Reading
စာဖတ်တိုင်းအောင်မြင်ရင်စာဖတ်တာကြိုက်လွန်းလို့ စာကြည့်တိုက်မှူးအလုပ်လုပ်တဲ့သူတွေ၊စာအုပ်ဆိုင်ဖွင့်ထားတဲ့သူတွေ “အကုန်”အရမ်းအောင်မြင်နေမှာပေါ့။ ကိုယ့်ရည်မှန်းချက်ကဘာလဲ၊ ဘာစာဖတ်လဲ၊ဘယ်လိုဖတ်သလဲ၊ဦးနှောက်ထဲဘယ်လောက်ဝင်လဲ၊ ဘယ်လောက်ပြန်အသုံးချလဲ၊ အသုံးချတဲ့အပေါ် ဘယ်လောက်ပြန်သုံးသပ်လဲ၊သုံးသပ်ပြီး အပြုအမူကိုဘယ်လိုပြန်ပြင်သလဲ။ ဒီအချက်တွေ အပေါ်မူတည်ပြီးကိုယ့်ရဲ့ ဘဝလားရာကွာသွားတာ။ စာဖတ်တယ်ဆိုတာ ကိုယ့်ရည်မှန်းချက်ရောက်အောင်သွားမည့်နည်းလမ်းကောင်းတွေ လိုက်ရှာတာ။ အမြင်သစ်တွေ လိုက်ရှာတာ။ လုပ်ရပ်အသစ်တွေ လုပ်ဖို့လိုက်ရှာတာ။ ဒါကတော့ သုတစာပေအတွက်။ဘယ်သူ့မှ စော်ကားလိုစိတ်မရှိပါ။ကျွန်တော့်အမြင်လေးပြောပြတာပါ။ Phyo Paing @ Derek
