Dr Phyo Paing

အနာဂတ် plan ချတဲ့ ၁၀ ဆင့်

ပေးထားချက်နဲ့ အတိတ်ကို ပြန်လည်ဆန်းစစ်မှု ၁။ လက်ရှိအခြေအနေရဲ့ပေးထားချက်တွေချရေး၂။ ကိုယ့်မှာရှိတဲ့ အရင်းအမြစ်တွေ၊လုပ်ခဲ့တဲ့ အတွေ့အကြုံတွေ၊ လုပ်နိုင်စွမ်းတွေ ချရေးကြည့်၃။ အတိတ်က အောင်မြင်တယ်လို့ ယူဆတဲ့မိုင်တိုင် milestone တွေ ချရေးကြည့်၄။ ကိုယ့်ကိုအောင်မြင်အောင်လုပ်ပေးခဲ့တဲ့အောင်မြင်ရေးဖော်မြူလာ winning formula တွေချရေးကြည့်၅။ ဒီပေါ်မူတည်ပြီး ရွေးချယ်လို့ရတဲ့ လမ်းကြောင်းတွေ အကုန်စဥ်းစားပြီးချရေးကြည့်။ သွားမည့်အနာဂတ်နဲ့ အတိတ်ကို ချိပ်ဆက််မှု ၆။ ကိုယ်သွားချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ချရေးကြည့်။ဒါကို အဆင့်သုံးဆင့်ခွဲလိုက်။ ရေတို၊ ရေလတ်၊ ရေရှည် အနာဂတ်ရည်မှန်းချက်တွေချရေးကြည့်။၇။ ရောက်နေတဲ့နေရာက အနာဂတ်ပန်းတိုင်တွေရောက်အောင်လာလို့ရတဲ့ လမ်းကြောင်းတွေအကုန်စဥ်းစားကြည့်။ ၈။ ကိုယ့်ရဲ့ အောင်မြင်ရေး ဖော်မြူလာ winning formulaနောက် ပေးထားချက်၊ အခြေအနေတွေနဲ့ရည်မှန်းချက် ရောက်အောင်သွားလို့ရတဲ့အလွယ်ဆုံး၊ အမြန်ဆုံး၊ အထိရောက်ဆုံး လမ်းကြောင်း တွေကိုချရေး။၉။ တစ်ခုချင်းစီကို try ကြည့်။ အလုပ်ဖြစ်ရင် […]

အနာဂတ် plan ချတဲ့ ၁၀ ဆင့် Read More »

ကိုယ်ကြိုက်တာ ရွေးလို့ရတယ်။

အောင်မြင်မှ ပျော်ရင်တစ်ခါပဲ ပျော်ရမယ်။တိုးတက်ရင်းပျော်ရင်နေ့တိုင်း ပျော်ရမယ်။ ကိုယ်ကြိုက်တာ ရွေးလို့ရတယ်။ Phyo Paing @ Derek

ကိုယ်ကြိုက်တာ ရွေးလို့ရတယ်။ Read More »

ကိုယ့်ကိုယ်ကို ဘောင်မခတ်မိဖို့လိုတယ်။

ဘယ်အရာမဆို လေ့လာလို့ရတယ်။ကျွမ်းကျင်အောင်လုပ်လို့ရတယ်။ Self-taught လုပ်လို့ရတယ်။ ကိုယ့်ကိုယ်ကို ဘောင်မခပ်လိုက်မိဖို့အရေးကြီးတယ်။ ဒီဘွဲ့နဲ့ရတယ်။ ဒါပဲ လုပ်ရမယ်။ တစ်သက်လုံးဒါပဲ လုပ်ခဲ့တော့ဒါပဲလုပ်ရမယ်။ကိုယ်က ဒါအထူးပြုတော့ဒီတစ်ခုပဲလုပ်ရမယ်။ ကျွန်တော်တို့ ကျောင်းတတ်တုန်းကdigital marketing ဆိုတာလဲ မကြားဖူးဘူး။ နောက် ဘာ coach ညာ coach ဆိုတာလဲမရှိကြသေးဘူး။ Facebook စသုံးတုန်းက group ဆိုတာလဲ မရှိဘူး။Page ဆိုတာလဲ မရှိသေးဘူး။ နောက် cover photo ဆိုတာလဲ တင်လို့မရသေးဘူး။လက်မ တစ်ခုပဲရှိတယ်။ အသည်းတွေ၊ ဘာညာသာရကာမရှိသေးဘူး။ နောက် ဆယ်နှစ်မှာဖြစ်လာမည့်အလုပ်တွေကဒီနေ့မှာ ရှိနေတဲ့ အလုပ်တွေဖြစ်ချင်မှ ဖြစ်မှာ။ ကိုယ့်ကိုယ်ကို ဘောင်မခတ်မိဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုယ်ကို ဘောင်မခတ်မိဖို့လိုတယ်။ Read More »

အမှတ်တံဆိပ်အကြောင်း Branding

အမှတ်တံဆိပ်တစ်ခုတည်ဆောက်တဲ့အခါဘောင်တွေ သတ်မှတ်ရတယ်။ဘယ်သူတွေ အတွက်လဲ။ဘာအတွက်လဲ။ဘာကြောင့် ဒီအမှတ်တံဆိပ်ဖြစ်လာသလဲ။ဘယ်သူတွေအတွက် မဟုတ်ဘူးလဲ။ဒါကို context setting လို့ခေါ်တယ်။ ဒါကို လူတွေရဲ့ စိတ်ထဲနေရာယူခြင်းpositioning နဲ့ လုပ်တယ်။ ဒီဘောင်သတ်မှတ်ထားလေလေဝယ်တဲ့သူတွေကငါတို့အတွက် အမှတ်တံဆိပ်လို့ခံစားရလေလေအမှတ်တံဆိပ်နဲ့ ကိုယ်နဲ့ပိုရင်းနှီးလေလေ။ အမြင်သာဆုံးကကုမ္ပဏီတစ်ခုတည်းက sub-brand ပြန်ခွဲတဲ့Xiaomi company ကိုကြည့်လို့ရတယ်။Xiaomi ဆို Price-to-Performance ကောင်းတယ်။Redmi ဆို Price-to-Performance ကောင်းတဲ့Budget ဖုန်း။နည်းနည်းသုံးပြီး များများရချင်သူတွေအတွက်။Mi Mix ဆို တီထွင်ဆန်းသစ်မှုနဲ့ ဒီဆိုင်းအဆန်းတွေနဲ့ဖုန်း။ သူ့ပြိုင်ဖက်ကလဲXiaomi နေရာကို OnePlusRedmi နေရာကို Real MeMi Mix နေရာကို Nothing Phone နဲ့ လာတယ်။ ဒီအချိန်မှာ စကားပြောလာတာကိုယ့်အမှတ်တံဆိပ်နဲ့ စားသုံးသူကြားကသံယောဇဥ်ပဲ။ ဒီသံယောဇဥ်ကို တည်ဆောက်ဖို့အချိန်တစ်ခု ပေးရတယ်။ဒီအမှတ်တံဆိပ်ကို စသိတဲ့အချိန်။မှတ်မိတဲ့ အတွေ့အကြုံ။အမှတ်တံဆိပ်ပေါ်မှာ မြင်တဲ့ အထင်အမြင်နဲ့သူ့အကြောင်းပုံပြင်တွေ။ပုံမှန်

အမှတ်တံဆိပ်အကြောင်း Branding Read More »

“စ” ၇လုံး

ကြိုးစားရုံနဲ့ မတိုးတက်ဘူး။ တိုးတက်ဖို့ “စ” ၇ လုံးလိုတယ်။ ၁။ စူးစမ်း ၂။ စမ်းသပ်၃။ စိစစ်၄။ စီမံ၅။ စတင်၆။ စံထား၇။ စနစ်ချ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့သတင်းအချက်အလက်၊ ပညာရပ်တွေစူးစမ်းလေ့လာ။ လေ့လာထားတဲ့ အချက်အလက်တွေကိုယ်နဲ့ ကိုက်မကိုက် စမ်းသပ်အသုံးချ။ ရလဒ်တွေကို ပြန်လည်စိစစ်။ရလဒ်ကောင်းတွေကို ရွေးချယ်။ ဒီပေါ်မူတည်ပြီး အနာဂတ်အတွက်စီမံ ပလန်ချ။ စတင်လုပ်ဆောင်။ လုပ်ရပ်တွေကို ပြန်လည်သုံးသပ်ပြီးဘယ်အချိန်မှာ၊ ဘာအလုပ်ကိုဘယ်လိုစံနှုန်းနဲ့လုပ်ရမယ် စံထား။ ထပ်ခါထပ်ခါ လုပ်ဆောင်ရမည့်အလုပ်တွေကိုအချိန်ကုန်၊ လူပန်းသက်သာအောင် စနစ်ချ။ Phyo Paing @ Derek

“စ” ၇လုံး Read More »

ဘဝဆိုတာ စီးဆင်းနေတဲ့ ရေလိုပဲ။

ဘဝဆိုတာ စီးဆင်းနေတဲ့ ရေလိုပဲ။ရေစီးဆင်းနေဖို့အတွက်ခဲတွေ၊ အတားအဆီးတွေ ဖြတ်ကျော်ရနိုင်မယ်။တစ်လမ်းပိတ်ရင် နောက်တစ်လမ်းကသွားရနိုင်တယ်။ ဘဝရှိရင် ဒုက္ခရှိတာဖြစ်တဲ့အတွက်ဝေဒနာတွေ မပြင်းထန်အောင်ဒေတာတွေရဲ့ အကူအညီယူပြီး ဒေသနာ တွေနဲ့ အညီ ဘဝကိုဖြတ်သန်းပြီး ဒုက္ခမရှိတဲ့ ဘဝထက်ဒုက္ခကို ကျော်လွှားမည့်ဘဝ ပြင်ဆင်တာက ပိုလက်တွေ့ကျနိုင်တယ်။ တစ်ဒုက္ခပြီး တစ်ဒုက္ခကတော့လာမှာပဲ။ ဒုက္ခနဲ့ ပျော်နိုင်ဖို့လိုတာပဲ။ ဒုက္ခမရှိမှာ ပျော်မယ်ဆို ပျော်ဖို့ အချိန်တောင်ရှိချင်မှ ရှိမယ်။ ဒုက္ခကြားမှာ ပျော်ဖို့အတွက် ၁။ Reframing အမြင်ပြောင်းပညာ၂။ Fallacy in logic စဥ်းစားမှုတွေထဲက အမှားတွေရှာဖွေနိုင်စွမ်း၃။ Flexibility ညင်ညင်သာသာ အမြင်ပြောင်းနိုင်စွမ်း ၄။ Self-awareness သတိ၅။ Self-acceptance ကိုယ့်ကိုယ်ကို လက်ခံနိုင်မှု လိုမယ်လို့ထင်တယ်။ Phyo Paing @ Derek

ဘဝဆိုတာ စီးဆင်းနေတဲ့ ရေလိုပဲ။ Read More »

တိုးတက်မှု ရပ်တန့်တဲ့ တစ်နေ့
ကျဆုံးမှု စတင်တာပဲ။

ကိုယ်ဘာလိုချင်လဲဆိုတာ ပြတ်ပြတ်သားသား သိဖို့လိုတယ်။ အနာဂတ်အမြင်က အတိတ်ရဲ့ မှတ်ဥာဏ်ထက် ပိုရှင်းနေဖို့လိုတယ်။ နောက်ဆယ်နှစ်နေလို့ မသေကြသေးရင်အနာဂတ်အမြင်ရှိပြီး ကိုယ့်အနာဂတ်အတွက် နေ့တိုင်းကြိုးစားလေ့လာနေတဲ့သူနဲ့ဘဝကို ဖြစ်သလို ဖြတ်သန်းတဲ့သူ ကွာသွားမှာပဲ။ ကျွန်တော်တို့ ဒီနေ့အတွက်ပဲ အလုပ်လုပ်နေကြတာမှ မဟုတ်တာ။ ကိုယ်ဘယ်လောက် စွမ်းဆောင်နိုင်လဲဆိုတာသိဖို့အနာဂတ်ဖြစ်နိုင်ခြေ တံခါးပေါက်တွေကိုဖွင့်ဖို့လေ့လာကြိုးစား သင်ယူတိုးတက်အောင်လုပ်ဆောင်နေကြတာ မဟုတ်လား။ ဘဝမှာ တိုးတက်မှုမရှိရင်အပင်တောင် မရှင်သန်ဘူး။ တိုးတက်မှု ရပ်တန့်တဲ့ တစ်နေ့ကျဆုံးမှု စတင်တာပဲ။ Phyo Paing @ Derek

တိုးတက်မှု ရပ်တန့်တဲ့ တစ်နေ့
ကျဆုံးမှု စတင်တာပဲ။
Read More »

ဒရာမာတွေ မများတော့ဘူး။

တခါတလေ တခြားသူတွေကို ကိုယ့်ကို အခု ဘယ်လိုဆက်ဆံနေလဲဆိုတာ ခေါင်းထဲကထုတ်လိုက်ပြီးကိုယ်လိုချင်တာကို ဘာလဲဒါကိုပဲ အာရုံစိုက်ရင်ဒရာမာတွေ မများတော့ဘူး။ Phyo Paing @ Derek

ဒရာမာတွေ မများတော့ဘူး။ Read More »

သင်ခန်းစာယူပါ။

ကျွန်တော် နောင်တတွေရဖူးတယ်။ လူတွေက အမှားတွေ ထပ်ခါ ထပ်ခါ ထပ်လုပ်တတ်ကြတယ်။ အမှားတွေက သင်ခန်းစာယူဖို့ ကိုယ်လုပ်ခဲ့တဲ့အမှားတွေကို ပြန်လည်သုံးသပ်ဖို့လိုတယ်။ တချို့က လုပ်ခဲ့တဲ့ လုပ်ရပ်၊ ဒါမှမဟုတ် မလုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့် နောင်တ တွေ ရတတ်ကြတယ်။ ဘဝနဲ့ သက်ဆိုင်တဲ့ ဆိုင်တဲ့ ကိုယ်ရှောင်ရှားချင်တဲ့ စိတ်ခံစားမှုတွေထဲမှာ နောင်တ regret ပါရင် ကိုယ့်ကို နောင်တရစေတဲ့ အချက်တွေကို ချရေးကြည့်ပါ။ အလုပ်သေချာ မလုပ်ခဲ့တဲ့ အချိန်တိုင်း နောင်တရတတ်တယ်။ အာရုံထွေပြားဝေဝါးပြီး မရာမထင်တဲ့အလုပ်တွေ လုပ်နေမိရင်နောင်တရတတ်တယ်။ ဒီနေ့အတွက် အနာဂတ်အတွက် ဝင်ငွေ မရမည့်အလုပ်တွေ လုပ်မိရင် နောင်တရတတ်တယ်။ ဒီနေ့လုပ်နေတဲ့ အလုပ်က အနာဂတ်မှာ ရွေးချယ်စရာတွေကို ပိုမများစေခဲ့ရင် နောင်တရစေတတ်တယ်။ လူတစ်ယောက်အပေါ် မျှော်လင့်ချက်တွေထားပြီး မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ

သင်ခန်းစာယူပါ။ Read More »