ပြင်နေဖို့ပဲလိုတယ်။
အမြဲမှန်နေဖို့ မလိုဘူး။အမြဲ သင်ယူပြီးပိုမှန်အောင် ပြင်နေဖို့ပဲလိုတယ်။ Phyo Paing @ Derek
ပြင်နေဖို့ပဲလိုတယ်။ Read More »
အမြဲမှန်နေဖို့ မလိုဘူး။အမြဲ သင်ယူပြီးပိုမှန်အောင် ပြင်နေဖို့ပဲလိုတယ်။ Phyo Paing @ Derek
ပြင်နေဖို့ပဲလိုတယ်။ Read More »
ကိုယ့်ရဲ့ အကောင်းဆုံးဗားရှင်းကကိုယ်အားကျနေတဲ့သူရဲ့အခုဗားရှင်းထက် အများကြီးပိုကောင်းနိုင်တယ်။ Phyo Paing @ Derek
အကောင်းဆုံးဗားရှင်း Read More »
၁။ ရောင်းချဖို့ ကုန်ပစ္စည်းရှာ ဒီ winning product ကို မှာ။ ဒါကို နိုင်ငံတကာမှာ trending ဖြစ်နေတာကိုကြည့်။ ၂။ ပစ္စည်းမှာထားတဲ့ အချိန်မှာ content ဖန်တီး၊ pre-order ကြော်ငြာ run ထား။ ၃။ ပစ္စည်းရောက်တာနဲ့ ပို့။ ပြန်လည် ဆန်းစစ်။ အမှတ်တံဆိပ်တည်ဆောက်။
ငွေရှာဖို့ အိုင်ဒီယာ သုံးခု Read More »
သဘာဝဖြစ်စဥ်နဲ့ သွေဖယ်ပြီးအဆိုးဖက်ရောက်သွားတာကိုဖောက်ပြန်တယ်လို့ ခေါ်တယ်။ ခန္ဓာကိုယ်ကြီးက ပုံမှန်ဖြစ်စဥ်မဟုတ်ပဲရောဂါဘယဝင်တဲ့အတွက်ဖောက်ပြန်တတ်တယ်။ စိတ်ဆိုတဲ့အရာကလဲ ပုံမှန်ဖြစ်စဥ်မဟုတ်ပဲအတွေး၊ အခြေအနေ အမျိုးမျိုးကြောင့်ဖောက်ပြန်တတ်တယ်။ စိတ်က ကိုယ်ထက် ဖော်ပြန်လွယ်တယ်။တစ်ရက်ကို အတွေးပေါင်း သောင်းချီတွေးနေတဲ့စိတ်ကိုမလေ့ကျင့်တတ်ရင်ဖောက်ပြန်မှု အပေါင်းသရဖူဆောင်းတဲ့အခါလောကသဘာဝနဲ့ သဟဇာတ မဖြစ်တဲ့အခါဘဝက အံဝင်ဂွင်ကျမဖြစ်၊စိတ်သွားတိုင်း ခရီးမတွင်၊စိတ်အလိုမကျ ဖြစ်တတ်တယ်။ စိတ်ဖောက်ပြန်တာကိုအာရုံစိုက်မှုနဲ့ အစားထိုးလို့ရတယ်။အာရုံစိုက်မှုကို စာဖတ်ခြင်း၊တရားထိုင်ခြင်း၊ကိုယ့်ရဲ့အတွေးတွေကို ပြန်လည်ဆန်းစစ်ခြင်းနဲ့သွားလို့ရတယ်။အာရုံကို အာဏာကုန်တစ်ခုတည်းကိုစူးစိုက်နိုင်တဲ့အခါ သမာဓိ ဖြစ်တယ်။ သမာဓိဆိုတာ စိတ်ဒဏ်ရာတွေရဲ့သမားတော်ပဲ။ စကားလုံးကြီးသာ ကြီးနေတာ။သမာဓိဆိုတာ စိတ်တည်ကြည်ခြင်းကိုဆိုတာ။အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းချင်ရင်သမာဓိ တည်ကြည်ဖို့စိတ်ကို လေ့ကျင့်ဖို့၊စိတ်ထဲ အမှိုက်တွေ မထည့်ဖို့၊ထည့်မိတဲ့အမှိုက်တွေကို ခြေဖျက်ဖို့လိုတတ်တယ်။ Phyo Paing @ Derek
အမှိုက်ပစ်မခံနဲ့။ ဘဝမှာ လူတွေရဲ့ ဘဝအပေါ်ဒေါသတွေ၊ သောကတွေ၊ လောဘတွေကအမှိုက်အဖြစ်ပြောင်းပြီးစကားလုံးတွေအနေနဲ့ပြောင်းပြီးကိုယ့်အပေါ် လာလာပစ်တတ်ကြတယ်။ တချို့လူတွေက မေတ္တာတရားကြီးမားတော့အမှိုက်တွေကို မေတ္တာရေနဲ့ဆေးတယ်။ တချို့ကျတော့ သနားငဲ့ငြာပြီး ဂရုဏာရေနဲ့ဆေးတယ်။ တချို့ကျတော့ ဥပက္ခာရေနဲ့ဆေးတယ်။ တချို့ကျတော့ ဘာရေနဲ့ ဆေးဆေးခဏခဏ လာပစ်တော့မှတ်လောက်သားလောက်အောင်အကြောက်တရားရေနဲ့ ဆေးပေးမှရတယ်။ 😀 ဒါကြောင့် ကိုယ်က သူတော်ကောင်းမဟုတ်ရင်၊ဘူတော်အပေါင်းကို အမှိုက်ခဏခဏ လာအပစ်မခံပါနဲ့။ ရေနဲ့ မဆေးတတ်ရင် အမှိုက်ပုံကြီးဖြစ်နေတတ်တယ်အားတီ အားမေတို့။ Phyo Paing @ Derek
အိုင်ဒီယာတွေက အန္တရာယ်ရှိတယ်။ဒီမိုကရေစီဆိုတာဒီ အိုင်ဒီယာတွေကိုလွတ်လပ်စွာ ပြောဆို၊ ရေးသား၊ ထုတ်ဝေမှုကိုကန့်သတ်ပိတ်ပင်ခြင်းမရှိခွင့်ပြုတာ။ လိုချင်တာ ဒီမိုကရေစီဖြစ်ပြီးကိုယ်နဲ့မတူတဲ့ အိုင်ဒီယာတိုင်းကိုအန္တရာယ်ရှိစေနိုင်တဲ့အတွက်လိုက်တိုက်ခိုက်တာကကိုယ်လိုချင်တဲ့ စနစ်နဲ့ ပြောင်းပြန်ဖြစ်စေတယ်။ မတူညီတဲ့ အိုင်ဒီယာ၊အတွေးအခေါ်တွေကို၁။ နားထောင်၂။ နားလည်လက်မခံရင် အကျိုးသင့်အကြောင်းသင့်ပြန်၃။ နားချဒီလို လုပ်နိုင်မှပဲ progressive ဖြစ်တဲ့လူ့အဖွဲ့အစည်းတစ်ခုဖြစ်မှာ။ အရာရာက အိုင်ဒီယာက စတယ်။ တခါတလေ ကိုယ်တိုင်အပါအဝင်အသီးအပွင့်ကိုပဲ ခူးခပ်ချင်တတ်ကြတယ်။
ကိုယ်ထိန်းချုပ်မရတဲ့ အရာတွေလောကမှာ ဘယ်လိုပဲဖြစ်နေမှာပဲ အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့အရေးအကြီးဆုံးပဲ။ အကြည်ဓာတ်ဆိုတာ ဗုဒ္ဓဟောကြားခဲ့တဲ့ကောင်းမွန်တဲ့ စေတသိက်တွေစိတ်ကို ခြယ်လှယ်နေဖို့လိုတယ်။ ဒီလို ဖြစ်ဖို့ လောကရဲ့ “မာယာ” ကိုသိဖို့၊ လောဘ၊ ဒေါသ၊ မောဟကို ကိုင်တွယ်တတ်ဖို့ လိုတယ်။ အသက်ကြီးလာလေ ဒီ လောကရဲ့ မာယာကို နားလည်စပြုလာလေ၊ လောဘ၊ ဒေါသ၊ မောဟက လူဆိုတော့ မရှိပဲမနေဘူး။ ကိုင်တွယ်တတ်ဖို့ပဲလိုတယ်။ဒါကို နေ့စဥ် ကျင့်ယူနေဖို့က ကိုယ့်တာဝန်ပဲ။ Phyo Paing @ Derek
အကြည်ဓာတ်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ Read More »
လူတစ်ယောက်ရဲ့ အဖိုးအတန်ဆုံးကအာရုံပဲ။ ကိုယ့်အာရုံပြုတဲ့နေရာကိုသေချာဂရုပြုနိုင်ဖို့လိုတယ်။ Phyo Paing @ Derek
လောကကို ခပ်ချေချေနေချင်ရင်ချေလို့ ရတဲ့ စကေးလိုနိုင်တယ်။ မဟုတ်ရင် ကိုယ်ကကြီးအချေခံနေရတာ။ အခြေခံ စကေးပြီးရင်ပြန်ချေနိုင်ဖို့ အချေပြန်စကေးကျွမ်းကျင်မှရမယ်။Cal Newport ကတော့So good they can’t ignore you တဲ့။ 😀
So good they can’t ignore you Read More »
နည်းပညာကုမ္ပဏီနဲ့ နည်းပညာမဟုတ်တဲ့ သန်း ၁၀၀ အထက် တန်ဖိုးရှိတဲ့ကုမ္ပဏီအကုန်လုံးကို ဦးဆောင်တဲ့သူတွေ အကုန်လုံးဘာလုပ်ကြသလဲ? မတူညီတဲ့ အချက်တွေ အများကြီးရှိတယ်။ တူညီတဲ့အချက်တစ်ခုက စာအများကြီး ဖတ်ကြတယ်။ တစ်ကမ္ဘာလုံးကိုပဲ ကြည့်ကြည့်၊တရုတ်ကိုပဲ ကြည့်ကြည့် အတူတူပဲ။ သူတို့နဲ့ သက်ဆိုင်တဲ့နယ်ပယ်ပဲ မဟုတ်ဘူး။မသက်ဆိုင်တဲ့ နယ်ပယ်ကပါ လေ့လာတယ်။
Reading = Researching Read More »