Dr Phyo Paing

ဘဝရဲ့ ပြဿနာတွေဆိုတာ

လူတိုင်းက ကိုယ်နဲ့ တန်ရာတန်ရာ ဘဝကိုရတာပဲ။ ကိုယ့်အတွေးနဲ့ တန်တဲ့ဘဝ။ ကိုယ့် အကြံအစီနဲ့တန်တဲ့ ဘဝ။ ကိုယ့်အလုပ်နဲ့ တန်တဲ့ဘဝ။ သေချာတာ တစ်ခုကတော့အပြစ်တင်ခြင်းကိုပဲ ထိုင်လုပ်နေသမျှအဖြေရှာခြင်းဆိုတာနဲ့ ဝေးသွားနိုင်တယ်။ ဘဝရဲ့ ပြဿနာတွေဆိုတာ ထိုင် အဖြေရှာဖို့။ Phyo Paing @ Derek

ဘဝရဲ့ ပြဿနာတွေဆိုတာ Read More »

အောင်မြင်မှု

ဘဝမှာ တိုးတက်ပျော်ရွင်နေတာအောင်မြင်တာပဲ။ တိုးတက်ပျော်ရွင်ဖို့ ဆူညံသံ noise တွေကို ရှောင်ရတယ်။ အတင်းအဖျင်းတွေ၊ ကိုယ့်ဘဝအတွက် အရေးမပါတဲ့အထင်အမြင်တွေ၊ ကိုယ့်အတွက် မမှန်တဲ့ ပုံပြင်တွေ၊ အဲ့လို အရေးမပါတာတွေကို အရာမပေးဖို့လိုတယ်။ ကိုယ့်နှလုံးသားအသံ၊အားသာချက်၊ လုပ်ချင်တာတွေကိုကြားလာမယ်။ ဒီ Voice က ဆူညံသံ Noise တွေအထက်ရောက်ဖို့လိုတယ်။ ရေဒီယို ချိန်သလိုပဲဆူညံသံတွေရဲ့ လှိုင်းကိုဖမ်းနေရင်ကိုယ်လိုချင်တဲ့ လှိုင်းကို ရမှာမဟုတ်ဘူး။ လူတွေဖမ်းယူနေတဲ့ ဖရီကွန်စီ frequencyလှိုင်းတွေ မတူကြဘူး။ Low-level frequency တွေနဲ့ ရုန်းမထွက်နိုင်ဘဝကို ကျော်လွှားမှကိုယ့်ရဲ့ Voice က Noise အထက်ရောက်မယ်။ Phyo Paing @ Derek

အောင်မြင်မှု Read More »

အကြံပြုတာနဲ့ အကြံပေးတာမတူဘူး။

အကြံပေးတယ်ဆိုတာ တောင်းမှ ပေးရတယ်။ အကြံပြုတယ်ဆိုတာ အခြေအနေတစ်ခုကို ပိုကောင်းစေချင်တဲ့ စိတ်နဲ့ အကြံပြုတာ။ လုပ်တာ မလုပ်တာ သူ့တာဝန်။ မြန်မာနဲ့ တရုတ် လူကြီး အများစုနဲ့ တချို့ ပညာတတ်တချို့တောင်လုပ်တတ်တဲ့ အရာတစ်ခုက ကိုယ်သေချာမသိတဲ့ အရာတစ်ခုကိုအခြေအနေကို သေချာမသိပဲ အကြံပြုတတ်တာ။ တခါတလေကလဲ အကြံပြုတာကို ဝေဖန်တဲ့ ပုံစံဖြစ်သွားတတ်ကြတယ်။ ဒီတော့ ပါဆန်နယ်ပိုင်းအကြံပြုတဲ့အခါ ဒီမေးခွန်းတွေနဲ့ ပြန်မေးပြီး အကြံပြုချင်တဲ့သူကို အကောင်းဆုံးကူညီပေးလို့ရတယ်။ ၁။ ဝေဖန် အကြံပြုချင်တဲ့ အရာ။What’s your suggestion? ၂။ အခုအကြံပြုမည့်သူရဲ့ အခြေအနေနဲ့ နောက်ခံသမိုင်းကို ကိုယ်ဘယ်လောက်သိထားသလဲ။How well do you know the situation or background of the person or

အကြံပြုတာနဲ့ အကြံပေးတာမတူဘူး။ Read More »

မသုံးတတ်ရင် ရှုံးနေမယ်။

ပြတာကိုပဲ တွေ့တာ လူမှုကွန်ယက်။လူတွေကို ကိုယ်သိစေချင်တဲ့ပုံပြင်တွေ ဖန်တီးဖို့ အခွင့်အရေးပေးတာလူမှုကွန်ယက်။မသုံးတတ်ရင် ရှုံးနေမယ်။ Phyo Paing @ Derek

မသုံးတတ်ရင် ရှုံးနေမယ်။ Read More »

အလုပ်ဆိုတာ လွတ်မြောက်ရာပဲ။

ကိုယ့်ဘဝရဲ့ ထွက်ပေါက်ကကိုယ်ချစ်ရ၊ မြတ်နိုးရတဲ့ အလုပ်ပဲ။ဒါကြောင့် ကမ္ဘာကြီးပျက်နေလဲကမ္ဘာပျက်ထဲက ထွက်ဖို့ အလုပ်ကမ္ဘာမှာ ရင်ခုန်စရာ၊ ပျော်စရာ၊ စူးစမ်းစရာတွေနဲ့ ပြည့်နက်နေတတ်တယ်။ အဲ့ဒီ အလုပ်တွေ့တဲ့အခါဘဝနဲ့ ကိုယ်နဲ့ တစ်သားတည်းကျသွားတယ်။Work-life balance ဆိုတဲ့ စကားမလိုတော့ဘူး။ အလုပ်ဆိုတာ လွတ်မြောက်ရာပဲ။ Phyo Paing @ Derek

အလုပ်ဆိုတာ လွတ်မြောက်ရာပဲ။ Read More »

ကိုယ့်ကိုယ်ကို ပြင်ဖို့
ကြိုးစားရအုံးမယ်။

ကိုယ်လိုတာမရရင် ဒုက္ခဖြစ်တယ်။လိုချင်ပြီးမရလေလေ ဒုက္ခဖြစ်လေလေပဲ။ ဒုက္ခဆိုတာ “ချင်တယ်” ကစတယ်။ဒီ “ချင်တယ်” ကိုဖျောက်လိုက်ရင်ဥာဏ်စဥ်တက်ပြီး “မြင်တယ်” ဖြစ်လာတယ်။“မြင်တယ်” ဖြစ်တဲ့အခါကိုယ့်ဘဝနေထိုင်မှုပုံစံ “ပြင်မယ်” ဖြစ်သွားတယ်။ “ချင်တယ်” -> “မြင်တယ်” -> “ပြင်မယ်” မြင်ဖို့အတွက်က Mindful သတိရှိဖို့လိုတယ်။သတိရှိဖို့က လေ့ကျင့်ဖို့လိုတယ်။ဒီလို အတွေး၊ အကြံ၊ အလုပ်၊အတွေ့အကြုံတွေကို သတိနဲ့ လေ့ကျင့်တာကို သတိပဋ္ဌာန်Meditation လို့ခေါ်တယ်။ ဒီနှစ်ခုပေါင်းတော့ Mindfulness Meditation ဖြစ်ပြီးအရှိကို အရှိအတိုင်းမြင်နိုင်ဖို့လေ့ကျင့်တာကို Vipassana Meditation orMindfulness Mediation ဝိပဿနာလို့ခေါ်ပြီးမြင်နိုင်တဲ့ပေါ်မူတည်ပြီး ဉာဏ် လို့ခေါ်တယ်။ ၁။ သမ္မသနဉာဏ်၂။ ဥဒယဗ္ဗယဉာဏ်၃။ ဘင်္ဂဉာဏ်၄။ ဘယဉာဏ်၅။ အာဒိနဝဉာဏ်၆။ နိဗ္ဗဒါဉာဏ်၇။ မုစ္စိတုကမျတာဉာဏ်၈။ ပဋိသင်္ခါဉာဏ်၉။ သင်္ခါရုပေက္ခာဉာဏ်၁၀။ အနုလောမဉာဏ် ဉာဏ်ဆယ်ပါးရှိတယ်။ ကိုယ့်ရဲ့ ဉာဏ်တက်ဖို့

ကိုယ့်ကိုယ်ကို ပြင်ဖို့
ကြိုးစားရအုံးမယ်။
Read More »

သုံးတာနဲ့ ဖြုန်းတာ ဘာကွာလဲ?

ရည်ရွယ်ချက်ရှိရှိလုပ်တာနဲ့ရည်ရွယ်ချက် မရှိပဲ လုပ်တာကွာတယ်။ မသုံးရင် ရှုံးတာပဲ။ ဒီလို thought experiment လေး လုပ်ကြည့်။ လူ့ဘဝသာ ဂိမ်းတစ်ခုဆိုရင်ဒီနေ့ခေတ်မှာ ၇၁ နှစ်လောက်နေရလိမ့်မယ်။ရက်ပေါင်း ၂၆၀၀၀ လောက်ရမယ်။ ဒီရက်ပေါင်း ၂၆၀၀၀ မှာ ပညာသင်ရတဲ့ အချိန်၊အလုပ်ရှာရတဲ့အချိန်၊စီးပွားရှာရတဲ့အချိန်၊မိသားစုတည်ဆောက်ရေးအချိန်၊လူ့ဘောင်အတွက် ပေးရတဲ့အချိန်၊ဝါသနာပျော်စရာအတွက် ပေးရတဲ့အချိန်ဘဝက မျိုးစုံမယ်။. ဒီပေးထားတဲ့ ဂိမ်းမှာသရုပ်ဆောင်ရတဲ့ ဇာတ်ခုံကမတူကြဘူး။မွေးတဲ့နိုင်ငံ၊ ဖြစ်တဲ့လူမျိုး၊ဆက်ခံရတဲ့ မျိုးရိုး၊ ပါလာတဲ့ ပါရမီ၊ဖြတ်သန်းလာတဲ့ ဘဝသမိုင်းကြောင်း။ ဘဝမှာ ဆယ်ကျော်သက်အရွယ်ထိကကိုယ်ကဘဝကို ရွေးတာမဟုတ်ပဲဘဝကို ကိုယ့်ကိုရွေးတယ်။ဆယ်ကျော်သက်ကျော်တဲ့အခါကိုယ်က ဘဝကို ပြန်ရွေးတယ်။ ဒီဂိမ်းကို ထိုင်ငြီးနေလို့ကတော့ခိုပဲ ဖြစ်သွားနိုင်တယ်။ဒီဂိမ်းမှာ ပေးထားချက်ပေါ်မူတည်ပြီးသေချာထိန်းဆော့ရင်တော့ရက်ပေါင်း ၂၆၀၀၀ ကျော်ဆော့ရမှာပဲ။ ဒီဂိမ်းရဲ့အမှတ်တွေက နောက်ဂိမ်းမှာဖြစ်လာမည့်ဇာတ်ကောင်နဲ့ သရုပ်ဆောင်ရမည့်အပိုင်းကိုမဆုံးဖြတ်ဘူးလို့ မပြောနိုင်ဘူး။ ရက်ပေါင်း ၂၆၀၀၀ ကိုကိုယ်ဖြစ်ချင်တဲ့ဘဝပုံစံမျိုးအဓိပ္ပာယ်ရှိရှိ သုံးမှ မဖြန်းရာကျမယ်။ သုံးတာနဲ့ ဖြုန်းတာ

သုံးတာနဲ့ ဖြုန်းတာ ဘာကွာလဲ? Read More »

ဘုံ ငါးဘုံ

ဘဝဆိုတာ ကိုယ်မကြိုက်တဲ့အလုပ်တွေလုပ်ပြီးမကြိုက်တဲ့သူတွေကိုယ့်ရဲ့အောင်မြင်မှုတွေကို မကြိုက်အောင်လုပ်တဲ့ ကစားပွဲတစ်ခုဆိုရင်တော်တော်လေး ပျင်းဖို့ကောင်းမှာပဲ။ ဘဝဆိုတာ ကိုယ်ကြိုက်တဲ့အရာတွေလုပ်ပြီးကြိုက်တဲ့သူတွေရဲ့ကြိုက်တဲ့အရာတွေရအောင် ကူညီပေးတဲ့ကစားပွဲတစ်ခုဆိုရင်အားလုံးလဲ ကြိုက်ကြမှာပဲ။ ဘဝဆိုတာ ကိုယ့်ကိုယ်ကိုနားလည်အောင်ကြိုးစားတဲ့နေရာတစ်ခုပဲ။ ဗိုက်ဆာရင်တော့ ဗိုက်ပြည့်အောင်လုပ်ရမယ်။နေစရာမရှိရင် နေစရာရှိအောင်လုပ်ရမယ်။နောက်ဆုံးတော့ အဗရေဟန် မားစလိုးAbraham Maslow ပြောသလိုလူ့လိုအပ်တွေက ဘုံငါးဆင့်။ လူ့ပြည်မှာသာလဲ ဘုံတွေရှိတယ်။တချို့က စားဖို့ သောက်ဖို့ ပူရတဲ့ဘုံ။တချို့က နေဖို့ ပူရတဲ့ဘုံ။တချို့က အထီးကျန်ဘုံဘဝ။တချို့က လူကြားမှာအောင်မြင်မှုတွေကို အူယားပြီးအသိအမှတ်ပြု လက်ခုပ်သံတွေဆာလောင်တဲ့ ဘုံဘဝ။တချို့က မာယာများတဲ့လောကနဲ့ ကိုယ်နဲ့ထိတွေ့မှုတွေကြောင့်ဖြစ်လာတဲ့ ဓာတ်ပြုမှုတွေကိုနားလည်ချင်တဲ့ ဘုံဘဝ။ ဘုံဘဝကို တချို့က သုညကစတယ်။ Phyo Paing @ Derek

ဘုံ ငါးဘုံ Read More »

ဥာဏ်စဥ်

တွေးပြီး လောကကိုနားလည်အောင်ကြည့်တဲ့ဉာဏ်စဉ် ရှိတယ်။လုံးဝ မတွေးပဲလောကကို နားလည်အောင်ကြည့်တဲ့ဉာဏ်စဉ်ရှိတယ်။ ပညာရှိ ဆိုတာ ပညာရှိတာ။အဲ့ထက်ကျော်သွားရင်ကိုယ်တိုင်က ပညာဖြစ်သွားတယ်။တစ်သားတည်းဖြစ်သွားတယ်။ ပညာဆိုတာ အသိဥာဏ်။ ဥာဏ်ရှိရင် ရှိသလောက်မြင်တယ်။ဥာဏ်နိမ့်ရင် နိမ့်နိမ့်မြင်မယ်။ဥာဏ်မြင့်လာသမျှ မြင်တာမြင့်လာမယ်။မြင်တာ မြင့်လာသမျှလူတွေကို နားလည်တတ်လာမယ်။နည်းနည်းလေး မြင့်လာရင်လူတချို့ကို မေတ္တာထားတတ်လာမယ်။တော်တော်လေး မြင့်လာရင်လူတိုင်းကို မေတ္တာထားတတ်လာမယ်။ ယဿာနုဘာဝတော ယက္ခာ၊နေဝ ဒဿေန္တိ ဘီသနံ။မေတ္တာသုတ် ထိုင်ရွက်နေစရာမလိုပဲမေတ္တာထားတတ်တဲ့ အဆင့်ရောက်လာမယ်။ ဒီလိုဖြစ်လာတဲ့အခါဒေါသ၊ လောဘ၊ မောဟမကောင်းတဲ့ စေတသိတ်တွေကိုအနိုင်ယူလို့ ရလာမယ်။ ဒါတွေက မာန်နတ်တွေပဲ။ လူတွေမှာရှိတဲ့ကိုယ်စောင့်နတ်ဆိုးတွေကိုငြိမ်အောင်ထိန်းနိုင်ပြီးကိုယ်စောင့်နတ်ကောင်းတွေဖြစ်တဲ့ဥပက္ခာ တရား equanimityဂရုဏာ loving kindnessမေတ္တာ compassionတွေနဲ့ ကောင်းမွန်တဲ့ နတ်ကောင်းစေတသိတ်တွေကို နှိုးထအောင်နိုးဆွလာနိုင်မယ်။ ဘာရယ်မဟုတ်တွေးမိတာလေးရေးမိပြန်တယ်။ မှန်ချင်လဲမှန်မယ်၊မှန်ချင်မှလဲ မှန်လိမ့်မယ်။ Phyo Paing @ Derek

ဥာဏ်စဥ် Read More »

How > Why > What > Who

How တွေထဲ အရမ်းရောက်ပြီးWhy တွေ ပျောက်သွားတတ်တယ်။ဘဝမှာ Why ကိုသိရင်What က ရွေးချယ်လို့ အတော်လွယ်သွားပြီ။ စနစ်ချဖို့ How တွေကိုမေးရတယ်။မဟာဗျူဟာချဖို့ Why တွေကို မေးရတယ်။စနစ်နဲ့ မဟာဗျူဟာ ချိပ်ဆက်ဖို့အတွက်What နဲ့ Who လိုတယ်။ ဒီ Why, What, Who ပြည့်စုံတဲ့အခါHow က လွယ်ကူသွားနိုင်တယ်။ ပထမလုပ်ငန်းစတဲ့သူတိုင်းကHow အားကိုးပြီး စခဲ့ကြတယ်။ဒုတိယလုပ်ငန်းကိုWhat ဒါမှ မဟုတ် Who နဲ့ စကြတယ်။နောက်ပိုင်း Why ကို သိတဲ့အခါမဟာဗျူဟာ လုပ်ငန်းဂေဟစနစ်ချနိုင်လာမယ်။ ကမ္ဘာ့စီးပွားရေး နယ်ပယ်မှာမဟာဗျူဟာကောင်း ချတဲ့သူတွေအကုန်ကြည့်ရင်How နဲ့ စ Why ရံပြီး Who နဲ့ ဆက်တယ်။ ဒါကြောင့် Simon Sinek ရဲ့ စာအုပ်ခေါင်းစဥ်နဲ့

How > Why > What > Who Read More »