Dr Phyo Paing

ပြဿနာ အဖြေရှာ

ပြဿနာရဲ့သဘောတရားကသူ့ကို ဖြေရှင်းနိုင်ရင်ဆုချတာပဲ။ အခွင့်အလမ်းအရှေ့မှာပြဿနာက အမြဲတွဲပါတယ်။ စျေးကွက်ပြဿနာကိုထိုင်ငြီးတဲ့သူနဲ့ ဖြေရှင်းတဲ့သူကွာသွားမှာပဲ။ ဖြေရှင်းဖို့စဥ်းစားရဲဖို့၊အဖြေရဖို့၊ကိုယ့်အဖြေက သာမာန်ထက်ပိုကောင်းဖို့။ ပြဿနာဆိုတာတဲ့အရာကိုကိုယ့်အတွက် အခွင့်အရေးအနေနဲ့သာပြောင်းလို့ရခဲ့မယ်ဆိုရင်ဘယ်လိုပြောင်းလိုက်မလဲ။ Phyo Paing @ Derek

ပြဿနာ အဖြေရှာ Read More »

လူငယ်ဆိုရင် Laptop နဲ့
အသက်မွေးတဲ့ အလုပ်လုပ်ပါ။

ဒါက ဘယ်နေရာသွားသွားအသက်မွေးဝမ်းကြောင်းပြုလို့ရတယ်။ အရမ်း ရိုးရှင်းပေမယ့် ထိရောက်ပါတယ်။ Laptop တစ်လုံးရှိရင်ဒီဇိုင်း၊ ဗီဒီယိုတီးဖြတ်၊ ကွန်ပြူတာ ပရိုဂရမ်ကစလို့၊ဒီဂျစ်တယ်မားကတ်တင်း၊ အသက်မွေးဝမ်းကြောင်းပြုလို့ရတဲ့အရာအများကြီးပဲ။ အရေးကြီးတာ ကိုယ်အသုံးပြုတဲ့tool proficiency နဲ့၊ ကိုယ့်ရဲ့ ကျွမ်းကျင်မှုက စျေးကွက် ပြဿနာကိုဖြေရှင်းပေးဖို့လိုတယ်။ Laptop Lifestyle ဆိုတာ အဝတ်တစ်ထည်၊ အိမ်တစ်လုံးနဲ့ ကြိုက်တဲ့နေရာနေ အလုပ်လုပ်လို့ရတဲ့ဘဝမျိုး။ Digital Nomads တွေကCovid-19 နောက်ပိုင်းမှာ remote work တွေ Nomads lifestyle တွေပိုခေတ်စားလာတယ်။ အသုံးလုံးဖြစ်တဲ့ အင်္ဂလိပ်၊ အိုင်တီနဲ့ အခုဆို အေအိုင်အသုံးပြုနိုင်ဖို့ အရေးကြီးသထက်အရေးကြီးလာတယ်။ ရိုးရှင်း၊ အခြေခံကျပြီး အလုပ်ဖြစ်တာကိုစဥ်းစားကြည့်ပါ။ Phyo Paing @ Derek

လူငယ်ဆိုရင် Laptop နဲ့
အသက်မွေးတဲ့ အလုပ်လုပ်ပါ။
Read More »

Planning System နဲ့ အချက် ၁၁ ချက်

ကျွန်တော်အသုံးပြုဖြစ်တဲ့Planning System နဲ့ အချက် ၁၁ ချက် ဒီနေ့လို အပြောင်းအလဲ များတဲ့ခေတ်မှာPlan ချတဲ့ပုံစံမှန်ဖို့ ပိုအရေးကြီးပါတယ်။ ၁။ အိမ်မက်တွေကို ပြန်တူးဆွပါ။ ကိုယ့် company မှာ အိမ်မက်တွေရှိလိမ့်မယ်။ ဒီ အိမ်မက်ကို Vision အနာဂတ်အမြင်အနေနဲ့ပြောင်းပါ။ ဒါက ဆယ်နှစ်၊ နှစ်နှစ်ဆယ် လောက်ကြာမည့်အနာဂတ်အမြင်ဖြစ်ပါမယ်။ ၂။ မဟာဗျူဟာအကြမ်းချပါ။ ဘယ်လိုသွားမလဲဆိုတဲ့ မဟာဗျူဟာအကြမ်းကိုစဥ်းစားကြည့်ပါ။ မဟာဗျူဟာအကြမ်းတည်ဆောက်တဲ့အခါပြည်တွင်း၊ ပြည်ပ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ အခြေအနေတွေကိုသေချာ သုံးသပ်နိုင်မှုလိုပါတယ်။ ဒီ Situational Analysis သေချာလုပ်နိုင်ဖို့လိုပါတယ်။ ၃။ မှန်ကန်တဲ့မျှော်မှန်းချက်ထားပါ။ မဟာဗျူဟာတစ်ခု အလုပ်ဖြစ်မဖြစ်သည်မှန်ကန်မှုနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ မျှော်မှန်းချက် ထားနိုင်၊ မထားနိုင်အပေါ်အများကြီး သက်ဆိုင်ပါတယ်။ အကောင်းပဲဇွတ်မြင်လို့မရသလို၊ အဆိုးပဲ ဇွတ်မြင်လို့လဲမရဘူး။ အခြေအနေနဲ့

Planning System နဲ့ အချက် ၁၁ ချက် Read More »

အလုပ်တွေ အများကြီးလုပ်တာကောင်းတယ်။

အလုပ်တစ်ခုတည်းမှာတော့ဖင်မြဲဖို့လိုတယ်။ အလုပ်တစ်ခုလုပ်တဲ့ အခါမကျွမ်းကျင်သေးတဲ့အဆင့်၊ကြည့်ကောင်းတဲ့အဆင့်၊ ကျွမ်းကျင်အဆင့်၊ဆရာ့ဆရာ အဆင့် အမျိုးမျိုးရှိတယ်။ တစ်ဆင့်ချင်းတက်ဖို့အတွက်Mastery level ရောက်ဖို့ နေ့တိုင်း လက်သွေး practice လုပ်နေဖို့လိုတယ်။ မားကတ်တင်းအပိုင်ဆိုပါတော့content ကို စာ၊ video ဒါမှ မဟုတ် graphic ပုံဘယ်လိုမျိုးပဲ ဖန်တီးတီးနေ့စဥ် တိုးတက်အောင် နည်းလမ်းရှာ၊လေ့ကျင့်၊ ပြင် နေဖို့လိိုတယ်လို့ထင်တယ်။ နောက် ကြော်ငြာလုပ်တဲ့အလုပ်တစ်ခုနဲ့တောင်သေချာ လုပ်ဆောင်နိုင်ရင်အသက်မွေးဝမ်းကြောင်းကောင်းကောင်းလုပ်လို့ရတယ်။ ဆရာကောင်းရှာ Mentor ရှိပြီဆိုရင်တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှု Mastery ရောက်အောင်နေ့တိုင်းလေ့ကျင့်။ ကိုယ့် mentor ထက် စကေးကြမ်းအောင်လုပ်။ လမ်းပျောက်နေတာ ကိုယ်လိုချင်တဲ့လမ်းကိုမတွေ့သေးတာဖြစ်နိုင်သလို၊ လမ်းတစ်ခုကို ထဲထဲဝင်ဝင် အာရုံမစိုက်သေးတာလဲ ဖြစ်နိုင်တယ်။ Phyo Paing @ Derek

အလုပ်တွေ အများကြီးလုပ်တာကောင်းတယ်။ Read More »

အေအိုင်

မနက်တိုင်း Journaling ရေးပြီးရင်AI ကို မေးတယ်။ မင်းသာ ငါ့ business coach ဖြစ်ပြီးဒီနှစ် ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့အတွက်ဆို ငါ့ကို ဘာမေးခွန်းတွေ မေးမလဲဆိုပြီး။ ခုတောင် AI သုံးနိုင်တဲ့ သူနဲ့ မသုံးနိုင်တဲ့ သူ တော်တော်ကွာသွားမယ်။ သုံးတယ်ဆိုတာ Generative AI မှာ ကိုယ်လိုချင်တဲ့ output ရဖို့ ဘာရေး၊ ဘာမေးမယ်ဆိုတဲ့ input နဲ့ အသုံးပြုတဲ့ AI model ပေါ်မူတည်ပြီးprompt engineering လုပ်ရတယ်။ ဒီလိုလုပ်တဲ့အခါ အမြဲတမ်းoutput က ကိုယ်လိုချင်တာဖြစ်ရဲ့လားအမြဲ ကြည့်ရတယ်။ မားကတ်တာတွေ၊ စွန့်ဦးတီထွင်တွေအတွက်ကPrompt engineering လုပ်နိုင်စွမ်းကဖိုထိုး alchemy လုပ်သလိုပဲ။ လုပ်ငန်းချင်းတူရင်တောင်လူမှုကွန်ယက် social media ကို အသုံးချတဲ့ပုံမတူရင် ရလဒ်မတူသလိုပဲအေအိုင်တစ်ခေတ်ကလဲ

အေအိုင် Read More »

တစ်ဒီဂရီ အပြောင်းအလဲ

The One Degree Shiftတစ်ဒီဂရီ အပြောင်းအလဲ ဂေါ်သီးတစ်လုံးရဲ့ တာထွက်တစ်ဒီဂရီအပြောင်းအလဲကဘယ်နေရာမှာ လမ်းဆုံးမလဲဆိုတာကြီးကျယ်တဲ့ အဆုံးအဖြတ်ပေးတယ်။ လေယာဥ်တစ်စီးရဲ့တစ်ဒီဂရီ အပြောင်းအလဲကလဲအချိန်ကြာလေ ရောက်တဲ့လမ်းဆုံးမတူလေပဲ။ ဘဝဆိုတဲ့ သင်္ဘောကြီးသွားနေနဲ့လမ်းမှာအိုင်ဒီယာတစ်ခု၊ အတွေးအခေါ်တစ်ခု ကတစ်ဒီဂရီပဲ။ဒါပေမယ့် ဘဝတွေကို ကွာသွားစေနိုင်တယ်။ ဘဝမှာ တစ်ဒီဂရီအပြောင်းအလဲတွေအများကြီး ကြုံခဲ့ဖူးတယ်။ ၁။ တိုးတက်နေမှုသည် ပြီးပြည့်စုံမှုထက်ပိုအရေးကြီးတယ်။Progress > Perfect၂။ ဒီနေ့လုပ်လိုက်တဲ့ အလုပ်သည်မနက်ဖြန်အလုပ်ကို ခြွေတာပေးနိုင်ရမယ်။Multiply your time၃။ ဘာပဲလုပ်လုပ် အရှုံးကို ကန့်သတ်ထားပါ။Limit Your Loss၄။ ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးနေရမယ်။Be bigger than your business၅။ ကိုယ့်ကိုငွေပြန်ရှာပေးတဲ့အရာတွေမှာငွေသုံးဖို့ မနှေမြောပါနဲ့။Invest in things that can help you make money ကိုယ့်ကို တစ်ဒီဂရီအပြောင်းအလဲone degree

တစ်ဒီဂရီ အပြောင်းအလဲ Read More »

ဘဝမှာ ကျေးဇူးအတင်ဆုံးက

ဘဝမှာ ကျေးဇူးအတင်ဆုံးကကိုယ်ရေးတဲ့စာ လူတွေနားလည်တာပဲ။ ကိုယ့်ကိုယ်ကို ဖတ်ရင်တောင်တော်တော် နားလည်ဖို့ကြိုးစားရတာ။ Toe Tet InsiderNote လုပ်တော့လဲကိုယ်နားလည်တဲ့အတိုင်းပြန်ပြောတာလူတွေနားလည်ပါ့မလား စဉ်းစားခဲ့ရတာ။YouTube မှာ တချို့တင်ကြည့်တော့မှအော် တော်သေးတယ်လို့စဉ်းစားမိတယ်။ Phyo Paing @ Derek

ဘဝမှာ ကျေးဇူးအတင်ဆုံးက Read More »

ငွေရှာနည်း

ပိုက်ဆံရှာဖို့ စျေးကွက်ပြဿနာအရင်ရှာတယ်။ ပြဿနာရှာပြီးရင်၊ ဒီပြဿနာတွေထဲကမှ ကိုယ်ဖြေရှင်းချင်တဲ့၊ ဖြေရှင်းနိုင်တဲ့ ပြဿနာကိုရွေးချယ်ပြီးဖြေရှင်းနိုင်တဲ့ နည်းလမ်းရှာတယ်။ ဒီနည်းလမ်းက လက်ရှိရှိနေတဲ့နည်းလမ်းတွေထက်ပိုကောင်းတဲ့နည်းလမ်းဖြစ်ရမယ်။နောက် ဒီဖြေရှင်းတဲ့နည်းလမ်းအတွက်လူတွေက ငွေပေးချေနိုင်စွမ်းနဲ့၊ ငွေပေးချေချင်စိတ်ရှိရမယ်။ သူတို့မှာ ငွေပေးချေနိုင်စွမ်းမရှိရင်သူတို့အစား ငွေပေးချေပေးမည့်သူရှိရမယ်။ ဒီစျေးကွက်ပြဿနာကိုဖြေရှင်းမည့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကိုနာမည်တစ်ခုပေးရမယ်။ ဒီနာမည်ကလဲ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုက ဖြေရှင်းပေးမည့်အဖြေကို ကိုယ်စားပြုနိုင်စွမ်းရှိရမယ်။ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကိုအသုံးပြုမည့်လူတွေကို ကိုယ့်လုပ်ငန်းအကြောင်းသိအောင်လုပ်ရမယ်။ စိတ်ဝင်စားအောင်လုပ်ရမယ်။မေးအောင်လုပ်ရမယ်။ဝယ်အောင်လုပ်ရမယ်။ဝယ်ပြီးထပ်ဝယ်အောင်၊ ထပ်ဝယ်ပြီးသူ တခြားသူကိုပြောအောင်လုပ်ရမယ်။ နောက်ပိုင်း ဒီစနစ်ကိုလည်ပတ်တဲ့အခါဝန်ထမ်းခန့်၊ ဝန်ထမ်းတွေကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့နည်းစနစ်တွေ သေချာချပေး။ တစ်ခုချင်းလွဲ။ တကယ်လို့ ကိုယ့်လုပ်ငန်းက လူမလိုတဲ့ solopreneur လုပ်ငန်း၊နည်းပညာအသုံးပြုတဲ့ လုပ်ငန်းဆိုရင်set it and forget it လုပ်လို့ရနိုင်တယ်ဆိုရင်ဒါကို repeat လုပ်။ ဒါကစီးပွားရေးလုပ်နည်း၊ ငွေရှာနည်း ၁၀၁ ပဲ။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။

ငွေရှာနည်း Read More »

Outliers

တော်တိုင်းမအောင်မြင်ဘူး။ IQ မြင့်တိုင်း မအောင်မြင်ဘူး။စမတ်ဖြစ်တိုင်း မအောင်မြင်ဘူး။ ကိုယ်စမတ်ဖြစ်တာကို လူကြောနပ်မှုနဲ့ပေါင်းစပ်မှ အောင်မြင်မှုဆိုတာဖြစ်လာတယ်။ ဒါကတော့ ကမ္ဘာကျော်စာအုပ်တွေဖြစ်တဲ့Blink တို့၊ Tipping points တို့ကိုရေးတဲ့ Outliers ရဲ့ စာရေးဆရာ Malcolm Gladwell ရဲ့ နာမည်ကျော်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ Chris Langan ဆိုတဲ့ မြင်းမွေးမြူရေးလုပ်ပြီးကိုယ့်ဖာကိုယ်ပညာလေ့လာတဲ့ ပုဂ္ဂိုလ်ဆိုရင်IQ 195–210 လောက်ရှိပြီးကမ္ဘာ့ IQ အမြင့်ဆုံးလူထဲမှာပါတယ်။ သူက အက်တမ်ဗုံး atomic bomb တီထွင်တဲ့ရူပဗေဒပညာရှင်ဖြစ်တဲ့ Robert Oppenheimer လိုတော်တာပဲ ဘာကွာသွားလဲဆိုရင်ရှုပ်ထွေးပွေလီတဲ့ လူ့လောကမှာ တော်ရုံနဲ့ မရဘူး၊ လူကြောနပ်ဖို့လဲလိုတယ်။ ကိုယ့် အသိပညာ၊ အတတ်ပညာ၊ ဥာဏ်မပညာကို အသုံးချ leverage လုပ်တတ်မှုလိုတယ်။ သမ္မာကျမ်းစာမှာ Matthew Effect ဆိုတာရှိပြီး“to those

Outliers Read More »

လူတွေမှာ အင်နာဂျီအမျိုးမျိုးရှိတယ်။

လူတွေမှာ အင်နာဂျီအမျိုးမျိုးရှိတယ်။ တချို့သူတွေနဲ့ တွေ့ရင်စိတ်ညစ်တာတွေကို နားထောင်ပေးတာမျိုး။ healer ကုသပေးတဲ့ အင်နာဂျီမျိုး။ တချို့ကျတော့ ဒါဆို ဒါလုပ်ဆိုတဲ့ဦးဆောင်တဲ့နေရာက command ပေးတဲ့သူမျိုး။ တချို့ကျတော့ အကြောက်တရား fear နဲ့ခြိမ်းခြောက်ပြီး တွန်းအားပေးနိုင်တဲ့သူများ။ တချို့ကျတော့ မော်တီပေးပြီးmotivator လုပ် ခဏတာအင်နာဂျီတွေပေးအလုပ်လုပ်စေတဲ့သူမျိုး။ တချို့ကျတော့ မတွေးမိတဲ့ အမြင်သစ်က စဥ်းစားစေပြီးရှုထောင့် perspective ပြောင်းစဥ်းစားစေတဲ့သူမျိုး။ တချို့ကျတော့ မခံချင်အောင်ပြောပြီးဒေါသကိုဆွ သက်သေပြ proof လုပ်အောင်နှိုးဆွတဲ့သူမျိုး။ သူတို့နဲ့တွေ့ရင် စိတ်ထဲက ကသိကအောင့်ဖြစ်စေမည့်အရာတွေကို ထုတ်ဖော်တတ်တယ်။ တချို့ကျတော့ စိတ်ချလိုက်ကျန်တဲ့ လုပ်စရာရှိသာကိုသလာလုပ်ဒီလို peace of mind ပေးတဲ့သူမျိုး။ တချို့ကျတော့ သူပြောတဲ့စကားကဟုတ်သလို၊ မဟုတ်သလိုလိုမသေချာမရေရာမှု uncertainty ကိုပေးတဲ့သူမျိုး။ တချို့ကျတော့ မင်းကဘာကောင်မို့လဲပြိုင်ဆိုင်မှု comparison လုပ်တတ်တဲ့အင်နဂျီမျိုး။ ကိုယ်နဲ့တွေ့တဲ့သူတွေရဲ့ အင်နာဂျီအရေးကြီးတယ်။

လူတွေမှာ အင်နာဂျီအမျိုးမျိုးရှိတယ်။ Read More »