Dr Phyo Paing

Coaching လုပ်တဲ့အခါ ရှောင်ရှားရမည့် အချက် ၇ ချက်

၁။ ကိုယ့်အကြောင်းပြောတာမျိုး ဖြစ်နိုင်ရင် မလုပ်ပါနဲ့။ မမေးရင် လုံးဝ မပြောပါနဲ့။ ၂။ Coaching ဆိုတာ ဆွေးနွေးတာမဟုတ်ပါ။ Client ကို introspection လုပ်ခြင်းမှာ ကူညီပေးတာဖြစ်ပြီး အဖြေရဖို့ အတူတူသွားတဲ့အတွက် powerful questions တွေ မေးရတယ်။ မမေးရင် မဖြေပါနဲ့။ ၃။ အပေါ်ယံ မဆန်ပါနဲ့။ Coaching သည် client နဲ့ လုပ်ဆောင်မည့် strategy နဲ့ တစ်သားတည်းကျ alignment ညီဖို့အတွက် စဥ်းစားတဲ့ ပုံစံ mental model, တန်ဖိုးထားမှု values နဲ့ ယုံကြည်မှု belief, အခြေခံယူဆချက် assumptions များကို သေချာမေးမြန် သိရှိအောင်လုပ်ပြီး အကိုက်ညီဆုံး မဟာဗျူဟာကို အတူတကွရွေးတဲ့အတွက် deep […]

Coaching လုပ်တဲ့အခါ ရှောင်ရှားရမည့် အချက် ၇ ချက် Read More »

မတူညီတဲ့ အတွေးအခေါ်တွေလိုတတ်တယ်။

အိမ်တစ်အိမ်မှာတောင်မတူညီတဲ့ အခန်းတွေထားသလို ဘဝမှာလဲ မတူညီတဲ့ အခန်းတွေရှိတယ်။ဧည့်ခန်း၊ ဘုရားခန်း၊ အိပ်ခန်း၊ အလုပ်စာပွဲ အစရှိသလိုပဲ။ ဘဝမှာလဲ မတူတဲ့ အခန်းတွေမှာမတူညီတဲ့ အတွေးအခေါ်တွေလိုတတ်တယ်။ ဥပမာ ပိုက်ဆံရှာတဲ့ အတွေးအခေါ်ကိုပိုက်ဆံထိန်းသိမ်းတဲ့နေရာမှာ သုံးရင်အကောင်းဆုံးဖြစ်ချင်မှဖြစ်မယ်။ မားကတ်တင်းလုပ်တဲ့အခါ မားကတ်တင်းလိုတွေး၊ ငွေကြေးစီမံတဲ့အခါစီမံသူလိုတွေး၊ လုပ်ငန်းအုပ်ချုပ်တဲ့အခါလုပ်ငန်းအုပ်ချုပ်သူလိုတွေး၊လုပ်ငန်း လေးငါးခုလုပ်ပြီးဦးဆောင်သူတွေနဲ့လွဲတဲ့အခါGroup of companies ဦးဆောင်သူလိုတွေး။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

မတူညီတဲ့ အတွေးအခေါ်တွေလိုတတ်တယ်။ Read More »

မပြောင်းလဲနိုင်ရင် မျိုးတုန်းသွားနိုင်တယ်။

ဆယ်တန်းမှာ ဂုဏ်ထူးတွေထွက်အောင်လုပ်၊ဆေးကျောင်းတက်၊ ဘွဲ့လွန်တွေထပ်ယူ။အဲ့ကွန်းခန်းထဲမှာ အလုပ်လုပ်ရမှာ။ ဒီ လူ အများဂုဏ်ယူတဲ့အရာကြီးကို လိုက်လုပ် ဂုဏ်လိုက်ယူရတာကြီးက အဖေ၊ အမေ ခေတ်မှာ ကျန်ခဲ့ပြီလို့ထင်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဂုဏ်ယူတဲ့ ကိစ္စ မတူကြဘူး။ ဘဝမှာလဲ အဲ့လိုပဲတစ်ခုခုကို နားလည်အောင်ကြည့်တဲ့အခါမော်ဒယ်တွေ အများကြီးရှိတယ်။ တချို့လူတွေက လောကကို မော်ဒယ်တစ်ခုတည်းနဲ့ ကြည့်တယ်။ မြန်မာမော်ဒယ်၊တရုတ်မော်ဒယ်၊ အေးရှန်းမော်ဒယ်၊အာရှမော်ဒယ်၊အနောက်တိုင်းမော်ဒယ်၊ကမ္ဘာ့မော်ဒယ်၊ လူ့ဂွစာတွေ မော်ဒယ်ကြည့်ကြည့်။ အမြင်သာဆုံးစကားလုံးတစ်ခုကWork-life balance ဆိုတဲ့ စကားလုံး။ ဘယ်လိုပေါ်လာတယ်။ဘယ်သူထွင်ခဲ့တယ်။ ဘာကြောင့်ပေါ်ခဲ့တယ်။ ဘယ်လို အသုံးပြုတယ် အများစုမစဥ်းစားမိကြဘူး။ Robert Owen က 1817 မှာထွင်ခဲ့တဲ့ စကားလုံး။ အဲ့အချိန်က အလုပ်ကြမ်းသမားတွေက တစ်ပတ်ကို နာရီ ၇၀ ကနေ ၁၀၀ လောက်လုပ်ရတယ်။အဲ့အချိန် အင်္ဂလန်မှာဆို တစ်ရက်ကို

မပြောင်းလဲနိုင်ရင် မျိုးတုန်းသွားနိုင်တယ်။ Read More »

ကိုယ့်အယူအဆနဲ့ ကိုယ်ပဲ။

လူအများလုပ်နေပြီး အလုပ်လဲဖြစ်၊ ငွေလဲဝင်၊လူလဲ အထင်ကြီးကိုယ်မလုပ်ချင်ရင် လုပ်စရာမလိုဘူး။ အလုပ်တစ်ခု လုပ်တဲ့အခါကိုယ့်ကို ပျော်စေမလား၊ တော်စေမလား၊ စိတ်ကျေနပ်မှု ရစေမလား၊ ဒီနေ့သာမက လာမည့်အနာဂတ်အတွက်ပါအကျိုးရှိစေမလား၊ သမာအာဇီဝနဲ့ ညီလား၊ ကိုယ်နဲ့ကိုက်လား ဒါတွေ အရင်စဥ်းစားကြည့်တယ်။ လူတိုင်း လုပ်နေတာ လိုက်လုပ်စရာမလိုဘူး။ ကျန်းမာကြံ့ခိုင်ရေး၊ စီးပွားရေး၊အသက်မွေးဝမ်းကြောင်း၊ အချစ်ရေး၊အိမ်ထောင်ရေး၊ သားသမီးရေး၊ ငွေရေးကြေးရေး၊ ဘာသာရေး၊ တိုးတက်ရေး ကိုယ့်အထာ၊ကိုယ့်အယူအဆနဲ့ ကိုယ်ပဲ။ Phyo Paing @ Derek

ကိုယ့်အယူအဆနဲ့ ကိုယ်ပဲ။ Read More »

အရေးအကြီးဆုံးအပိုင်းက
“အလုပ်ခန့်ထားခြင်း recruiting” ပိုင်းပဲ။

ကိုယ့်လုပ်ငန်း နောက်တစ်ဆင့်ကြီးချင်ရင်အရည်အသွေးနိမ့် ပြဿနာဖြေရှင်းတဲ့နေရာမှာပဲနေလို့ မရဘူး။ စွမ်းဆောင်ရည်မြင့် လူတော်တွေလိုတယ်။ အဲ့ဒီ စွမ်းဆောင်ရည်မြင့်၊ မြန်နှုန်းမြင့်၊ အဖြေရှာတတ်တဲ့ လူတော်တွေနဲ့အလုပ်လုပ်တဲ့ အခါသူတို့နဲ့ အလုပ်လုပ်ပုံ၊ ဦးဆောင်တဲ့ ပုံစံ လိုတယ်။ အရည်အသွေးနိမ့်ပြဿနာ ဖြေရှင်တဲ့ ဝန်ထမ်းတွေပုံစံမျိုး micro-managed လုပ်လို့မရဘူး။ ဒီလို စွမ်းဆောင်ရည်မြင့်တဲ့သူတွေနဲ့ အလုပ်လုပ်ဖို့အရေးအကြီးဆုံးအပိုင်းက “အလုပ်ခန့်ထားခြင်း recruiting” ပိုင်းပဲ။ ဒီအပိုင်းအတွက် နှစ်ချီ အချိန်ပေးရနိုင်တယ်။ သူတို့ ကိုယ့်ဆီအလုပ်လာလုပ်ဖို့ အလုပ် ခေါ်၊ ခန့်၊ ထိန်း၊ လုပ်စွမ်းပြဖို့က textbook ဖတ်စာအုပ်တွေထဲက ပုံစံနဲ့ မရဘူး။ အထာလေးတွေ လိုတယ်။ အရည်အသွေးမြင့် ပြဿနာဖြေရှင်းတဲ့လူတော်တွေ ခန့်တဲ့အခါ ၁။ လူတော် ရှာမရတာ၂။ ရှာတွေ့တဲ့သူ ကိုယ့်ဆီအလုပ် မလုပ်ချင်တာ၃။ အလုပ်လုပ်တာ တာရှည်မခံတာ၄။ တာရှည်ခံတယ်

အရေးအကြီးဆုံးအပိုင်းက
“အလုပ်ခန့်ထားခြင်း recruiting” ပိုင်းပဲ။
Read More »

Laser Focus

အရည်အသွေးမြင့်တဲ့ အလုပ်လုပ်ဖို့“အာရုံစိုက်မှု” Focus လိုတယ်။လေဆာလို အာရုံစိုက်မှုလိုတယ်။ ပိုက်ဆံထက် အချိန်ကို ကပ်စေးနည်းဖို့လိုတယ်။ ပိုက်ဆံက ပြန်ရှာလို့ရတယ်။အချိန်က ပြန်ရှာလို့မရဘူး။ ကိုယ့်ရဲ့ အနာဂတ်အမြင်ရောက်ဖို့မကူညီပေးနိုင်တဲ့ အရာတွေကိုအချိန်တွေ ပေးပြီး အချိန်ကုန်ခံမနေနဲ့။ Phyo Paing @ Derek

Laser Focus Read More »

ငွေရှာမယ်ဆိုရင်

ဘယ်လို ငွေရှာမလဲ? How to make money? တို့How to get rich? တို့Youtube မှာ ရိုက်ရှာဖူးကြလိမ့်မယ်။ Google မှာ ရှာဖူးကြလိမ့်မယ်။ ဒီနေ့ခေတ်က အရင် ဆယ်နှစ်ထက်“နည်းပညာ အသုံးပြုတတ်ရင်”ငွေရှာရ ပိုလွယ်ပြီးအခွင့်အလမ်းပိုပေါတဲ့ ခေတ်ဆိုတာအားလုံးသိပြီးသားဖြစ်ပါမယ်။ Mobile Banking ရှိတယ်။ Social Media ရှိတယ်။လူတိုင်းဖုန်းတွေသုံးနေတယ်။ သေချာတာတစ်ခုကတော့ သမာအာဇီဝနဲ့ ငွေရှာရင်တော့“ရောင်း” ရမယ်။ ရောင်းဖို့ အတွက် ကုန်ပစ္စည်း၊ ဝန်ဆောင်မှု ရှိရမယ်။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု ရောင်းချရဖို့စျေးကွက်က လိုချင်တာ၊ လိုအပ်တာကိုသိရမယ်။ ဒီလို စျေးကွက်လိုချင်တာ၊လိုအပ်တာကို သိဖို့စျေးကွက် ပြဿနာကို သိရမယ်။ ဒါကြောင့် ငွေရှာမယ်ဆိုရင်“စားသုံးသူ” နေရာက စဥ်းစားနေရာက“ထုတ်လုပ်သူ” နေရာက စတင်စဥ်းစားကြည့်ပါ။ ပြဿနာတွေပေါ် ပူပင်သောကရောက်နေတာထက်စျေးကွက်မှာ

ငွေရှာမယ်ဆိုရင် Read More »

ကိုယ့်ကို ဝင်ငွေ ချက်ချင်းတိုးတက်စေနိုင်တဲ့ ကျွမ်းကျင်မှု ၇ ခု

၁။ Direct Response Marketing (DRM) ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတစ်ခုအတွက် ကြော်ငြာဖန်တီးပြီး အင်တာနက်ကကြော်ငြာခြင်းအတတ်ပညာ။ လူမှုကွန်ယက်တွေဖြစ်တဲ့ Facebook, Instagram, Tik Tok နဲ့ Google တွေကတဆင့်ကြော်ငြာတွေဖန်တီးပြီး ဝင်ငွေရှာဖွေခြင်း။ Facebook မှာ ဆို Boost လုပ်တယ်ဆိုတဲ့စကားခဏခဏ ကြားဖူးလိမ့်မယ်။ တစ်ဒေါ်လာကြော်ငြာလိုက်တိုင်းမှာ ဝင်ငွေ ဘယ်လောက်ပြန်ရလဲ ကြည့်တဲ့ ROAS (Return on ad Spend) ကြည့်ပြီးအင်တာနက်ကို ငွေရိုက်စက် (Money Making Machine) ဖန်တီးတဲ့ အတတ်ပညာ။ ၂။ ကြော်ငြာရေးသားခြင်း Copywriting စာသားကို ငွေသားအနေနဲ့ ပြောင်းလဲခြင်းအတတ်ပညာ (ကြော်ငြာရေးသားခြင်း) ကို Copywriting လို့ခေါ်ပြီးသေချာစနစ်တကျ လုပ်ဆောင်တတ်ရင်ဝင်ငွေကို ချက်ချင်းတိုးတက်အောင်ကူညီပေးနိုင်တဲ့ အတတ်ပညာဖြစ်ပါတယ်။ Salesmanship in

ကိုယ့်ကို ဝင်ငွေ ချက်ချင်းတိုးတက်စေနိုင်တဲ့ ကျွမ်းကျင်မှု ၇ ခု Read More »

နယ်ပယ်မတူရင် စဥ်းစားပုံ မတူဘူး။

အလုပ်ကို အလုပ်ကိုလုပ်နေရတဲ့အဆင့်ရှိတယ်။ အလုပ်ကို ကစားသလို လုပ်နေရတဲ့အဆင့်ရှိတယ်။ဒီ Woker level နဲ့ Player level ကို၇ ဆင့်ခွဲလို့ရတယ်။ အသစ်ကလေး။ အခုက အလုပ်ခွင်ထဲဝင် ကြိုးတန်းမှာ လမ်းလျှောက်တက်ဖို့ စဝင်တဲ့အချိန်။The Newbie လို့ခေါ်လိုက်မယ်။ သတ်မှတ်ထားတဲ့ အလုပ်ကို သတ်မှတ်ထားတဲ့အချိန်မှာ သတ်မှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းအတိုင်းပြီးအောင်လုပ်နိုင်တဲ့ The Worker. မင်းသားလဲကိုယ်၊ဒါရိုက်ဒါလဲကိုယ်။မားကတ်တင်းလဲကိုယ်၊အရောင်းလဲကိုယ်၊ ဝယ်လဲ ကိုယ်၊ ပါလေရာSelf-employed. ကိုယ့်နယ်ပယ်မှာ လူတွေသိပြီးလူတွေရဲ့ ယုံကြည်လေးစားမှုရှိပြီးကိုယ်ပြောရင် စကားဖြစ်တဲ့ အဆင့်။လုပ်မယ်လို့ ကိုယ့်ဆီပိုက်ဆံထည့်ချင်သူတွေ၊ကူညီပေးဖို့အသင့်လူတွေနဲ့ Key Person of Influence. ပွဲတွေ စီစဥ်၊ ပရိုမိုးရှင်းတွေလုပ်၊လူတွေ စိတ်ဝင်စားအောင်လုပ်တဲ့Campaign-driven enterprise. ပွဲလုပ်ရင်ငွေဝင်၊ ပွဲမလုပ်ငွေမဝင်။ အိုင်ဒီယာရောင်း၊ အတွေးအခေါ်ရောင်း။နေရာပေါ်မမူတည်ပဲ ideology နဲ့ philosophy ရောင်း၊သတ်မှတ်နယ်ပယ် niche

နယ်ပယ်မတူရင် စဥ်းစားပုံ မတူဘူး။ Read More »

ဘဝပုစ္ဆာ

တချို့အတွက် အသုံးဝင်မလားတော့မသိဘူး။ ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တိုင်းကိုအဖြေရှာရမည့် ပုစ္ဆာတွေလိုစဥ်းစားကြည့်။ ပုစ္ဆာကို နားလည်အောင်လုပ်။ပေးထားချက်ကို ရှာ။မလုံလောက်သေးရင် သုတေသနလုပ်သတင်းအချက်လိုက်ရှာ။သုံးသပ်ကြည့်။ ပြီးရင် အဖြေရှာကြည့်။အဖြေမရသေးရင် သင်ခန်းစာယူ။နောက်တစ်နည်းနဲ့ တွက်ကြည့်။ ဘဝဆိုတာ အငြိမ်မနေရတဲ့ပုစ္ဆာတွေ တစ်ခုပြီးတစ်ခုနဲ့ အဖြေရှာရတဲ့ နေရာတစ်ခုဖြစ်နေနိုင်တယ်။ ကျန်းမာရေး ပုစ္ဆာ၊ ကြံ့ခိုင်ရေး ပုစ္ဆာ၊ အလုပ်အကိုင်၊ ငွေကြေး၊ အချစ်ရေး၊ မိသားစု၊သားရေးသမီးရေး၊ စိတ်ငြိမ်းချမ်းမှုနဲ့ ဘာသာတရား၊ လူသားအကျိုးပြုမှု၊ ဘဝကျေနပ်မှု ပုစ္ဆာတွေ။ ဘယ်လောက်ချမ်းသာသာ၊ ဘယ်လောက် ပညာတတ်တတ်၊ သူနဲ့ ကိုက်ညီတဲ့ ဖြေရှင်းရမည့်ပုစ္ဆာတွေရှိတတ်တယ်။ ဒါကို အထာကျကျ ဖြေရှင်းသူနဲ့ဆောက်တည်ရာမရ ဖြေရှင်းသူ၊ ရှောင်ပြေးသူ သုံးမျိုး အကြမ်းဖျင်းကြည့်လို့ရတယ်။ ပုစ္ဆာတွေကို အထာကျကျ ဖြေရှင်းကြရအောင် အားတီ၊ အားမေတို့။ Phyo Paing @ Derek

ဘဝပုစ္ဆာ Read More »