာမှာMedia နဲ့ Code နှစ်ခုကို အာရုံစိုက်တဲ့။ မီဒီယာဆိုတာ ကိုယ်ဖော်ပြတဲ့အရာတွေလူတွေဆီ အခမဲ့ရောက်နိုင်တာမျိုး။တနည်းပြောရရင် မားကတ်တင်းပေါ့။ကုဒ်ကတော့ ဆော့ဝဲပရိုဂမ်တွေချဲ့ထွင်လို့ရတဲ့ ထုတ်ကုန်တဲ့။တစ်ခုထုတ်ပြီး လူသိန်း၊ သန်းကိုကုန်ကျစရိတ်အများကြီး ထပ်မကုန်ပဲရောင်းလို့ရတယ်။ ဘယ်အရာမဆို လုပ်တဲ့သူတိုင်းအလုပ်ဖြစ်တာမှမဟုတ်တာ။ အလုပ်ဖြစ်အောင်လုပ်တဲ့သူပဲအလုပ်ဖြစ်တာ။ အဖြစ်လုပ်ရုံနဲ့ အလုပ်မဖြစ်နိုင်ဘူး။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

Media နဲ့ Code Read More »

ပညာပိုင်းဆိုင်ရာ အတွက်
ကိုယ့်အတွက်တော့ အသက်ပဲ။

ကိုယ်လုပ်တဲ့အလုပ်မှာ အစားထိုးလို့မရတဲ့သူဖြစ်အောင် နေ့တိုင်းလုပ်တယ်။ ကိုယ်ဖြေရှင်းနေတဲ့ပြဿနာမှာ ကိုယ်က အတော်ဆုံးဖြစ်ရမယ်။ အထူးချွန်ဆုံးဖြစ်ရမယ်။အဲ့လို စိတ်ပဲထားတယ်။ အဲ့နေရာမှာတော့ ပြိုင်ဆိုင်မှုပြင်းတယ်။ Competitive ဖြစ်တယ်။ ကျန်တဲ့ ဂုဏ်ရှိန်ဝါထက်ပညာပိုင်းဆိုင်ရာ အတွက်ကိုယ့်အတွက်တော့ အသက်ပဲ။ Phyo Paing @ Derek

ပညာပိုင်းဆိုင်ရာ အတွက်
ကိုယ့်အတွက်တော့ အသက်ပဲ။
Read More »

ကိုယ့်လုပ်ငန်း ဘာကြောင့်
အမြတ်ငွေ မကျန်သလဲ?

ကိုယ့်လုပ်ငန်း ဘာကြောင့် အမြတ်ငွေ မကျန်သလဲ? နာမည်ကြီး ထမင်းငတ်မဖြစ်ဖို့ လုပ်ငန်းတွေ အမြတ်ငွေကျန်ဖို့လိုတယ်။ ၁။ ကိုယ့်လုပ်ငန်းရဲ့ အမြတ်ငွေ လမ်းကြောင်းprofit model ကို သေချာဖန်တီးပါ။တက်နေတဲ့ ငွေစျေးတွေမတည်ငြိမ်တဲ့စျေးနှုန်းတွေကြားသေချာတွက်ချက်ပြီးအမြတ်ငွေမော်ဒယ်ကိုသေချာဖန်တီးပါ။ ၂။ လုပ်ငန်းရဲ့ ထုတ်ကုန်နဲ့စျေးနှုန်းသတ်မှတ်မှု၊လူတွေရင်ထဲရောက်အောင် ကြော်ငြာတဲ့Offer ကို သေချာ ဒီဇိုင်းလုပ်ပါ။ ၃။ ကိုယ့်လုပ်ငန်းရဲ့ အရောင်းဖြစ်စဥ်Sales funnel ကို သေချာတည်ဆောက်ထားပါ။ ၄။ စျေးကွက်နဲ့အတူပြောင်းပါ။ ပြောင်းလဲသွားတဲ့ စျေးကွက်ရဲ့လိုအပ်ချက်တွေအတွက်ထုန်ကုန်အသစ်တွေ ဖန်တီးပါ။ ၅။ ကိုယ့်ထုတ်ကုန်ကို ဝယ်ဖို့ မေးစရာမလိုလောက်ပဲဝယ်မယ်ဆို တန်းဝယ်လို့ရတဲ့အထိသတင်းအချက်အလက်တွေကိုဖော်ပြထားပါ။ FAQ အမေးများတဲ့မေးခွန်းတွေလုပ်ထားပါလုပ်ငန်းရှင်တို့။ ဒီနေ့ခေတ်က ပြိုင်ဖက်မတွေ့အောင်ဖွပ်ထားတဲ့ ခေတ်မဟုတ်တော့ဘူး။ ၆။ လုပ်ငန်းရှင်ကိုယ်တိုင်အရေးပါ အရာရောက်တဲ့သူကိုယ်ပြောရင် စကားဖြစ်တဲ့သူဖြစ်အောင်လုပ်ထားပါ။Key Person of Influence လို့ခေါ်ပါတယ်။ ၇။ ကိုယ့်လုပ်ငန်းက ကြော်ငြာအတွက်Boost

ကိုယ့်လုပ်ငန်း ဘာကြောင့်
အမြတ်ငွေ မကျန်သလဲ?
Read More »

စည်းကမ်းရှိဖို့လိုတယ်။

တခြားသူတွေကို ကျ ပြင်ပေးချင်တယ်။ကိုယ့်ကိုယ်ကိုယ်ကျ မပြင်နိုင်ဘူး။ဒီလိုဘဝ ကျော်ဖို့ကိုယ့်ကိုယ်ကိုယ်အတွက်စည်းကမ်းရှိဖို့လိုတယ်။ Phyo Paing @ Derek

စည်းကမ်းရှိဖို့လိုတယ်။ Read More »

See ပြီး တကယ်လုပ်ဆောင်မှ ပွားများမှာ။

စီးပွားရေးမှာ အများမမြင်တဲ့ အခွင့်အလမ်းလှိုင်းတွေကို See ရမယ်။အန္တရာယ်လှိုင်းတွေကို See ရမယ်။ See ပြီး တကယ်လုပ်ဆောင်မှ ပွားများမှာ။ တခြားသူတွေ မ see ပဲ၊ ကိုယ် see နေပြီး ပြင်နေတဲ့ လှိုင်းက ဘာလှိုင်းလဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

See ပြီး တကယ်လုပ်ဆောင်မှ ပွားများမှာ။ Read More »

Organic Social Media

ဒီနေ့ခေတ် မားကတ်တင်းရဲ့နတ်ရေစင်ကတော့ Organic Social Media ပဲ။ ကိုယ်တင်လိုက်တဲ့ စာ၊ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို ကုန်ကျစရိတ်မရှိပဲ လူများများဆီရောက်နိုင်ခြင်းကိုဆိုလိုတာ ဖြစ်ပါတယ်။ ကိုယ်က content တင်တင်၊ ကြော်ငြာတင်တင် လူတွေ မြင်နေပြီး စိတ်ဝင်စားနေတဲ့အခါကိုယ့်ရဲ့ မားကတ်တင်းစနစ်ကကြော်ငြာစရိတ်မသုံးရင်တောင်လည်ပတ်နေတာဖြစ်တဲ့အတွက် အရှုံးမရှိဖြစ်နေမှာ။ အရောင်းကို ဒီထက်ပိုလိုချင်လို့Boost လုပ်တယ်၊Media Buying လုပ်တယ်ဆိုလဲသဘောပေါ့။ ဆိုလိုချင်တာကတော့ကိုယ့်လုပ်ငန်းတူက ရောင်းအားတစ်ခုရဖို့ကြော်ငြာစရိတ်တွေ အများကြီးသုံးနေရတဲ့အချိန်ကိုယ်က အထာကျကျ ဆရာကျကျလည်ပတ်နေလို့ရတယ်။ မားကတ်တင်းမှာ နားထောင်ရဆိုးပေမယ့်ဟုတ်သလိုလိုရှိတဲ့ စကားတစ်ခုရှိတယ်။ဒါကတော့“Marketing is like sex: only losers pay for it.”― Antonio Garcia Martinez တဲ့။ ကြော်ငြာတာ ကောင်းတဲ့အချက်ပါ။ ကြော်ငြာတဲ့ အပေါ် ယံအလွှာမှာOrganic Social Media တည်ဆောက်ထားဖို့လိုတယ်။

Organic Social Media Read More »

စီးပွားရေးလုပ်ငန်းဆိုတာ

စီးပွားရေးလုပ်ငန်းဆိုတာ ယာဥ်တစ်စီးပဲ။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့ယာဥ်တစ်စီးပဲ။ ဘာယာဥ်နဲ့ သွားမလဲ၊ ဘယ်လို အမျိုးအစားလဲ၊ ကိုယ့်အနေနဲ့ ဒီယာဥ်ကို ညွှန်ကြားမောင်းနှင်နိုင်လား၊ဒီယာဥ်ကို ဘယ်သွားမလဲ၊လမ်းပြတဲ့သူ၊မောင်းတဲ့သူ၊ စပယာ၊ တင်မည့်လူနဲ့ ကုန်၊ပန်းတိုင်ရောက်ဖို့လိုအပ်တဲ့ လောင်စာ၊ တစ်ဆင့်ချင်းသွားမည့် မှတ်တိုင်တွေ၊သွားလမ်းမှာရှိတဲ့ မြေပြင်အခြေအနေ၊ရာသီဥတု နဲ့ လိုအပ်ရင် ထိန်းသိမ်းပြုပြင်ဖို့၊ကြိုတင်ကာကွယ်ဖို့ အစီအစဥ်ဒါတွေ သိထားဖို့လိုတယ်။ လုပ်ငန်းမတည်ဖွဲ့စည်းပုံ Structure နဲ့ Shared Valuesကျင်လည်တဲ့နယ်ပယ် Industry ပိုင်ရှင်ရဲ့ နားလည်ကျွမ်းကျင်မှု Expertise သွားမည့်လမ်း လုပ်ငန်းမဟာဗျူဟာ Strategy ညွှန်းကြားသူတွေ BOD နဲ့မောင်းနှင်သူ Leader ဝန်ထမ်းတွေနဲ့ ကျွမ်းကျင်မှု Staffs & Skills လည်ပတ်ပုံ Systems & Operationsထုတ်ကုန်၊ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုလိုအပ်တဲ့ ငွေကြေးစီမံခန့်ခွဲမှု Finance & Budgeting

စီးပွားရေးလုပ်ငန်းဆိုတာ Read More »